Premier League

အာဆင်နယ်နဲ့ အာဆင်ဝင်းဂါးရဲ့ အဆိုးရွားဆုံး အပြောင်းအရွှေ့ ၅ ခု

၁။ ဆီဘက်ရှန် စကီယာချီ
ဆီဗီလာကနေ ပေါင် ၄ သန်းနဲ့ အာဆင်ဝင်းဂါးဝယ်ယူခဲ့တဲ့ ရည်ရွယ်ချက်ဟာ လျော့ရဲပြီး အားနည်းနေတဲ့ အသင်းခံစစ်မှာ သူ့ရဲ့အတွေ့အကြုံတွေနဲ့ ထောက်ကူပေးဖို့ ဖြစ်ပြီး စကီယာချီဟာ ပထမရာသီမှာ ပြိုင်ပွဲစုံ ၃၂ ပွဲအထိ ကစားခဲ့ရပေမယ့် နောက် ၂ ရာသီပေါင်းမှာတော့ ပရီးမီးယားလိဂ်ရဲ့လျင်မြန်မှုနဲ့ ရုပ်ပိုင်းကြံ့ခိုင်မှုမှာ မရုန်းကန်နိုင်တော့လို့ ၇ ပွဲသာ ကစားရပြီး အာဆင်နယ်ရဲ့ အဆိုးရွားဆုံး ခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တယ်။

၂။ မာရွန် ချာမက်
ဒီပြင်သစ်သားကို ၂၀၁၀ မှာ ဘော်ဒိုးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ အာဆင်ဝင်းဂါးက ကျောက်ရိုင်းတုံးကို သွေးယူနိုင်မယ်လို့ ယူဆခဲ့တယ်။ အဒီဘာယောရဲ့ နေရာကို အစားထိုးဖို့ သူ့ကို ကြံရွယ်ခဲ့တယ်။

ချာမက်ကတော့ ပရီးမီးယားလိဂ်ရဲ့ ပြင်းထန်တဲ့ တောင်းဆိုမှုတွေကို အမီလိုက်မကစားနိုင်ခဲ့ဘဲ ပွဲ ၄၀ မှာ ၈ ဂိုးသာ သွင်းနိုင်လို့ ဝက်စ်ဟမ်းကို အငှားချခံလိုက်ရတယ်။ ပဲ့လေ့စ်ကို ရောက်သွားခဲ့ပြီးနောက်မှာ သူဟာ အာဆင်ဝင်းဂါးမျှော်လင့်တဲ့ တိုက်စစ်မှူးအဖြစ် ရုပ်လုံးပေါ်မလာတော့တာပါ။

၃။ ဒီနီလ်ဆန်
၂၀၀၆ ခုနှစ်မှာ ၁၈ နှစ်သား ကွင်းလယ်လူကို အာဆင်ဝင်းဂါးက ကောက်ခေါ်ခဲ့တော့ ဘောလုံးဝေဖန်သူတွေ အတော်လေး အံ့အားသင့်ခဲ့ရတယ်။ အာဆင်နယ်ကို မရောက်ခင်က ဆော်ပေါ်လိုအတွက် ၂၁ ပွဲသာ ကစားထားရတဲ့ ဝါနုလှတဲ့ ဘရာဇီးလ်သားလေးဖြစ်တယ်။

ပထမ ၂ ရာသီမှာ အသင်းအတွက် အဖြည့်ခံနေရာက အသုံးတော်ခံခဲ့ပြီး ၂၀၀၈-၀၉ ရာသီမှာတော့ ပင်တိုင်ပွဲထွက်ခွင့်ရလာတယ်။ နောက်ရာသီမှာပဲ ခြေစွမ်းပြန်ထိုးကျသွားခဲ့ပြီးနောက် အာဆင်ဝင်းဂါးရဲ့ ပုံမှန်လူစာရင်းကနေ ဖယ်ရှားခံရပြီး ဆော်ပေါ်လိုကို ၃ ရာသီဆက် အငှားသွားကစားရင်း အပြီးပြောင်းခဲ့ရပါတယ်။

၄။ ဂျာဗင်ညို
၂၀၁၁ မှာ လိုင်လီကနေ သူ့ကို ခေါ်လိုက်တော့ အာဆင်နယ်ပရိသတ်တွေ အတော်လေးစိတ်လှုပ်ရှားခဲ့ရတယ်။ သူ့ရဲ့ အရှိန်နှုန်းနဲ့ တိုးအားတွေက ပရီးမီးယားလိဂ်မှာ အတော်လေးကြောက်ဖို့ကောင်းခဲ့တယ်။ တဖက်မှာတော့ ခြေစွမ်းမတည်ငြိမ်မှုကြောင့် နည်းပြကို စိတ်ပျက်စေတဲ့နောက် ရိုးမားကို ရောင်းထုတ်ခံခဲ့ရပါတယ်။

ဂျာဗင်ညိုကိုတော့ ခုချိန်အထိ ပရိတ်တွေစိတ်ထဲမှာ ဟာသလူရွှင်တော်တစ်ဦးအဖြစ်သာ မှတ်ယူနေကြပြီး သူ့လိုပဲ လိုင်လီကနေ ရောက်လာခဲ့တဲ့ နီကိုလာ ပေပေကိုတောင် နှိုင်းယှဉ်လှောင်ပြောင်ခဲ့ကြသလို အိုင်ဗရီကို့စ်သားဟာ သူ့ရဲ့ အမ်းမရိတ်နေ့တွေမှာ ပြိုင်ပွဲစုံ ၆၃ ပွဲကစားပြီး ၁၁ ဂိုးဆိုတာကတော့ အရမ်းကြီး မဆိုးခဲ့တာဖြစ်ပါတယ်။

၅။ အန်ဒရေ အာရှာဗင်
အာရှာဗင်ကို ဒီစာရင်းထဲမှာ ထည့်လိုက်တော့ အာဆင်နယ်ပရိသတ်တွေ နည်းနည်းအကြိုက်မတွေ့စရာဖြစ်မလားလို့ ယူဆမိတယ်။ အန်ဖီးလ်မြေမှာ လီဗာပူးလ်ကို တစ်ကိုယ်တည်း ၄ ဂိုးသွင်းခဲ့တဲ့ ရုရှားသားက ပထမ ၂ ရာသီမှာ အလုပ်ဖြစ်ခဲ့သလောက် ဒုတိယ ၂ ရာသီပေါင်းမှာတော့ ၂၆ ပွဲကစား၊ ၁ ဂိုးသာရပြီး Flop တစ်ဦး ဖြစ်ခဲ့ရတာပါ။

ဒီငါးဦးလိုပဲ အသင်းအတွက် အကျိုးပြုနိုင်မှုတွေက စိတ်ပျက်စရာကောင်းခဲ့တဲ့ စာရင်းထဲမှာ နောက်ခံလူ အန်ဒရီ ဆန်းတို့စ်နဲ့ အငှားကွင်းလယ်လူတွေဖြစ်ကြတဲ့ ကင်မ် ကဲလ်စ်ထရွမ်၊ ဒင်းနစ် ဆွာရက်ဇ်တို့ကိုလည်း ထည့်သွင်းနိုင်ပြီး အဲဗာတန်ကနေ အားကိုးတကြီး ခေါ်ယူပြီးမှ ဘာမှဖြစ်မလာတဲ့ တိုက်စစ်မှူး ဖရန်စစ် ဂျက်ဖားစ်တို့ကိုလည်း အရန်အဖြစ် ထည့်သွင်းနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၁။ ဆီဘက္ရွန္ စကီယာခ်ီ
ဆီဗီလာကေန ေပါင္ ၄ သန္းနဲ႔ အာဆင္ဝင္းဂါးဝယ္ယူခဲ့တဲ့ ရည္႐ြယ္ခ်က္ဟာ ေလ်ာ့ရဲၿပီး အားနည္းေနတဲ့ အသင္းခံစစ္မွာ သူ႔ရဲ႕အေတြ႕အႀကဳံေတြနဲ႔ ေထာက္ကူေပးဖို႔ ျဖစ္ၿပီး စကီယာခ်ီဟာ ပထမရာသီမွာ ၿပိဳင္ပြဲစုံ ၃၂ ပြဲအထိ ကစားခဲ့ရေပမယ့္ ေနာက္ ၂ ရာသီေပါင္းမွာေတာ့ ပရီးမီးယားလိဂ္ရဲ႕လ်င္ျမန္မႈနဲ႔ ႐ုပ္ပိုင္းႀကံ့ခိုင္မႈမွာ မ႐ုန္းကန္ႏိုင္ေတာ့လို႔ ၇ ပြဲသာ ကစားရၿပီး အာဆင္နယ္ရဲ႕ အဆိုး႐ြားဆုံး ေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့တယ္။

၂။ မာ႐ြန္ ခ်ာမက္
ဒီျပင္သစ္သားကို ၂၀၁၀ မွာ ေဘာ္ဒိုးအသင္းကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူခဲ့တဲ့ အာဆင္ဝင္းဂါးက ေက်ာက္႐ိုင္းတုံးကို ေသြးယူႏိုင္မယ္လို႔ ယူဆခဲ့တယ္။ အဒီဘာေယာရဲ႕ ေနရာကို အစားထိုးဖို႔ သူ႔ကို ႀကံ႐ြယ္ခဲ့တယ္။

ခ်ာမက္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ ျပင္းထန္တဲ့ ေတာင္းဆိုမႈေတြကို အမီလိုက္မကစားႏိုင္ခဲ့ဘဲ ပြဲ ၄၀ မွာ ၈ ဂိုးသာ သြင္းႏိုင္လို႔ ဝက္စ္ဟမ္းကို အငွားခ်ခံလိုက္ရတယ္။ ပဲ့ေလ့စ္ကို ေရာက္သြားခဲ့ၿပီးေနာက္မွာ သူဟာ အာဆင္ဝင္းဂါးေမွ်ာ္လင့္တဲ့ တိုက္စစ္မႉးအျဖစ္ ႐ုပ္လုံးေပၚမလာေတာ့တာပါ။

၃။ ဒီနီလ္ဆန္
၂၀၀၆ ခုႏွစ္မွာ ၁၈ ႏွစ္သား ကြင္းလယ္လူကို အာဆင္ဝင္းဂါးက ေကာက္ေခၚခဲ့ေတာ့ ေဘာလုံးေဝဖန္သူေတြ အေတာ္ေလး အံ့အားသင့္ခဲ့ရတယ္။ အာဆင္နယ္ကို မေရာက္ခင္က ေဆာ္ေပၚလိုအတြက္ ၂၁ ပြဲသာ ကစားထားရတဲ့ ဝါႏုလွတဲ့ ဘရာဇီးလ္သားေလးျဖစ္တယ္။

ပထမ ၂ ရာသီမွာ အသင္းအတြက္ အျဖည့္ခံေနရာက အသုံးေတာ္ခံခဲ့ၿပီး ၂၀၀၈-၀၉ ရာသီမွာေတာ့ ပင္တိုင္ပြဲထြက္ခြင့္ရလာတယ္။ ေနာက္ရာသီမွာပဲ ေျခစြမ္းျပန္ထိုးက်သြားခဲ့ၿပီးေနာက္ အာဆင္ဝင္းဂါးရဲ႕ ပုံမွန္လူစာရင္းကေန ဖယ္ရွားခံရၿပီး ေဆာ္ေပၚလိုကို ၃ ရာသီဆက္ အငွားသြားကစားရင္း အၿပီးေျပာင္းခဲ့ရပါတယ္။

၄။ ဂ်ာဗင္ညိဳ
၂၀၁၁ မွာ လိုင္လီကေန သူ႔ကို ေခၚလိုက္ေတာ့ အာဆင္နယ္ပရိသတ္ေတြ အေတာ္ေလးစိတ္လႈပ္ရွားခဲ့ရတယ္။ သူ႔ရဲ႕ အရွိန္ႏႈန္းနဲ႔ တိုးအားေတြက ပရီးမီးယားလိဂ္မွာ အေတာ္ေလးေၾကာက္ဖို႔ေကာင္းခဲ့တယ္။ တဖက္မွာေတာ့ ေျခစြမ္းမတည္ၿငိမ္မႈေၾကာင့္ နည္းျပကို စိတ္ပ်က္ေစတဲ့ေနာက္ ႐ိုးမားကို ေရာင္းထုတ္ခံခဲ့ရပါတယ္။

ဂ်ာဗင္ညိဳကိုေတာ့ ခုခ်ိန္အထိ ပရိတ္ေတြစိတ္ထဲမွာ ဟာသလူ႐ႊင္ေတာ္တစ္ဦးအျဖစ္သာ မွတ္ယူေနၾကၿပီး သူ႔လိုပဲ လိုင္လီကေန ေရာက္လာခဲ့တဲ့ နီကိုလာ ေပေပကိုေတာင္ ႏႈိင္းယွဥ္ေလွာင္ေျပာင္ခဲ့ၾကသလို အိုင္ဗရီကို႔စ္သားဟာ သူ႔ရဲ႕ အမ္းမရိတ္ေန႔ေတြမွာ ၿပိဳင္ပြဲစုံ ၆၃ ပြဲကစားၿပီး ၁၁ ဂိုးဆိုတာကေတာ့ အရမ္းႀကီး မဆုိးခဲ့တာျဖစ္ပါတယ္။

၅။ အန္ဒေရ အာရွာဗင္
အာရွာဗင္ကို ဒီစာရင္းထဲမွာ ထည့္လိုက္ေတာ့ အာဆင္နယ္ပရိသတ္ေတြ နည္းနည္းအႀကိဳက္မေတြ႕စရာျဖစ္မလားလို႔ ယူဆမိတယ္။ အန္ဖီးလ္ေျမမွာ လီဗာပူးလ္ကို တစ္ကိုယ္တည္း ၄ ဂိုးသြင္းခဲ့တဲ့ ႐ုရွားသားက ပထမ ၂ ရာသီမွာ အလုပ္ျဖစ္ခဲ့သေလာက္ ဒုတိယ ၂ ရာသီေပါင္းမွာေတာ့ ၂၆ ပြဲကစား၊ ၁ ဂိုးသာရၿပီး Flop တစ္ဦး ျဖစ္ခဲ့ရတာပါ။

ဒီငါးဦးလိုပဲ အသင္းအတြက္ အက်ိဳးျပဳႏိုင္မႈေတြက စိတ္ပ်က္စရာေကာင္းခဲ့တဲ့ စာရင္းထဲမွာ ေနာက္ခံလူ အန္ဒရီ ဆန္းတို႔စ္နဲ႔ အငွားကြင္းလယ္လူေတြျဖစ္ၾကတဲ့ ကင္မ္ ကဲလ္စ္ထ႐ြမ္၊ ဒင္းနစ္ ဆြာရက္ဇ္တို႔ကိုလည္း ထည့္သြင္းႏိုင္ၿပီး အဲဗာတန္ကေန အားကိုးတႀကီး ေခၚယူၿပီးမွ ဘာမွျဖစ္မလာတဲ့ တိုက္စစ္မွဴး ဖရန္စစ္ ဂ်က္ဖားစ္တို႔ကိုလည္း အရန္အျဖစ္ ထည့္သြင္းႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.