Premier League

ကိုနာတေက အူပါမီကာနိုထက် လီဗာပူးလ်အတွက် ဘာကြောင့် ပိုကောင်းတဲ့ ခေါ်ယူမှုဖြစ်သလဲ?

လီဗာပူးလ်အသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ ဗဟိုခံစစ်မှူး အီဘရာဟီမာ ကိုနာတေကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီလို့ တရားဝင်ကြေငြာသွားခဲ့တာဖြစ်ပြီး ဗန်ဒိုက်နဲ့ တွဲဖက်သစ်ဖြစ်လာမယ့် ပြင်သစ်သားဟာ မာတစ်ပ်၊ ဂျိုးဂိုးမက်ဇ်တို့နဲ့ ပေါင်းစပ်မှုမှာ တောင့်တင်းတဲ့လူစာရင်းဖြစ်လာလို့ ပရိသတ်တွေကြားချင်တဲ့ သတင်းကောင်းတခုလည်း ဖြစ်လာခဲ့တာ အမှန်ပါ။

၂၂ နှစ်သားဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ နည်းပြကလော့ပ်ရဲ့ ပထမဦးဆုံး ခေါ်ယူမှု လည်းဖြစ်လာသလို ကစားသမားကို ဆေးစစ်မှု ပြီးမြောက်ပြီးနောက် ပေါင် ၃၆ သန်းဝန်းကျင်နဲ့ ဝယ်ယူခဲ့တယ်လို့ သတင်းထွက်လာခဲ့တယ်။

သူဟာ နာဂျယ်လ်စ်မန်းရဲ့ လိုက်ပ်ဇစ်အတွက် ပြီးခဲ့တဲ့ဘွန်ဒက်လီဂါ ၂ ရာသီမှာ ၂၂ ပွဲသာ ပွဲထွက်ခဲ့ရပြီး ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရပေမယ့် လီဗာပူးလ်အသင်းအတွက်တော့ ဘိုင်ယန်မြူးနစ်ဆီ ရောက်တော့မယ့် အသင်းဖော် ဒါယို အူပါမီကာနိုထက် ပိုကောင်းတဲ့ခေါ်ယူမှုတခုအဖြစ် သုံးသပ်ခံထားရသလို အနိမ့်ဆုံး နောက်ထပ် ၇ နှစ်လောက်အထိ ကမ္ဘာ့အဆင့်မီကစားသမားအဖြစ် ရပ်တည်နိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေရဲ့ ဝေဖန်ရှုမြင်ခြင်းကို ခံထားရတယ်။

သူက အူပါမီကာနိုလောက် ပုံရိပ်ကြီးမားခြင်းမရှိပေမယ့် လီဗာပူးလ်အသင်းရဲ့ မာနေး၊ ဆာလား၊ ဂျိုတာ၊ ဖာမီနိုတို့လို ဘယ်သူမှ ထင်မှတ်မထားတဲ့ ရွက်ပုန်းသီးကစားသမားတွေနဲ့ အလုပ်ဖြစ်လေ့ရှိတဲ့ အစဉ်အလာအတိုင်း သူ့ရဲ့ကစားဟန်အရ ကလော့ပ်ရဲ့ကစားကွက်နဲ့ တောင်းဆိုမှုမှာ ပိုပြီးအဟပ်မိလိမ့်မယ်လို့ ယူဆခံထားရတာကြောင့် ဒါဟာ အူပါမီကာနိုကို မရလို့ တက်သုတ်ရိုက်ပြီး ခပ်လောလော ဝယ်ယူထားခြင်းမဟုတ်ဘဲ စနစ်တကျစဉ်းစားပုံနဲ့ စင်တော်ကောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရှိထားရပါတယ်။

ကိုနာတေဟာ ဇူလိုင်လ ၁ ရက်နေ့မှာ တရားဝင်အန်ဖီးလ်တပ်သားအဖြစ် လီဗာပူးလ်ကစားသမားအဖြစ် ပူးပေါင်းလာမှာဖြစ်သလို သူရောက်ရှိလာပြီးနောက်မှာ အိုဇန် ကာဘက်က ရှော်လ်ကေးကို ပြန်တော့မှာဖြစ်သလို အသင်းရဲ့ အတောင့်တင်းဆုံးလူစာရင်းက ဘယ်လိုဖြစ်လာမလဲဆိုတာက သိပ်စိတ်ဝင်စားဖို့ ကောင်းလာတယ်။

ကလော့ပ်ရဲ့ ပါးနပ်တဲ့ရွေးချယ်မှုအဖြစ် သတ်မှတ်ခံထားရချိန်မှာ ကိုနာတေက ဗန်ဒိုက်နဲ့အတူ ဦးစားပေး ဗဟိုခံစစ်အတွဲဖြစ်လာဖွယ် ရှိနေပြီး ဒီအင်အားက ရူဘင် ဒီယာ့စ်ကို ဝယ်ယူပြီး တရာသီတွင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့ခြေလှမ်းကို ကျောသွားဖို့က လီဗာပူးလ်ရဲ့ ၄၃၃ ကစားကွက်အရ ဂိုး ဘက်ခါ၊ ဗဟိုခံစစ် ဗန်ဒိုက်+ကိုနာတေ၊ ဘယ်ညာခံစစ်အစွန် အာနိုးလ်+ ရော်ဘတ်ဆန်၊ ကွင်းလယ် ဟန်ဒါဆန်+ဖာဘင်ညို+အယ်လ်ကန်တာရာ နဲ့ တိုက်စစ် မိုဆာလား+မာနေး+ဖာမီနိုတို့က အသင်းရဲ့ အတောင့်တင်းဆုံး လူစာရင်းဖြစ်လာဖွယ် ရှိနေတယ်။

” လီဗာပူးလ်လို အသင်းကြီးနဲ့ ပူးပေါင်းရတာ သိပ်ပျော်နေတယ်။ အသင်းဖော်အသစ်တွေနဲ့ ဆုံဖို့ မစောင့်နိုင်လောက်အောင် စိတ်လှုပ်ရှားနေပါတယ်။ အခုအချိန်မှာတော့ ပြင်သစ်အသင်းအတွက် ယူ ၂၁ ယူရိုကွာတားဖိုင်နယ်ကစားဖို့ပဲ အာရုံစူးစိုက်ထားပါတယ်။”

“ကျွန်တော် ဒီအခြေအနေထိရောက်လာအောင် အများကြီးအလုပ်ကြိုးစားခဲ့ရတာပါ။ လိုက်ပ်ဇစ်အသင်းကို အများကြီးကျေးဇူးတင်ရှိပါတယ်” လို့ ပြောသွားတဲ့ ကိုနာတေက လီဗာပူးလ်မှာ ကျောနံပါတ်ဘယ်လောက်ကို ဝတ်ဆင်မလဲဆိုတာတော့ မသိရှိထားရသေးကြောင်း တင်ဆက်ပေးလိုက်ရပါမယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းဟာ လိုက္ပ္ဇစ္အသင္းရဲ႕ ဗဟိုခံစစ္မႉး အီဘရာဟီမာ ကိုနာေတကို ေခၚယူဖို႔ သေဘာတူညီမႈရခဲ့ၿပီလို႔ တရားဝင္ေၾကျငာသြားခဲ့တာျဖစ္ၿပီး ဗန္ဒိုက္နဲ႔ တြဲဖက္သစ္ျဖစ္လာမယ့္ ျပင္သစ္သားဟာ မာတစ္ပ္၊ ဂ်ိဳးဂိုးမက္ဇ္တို႔နဲ႔ ေပါင္းစပ္မႈမွာ ေတာင့္တင္းတဲ့လူစာရင္းျဖစ္လာလို႔ ပရိသတ္ေတြၾကားခ်င္တဲ့ သတင္းေကာင္းတခုလည္း ျဖစ္လာခဲ့တာ အမွန္ပါ။

၂၂ ႏွစ္သားဟာ ဒီေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ နည္းျပကေလာ့ပ္ရဲ႕ ပထမဦးဆုံး ေခၚယူမႈ လည္းျဖစ္လာသလို ကစားသမားကို ေဆးစစ္မႈ ၿပီးေျမာက္ၿပီးေနာက္ ေပါင္ ၃၆ သန္းဝန္းက်င္နဲ႔ ဝယ္ယူခဲ့တယ္လို႔ သတင္းထြက္လာခဲ့တယ္။

သူဟာ နာဂ်ယ္လ္စ္မန္းရဲ႕ လိုက္ပ္ဇစ္အတြက္ ၿပီးခဲ့တဲ့ဘြန္ဒက္လီဂါ ၂ ရာသီမွာ ၂၂ ပြဲသာ ပြဲထြက္ခဲ့ရၿပီး ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ခဲ့ရေပမယ့္ လီဗာပူးလ္အသင္းအတြက္ေတာ့ ဘိုင္ယန္ျမဴးနစ္ဆီ ေရာက္ေတာ့မယ့္ အသင္းေဖာ္ ဒါယို အူပါမီကာႏိုထက္ ပိုေကာင္းတဲ့ေခၚယူမႈတခုအျဖစ္ သုံးသပ္ခံထားရသလို အနိမ့္ဆုံး ေနာက္ထပ္ ၇ ႏွစ္ေလာက္အထိ ကမာၻ႔အဆင့္မီကစားသမားအျဖစ္ ရပ္တည္ႏိုင္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြရဲ႕ ေဝဖန္ရႈျမင္ျခင္းကို ခံထားရတယ္။

သူက အူပါမီကာႏိုေလာက္ ပုံရိပ္ႀကီးမားျခင္းမရွိေပမယ့္ လီဗာပူးလ္အသင္းရဲ႕ မာေနး၊ ဆာလား၊ ဂ်ိဳတာ၊ ဖာမီႏိုတို႔လို ဘယ္သူမွ ထင္မွတ္မထားတဲ့ ႐ြက္ပုန္းသီးကစားသမားေတြနဲ႔ အလုပ္ျဖစ္ေလ့ရွိတဲ့ အစဥ္အလာအတိုင္း သူ႔ရဲ႕ကစားဟန္အရ ကေလာ့ပ္ရဲ႕ကစားကြက္နဲ႔ ေတာင္းဆိုမႈမွာ ပိုၿပီးအဟပ္မိလိမ့္မယ္လို႔ ယူဆခံထားရတာေၾကာင့္ ဒါဟာ အူပါမီကာႏိုကို မရလို႔ တက္သုတ္႐ိုက္ၿပီး ခပ္ေလာေလာ ဝယ္ယူထားျခင္းမဟုတ္ဘဲ စနစ္တက်စဥ္းစားပုံနဲ႔ စင္ေတာ္ေကာက္ခဲ့ျခင္းျဖစ္တယ္လို႔ သိရွိထားရပါတယ္။

ကိုနာေတဟာ ဇူလိုင္လ ၁ ရက္ေန႔မွာ တရားဝင္အန္ဖီးလ္တပ္သားအျဖစ္ လီဗာပူးလ္ကစားသမားအျဖစ္ ပူးေပါင္းလာမွာျဖစ္သလို သူေရာက္ရွိလာၿပီးေနာက္မွာ အိုဇန္ ကာဘက္က ေရွာ္လ္ေကးကို ျပန္ေတာ့မွာျဖစ္သလို အသင္းရဲ႕ အေတာင့္တင္းဆုံးလူစာရင္းက ဘယ္လိုျဖစ္လာမလဲဆိုတာက သိပ္စိတ္ဝင္စားဖို႔ ေကာင္းလာတယ္။

ကေလာ့ပ္ရဲ႕ ပါးနပ္တဲ့ေ႐ြးခ်ယ္မႈအျဖစ္ သတ္မွတ္ခံထားရခ်ိန္မွာ ကိုနာေတက ဗန္ဒိုက္နဲ႔အတူ ဦးစားေပး ဗဟိုခံစစ္အတြဲျဖစ္လာဖြယ္ ရွိေနၿပီး ဒီအင္အားက ႐ူဘင္ ဒီယာ့စ္ကို ဝယ္ယူၿပီး တရာသီတြင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ မန္စီးတီးရဲ႕ေျခလွမ္းကို ေက်ာသြားဖို႔က လီဗာပူးလ္ရဲ႕ ၄၃၃ ကစားကြက္အရ ဂိုး ဘက္ခါ၊ ဗဟိုခံစစ္ ဗန္ဒိုက္+ကိုနာေတ၊ ဘယ္ညာခံစစ္အစြန္ အာႏိုးလ္+ ေရာ္ဘတ္ဆန္၊ ကြင္းလယ္ ဟန္ဒါဆန္+ဖာဘင္ညိဳ+အယ္လ္ကန္တာရ နဲ႔ တိုက္စစ္ မိုဆာလား+မာေနး+ဖာမီႏိုတို႔က အသင္းရဲ႕ အေတာင့္တင္းဆုံး လူစာရင္းျဖစ္လာဖြယ္ ရွိေနတယ္။

” လီဗာပူးလ္လို အသင္းႀကီးနဲ႔ ပူးေပါင္းရတာ သိပ္ေပ်ာ္ေနတယ္။ အသင္းေဖာ္အသစ္ေတြနဲ႔ ဆုံဖို႔ မေစာင့္ႏိုင္ေလာက္ေအာင္ စိတ္လႈပ္ရွားေနပါတယ္။ အခုအခ်ိန္မွာေတာ့ ျပင္သစ္အသင္းအတြက္ ယူ ၂၁ ယူ႐ိုကြာတားဖိုင္နယ္ကစားဖို႔ပဲ အာ႐ုံစူးစိုက္ထားပါတယ္။”

“ကြၽန္ေတာ္ ဒီအေျခအေနထိေရာက္လာေအာင္ အမ်ားႀကီးအလုပ္ႀကိဳးစားခဲ့ရတာပါ။ လိုက္ပ္ဇစ္အသင္းကို အမ်ားႀကီးေက်းဇူးတင္ရွိပါတယ္” လို႔ ေျပာသြားတဲ့ ကိုနာေတက လီဗာပူးလ္မွာ ေက်ာနံပါတ္ဘယ္ေလာက္ကို ဝတ္ဆင္မလဲဆိုတာေတာ့ မသိရွိထားရေသးေၾကာင္း တင္ဆက္ေပးလိုက္ရပါမယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.