Premier League

29 May နံနက်ခင်း နောက်ဆုံးရ ချဲလ်ဆီး သတင်းများ စုစည်းမှု

ချယ်လ်ဆီးနည်းပြတူဟယ်လ်က ကွင်းလယ်လူ အန်ဂိုလို ကွန်တေနဲ့ ဂိုးသမားမန်ဒီတို့ဟာ အသင်းနဲ့အတူ ကောင်းကောင်းလေ့ကျင့်ခန်းဆင်းခဲ့ကြကြောင်း အသိပေးသွားခဲ့ပြီး ဒီနေ့ ချန်ပီယံဗိုလ်လုပွဲညမှာ လူစာရင်းအပြည့်အစုံကို အသုံးပြုနိုင်မယ်လို့ အတည်ပြုခဲ့သလို တသင်းလုံး ဒဏ်ရာကင်းစင်နေလို့ အကောင်းဆုံးသတင်းတပုဒ်အဖြစ် ပျော်ရွှင်နေ။

၉ နှစ်ကြာစောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တကျော့ပြန်အောင်ပွဲဆင်ဖို့ဟာ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကစားခဲ့ရခြင်းရဲ့ အဓိကရည်ရွယ်ဖြစ်တယ်လို့ အက်စပီလီကွေတာက ထုတ်ဖော်ပြောသွားခဲ့ပြီး ဒီပွဲပြီးရင်တော့ ချယ်လ်ဆီးမှာ မိမိရဲ့သမိုင်းကို ဂုဏ်ယူခွင့်ရချင်တယ်လို့ဆို။

ချယ်လ်ဆီးကို လာကစားခွင့်ရတာဟာ စပရိုက်လက်ဆောင်ရရှိလိုက်သလိုပဲလို့ အသင်းခေါင်းဆောင်သီယာဂို ဆေးလ်ဗားက ဖွင့်ဟသွားခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကအထိ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တခါမှ မရောက်ဖူးသေးတဲ့ မိမိဟာ အခုအခါမှာတော့ ၂ နှစ်ဆက်ဖိုင်နယ်တက်နိုင်ခဲ့ပြီးချိန်မှာ မန်စီးတီးကို ၃ ပွဲဆက် အလဲထိုးပစ်မယ်လို့ ကြုံးဝါး။

လန်ဒန်မြို့ခံပြိုင်ဘက်ဟောင်းဗန်ပါစီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ သူအမြင်ချင်ဆုံး ချယ်လ်ဆီးကစားသမား ၂ ဦးကို ထုတ်ဖော်သွားခဲ့ပြီး ဟာကင်းမ် ဇီးယက်ရှ်နဲ့ ကိုဗာချစ်တို့ကို အရန်ခုံမှာ အချိန်ဖြုန်းခိုင်းနေရင် တူဟယ်လ် အမှားကြီးကြီးမှားသွားမယ်လို့ သတိပေးခဲ့ပြီး ကိုဗာချစ်ဟာ ချယ်လ်ဆီးရဲ့အင်ဂျင်တလုံးဖြစ်ကြောင်း တင်စားသွားခဲ့။

အေစီမီလန်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၂ လုံးဆွတ်ခူးထားတဲ့ ဘရာဇီးလ်ဂိုးသမားဟောင်းကြီးဒီဒါက ချယ်လ်ဆီးဂိုးသမားမန်ဒီက သိပ်စွမ်းတယ်လို့ ချန်ပီယံလိဂ်ပွဲကြိုမှာ ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်းဟာအသင်းကို အရမ်းအကျိုးပြုနေတယ်လို့ သုံးသပ်သွား။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်ဟာ ဒေါင်ဒေါင်မြည်တိုက်စစ်မှူးတဦးကို ငွေထုပ်ပိုက်ကာ လိုက်ရှာနေတယ်လို့ သိရပြီး အင်တာမီလန်အသင်းက ပေါင် ၁၀၃ သန်းဈေးခေါ်ထားတဲ့ ချယ်လ်ဆီး ကစားသမားဟောင်း လူကာကူကို ပေါင် ၆၅ သန်းသာ ပေးပြီး ပြန်ခေါ်ယူချင်နေပေမယ့်လည်း ငွေကြေးကျပ်တည်းနေတဲ့ အင်တာမီလန်အသင်းကြောင့် ဒီအပြောင်းအရွှေ့ဟာ ညှိနှိုင်းပြီး မြန်ဆန်လာစေဖို့ရှိနေ။

လာမယ့်ရက်ပိုင်းအတွင်းမှာ အသင်းနဲ့လမ်းခွဲတော့မယ်လို့ အတည်ပြုခံထားရလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ရမယ့် အေစီမီလန်ဂိုးသမား ဒွန်နရန်မာကို စတမ်းဖို့ဘရစ်ချ်ဆီ ခေါ်ယူပေးဖို့ ချယ်လ်ဆီးအသင်း တိုက်တွန်းခံထားရပြီး ကီပါနေရာမှာ အစားထိုးဖို့ ပရိသတ်တွေက ဆန္ဒပြုထား။

မိမိတို့အသင်းကို ဒုက္ခပေးလာမယ့် ချယ်လ်ဆီးအသင်းရဲ့ ဝှက်ဖဲက တိုက်စစ်မှူး တီမို ဗာနာဖြစ်တယ်လို့ မန်စီးတီးနည်းပြပပ်က ထုတ်ပြောသွားခဲ့ပြီး ချယ်လ်ဆီးနဲ့ဆိုရင် ဘယ်အသင်းကမှ မကစားချင်အောင်ကို မာကျောကျစ်လစ်လွန်းတဲ့ လျှို့ဝှက်ချက်က ဗဟိုခံစစ်နောက်တန်း ၃ ယောက်ကစားကွက်ကို တီမို ဗာနာနဲ့ ပေါင်းစပ်ထားတဲ့ တူဟယ်လ်ရဲ့ဉာဏ်ဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့။

မန်ချက်စတာစီးတီးကို ရပ်တန့်နိုင်တဲ့အသင်းက မန်ချက်စတာစီးတီးတသင်းသာရှိတယ်လို့ ပြောဆိုခဲ့တဲ့ ရာဟင်းမ် စတာလင်းရဲ့စကားကို ချယ်လ်ဆီးပရိသတ်တွေ ဒေါသထွက်နေကြောင်း သိရပြီး သူ့ရဲ့မောက်မာမှုက စိတ်ဝင်စားစရာကောင်းတယ်လို့ ရိလိုက်တဲ့နောက်မှာ သူတို့အသင်းကို ဘယ်လိုခြောက်လှန့်ပြမလဲ စောင့်ကြည့်ထားလို့ ကြိမ်းမောင်းသွားခဲ့ကြ။

ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ ဆီဗီလားဗဟိုခံစစ်မှူ းဂျူးလ်စ်ခေါင်ဒေဟာ အခုနွေမှာ သေချာပေါက်အသင်းပြောင်းမယ်လို့ အတည်ပြုသွားခဲ့ပြီး ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အသင်းကြီးတသင်းကို ရွေးချယ်ထားပြီးဖြစ်ကြောင်း ပြောသွားခဲ့သလို ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကလည်း သူ့ကိုလိုက်နေချိန်မှာ ဆီဗီလားသတ်မှတ်ထားတဲ့ ပေါင်သန်း ၆၀ တန်ကြေးက ပါရမီရှင်လူငယ်လေးအတွက် မများဘူးလို့ ယူဆခံထားရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.