Premier League Transfer News UCL&UEL

29 May နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာစီးတီးသတင်းများ စုစည်းမှု

– မန်ချက်စတာစီးတီးအသင်းအနေနဲ့ သူတို့ရဲ့ ဒီရာသီဂိုးသွင်းဘုရင် အစ်လ်ကေ ဂွန်ဒိုးဝမ်ကို ကြွက်သားဒဏ်ရာကြောင့် ပြီးခဲ့တဲ့ ထရိန်နင်မှာ အနားပေးခဲ့ရပြီး အသက် ၃၀ အရွယ် ဂျာမန်ကွင်းလယ်လူကို လာမယ့် စနေနေ့ညပွဲစဉ်အမီ ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်ရဖို့ရှိနေ။

– ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ချဲလ်ဆီးနည်းပြ သောမတ်စ် တူဟယ်လ်က သူ့အနေနဲ့ ပြိုင်ဘက်နည်းပြ ဂွါဒီယိုလာကို လေးစားအားကျခဲ့ရပြီး တစ်ချိန်က စားသောက်ဆိုင်တစ်ခုမှာ နည်းစနစ်ပိုင်းအတွက် ငရုတ်ကောင်းနဲ့ ဆားဘူးတွေကို အသုံးပြုပြီး ဆွေးနွေးခဲ့ကြဖူးတာကို အမှတ်ရနေတယ်လို့ ပွဲကြိုမှာ ပြောကြားသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူဟောင်း ပေါလ်မာဆန်က မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် ပေါ်တူဂီမြေက ပွဲမှာ အခွင့်အရေး တစ်ပြားသားမှ မရှိဘူးလို့ ပြောကြားလိုက်ပြီး ချန်ပီယံလိဂ်ဖလားဟာ မန်စီးတီးတို့အတွက်သာဖြစ်တယ်လို့ ပွဲကြိုခန့်မှန်းသွားခဲ့။

– မန်ချက်စတာစီးတီးတိုက်စစ်မှူး ဆာဂျီယို အဂွေရိုအတွက် သူ့ရဲ့ ဒီအသင်းနဲ့ ၉ နှစ်တာ ကစားသမားဘဝကို ချန်ပီယံလိဂ် ဆုဖလားနဲ့ အဆုံးသတ်ဖို့ ဆန္ဒပြင်းပြနေနိုင်တာက ဂွါဒီယိုလာအတွက် သတင်းကောင်းဖြစ်ပြီး အာဂျင်တီးနားသားအနေနဲ့ လာမယ့်အပတ်အတွင်းမှာ ဘာစီလိုနာနဲ့ တရားဝင်စာချုပ်ချုပ်ဆိုဖို့ စီစဉ်ထား။

– မန်စီးတီးအသင်းအနေနဲ့ ပေါ်တိုက ချန်ပီယံလိဂ်ဖိုင်နယ်မှာ အိမ်ရှင်အသင်းအဖြစ် သတ်မှတ်ခံထားရပြီး ချဲလ်ဆီးအသင်းက အဝေး အသင်းဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ ပထမဝတ်စုံ အပြာရင့်ရောင်ကိုပဲ ဆက်လက်ဝတ်ဆင်ကစားမှာဖြစ်ပြီး ဒီရာသီမှာ သူတို့နှစ်သင်း တွေ့ဆုံခဲ့သမျှမှာ မိုးပြာရောင်နဲ့ အပြာရင့်ရောင် အိမ်ကွင်းဝတ်စုံတွေကိုပဲ အသုံးပြုထားခဲ့။

– မန်စီးတီးအသင်းကို ပေါ်တိုက နဂါးကွင်းကြီးမှာ ရင်ဆိုင်လာမယ့် ချဲလ်ဆီးအသင်းမှာ ဒဏ်ရာကစားသမားမရှိဘဲ အင်ပြည့်အားပြည့် ပွဲထွက်လာနိုင်မယ်လို့ သိရပြီး ရာသီပိတ် အက်စတန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ကြတဲ့ ကွင်းလယ်လူ ကွန်တေနဲ့ ဂိုးသမား မန်ဒီတို့ ပွဲကြို ကြံ့ခိုင်မှုစစ်ဆေးချက်တွေကို အောင်မြင်ခဲ့ကြ။

– အသင်းနည်းပြ ပက်ပ် ဂွါဒီယိုလာက မန်ချက်စတာစီးတီးကစားသမားတွေအနေနဲ့ လာမယ့် ချဲလ်ဆီးနဲ့ပွဲမှာ အားလုံး ရုန်းကန်ကြရမှာဖြစ်ပေမယ့် ဒါဟာ ထိုက်တန်တဲ့ အခက်အခဲကို ဖြတ်ကျော်မှုမျိုးဖြစ်ပြီး နောက်ဆုံးမှာ ဆုဖလားနဲ့ အောင်ပွဲခံနိုင်လိမ့်မယ်လို့ ဟောကိန်း ထုတ်သွားခဲ့။

– မန်ချက်စတာစီးတီးအသင်းရဲ့ ကွင်းတစ်ဝက် စိုးမိုးပြီး ကစားပုံဟာ ချဲလ်ဆီးအသင်းအတွက်တော့ အကြိုက်တွေ့စရာဖြစ်နေပြီး လာမယ့် ဗိုလ်လုပွဲမှာလည်း ပြီးခဲ့တဲ့ ပွဲတွေကလို တန်ပြန်တိုက်စစ်တွေနဲ့ ဒုက္ခပေးဦးမှာဖြစ်လို့ ပူလီရှစ်ချ်၊ မေဆန်မောင့်နဲ့ တီမို ဗာနာတို့ကို သတိထား စောင့်ကြည့်ရမယ်လို့ ဒေးလီးမေးလ်ကနေ မာတင် ကီးယွန်း သုံးသပ်။

– ၂၀၁၅ ခုနှစ်ကစတင်ပြီး အသင်းမှာ ပါဝင်ကစားရခြင်းမရှိတော့ပေမယ့် အသက် ၁၄ နှစ်အရွယ်ကတည်းကနေ မန်စီးတီးအသင်းနဲ့ ၁၄ နှစ်ကြာ ရှိခဲ့တဲ့ သူ့အနေနဲ့ နှလုံးသားထဲက အသင်းကို နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ဖလားရရှိအောင် လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် တစ်သက်လုံး တောင့်တခဲ့ရတဲ့ ဆန္ဒတွေ ပြည့်စုံပြီလို့ နောက်ခံလူဟောင်း မီကာ ရစ်ချတ်ပြောကြား။

– မန်စီးတီးအသင်းကို အပေါ်အသင်းအဖြစ် အားလုံးက အလေးပေးခဲ့ကြပေမယ့် ခက်ခဲမယ့် ပွဲတစ်ပွဲဖြစ်လာဖို့တော့ ယုံမှားသံသယဖြစ်စရာ မရှိတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်အတွက် အသင်းရဲ့ ဦးစားပေးဂိုးသမား အီဒါဆန်ဟာလည်း ပင်နယ်တီကန်သွင်းမှုကိုပါ ကြိုတင်လေ့ကျင့်မှု ပြုလုပ်ထားခဲ့ကြောင်း ထရိန်နင်ဓာတ်ပုံ၊ ဗီဒီယိုတွေမှာ မြင်တွေ့ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ သူတို႔ရဲ႕ ဒီရာသီဂိုးသြင္းဘုရင္ အစ္လ္ေက ဂြန္ဒိုးဝမ္ကို ႂကြက္သားဒဏ္ရာေၾကာင့္ ၿပီးခဲ့တဲ့ ထရိန္နင္မွာ အနားေပးခဲ့ရၿပီး အသက္ ၃၀ အ႐ြယ္ ဂ်ာမန္ကြင္းလယ္လူကို လာမယ့္ စေနေန႔ညပြဲစဥ္အမီ ပါဝင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဖို႔ရွိေန။

– ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ခ်ဲလ္ဆီးနည္းျပ ေသာမတ္စ္ တူဟယ္လ္က သူ႔အေနနဲ႔ ၿပိဳင္ဘက္နည္းျပ ဂြါဒီယိုလာကို ေလးစားအားက်ခဲ့ရၿပီး တစ္ခ်ိန္က စားေသာက္ဆိုင္တစ္ခုမွာ နည္းစနစ္ပိုင္းအတြက္ င႐ုတ္ေကာင္းနဲ႔ ဆားဘူးေတြကို အသုံးျပဳၿပီး ေဆြးေႏြးခဲ့ၾကဖူးတာကို အမွတ္ရေနတယ္လို႔ ပြဲႀကိဳမွာ ေျပာၾကားသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူေဟာင္း ေပါလ္မာဆန္က ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ ေပၚတူဂီေျမက ပြဲမွာ အခြင့္အေရး တစ္ျပားသားမွ မရွိဘူးလို႔ ေျပာၾကားလိုက္ၿပီး ခ်န္ပီယံလိဂ္ဖလားဟာ မန္စီးတီးတို႔အတြက္သာျဖစ္တယ္လို႔ ပြဲႀကိဳခန႔္မွန္းသြားခဲ့။

– မန္ခ်က္စတာစီးတီးတိုက္စစ္မႉး ဆာဂ်ီယို အေဂြ႐ိုအတြက္ သူ႔ရဲ႕ ဒီအသင္းနဲ႔ ၉ ႏွစ္တာ ကစားသမားဘဝကို ခ်န္ပီယံလိဂ္ ဆုဖလားနဲ႔ အဆုံးသတ္ဖို႔ ဆႏၵျပင္းျပေနႏိုင္တာက ဂြါဒီယိုလာအတြက္ သတင္းေကာင္းျဖစ္ၿပီး အာဂ်င္တီးနားသားအေနနဲ႔ လာမယ့္အပတ္အတြင္းမွာ ဘာစီလိုနာနဲ႔ တရားဝင္စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ စီစဥ္ထား။

– မန္စီးတီးအသင္းအေနနဲ႔ ေပၚတိုက ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အိမ္ရွင္အသင္းအျဖစ္ သတ္မွတ္ခံထားရၿပီး ခ်ဲလ္ဆီးအသင္းက အေဝး အသင္းျဖစ္ခဲ့ေပမယ့္ သူတို႔ရဲ႕ ပထမဝတ္စုံ အျပာရင့္ေရာင္ကိုပဲ ဆက္လက္ဝတ္ဆင္ကစားမွာျဖစ္ၿပီး ဒီရာသီမွာ သူတို႔ႏွစ္သင္း ေတြ႕ဆုံခဲ့သမွ်မွာ မိုးျပာေရာင္နဲ႔ အျပာရင့္ေရာင္ အိမ္ကြင္းဝတ္စုံေတြကိုပဲ အသုံးျပဳထားခဲ့။

– မန္စီးတီးအသင္းကို ေပၚတိုက နဂါးကြင္းႀကီးမွာ ရင္ဆိုင္လာမယ့္ ခ်ဲလ္ဆီးအသင္းမွာ ဒဏ္ရာကစားသမားမရွိဘဲ အင္ျပည့္အားျပည့္ ပြဲထြက္လာႏိုင္မယ္လို႔ သိရၿပီး ရာသီပိတ္ အက္စတန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရရွိခဲ့ၾကတဲ့ ကြင္းလယ္လူ ကြန္ေတနဲ႔ ဂိုးသမား မန္ဒီတို႔ ပြဲႀကိဳ ႀကံ့ခိုင္မႈစစ္ေဆးခ်က္ေတြကို ေအာင္ျမင္ခဲ့ၾက။

– အသင္းနည္းျပ ပက္ပ္ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးကစားသမားေတြအေနနဲ႔ လာမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ အားလုံး ႐ုန္းကန္ၾကရမွာျဖစ္ေပမယ့္ ဒါဟာ ထိုက္တန္တဲ့ အခက္အခဲကို ျဖတ္ေက်ာ္မႈမ်ိဳးျဖစ္ၿပီး ေနာက္ဆုံးမွာ ဆုဖလားနဲ႔ ေအာင္ပြဲခံႏိုင္လိမ့္မယ္လို႔ ေဟာကိန္း ထုတ္သြားခဲ့။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ကြင္းတစ္ဝက္ စိုးမိုးၿပီး ကစားပုံဟာ ခ်ဲလ္ဆီးအသင္းအတြက္ေတာ့ အႀကိဳက္ေတြ႕စရာျဖစ္ေနၿပီး လာမယ့္ ဗိုလ္လုပြဲမွာလည္း ၿပီးခဲ့တဲ့ ပြဲေတြကလို တန္ျပန္တိုက္စစ္ေတြနဲ႔ ဒုကၡေပးဦးမွာျဖစ္လို႔ ပူလီရွစ္ခ်္၊ ေမဆန္ေမာင့္နဲ႔ တီမို ဗာနာတို႔ကို သတိထား ေစာင့္ၾကည့္ရမယ္လို႔ ေဒးလီးေမးလ္ကေန မာတင္ ကီးယြန္း သုံးသပ္။

– ၂၀၁၅ ခုႏွစ္ကစတင္ၿပီး အသင္းမွာ ပါဝင္ကစားရျခင္းမရွိေတာ့ေပမယ့္ အသက္ ၁၄ ႏွစ္အ႐ြယ္ကတည္းကေန မန္စီးတီးအသင္းနဲ႔ ၁၄ ႏွစ္ၾကာ ရွိခဲ့တဲ့ သူ႔အေနနဲ႔ ႏွလုံးသားထဲက အသင္းကို နည္းျပ ဂြါဒီယိုလာက ခ်န္ပီယံလိဂ္ဖလားရရွိေအာင္ လုပ္ေပးႏိုင္ခဲ့မယ္ဆိုရင္ တစ္သက္လုံး ေတာင့္တခဲ့ရတဲ့ ဆႏၵေတြ ျပည့္စုံၿပီလို႔ ေနာက္ခံလူေဟာင္း မီကာ ရစ္ခ်တ္ေျပာၾကား။

– မန္စီးတီးအသင္းကို အေပၚအသင္းအျဖစ္ အားလုံးက အေလးေပးခဲ့ၾကေပမယ့္ ခက္ခဲမယ့္ ပြဲတစ္ပြဲျဖစ္လာဖို႔ေတာ့ ယုံမွားသံသယျဖစ္စရာ မရွိတဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္အတြက္ အသင္းရဲ႕ ဦးစားေပးဂိုးသမား အီဒါဆန္ဟာလည္း ပင္နယ္တီကန္သြင္းမႈကိုပါ ႀကိဳတင္ေလ့က်င့္မႈ ျပဳလုပ္ထားခဲ့ေၾကာင္း ထရိန္နင္ဓာတ္ပုံ၊ ဗီဒီယိုေတြမွာ ျမင္ေတြ႕ခဲ့ရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.