Analysis Premier League UCL&UEL

UCL Final Preview: မန်စီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ် ပွဲကြိုသိကောင်းစရာများ

မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးတို့ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဟာ ဒီပြိုင်ပွဲသမိုင်းတစ်လျှောက် သုံးကြိမ်မြောက် All English Final လည်းဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ပုံစံကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းနှစ်သင်း တွေ့ဆုံမှာဖြစ်တာနဲ့အညီ နောက်ခံအချက်အလက်တွေအရလည်း ပိုမို စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။

ဒီရာသီနောက်ဆုံးထိပ်တိုက်ရင်ဆိုင်မှု နှစ်ကြိမ်မှာ ချဲလ်ဆီးတို့က နှစ်ပွဲစလုံး အနိုင်ရရှိထားခဲ့သလို နှစ်ပွဲမှာ သုံးဂိုးသွင်း တစ်ဂိုးပြန်ပေးရတဲ့ အချိန်မှာ ခံစစ်ပိုင်းတောင့်တင်းမှုတွေနဲ့ ဂွါဒီယိုလာကို တူဟယ်လ်က ဗျူဟာပိုင်းအရ အသာစီးယူပြီး ထိုးနှက်နိုင်ခဲ့လို့ လာမယ့်ချန်ပီယံလိဂ်ပွဲအတွက်လည်း ဘာမှ ရှည်ရှည်ဝေးဝေး စဉ်းစားနေစရာမလိုတော့ဘူးလို့ အဲ့ဒီတုန်းက ထင်ခဲ့မိကြတာပါ။

ဒါပေမယ့် မေလ ၈ ရက်နောက်ပိုင်းမှာ အားလုံး ကပြောင်းကပြန်တွေဖြစ်ခဲ့ပြီး အဲ့ဒီပွဲမှာ ဒဏ်ရာရသွားခဲ့တဲ့ နောက်ခံလူ ခရစ္စတင်ဆန် မပါဝင်နိုင်ချိန်မှာ ချဲလ်ဆီးရဲ့နောက်တန်းက ဇူးမားနဲ့ ကီပါတို့နှစ်ဦး ဝင်ဖောက်လိုက်ချိန်မှာ ရာသီကုန်အထိ တော်တော်လေးကို ဆိုးရွားတဲ့ နားလည်မှုတွေနဲ့ ကြုံခဲ့ရပြီး အာဆင်နယ်ကို စရှုံးရာကနေ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ မျက်ခုံးလှုပ်ခဲ့ရတာလည်းဖြစ်ပါတယ်။

မန်စီးတီးကတော့ ဒီရှုံးပွဲနောက်ပိုင်းမှာ အသင်းကို တော်တော်လေး ပြန်လည်တည်ဆောက်ယူခဲ့ရပြီး ကစားသမားကောင်းတွေကို အနားပေးခဲ့တာ မှန်ပေမယ့် နယူးကာဆယ်လ်ကို ၃ ဂိုး၊ ဘရိုက်တန်ကို ၂ ဂိုးပေးခဲ့ရတာကတော့ ချန်ပီယံဖြစ်စေခဲ့တဲ့ ခြေစွမ်းနဲ့ ကွဲလွဲနေခဲ့သလို နောက်ဆုံး အဲဗာတန်နဲ့ပွဲမှာ နည်းနည်းပြန်ပြီး စုစည်းနိုင်ခဲ့ပေမယ့် ပင်နယ်တီတစ်လုံး ပေးခဲ့ရတဲ့ ပုံစံကတော့ ကျေနပ်စရာနည်းပါးခဲ့တာပါ။

နှစ်သင်းစလုံးအတွက် ခံစစ်ပိုင်းမှာ ပြဿနာရှိနေတာကို မြင်ခဲ့ရပေမယ့် ချဲလ်ဆီးကတော့ ရာသီပိတ် ဗီလာနဲ့ပွဲမှာ အရန်ခုံပေါ် ပြန်ပါလာနိုင်တဲ့ ခရစ္စတင်ဆန်ကိုပါ ပြန်လည်သုံးစွဲနိုင်ရင် လူစုံလျက်နဲ့ တိုင်ပတ်နေတဲ့ မန်စီးတီးထက် ပိုမိုတည်ငြိမ်နိုင်မှာဖြစ်ပြီး ခံစစ်မှာတော့ ဒီနှစ်သင်းယှဉ်ရင် တူဟယ်လ်ရဲ့ လူတွေကိုပဲ အမှတ်ပေးရမှာဖြစ်ပါတယ်။

ကွင်းလယ်အတွက်တော့ စီးတီးရဲ့ အင်အားများပြားလွန်းပြီး ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာတဲ့ ဖာနန်ဒင်ညို၊ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဒီဘရိုင်းနားနဲ့ တောင်ပံတွေက စတာလင်၊ မာရက်ဇ်၊ တောရက်စ်တို့လို ကစားသမားတွေကို ချဲလ်ဆီးကို အဖျက်နဲ့ လုပ်အားနှုန်းမှာ ဦးစားပေးပြီး ဖြတ်တောက်နိုင်ဖို့ ကြိုးစားရမှာပါ။

ဒီအချိန်မှာ အန်ဂိုလို ကွန်တေကို ဘယ်သူနဲ့ တွဲဖက်မယ်ဆိုတဲ့ ပြဿနာက ရှေ့တန်းကို ရောက်လာခဲ့ပြီး ဂျော်ဂျင်ညိုလား ကိုဗာချစ်လားဆိုတာ တူဟယ်လ် ဆုံးဖြတ်ရဖွယ်ရှိသလို သူတို့ကွင်းလယ်အထိုင်ရှေ့က မေဆန်မောင့်တစ်ယောက် ဘယ်လိုဖြည့်ကစားပြီး တိုက်စစ်ကိုပါ ကူနိုင်မလဲဆိုတာက အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။

စီးတီးတိုက်စစ်ကတော့ တစ်ဦးတည်း တင်ကစားတဲ့နေရာမှာ သူ့ရဲ့နောက်ဆုံးပွဲကို ကစားရမယ့် အဂွေရိုလား ဂျေဆူးစ်လား စောင့်ကြည့်ရဖို့ပဲ ရှိပြီး ဂဏန်းငြိမ်နေပေမယ့် ချဲလ်ဆီးအတွက်တော့ လူများပြီး ပွဲမစည်တဲ့ တိုက်စစ်မှာ ဘယ်သူအကောင်းဆုံးလဲဆိုတာ ပရိသတ်တွေ မပြောနဲ့ နည်းပြ ကိုယ်တိုင်တောင် မသိသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။

ရူဘင် ဒီယက်စ်ဦးဆောင်တဲ့ နောက်တန်းကို ပျာယာခတ်အောင်လုပ်ဖို့ တီမို ဗာနာကို ပွဲထုတ်မှာ သေချာနေပြီး ကျန်တဲ့ နှစ်ဦးကိုတော့ အထောင်ဆန်ဆန်ကစားမယ့် ဟာဗတ်ဇ်၊ ဘယ်လိုလို ညာလိုလိုနဲ့ ဘယ်နေရာက အကောင်းဆုံးမှန်း မသိသေးတဲ့ ပူလီရှစ်ချ်၊ ပေးပို့မှုနဲ့ ကန်ချက်တွေက လွဲရင် ခပ်ပျော့ပျော့ ဇီးယက်ရှ်တို့ကို အရန်တွေဖြစ်တဲ့ ဂျီရူး၊ အေဘရာဟမ်၊ ဟဒ်ဆန်-အိုဒွိုင်းတို့နဲ့ ရွေးရခက်ဦးမှာဖြစ်ပြီး ကံကတော့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဂိုးသွင်းနိုင်ဖို့ ပံ့ပိုးပေးမလားပဲ ကြည့်ရမှာပါ။

VAR တွေ ပလူပျံနေပြီး Soft Penalty တွေကို ခွင့်ပြုပေးတတ်တဲ့ အင်္ဂလန်မဟုတ်တာကြောင့် ချန်ပီယံလိဂ်မှာ မန်စီးတီးရဲ့ ခံစစ်သမားတွေ သက်သာရာရနိုင်ပြီး ချဲလ်ဆီးအတွက်တော့ ဂိုးရနိုင်ခြေတစ်ပေါက် လျော့သွားနိုင်သလို တီမို ဗာနာနဲ့ သူ့ရဲ့ တွဲဖက်တွေရဲ့ ဂိုးသွင်းစွမ်းရည်စစ်စစ်ကိုပဲ အားကိုးရမှာလည်းဖြစ်ပါတယ်။

ကလပ်အသင်းသမိုင်းတစ်လျှောက် ငွေဖြုန်းသလောက် ချန်ပီယံလိဂ်မှာ ဘာမှမဖြစ်သေးဘူးဆိုတဲ့ ဂွါဒီယိုလာတစ်ယောက် သူ့ရဲ့ စီးတီးနဲ့ ပထမဆုံးဖိုင်နယ်မှာ အနိုင်ယူပြီး ဇီဒန်း၊ အန်ဆယ်လော့တီနဲ့ ပေ့စလီတို့ရဲ့ သုံးကြိမ်ကလပ်ထဲကို ဝင်ရောက်နိုင်အောင် ကြိုးစားရဦးမယ့် အချိန်မှာ တူဟယ်လ်ကတော့ နှစ်နှစ်ဆက်တိုက် ဖိုင်နယ်တက်ပြီး အရှုံးသမားဖြစ်ခဲ့တဲ့ ဗလင်စီယာနည်းပြဟောင်း ဟက်တာ ကူးပါးလို မဖြစ်အောင်နဲ့ အသင်းသစ်ကို ခဏတာသာ ကိုင်တွယ်ပြီး ဖလားယူပေးနိုင်တယ်ဆိုတဲ့ အရှိန်အဝါကို ရယူဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

အိုဝင္က ဂြါဒီယိုလာဘက္က ရပ္လိုက္သလို ဘီဘီစီရဲ့ လော်ရိုနဲ႔ ဝက္ဘ္ဆုိက္ေတာ္ေတာ္မ်ားမ်ားကေတာ့ မန်စီးတီးဘက်က ၂-၁ လို့ ခန့်မှန်းခဲ့ကြပြီး ချဲလ်ဆီးဖန် ဒေါ့မေဂျာကတော့ အချိန်ပိုမှာ ချဲလ်ဆီးက ၂-၁ လို့ ဆိုခဲ့ချိန်မှာ ဂျိုးကိုးလ်က တူဟယ်လ်ဘက်က ရှိနေပြီး ဘာဘာတော့ဗ်ကတော့ တစ်ဂိုးစီသရေ ပင်နယ်တီလို့ ပြောခဲ့တဲ့အထဲမှာ ှှSports A2Z ကတော့ ခရစ္စတင်ဆန်သာ ပြန်ပါရင် ၂-၁ လောက်နဲ့ ဆုဖလားက လန်ဒန်ကို ပါလာရင်လည်း မရိုင်းဘူးလို့ ပြောကြည့်ချင်မိပါတယ်။

ဒါကြောင့် တော်တော်များများက အနိုင်ဘက်မှာ အလေးပေးနေတဲ့ မန်စီးတီးတို့ ပွဲကို လွှမ်းမိုးလာမယ့်အရေးကို ချဲလ်ဆီးတို့ မှန်ကန်တဲ့ လူထုတ်ပုံနဲ့ တုံ့ပြန်နိုင်မလားဆိုတာက ဒီပွဲအတွက် အသက်တမျှ အရေးပါနေလို့ ဒီနေ့ စနေနေ့ညသန်းခေါင်အလွန် တနင်္ဂနွေနေ့ နံနက် ၁ နာရီ မိနစ် ၃၀ အချိန်မှာ ဘယ်လိုမျိုး ရသတွေ ပေးစွမ်းတဲ့ ပြိုင်ပွဲဖြစ်လာမလဲဆိုတာ ပွဲကြိုသုံးသပ်ချက်အဖြစ် ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.