Analysis Premier League UCL&UEL

ဖိုင်နယ်အတွက် ချဲလ်ဆီးကို လျှော့တွက်ပြီး စီးတီးဘက်က ရပ်တည်ခန့်မှန်းလိုက်တဲ့ အိုဝင်

ဘောလုံးကျွမ်းကျင်သူတစ်ဦးအဖြစ် လုပ်ကိုင်ဆောင်ရွက်နေတဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ပက်ပ် ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးအသင်းဟာ လာမယ့်ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချယ်လ်ဆီးအသင်းကို သက်သောင့်သက်သာပဲ အနိုင်ရသွားမယ်လို့ ခန့်မှန်းသွားခဲ့ပြီး ပေါ်တိုမြို့မှာ စီးတီးတို့ ၂ ဂိုးအသာလေးပဲလို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူးဟောင်းက စီးတီးရဲ့ လက်ရှိခြေစွမ်းအရ ချန်ပီယံဖြစ်ဖို့ အားအသာဆုံးဖြစ်နေပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၁ ဂိုးနဲ့ ပွဲသိမ်းခဲ့တဲ့ ဆီမီးဖိုင်နယ် ၂ ကျော့စလုံးမှာလည်း PSG အသင်းကို အသာစီးရခဲ့တယ်လို့ ယုံကြည်နေသလို ဒီအသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဆုဖလားဟာ လက်တွေ့ဖြစ်လာတော့မယ်လို့ အတပ်ပြောသွားခဲ့တာပါ။

တစ်ဖက်မှာတော့ ဒါဟာ ချယ်လ်ဆီးအသင်းရဲ့ ၃ ကြိမ်မြောက် ရောက်ရှိလာတဲ့ ချန်ပီယံလိဂ်ဖိုင်နယ်ဖြစ်နေပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့စဉ် ၂၀၁၂ ခုနှစ်က ရေပန်းအစားဆုံးဖြစ်တဲ့ အင်အားကြီး ဘိုင်ယန်မြူးနစ်ကို တီးလွှတ်ခဲ့သလိုမျိုး ခုတစ်ကြိမ်မှာလည်း ချန်ပီယံဖြစ်မယ်လို့ အားလုံးရဲ့ယုံကြည်မှုကို ခံယူထားရတဲ့ မန်စီးတီးကို ချေမှုန်းနိုင်မယ်လို့ နည်းပြတူဟယ်လ်ကို မျှော်လင့်နေကြတာပါ။

အိုဝင်က မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်မှာ စောစောစီးစီးချန်ပီယံဖြစ်ခဲ့လို့ အဆင့် ၄ နေရာအတွက် ပွဲစဉ် ၃၈ အထိ ရုန်းကန်ခဲ့ရတဲ့ ချယ်လ်ဆီးထက်စာရင် ဗိုလ်လုပွဲအတွက် ပြင်ဆင်ချိန်ကောင်းကောင်းရထားတဲ့ အားသာချက်က ဒီပွဲရဲ့ အဆုံးအဖြတ်ဖြစ်လာမယ်လို့ မှတ်ချက်ချထားတာလည်းဖြစ်ပါတယ်။

“မန်စီးတီးက အချိန်တွေ ပိုလျှံနေအောင် ရထားတယ်။ ဒါက ပက်ပ်ရဲ့အဓိက အမြတ်ထွက်ထားတဲ့ ကိစ္စပါ။ အခု ချယ်လ်ဆီးရဲ့ လက်ရှိခြေစွမ်းကလည်း ကျနေတာကို တွေ့ကြတယ်မဟုတ်လား။ အဲဒါဆိုရင်တော့ မန်စီးတီးရဲ့ ဦးဦးဖျားဖျား ချန်ပီယံလိဂ်ဆုဖလားကို သူတို့တားဆီးနိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး”လို့ အိုဝင်က ဆိုလိုက်တာပါ။

ဒါ့အပြင် ပွဲကြိုနည်းဗျူဟာနဲ့ ပတ်သက်ပြီး “ချယ်လ်ဆီးက သေချာပေါက် ခံစစ်အထိုင်ကစားမယ်။ မန်စီးတီးကို ကောင်တာချောင်းပြီး ဂိုးသွင်းဖို့ ပြင်ဆင်လာလိမ့်မယ်။ ဒါပေမယ့် စီးတီးရဲ့ တိုက်စစ်အင်အားနဲ့ ထက်မြက်မှုကို သူတို့ တောင့်ခံဖို့ မလွယ်လှပါဘူး”

“စီးတီးရဲ့ လူအင်အားတောင့်တင်းမှုနဲ့ တိုက်စစ်ထက်မြက်မှုက သူတို့တောင့်တနေတဲ့ ချန်ပီယံလိဂ်ဖလားကို ဗိုလ်ဝင်ခံဖို့ သယ်ဆောင်သွားပါလိမ့်မယ်။ ချယ်လ်ဆီးကို သက်သောင့်သက်သာပဲ အလဲထိုးသွားနိုင်ပါလိမ့်မယ်”လို့ အိုဝင်က ပွဲကြိုသုံးသပ်မှုအဖြစ် သူ့ရဲ့အမြင်ကို ပြောသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးကြၽမ္းက်င္သူတစ္ဦးအျဖစ္ လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ တိုက္စစ္မႉးေဟာင္း မိုက္ကယ္ အိုဝင္က ပက္ပ္ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးအသင္းဟာ လာမယ့္ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ ခ်ယ္လ္ဆီးအသင္းကို သက္ေသာင့္သက္သာပဲ အႏိုင္ရသြားမယ္လို႔ ခန႔္မွန္းသြားခဲ့ၿပီး ေပၚတိုၿမိဳ႕မွာ စီးတီးတို႔ ၂ ဂိုးအသာေလးပဲလို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉးေဟာင္းက စီးတီးရဲ႕ လက္ရွိေျခစြမ္းအရ ခ်န္ပီယံျဖစ္ဖို႔ အားအသာဆုံးျဖစ္ေနၿပီး ႏွစ္ေက်ာ့ေပါင္းရလဒ္ ၄ ဂိုး ၁ ဂိုးနဲ႔ ပြဲသိမ္းခဲ့တဲ့ ဆီမီးဖိုင္နယ္ ၂ ေက်ာ့စလုံးမွာလည္း PSG အသင္းကို အသာစီးရခဲ့တယ္လို႔ ယုံၾကည္ေနသလို ဒီအသင္းရဲ႕ ပထမဆုံး ခ်န္ပီယံလိဂ္ဆုဖလားဟာ လက္ေတြ႕ျဖစ္လာေတာ့မယ္လို႔ အတပ္ေျပာသြားခဲ့တာပါ။

တစ္ဖက္မွာေတာ့ ဒါဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ ၃ ႀကိမ္ေျမာက္ ေရာက္ရွိလာတဲ့ ခ်န္ပီယံလိဂ္ဖိုင္နယ္ျဖစ္ေနၿပီး ပထမဆုံးအႀကိမ္ ခ်န္ပီယံျဖစ္ခဲ့စဥ္ ၂၀၁၂ ခုႏွစ္က ေရပန္းအစားဆုံးျဖစ္တဲ့ အင္အားႀကီး ဘိုင္ယန္ျမဴးနစ္ကို တီးလႊတ္ခဲ့သလိုမ်ိဳး ခုတစ္ႀကိမ္မွာလည္း ခ်န္ပီယံျဖစ္မယ္လို႔ အားလုံးရဲ႕ယုံၾကည္မႈကို ခံယူထားရတဲ့ မန္စီးတီးကို ေခ်မႈန္းႏိုင္မယ္လို႔ နည္းျပတူဟယ္လ္ကို ေမွ်ာ္လင့္ေနၾကတာပါ။

အိုဝင္က မန္စီးတီးအသင္းဟာ ပရီးမီးယားလိဂ္မွာ ေစာေစာစီးစီးခ်န္ပီယံျဖစ္ခဲ့လို႔ အဆင့္ ၄ ေနရာအတြက္ ပြဲစဥ္ ၃၈ အထိ ႐ုန္းကန္ခဲ့ရတဲ့ ခ်ယ္လ္ဆီးထက္စာရင္ ဗိုလ္လုပြဲအတြက္ ျပင္ဆင္ခ်ိန္ေကာင္းေကာင္းရထားတဲ့ အားသာခ်က္က ဒီပြဲရဲ႕ အဆုံးအျဖတ္ျဖစ္လာမယ္လို႔ မွတ္ခ်က္ခ်ထားတာလည္းျဖစ္ပါတယ္။

“မန္စီးတီးက အခ်ိန္ေတြ ပိုလွ်ံေနေအာင္ ရထားတယ္။ ဒါက ပက္ပ္ရဲ႕အဓိက အျမတ္ထြက္ထားတဲ့ ကိစၥပါ။ အခု ခ်ယ္လ္ဆီးရဲ႕ လက္ရွိေျခစြမ္းကလည္း က်ေနတာကို ေတြ႕ၾကတယ္မဟုတ္လား။ အဲဒါဆိုရင္ေတာ့ မန္စီးတီးရဲ႕ ဦးဦးဖ်ားဖ်ား ခ်န္ပီယံလိဂ္ဆုဖလားကို သူတို႔တားဆီးႏိုင္မယ္လို႔ ကြၽန္ေတာ္မထင္ပါဘူး”လို႔ အိုဝင္က ဆိုလိုက္တာပါ။

ဒါ့အျပင္ ပြဲႀကိဳနည္းဗ်ဴဟာနဲ႔ ပတ္သက္ၿပီး “ခ်ယ္လ္ဆီးက ေသခ်ာေပါက္ ခံစစ္အထိုင္ကစားမယ္။ မန္စီးတီးကို ေကာင္တာေခ်ာင္းၿပီး ဂိုးသြင္းဖို႔ ျပင္ဆင္လာလိမ့္မယ္။ ဒါေပမယ့္ စီးတီးရဲ႕ တိုက္စစ္အင္အားနဲ႔ ထက္ျမက္မႈကို သူတို႔ ေတာင့္ခံဖို႔ မလြယ္လွပါဘူး”

“စီးတီးရဲ႕ လူအင္အားေတာင့္တင္းမႈနဲ႔ တိုက္စစ္ထက္ျမက္မႈက သူတို႔ေတာင့္တေနတဲ့ ခ်န္ပီယံလိဂ္ဖလားကို ဗိုလ္ဝင္ခံဖို႔ သယ္ေဆာင္သြားပါလိမ့္မယ္။ ခ်ယ္လ္ဆီးကို သက္ေသာင့္သက္သာပဲ အလဲထိုးသြားႏိုင္ပါလိမ့္မယ္”လို႔ အိုဝင္က ပြဲႀကိဳသုံးသပ္မႈအျဖစ္ သူ႔ရဲ႕အျမင္ကို ေျပာသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.