Premier League Transfer News

ကိုနာတေနဲ့ နီးစပ်နေပြီး ကွင်းလယ်လူသစ်အတွက်ပါ စိတ်ချမ်းသာရဖို့ များနေတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ ပြေလည်သွားဖို့ အပြောင်းအရွှေ့ဈေးကွက်မှာ ပါးပါးနပ်နပ် လုပ်ဆောင်သွားနိုင်ဖွယ်ရှိနေပြီး ကာလကြာရှည် ဒဏ်ရာရခဲ့တဲ့ နောက်ခံလူ ဗာဂျီးလ် ဗန်ဒိုက်ကြောင့် ပရိသတ်တွေနဲ့ နည်းပြ ယာဂန် ကလော့ပ်တို့ ခေါင်းခဲရသမျှ ပြေလည်သွားနိုင်သလို အသင်းက ထွက်ခွာမယ့် ကွင်းလယ်လူ ဂျော်ဂျီနီယို ဗိုင်နယ်လ်ဒွမ်အတွက်ပါ လူစားထိုးနိုင်ဖို့ ရှိနေပါတယ်။

ဗန်ဒိုက်နဲ့ ဦးစားပေး ဗဟိုနောက်ခံလူတွေ မရှိချိန်မှာ အသင်းကို အကောင်းဆုံးမောင်းနှင်ပေးခဲ့တဲ့ ဂျာမန်နည်းပြကြီးအတွက် လက်ရွေးစင်အသင်းကို ပြန်လည်ကိုင်တွယ်တော့မယ်ဆိုတဲ့ ကောလဟာလတွေကလည်း ဘောလုံးအဖွဲ့ချုပ်ဆီက ရာထူးကို လက်ခံလိုက်တဲ့ ဟန်ဆီ (ဟန်းစ် ဒီယက်တာ) ဖလစ်ခ်ကြောင့် တစ်ခန်းရပ်သွားခဲ့ချိန်မှာ လာမယ့်ရာသီအတွက်တော့ မျှော်လင့်ချက်တွေ ကြီးမားလာခဲ့ကြပါတယ်။

နောက်ဆုံးသတင်းတွေအရတော့ မေလကုန်မှာ ဒဏ်ရာပြန်ကောင်းနိုင်တဲ့ ဗန်ဒိုက်အနေနဲ့ လာမယ့်ရာသီအစကို ပြန်လည်ပါဝင်နိုင်ဖို့ ရှိလာချိန်မှာ ဒဏ်ရာနဲ့ ကြံ့ခိုင်မှုတွေက အင်္ဂလန် ပရီးမီးယားလိဂ်နဲ့ ကိုက်ညီခြင်း မရှိတော့တဲ့ ဂျိုယယ်လ် မာတစ်ပ်နေရာကို RB လိုက်ပ်ဇစ်အသင်းရဲ့ နောက်ခံလူ အီဘရာဟီမာ ကိုနာတေနဲ့ အစားထိုးဖို့ နီးစပ်နေပြီလည်းဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ လိုက်ပ်ဇစ်မှာ ဘိုင်ယန်မြူးနစ်ဆီ ရောက်တော့မယ့် အသင်းဖော် ဒါယို အူပါမီကာနိုနဲ့ အတွဲအဖက်ညီညီ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေက စိတ်ဝင်စားခဲ့ကြချိန်မှာ လီဗာပူးလ်အသင်းက စာချုပ်လျော်ကြေး ပေါင်သန်း ၄၀ နဲ့ လက်ဦးမှုရယူပြီး ဆေးစစ်ပြီးခဲ့ပြီလို့လည်း သတင်းထွက်နေတာပါ။

ဒီအတွက် ဇွန်လကုန်မှာ ပြန်ကောင်းနိုင်မယ်လို့ ခန့်မှန်းထားတဲ့ ဂျိုးဂိုမက်ဇ်နဲ့အတူ ခံစစ်ပြဿနာတစ်ခု ပြေလည်သွားချိန်မှာ အန်းဖီးလ်ကနေ ဘာစီလိုနာရဲ့ နူးကမ့်ဆီကို ပြောင်းရွှေ့တော့မယ့် ကွင်းလယ်လူ ဗိုင်နယ်လ်ဒွမ်အတွက်လည်း အစားထိုးနိုင်ဖို့ တာဝန်ရှိသူတွေအနေနဲ့ ဦးစားပေးပစ်မှတ်ကို ရှာဖွေ ဖော်ထုတ်ပြီးခဲ့ပြီလို့ ဆိုပါတယ်။

သူကတော့ လက်စတာစီးတီးအသင်းမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကွင်းလယ်လူ တစ်ယောက်အဖြစ် ချွန်ထွက်လာခဲ့သလို ပြိုင်ပွဲစုံ ၅၁ ပွဲမှာ ၉ ဂိုးသွင်းပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သူဖြစ်လို့ ဗိုင်နယ်လ်ဒွမ်ရဲ့နေရာအတွက် တိုက်ရိုက် အစားထိုးမှုနဲ့ ပိုကောင်းတဲ့ အဆင့်မြှင့်တင်မှုအဖြစ် ယူဆနေကြတာပါ။

Transfermarkt ရဲ့ ခန့်မှန်းတန်ကြေး ယူရို ၅၅ သန်း(ပေါင် ၄၇.၂၅ သန်း)ရှိနေတဲ့ ဘယ်လ်ဂျီယမ်သားအတွက် လီဗာပူးလ်တို့အနေနဲ့ မိုနာကိုကနေ လက်စတာတို့ရဲ့ ခေါ်ယူခဲ့တဲ့ ဈေးဖြစ်တဲ့ ယူရို ၄၅ သန်း(ပေါင် ၃၈.၆ သန်း)ထက် အနည်းဆုံး ယူရိုသန်း ၂၀(ပေါင် ၁၇.၂ သန်း)တော့ ပိုမိုပေးချေရနိုင်ပြီး စိတ်လှုပ်ရှားစရာပစ်မှတ်နေတဲ့ အန်းဖီးလ်သားတွေရဲ့ ရာသီသစ်အတွက် စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ လက္ရွိမွာ ႀကဳံေတြ႕ေနရတဲ့ ျပႆနာေတြ ေျပလည္သြားဖို႔ အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ပါးပါးနပ္နပ္ လုပ္ေဆာင္သြားႏိုင္ဖြယ္ရွိေနၿပီး ကာလၾကာရွည္ ဒဏ္ရာရခဲ့တဲ့ ေနာက္ခံလူ ဗာဂ်ီးလ္ ဗန္ဒိုက္ေၾကာင့္ ပရိသတ္ေတြနဲ႔ နည္းျပ ယာဂန္ ကေလာ့ပ္တို႔ ေခါင္းခဲရသမွ် ေျပလည္သြားႏိုင္သလို အသင္းက ထြက္ခြာမယ့္ ကြင္းလယ္လူ ေဂ်ာ္ဂ်ီနီယို ဗိုင္နယ္လ္ဒြမ္အတြက္ပါ လူစားထိုးႏိုင္ဖို႔ ရွိေနပါတယ္။

ဗန္ဒိုက္နဲ႔ ဦးစားေပး ဗဟိုေနာက္ခံလူေတြ မရွိခ်ိန္မွာ အသင္းကို အေကာင္းဆုံးေမာင္းႏွင္ေပးခဲ့တဲ့ ဂ်ာမန္နည္းျပႀကီးအတြက္ လက္ေ႐ြးစင္အသင္းကို ျပန္လည္ကိုင္တြယ္ေတာ့မယ္ဆိုတဲ့ ေကာလဟာလေတြကလည္း ေဘာလုံးအဖြဲ႕ခ်ဳပ္ဆီက ရာထူးကို လက္ခံလိုက္တဲ့ ဟန္ဆီ (ဟန္းစ္ ဒီယက္တာ) ဖလစ္ခ္ေၾကာင့္ တစ္ခန္းရပ္သြားခဲ့ခ်ိန္မွာ လာမယ့္ရာသီအတြက္ေတာ့ ေမွ်ာ္လင့္ခ်က္ေတြ ႀကီးမားလာခဲ့ၾကပါတယ္။

ေနာက္ဆုံးသတင္းေတြအရေတာ့ ေမလကုန္မွာ ဒဏ္ရာျပန္ေကာင္းႏိုင္တဲ့ ဗန္ဒိုက္အေနနဲ႔ လာမယ့္ရာသီအစကို ျပန္လည္ပါဝင္ႏိုင္ဖို႔ ရွိလာခ်ိန္မွာ ဒဏ္ရာနဲ႔ ႀကံ့ခိုင္မႈေတြက အဂၤလန္ ပရီးမီးယားလိဂ္နဲ႔ ကိုက္ညီျခင္း မရွိေတာ့တဲ့ ဂ်ိဳယယ္လ္ မာတစ္ပ္ေနရာကို RB လိုက္ပ္ဇစ္အသင္းရဲ႕ ေနာက္ခံလူ အီဘရာဟီမာ ကိုနာေတနဲ႔ အစားထိုးဖို႔ နီးစပ္ေနၿပီလည္းျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ျပင္သစ္ေနာက္ခံလူဟာ လိုက္ပ္ဇစ္မွာ ဘိုင္ယန္ျမဴးနစ္ဆီ ေရာက္ေတာ့မယ့္ အသင္းေဖာ္ ဒါယို အူပါမီကာႏိုနဲ႔ အတြဲအဖက္ညီညီ ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြက စိတ္ဝင္စားခဲ့ၾကခ်ိန္မွာ လီဗာပူးလ္အသင္းက စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္သန္း ၄၀ နဲ႔ လက္ဦးမႈရယူၿပီး ေဆးစစ္ၿပီးခဲ့ၿပီလို႔လည္း သတင္းထြက္ေနတာပါ။

ဒီအတြက္ ဇြန္လကုန္မွာ ျပန္ေကာင္းႏိုင္မယ္လို႔ ခန႔္မွန္းထားတဲ့ ဂ်ိဳးဂိုမက္ဇ္နဲ႔အတူ ခံစစ္ျပႆနာတစ္ခု ေျပလည္သြားခ်ိန္မွာ အန္းဖီးလ္ကေန ဘာစီလိုနာရဲ႕ ႏူးကမ့္ဆီကို ေျပာင္းေ႐ႊ႕ေတာ့မယ့္ ကြင္းလယ္လူ ဗိုင္နယ္လ္ဒြမ္အတြက္လည္း အစားထိုးႏိုင္ဖို႔ တာဝန္ရွိသူေတြအေနနဲ႔ ဦးစားေပးပစ္မွတ္ကို ရွာေဖြ ေဖာ္ထုတ္ၿပီးခဲ့ၿပီလို႔ ဆိုပါတယ္။

သူကေတာ့ လက္စတာစီးတီးအသင္းမွာ ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းကြင္းလယ္လူ တစ္ေယာက္အျဖစ္ ခြၽန္ထြက္လာခဲ့သလို ၿပိဳင္ပြဲစုံ ၅၁ ပြဲမွာ ၉ ဂိုးသြင္းၿပီး ၆ ဂိုး ဖန္တီးေပးႏိုင္ခဲ့သူျဖစ္လို႔ ဗိုင္နယ္လ္ဒြမ္ရဲ႕ေနရာအတြက္ တိုက္႐ိုက္ အစားထိုးမႈနဲ႔ ပိုေကာင္းတဲ့ အဆင့္ျမႇင့္တင္မႈအျဖစ္ ယူဆေနၾကတာပါ။

Transfermarkt ရဲ႕ ခန႔္မွန္းတန္ေၾကး ယူ႐ို ၅၅ သန္း(ေပါင္ ၄၇.၂၅ သန္း)ရွိေနတဲ့ ဘယ္လ္ဂ်ီယမ္သားအတြက္ လီဗာပူးလ္တို႔အေနနဲ႔ မိုနာကိုကေန လက္စတာတို႔ရဲ႕ ေခၚယူခဲ့တဲ့ ေဈးျဖစ္တဲ့ ယူ႐ို ၄၅ သန္း(ေပါင္ ၃၈.၆ သန္း)ထက္ အနည္းဆုံး ယူ႐ိုသန္း ၂၀(ေပါင္ ၁၇.၂ သန္း)ေတာ့ ပိုမိုေပးေခ်ရႏိုင္ၿပီး စိတ္လႈပ္ရွားစရာပစ္မွတ္ေနတဲ့ အန္းဖီးလ္သားေတြရဲ႕ ရာသီသစ္အတြက္ စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.