Premier League

မန္ယူ၊ မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတုိ႔ရဲ႕ ပစ္မွတ္ဟာ အဂၤလန္အေကာင္းဆုံးဘယ္ေနာက္ခံလူလို႔ အသင္းေဖာ္ခ်ီးက်ဴး

လက္စတာစီးတီးအသင္းရဲ႕ ဝါရင့္ခံစစ္ေတာင္ပံကစားသမား ခရစၥတီယန္ ဖုခ်္က သူ႕ရဲ႕အသင္းေဖာ္ ဘန္ ေခ်းလ္ဝဲလ္ဟာ အဂၤလန္ႏုိင္ငံရဲ႕ အေကာင္းဆုံးဘယ္ေနာက္ခံလူေတြထဲက တစ္ဦးျဖစ္ၿပီး တစ္ေန႔ထက္တစ္ေန႔ တုိးတက္ေကာင္းမြန္ေနတဲ့ ကစားသမားျဖစ္ေၾကာင္း ခ်ီးက်ဴးေျပာၾကား လုိက္ပါတယ္။

အဂၤလန္လက္ေရြးစင္အသင္းအတြက္ ၁၁ ပြဲ ကစားေပးခဲ့ၿပီးတဲ့ အသက္ ၂၃ ႏွစ္ အရြယ္ ဘယ္ေနာက္ခံလူကို မန္ခ်က္စတာယူႏုိက္တက္၊ မန္ခ်က္စတာစီးတီးနဲ႔ ခ်ဲလ္ဆီးအသင္းေတြက အလိုရွိေနၾကၿပီး တျခားေနရာေတြကို ဦးစားေပးျဖည့္ဆည္းဖြယ္ရွိတဲ့ ယူႏုိက္တက္ကလြဲလုိ႔ က်န္တဲ့ ႏွစ္သင္းက ေႏြမွာ အသည္းအသန္ႀကဳိးစားဖို႔လည္း ရွိေနပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ အဂၤလိပ္ဘယ္ေနာက္ခံလူေတြထဲမွာေတာ့ လက္ရွိမွာ ေခ်းလ္ဝဲလ္ရဲ႕ ေျခစြမ္းက အေကာင္းဆုံးျဖစ္ေနၿပီး မန္ယူမွာ ေျခစြမ္းမျပႏုိင္တဲ့ လုခ္ေရွာ၊ နယူးကာဆယ္လ္ကို အငွားနဲ႔ ထြက္ကစားေနခဲ့ရတဲ့ ဒန္နီ ႐ို႕စ္တုိ႔ဟာ အဂၤလန္ရဲ႕ ဘယ္ေနာက္ခံတစ္ေနရာကို သူ႕ဆီက လုယူႏုိင္မယ့္ ပုံမရွိဘဲ ခရက္စ္ဝဲလ္နဲ႔ ေလတန္ ဘိန္းစ္တုိ႔ကေတာ့ အေဝးႀကီးမွာ ရွိေနခဲ့တာပါ။

လက္စတာအသင္းက ေပါင္သန္း ၈၀ ေတာင္းဆိုထားတဲ့ ဒီေနာက္ခံလူအတြက္ ေငြေၾကးေၾကာင့္သာ အသင္းႀကီးေတြ လက္တြန္႔ေနၾကတာျဖစ္ၿပီး ဖုခ်္ကေတာ့ ေန႔တုိင္းကို ေလ့လာသင္ယူေနတဲ့ အဂၤလန္သားဟာ အနာဂတ္မွာလည္း ဒီထက္ပုိေကာင္းလာမယ့္ ကစားသမားမ်ဳိးျဖစ္တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ေခ်းဝဲလ္ဟာ ဒီရာသီမွာ လက္စတာအသင္းနဲ႔အတူ ၿပဳိင္ပြဲစုံ ၂၈ ပြဲ ကစားထားရာမွာ ၂ ဂိုးသြင္းၿပီး ၄ ဂိုးဖန္တီးထားႏုိင္တဲ့ ကစားသမားျဖစ္ၿပီး ပရီးမီးယားလိဂ္မွာေတာ့ အဂၤလန္ကစားသမားေတြထဲမွာ အေကာင္းဆုံးဘယ္ေနာက္ခံလူအျဖစ္လည္း ပရိသတ္ေတာ္ေတာ္မ်ားမ်ားက ရွဳျမင္ထားၾကေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လက်စတာစီးတီးအသင်းရဲ့ ဝါရင့်ခံစစ်တောင်ပံကစားသမား ခရစ္စတီယန် ဖုချ်က သူ့ရဲ့အသင်းဖော် ဘန် ချေးလ်ဝဲလ်ဟာ အင်္ဂလန်နိုင်ငံရဲ့ အကောင်းဆုံးဘယ်နောက်ခံလူတွေထဲက တစ်ဦးဖြစ်ပြီး တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန်နေတဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးပြောကြား လိုက်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၁ ပွဲ ကစားပေးခဲ့ပြီးတဲ့ အသက် ၂၃ နှစ် အရွယ် ဘယ်နောက်ခံလူကို မန်ချက်စတာယူနိုက်တက်၊ မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆီးအသင်းတွေက အလိုရှိနေကြပြီး တခြားနေရာတွေကို ဦးစားပေးဖြည့်ဆည်းဖွယ်ရှိတဲ့ ယူနိုက်တက်ကလွဲလို့ ကျန်တဲ့ နှစ်သင်းက နွေမှာ အသည်းအသန်ကြိုးစားဖို့လည်း ရှိနေပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အင်္ဂလိပ်ဘယ်နောက်ခံလူတွေထဲမှာတော့ လက်ရှိမှာ ချေးလ်ဝဲလ်ရဲ့ ခြေစွမ်းက အကောင်းဆုံးဖြစ်နေပြီး မန်ယူမှာ ခြေစွမ်းမပြနိုင်တဲ့ လုခ်ရှော၊ နယူးကာဆယ်လ်ကို အငှားနဲ့ ထွက်ကစားနေခဲ့ရတဲ့ ဒန်နီ ရို့စ်တို့ဟာ အင်္ဂလန်ရဲ့ ဘယ်နောက်ခံတစ်နေရာကို သူ့ဆီက လုယူနိုင်မယ့် ပုံမရှိဘဲ ခရက်စ်ဝဲလ်နဲ့ လေတန် ဘိန်းစ်တို့ကတော့ အဝေးကြီးမှာ ရှိနေခဲ့တာပါ။

လက်စတာအသင်းက ပေါင်သန်း ၈၀ တောင်းဆိုထားတဲ့ ဒီနောက်ခံလူအတွက် ငွေကြေးကြောင့်သာ အသင်းကြီးတွေ လက်တွန့်နေကြတာဖြစ်ပြီး ဖုချ်ကတော့ နေ့တိုင်းကို လေ့လာသင်ယူနေတဲ့ အင်္ဂလန်သားဟာ အနာဂတ်မှာလည်း ဒီထက်ပိုကောင်းလာမယ့် ကစားသမားမျိုးဖြစ်တယ်လို့ ချီးကျူးခဲ့ပါတယ်။

ချေးဝဲလ်ဟာ ဒီရာသီမှာ လက်စတာအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၂၈ ပွဲ ကစားထားရာမှာ ၂ ဂိုးသွင်းပြီး ၄ ဂိုးဖန်တီးထားနိုင်တဲ့ ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ အင်္ဂလန်ကစားသမားတွေထဲမှာ အကောင်းဆုံးဘယ်နောက်ခံလူအဖြစ်လည်း ပရိသတ်တော်တော်များများက ရှုမြင်ထားကြကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.