La Liga Premier League UCL&UEL

ယူရိုပါဘုရင်ဖြစ်နေတဲ့ အမ်မရီ အာဆင်နယ်မှာ ဘာလို့ မအောင်မြင်ခဲ့တာလဲ ထုတ်ဖော်သွား

ဗီလာရီးရဲလ်အသင်းအတွက် သမိုင်းဝင်အောင်မြင်မှုကို မော်ကွန်းရေးထိုးခဲ့တဲ့ ဦးဦးဖျားဖျား ဥရောပဆုဖလားအဖြစ် ယူရိုပါလိဂ်ဖလားကို ပြီးခဲ့တဲ့ညက သိမ်းပိုက်ခဲ့အပြီးမှာ နည်းပြ အူနိုင်း အမ်မရီဟာ ယူရိုပါလိဂ် UEL ဆိုတာ Unai Emery League ဆိုပြီး ပျိုင္ပြဲရဲ့ဘုရင္အဖြစ် တင်စားခံနေရချိန်မှာ အာဆင်နယ်မှာ ဘာလို့မအောင်မြင်ခဲ့တာလဲဆိုတဲ့ မေးခွန်းတွေကို ထွက်ပေါ်လာစေခဲ့တယ်။

တကယ်တမ်းမှာတော့ အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီဟာ ယူရိုပါလိဂ်ဖလား ၄ ကြိမ်အထိ ဆွတ်ခူးထားတာဖြစ်ပြီး ယူရိုပါဖိုင်နယ်ကို ၅ ​ကြိမ်တက်ရောက်နိုင်ခဲ့ရာမှာ ဂန်းနားတို့နဲ့သာ မအောင်မြင်ခဲ့တာလို့ ဆိုရမှာဖြစ်ပြီး ဆီဗီလားနဲ့ ယူရိုပါ ၃ လုံး၊ လက်ရှိဗီလာရီးရဲလ်နဲ့ ပူပူနွေးနွေးဖလား ၁ လုံးနဲ့ နေရာကျခဲ့တယ်လို့ မှတ်ချက်ချရမှာပါ။

၂၀၁၉ ခုနှစ်က ယူရိုပါဖိုင်နယ်မှာ ဆာရီရဲ့ ချယ်လ်ဆီးအသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ချန်ပီယံဝင်ခွင့်ပါ မရခဲ့လို့ အာဆင်နယ်နဲ့ ၁၈ လတာ ကာလအပြီး အလုပ်ထုတ်ခံခဲ့ရတာက သူ့ရဲ့နည်းပြဘဝမှာ အမည်းစက်တခုဖြစ်ပြီး အာဆင်နယ်အသင်းက ကျိန်စာသင့်ဘဝလားလို့ ပရိသတ်တွေ ညည်းညူခဲ့ကြရပါတယ်။

“ကျွန်တော်အာဆင်နယ်နဲ့ ဖိုင်နယ်တက်တုန်းက မအောင်မြင်ခဲ့ပါဘူး။ ပထမနှစ်မှာ ပရီးမီးယားလိဂ်နဲ့ ယူၐရိုပါလိဂ်မှာ တော်တော်လေး ဟုတ်ခဲ့ပေမယ့် ဒုတိယနှစ်ကတော့ ဆိုးရွားခဲ့တယ်။ အသင်းခေါင်းဆောင်လေးဦး ရွေးရတာ အဆင်မပြေဘူး၊ အိုဇေးလ်နဲ့ ကိုလာစီနက််ချ်ကိစ္စ၊ ပြင်သစ်က ရောက်လာပြီး ခြေစွမ်းမြပနိုင်တဲ့ ပေပေတို့လို ပြဿနာတွေနဲ့ပေါ့။”

“အာဆင်နယ်မှာ စစချင်းတော့ ဘောလုံးပိုင်ဆိုင်မှှုနဲ့ ဘယ်လိုကစားရတယ် ပွဲကို ဘယ်လိုစိုးမိုးပြီး ရလဒ်ကောင်းတွေ ရယူရတယ်ဆိုတာက သိခဲ့ကြပေမယ့် တဖြည်ြးဖျည်း ပုံပျက်လာခဲ့တယ်လေ။ အသင်းရဲ့ တိုးတက်မှုကလည်း ရပ်တန့်သွားခဲ့ပြီး ကစားသမားတွေကို သတိပေးဖြစ်ခဲ့တယ်”

“ကျွန်တော်တို့အနေနဲ့ ကစားပုံကလည်း ဆိုးခဲ့တယ်။ လိုချင်တဲ့ တိုက်စစ်ခံစစ် ကစားပုံတွေ Pressing တွေကိုလည်း ပုံမဖော်နိုင်ခဲ့ဘူး။ ဆိုးရွားတဲ့ ရလဒ်တွေကို ကြုံခဲ့ရအပြီးမှာ ပရိသတ်တွေက ကျွန်တော့်အြပစ်လို့ ဆိုလာတယ်။ အသင်းကနေ ထုတ်ပယ်ခံလိုက်ရအပြီးမှာ သူတို့အတွက် ပိုကောင်းလာတယ်ဆိုရင်တော့ ဝမ်းသာပါတယ်”လို့ အမ်မရီက ပြီးခဲ့တဲ့ညက ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်တုန်းက အမ်မရီဟာ ကွင်းပြင်ပက အာဆင်နယ်ရဲ့အတွင်းရေးအရှုပ်တော်ပုံအကြောင်း ဖွင့်ချခဲ့ဖူးတာက အိုဇေးလ်နဲ့ကိုလာစီနက်ချ်တို့ ချောင်ထိုးခံရတဲ့အကြောင်း၊ ပေါင် ၇၂ သန်းတန် ပေပေရဲ့ ရုန်းကန်နေရလို့ အသင်းဟာ အထိနာနေကြောင်းတို့ဖြစ်ပြီး ဒါဟာ လက်ရှိအာတီတာ ထပ်တူကြုံတွေနေရတဲ့ ပြဿနာလည်းဖြစ်နေလို့ သူ့ရဲ့စကားက သွေးထွက်အောင် မှန်ကန်လာခဲ့ပြီလို့ ပရိသတ်တွေက အဆိုပြုနေကြပါတယ်။

အမ်မရီအနေနဲ့ ဗီလာရီးရဲလ်အသင်းကို ၂၀၂၀ ခုနှစ်က တာဝန်ယူခဲ့တာဖြစ်ပြီး တနှစ်အတွင်းမှာ သူ့ရဲ့ တကျော့ပြန်ဥရောပအောင်မြင်မှုကို ရယူနိုင်ခဲ့လို့ ပတ္တမြားလို့ နွံမနစ်ခဲ့တာလို့ သေချာပေါက် အသိအမှတ်ပြုရမယ့်နောက်မှာတော့ ယူနိုက်တက်ကို ပင်နယ်တီကြောင့်သာ နိုင်တာဆိုတဲ့ အမနာပစကားတွေကိုလည်း အခုလိုတုံ့ပြန်သွားခဲ့ပါတယ်။

“ပင်နယ်တီဆိုတာ ထီထိုးတာ မဟုတ်ဘူး။ ပင်နယ်တီကန်ရင် ဖိအားတွေက သိပ်ကို ခေါင်းနပန်းကြီးစေတယ်။ ခေါင်းကို ​အေးအေးထားပြီး ဥာဏ်ကို လွှာသုံးပြီး ဖိအားကို တုံ့ပြန်ရတာပါ။ ကျွန်တော့်အသင်းက ပြိုင်ဘက် ယူနိုက်တက်ထက် ပိုသန်မာကြံ့ခိုင်လို့ ထိုက်ထိုက်တန်တန် ဗိုလ်ဖြစ်ခဲ့တာပါ” လို့ အမ်မရီက ပညာသားပါပါ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဗီလာရီးရဲလ္အသင္းအတြက္ သမိုင္းဝင္ေအာင္ျမင္မႈကို ေမာ္ကြန္းေရးထိုးခဲ့တဲ့ ဦးဦးဖ်ားဖ်ား ဥေရာပဆုဖလားအျဖစ္ ယူ႐ိုပါလိဂ္ဖလားကို ၿပီးခဲ့တဲ့ညက သိမ္းပိုက္ခဲ့အၿပီးမွာ နည္းျပ အူႏိုင္း အမ္မရီဟာ ယူ႐ိုပါလိဂ္ UEL ဆိုတာ Unai Emery League ဆိုၿပီး ပ်ိဳျငၸဲရဲ႕ဘုရင္အျဖစ္ တင္စားခံေနရခ်ိန္မွာ အာဆင္နယ္မွာ ဘာလို႔မေအာင္ျမင္ခဲ့တာလဲဆိုတဲ့ ေမးခြန္းေတြကို ထြက္ေပၚလာေစခဲ့တယ္။

တကယ္တမ္းမွာေတာ့ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီဟာ ယူ႐ိုပါလိဂ္ဖလား ၄ ႀကိမ္အထိ ဆြတ္ခူးထားတာျဖစ္ၿပီး ယူ႐ိုပါဖိုင္နယ္ကို ၅ ​ႀကိမ္တက္ေရာက္ႏိုင္ခဲ့ရာမွာ ဂန္းနားတို႔နဲ႔သာ မေအာင္ျမင္ခဲ့တာလို႔ ဆိုရမွာျဖစ္ၿပီး ဆီဗီလားနဲ႔ ယူ႐ိုပါ ၃ လုံး၊ လက္ရွိဗီလာရီးရဲလ္နဲ႔ ပူပူေႏြးေႏြးဖလား ၁ လုံးနဲ႔ ေနရာက်ခဲ့တယ္လို႔ မွတ္ခ်က္ခ်ရမွာပါ။

၂၀၁၉ ခုႏွစ္က ယူ႐ိုပါဖိုင္နယ္မွာ ဆာရီရဲ႕ ခ်ယ္လ္ဆီးအသင္းကို ၄ ဂိုး ၁ ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံဝင္ခြင့္ပါ မရခဲ့လို႔ အာဆင္နယ္နဲ႔ ၁၈ လတာ ကာလအၿပီး အလုပ္ထုတ္ခံခဲ့ရတာက သူ႔ရဲ႕နည္းျပဘဝမွာ အမည္းစက္တခုျဖစ္ၿပီး အာဆင္နယ္အသင္းက က်ိန္စာသင့္ဘဝလားလို႔ ပရိသတ္ေတြ ညည္းညဴခဲ့ၾကရပါတယ္။

“ကြၽန္ေတာ္အာဆင္နယ္နဲ႔ ဖိုင္နယ္တက္တုန္းက မေအာင္ျမင္ခဲ့ပါဘူး။ ပထမႏွစ္မွာ ပရီးမီးယားလိဂ္နဲ႔ ယူၐ႐ိုပါလိဂ္မွာ ေတာ္ေတာ္ေလး ဟုတ္ခဲ့ေပမယ့္ ဒုတိယႏွစ္ကေတာ့ ဆိုး႐ြားခဲ့တယ္။ အသင္းေခါင္းေဆာင္ေလးဦး ေ႐ြးရတာ အဆင္မေျပဘူး၊ အိုေဇးလ္နဲ႔ ကိုလာစီနက္္ခ်္ကိစၥ၊ ျပင္သစ္က ေရာက္လာၿပီး ေျခစြမ္းျမပႏိုင္တဲ့ ေပေပတို႔လို ျပႆနာေတြနဲ႔ေပါ့။”

“အာဆင္နယ္မွာ စစခ်င္းေတာ့ ေဘာလုံးပိုင္ဆိုင္မွႈနဲ႔ ဘယ္လိုကစားရတယ္ ပြဲကို ဘယ္လိုစိုးမိုးၿပီး ရလဒ္ေကာင္းေတြ ရယူရတယ္ဆိုတာက သိခဲ့ၾကေပမယ့္ တျဖည္ျးဖ်ည္း ပုံပ်က္လာခဲ့တယ္ေလ။ အသင္းရဲ႕ တိုးတက္မႈကလည္း ရပ္တန႔္သြားခဲ့ၿပီး ကစားသမားေတြကို သတိေပးျဖစ္ခဲ့တယ္”

“ကြၽန္ေတာ္တို႔အေနနဲ႔ ကစားပုံကလည္း ဆိုးခဲ့တယ္။ လိုခ်င္တဲ့ တိုက္စစ္ခံစစ္ ကစားပုံေတြ Pressing ေတြကိုလည္း ပုံမေဖာ္ႏိုင္ခဲ့ဘူး။ ဆိုး႐ြားတဲ့ ရလဒ္ေတြကို ႀကဳံခဲ့ရအၿပီးမွာ ပရိသတ္ေတြက ကြၽန္ေတာ့္ျအပစ္လို႔ ဆိုလာတယ္။ အသင္းကေန ထုတ္ပယ္ခံလိုက္ရအၿပီးမွာ သူတို႔အတြက္ ပိုေကာင္းလာတယ္ဆိုရင္ေတာ့ ဝမ္းသာပါတယ္”လို႔ အမ္မရီက ၿပီးခဲ့တဲ့ညက ပြဲအၿပီးမွာ ေျပာသြားခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္တုန္းက အမ္မရီဟာ ကြင္းျပင္ပက အာဆင္နယ္ရဲ႕အတြင္းေရးအရႈပ္ေတာ္ပုံအေၾကာင္း ဖြင့္ခ်ခဲ့ဖူးတာက အိုေဇးလ္နဲ႔ကိုလာစီနက္ခ်္တို႔ ေခ်ာင္ထိုးခံရတဲ့အေၾကာင္း၊ ေပါင္ ၇၂ သန္းတန္ ေပေပရဲ႕ ႐ုန္းကန္ေနရလို႔ အသင္းဟာ အထိနာေနေၾကာင္းတို႔ျဖစ္ၿပီး ဒါဟာ လက္ရွိအာတီတာ ထပ္တူႀကဳံေတြေနရတဲ့ ျပႆနာလည္းျဖစ္ေနလို႔ သူ႔ရဲ႕စကားက ေသြးထြက္ေအာင္ မွန္ကန္လာခဲ့ၿပီလို႔ ပရိသတ္ေတြက အဆိုျပဳေနၾကပါတယ္။

အမ္မရီအေနနဲ႔ ဗီလာရီးရဲလ္အသင္းကို ၂၀၂၀ ခုႏွစ္က တာဝန္ယူခဲ့တာျဖစ္ၿပီး တႏွစ္အတြင္းမွာ သူ႔ရဲ႕ တေက်ာ့ျပန္ဥေရာပေအာင္ျမင္မႈကို ရယူႏိုင္ခဲ့လို႔ ပတၱျမားလို႔ ႏြံမနစ္ခဲ့တာလို႔ ေသခ်ာေပါက္ အသိအမွတ္ျပဳရမယ့္ေနာက္မွာေတာ့ ယူႏိုက္တက္ကို ပင္နယ္တီေၾကာင့္သာ ႏိုင္တာဆိုတဲ့ အမနာပစကားေတြကိုလည္း အခုလိုတုံ႔ျပန္သြားခဲ့ပါတယ္။

“ပင္နယ္တီဆိုတာ ထီထိုးတာ မဟုတ္ဘူး။ ပင္နယ္တီကန္ရင္ ဖိအားေတြက သိပ္ကို ေခါင္းနပန္းႀကီးေစတယ္။ ေခါင္းကို ​ေအးေအးထားၿပီး ဥာဏ္ကို လႊာသုံးၿပီး ဖိအားကို တုံ႔ျပန္ရတာပါ။ ကြၽန္ေတာ့္အသင္းက ၿပိဳင္ဘက္ ယူႏိုက္တက္ထက္ ပိုသန္မာႀကံ့ခိုင္လို႔ ထိုက္ထိုက္တန္တန္ ဗိုလ္ျဖစ္ခဲ့တာပါ” လို႔ အမ္မရီက ပညာသားပါပါ တုံ႔ျပန္လိုက္တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.