Premier League

လက်ကော ခြေကောသုံးခဲ့ပြီး ဗီလာရီးရဲလ်ရဲ့သူရဲကောင်းဖြစ်ခဲ့တဲ့ ဂိုးသမားရူလီရဲ့ ထူးခြားတဲ့ ကစားသမားဘဝအကြောင်း

ပြီးခဲ့တဲ့ညက ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ကိုယ်ပိုင်ပင်နယ်တီကို အပိုင်ကန်သွင်းခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ၁၁ ကြိမ်မြောက် ပင်နယ်တီဖြစ်တဲ့ ဒဟဲယားရဲ့ကန်သွင်းချက်ကိုပါ ကာကွယ်နိုင်ခဲ့လို့ အသင်းကို ယူရိုပါလိဂ်ဗိုလ်ဖြစ်စေခဲ့တဲ့ ဗီလာရီးရဲလ်ဂိုးသမား ဟယ်ရိုနီမို ရူလီဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။

သူ့ကို မန်စီးတီးအသင်းက ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၁၉ ရက်မှာ ဥရုဂွေးကလပ် ဒီပို့တီပို့ မယ်လ်ဒိုနာဒို အသင်းကနေ ပေါင် ၄ သန်းနဲ့ ခေါ်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။ အလုပ်လုပ်ခွင့်ပါမစ်မရလို့ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်အသင်းထံ အငှားချခံထားရာကနေ အပြီးရောင်းချခံခဲ့ရတယ်။

၂၀၂၀ စက်တင်ဘာ ၄ ရက်နေ့မှာတော့ ဗီလာရီးရဲလ်အသင်းက သူ့ကို ဆိုစီဒက်ကနေ ယူရို ၅ သန်းနဲ့ ဝယ်ယူသွားခဲ့ပြီး ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့နောက်မှာတော့ ရူလီအနေနဲ့ ဒီနှစ်လာလီဂါမှာ ၂ ပွဲသာ ကစားခွင့်ရခဲ့သလို အရန်ခုံမှာ အချိန်ဖြုန်းနေခဲ့ရတယ်။

ဒါပေမယ့် ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ နည်းပြအမ်မရီရဲ့ ယုံယုံကြည်ကြည်နဲ့ ပွဲထုတ်ခြင်းကို ခံခဲ့ရပြီး ၁၃ ပွဲအထိ ကစားခွင့်ရခဲ့ရာမှာ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ပွဲဟာ အမြင့်ဆုံးတန်ပိုနဲ့ ပွဲတွေဖြစ်ခဲ့ပြီး ၆ ပွဲ Clean Sheet ရယူခဲ့သလို ပေးဂိုး ၉ ဂိုးသာ ရှိထားခဲ့တာပါ။

အသက် ၂၈ အရွယ် အာဂျင်တိုင်းဂိုးသမားဟာ ဒန်နီ ပါရဲဟို၊ ကူဘို၊ ကိုကွီလင်တို့နဲ့အတူ ပြီးခဲ့တဲ့နွေရာသီမှာ ဗီလားရီးရဲလ်အသင်းရဲ့ တည်ဆောက်မှုမှာ ပူးပေါင်းလာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ညက ပိုလန်မြေက အောင်ပွဲဟာ သူ့အတွက် အချိုမြိန်ဆုံးဖြစ်ခဲ့ပြီး အသင်းသမိုင်းမှာ ပထမဆုံး ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးပေးသွားခဲ့တယ်။

ပင်နယ်တီအဆုံးအဖြတ်မှာ ဗီလာရီးရဲလ်ဘက်က ၁၁ ကြိမ်၊ ယူနိုက်တက်ဘက်က ၁၀ ကြိမ်အထိ ၂၁ ကြိမ်ဆက်တိုက် ပင်နယ်တီဂိုးတွေ ဝင်နေချိန်မှာ စိတ်ဝင်စားစရာကောင်းခဲ့တာက ရူလီဟာ ဒဟဲယားရဲ့ ပင်နယ်တီ ဘယ်လိုကာကွယ်သွားခဲ့သလဲ ဆိုရာမှာ ယူနိုက်တက်ဂိုးသမားကို ဒီညရဲ့ ဗီလိန်အဖြစ် အဆုံးသတ်သွားစေခဲ့တယ်။

” ကျွန်တော်အများကြီး မစဉ်းစားခဲ့ပါဘူး။ စဉ်းစားရင် ပိုမှားသွားနိုင်လို့ပါ။ ရှိသမျှအားနဲ့ ကျုံးပြီး ဒဟဲယားရဲ့ဂိုးပေါက်ကို ကန်သွင်းခဲ့ပါတယ်။ ကျွန်တော်က အသင်းရဲ့နောက်ဆုံးပင်နယ်တီကို ကန်သွင်းတယ်။ ဝင်သွားတယ်။ ပြီးတော့ ဒဟဲယားအလှည့်ရောက်လာတယ်”

” ကိုယ့်ပင်နယ်တီကို သွင်းပြီး ပြိုင်ဘက်ရဲ့ ပင်နယ်တီနောက်တလုံးကိုပါ ဆက်တိုက်ကာကွယ်နိုင်ခဲ့လိမ့်မယ်ဆိုတာ သိပ်ကောင်းတဲ့အိပ်မက်ထဲမှာတောင် ယောင်လို့မတွေးမိဖူးပါဘူး။ ဒီဖလားက ကျွန်တော်တို့နဲ့ တကယ့်ကို ထိုက်တန်သွားပါပြီ” လို့ ရူလီက ပွဲအပြီးမှာ ရင်ဖွင့်သွားခဲ့တာကို ကြားရမှာဖြစ်ပြီး ဗီလာရီးရဲလ်အသင်းကတော့ နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်လက်မှတ်ကိုပါ ပိုင်ဆိုင်သွားခဲ့တာဖြစ်ပြီး ဥရောပစူပါဖလားကိုပါ ကစားရတော့မှာဖြစ်ကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ၿပီးခဲ့တဲ့ညက ယူ႐ိုပါလိဂ္ဗိုလ္လုပြဲရဲ႕ ပင္နယ္တီအဆုံးအျဖတ္မွာ ကိုယ္ပိုင္ပင္နယ္တီကို အပိုင္ကန္သြင္းခဲ့ၿပီး ယူႏိုက္တက္အသင္းရဲ႕ ၁၁ ႀကိမ္ေျမာက္ ပင္နယ္တီျဖစ္တဲ့ ဒဟဲယားရဲ႕ကန္သြင္းခ်က္ကိုပါ ကာကြယ္ႏိုင္ခဲ့လို႔ အသင္းကို ယူ႐ိုပါလိဂ္ဗိုလ္ျဖစ္ေစခဲ့တဲ့ ဗီလာရီးရဲလ္ဂိုးသမား ဟယ္႐ိုနီမို ႐ူလီဟာ သူရဲေကာင္းျဖစ္ခဲ့ပါတယ္။

သူ႔ကို မန္စီးတီးအသင္းက ၂၀၁၆ ခုႏွစ္၊ ဇူလိုင္ ၁၉ ရက္မွာ ဥ႐ုေဂြးကလပ္ ဒီပို႔တီပို႔ မယ္လ္ဒိုနာဒို အသင္းကေန ေပါင္ ၄ သန္းနဲ႔ ေခၚယူခဲ့ဖူးတာ ျဖစ္ပါတယ္။ အလုပ္လုပ္ခြင့္ပါမစ္မရလို႔ စပိန္ကလပ္ ရီးရဲလ္ဆိုစီဒက္အသင္းထံ အငွားခ်ခံထားရာကေန အၿပီးေရာင္းခ်ခံခဲ့ရတယ္။

၂၀၂၀ စက္တင္ဘာ ၄ ရက္ေန႔မွာေတာ့ ဗီလာရီးရဲလ္အသင္းက သူ႔ကို ဆိုစီဒက္ကေန ယူ႐ို ၅ သန္းနဲ႔ ဝယ္ယူသြားခဲ့ၿပီး ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့ေနာက္မွာေတာ့ ႐ူလီအေနနဲ႔ ဒီႏွစ္လာလီဂါမွာ ၂ ပြဲသာ ကစားခြင့္ရခဲ့သလို အရန္ခုံမွာ အခ်ိန္ျဖဳန္းေနခဲ့ရတယ္။

ဒါေပမယ့္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာေတာ့ နည္းျပအမ္မရီရဲ႕ ယုံယုံၾကည္ၾကည္နဲ႔ ပြဲထုတ္ျခင္းကို ခံခဲ့ရၿပီး ၁၃ ပြဲအထိ ကစားခြင့္ရခဲ့ရာမွာ အာဆင္နယ္၊ ယူႏိုက္တက္တို႔နဲ႔ပြဲဟာ အျမင့္ဆုံးတန္ပိုနဲ႔ ပြဲေတြျဖစ္ခဲ့ၿပီး ၆ ပြဲ Clean Sheet ရယူခဲ့သလို ေပးဂိုး ၉ ဂိုးသာ ရွိထားခဲ့တာပါ။

အသက္ ၂၈ အ႐ြယ္ အာဂ်င္တိုင္းဂိုးသမားဟာ ဒန္နီ ပါရဲဟို၊ ကူဘို၊ ကိုကြီလင္တို႔နဲ႔အတူ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဗီလားရီးရဲလ္အသင္းရဲ႕ တည္ေဆာက္မႈမွာ ပူးေပါင္းလာခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ညက ပိုလန္ေျမက ေအာင္ပြဲဟာ သူ႔အတြက္ အခ်ိဳၿမိန္ဆုံးျဖစ္ခဲ့ၿပီး အသင္းသမိုင္းမွာ ပထမဆုံး ယူ႐ိုပါလိဂ္ဖလားကို ဆြတ္ခူးေပးသြားခဲ့တယ္။

ပင္နယ္တီအဆုံးအျဖတ္မွာ ဗီလာရီးရဲလ္ဘက္က ၁၁ ႀကိမ္၊ ယူႏိုက္တက္ဘက္က ၁၀ ႀကိမ္အထိ ၂၁ ႀကိမ္ဆက္တိုက္ ပင္နယ္တီဂိုးေတြ ဝင္ေနခ်ိန္မွာ စိတ္ဝင္စားစရာေကာင္းခဲ့တာက ႐ူလီဟာ ဒဟဲယားရဲ႕ ပင္နယ္တီ ဘယ္လိုကာကြယ္သြားခဲ့သလဲ ဆိုရာမွာ ယူႏိုက္တက္ဂိုးသမားကို ဒီညရဲ႕ ဗီလိန္အျဖစ္ အဆုံးသတ္သြားေစခဲ့တယ္။

” ကြၽန္ေတာ္အမ်ားႀကီး မစဥ္းစားခဲ့ပါဘူး။ စဥ္းစားရင္ ပိုမွားသြားႏိုင္လို႔ပါ။ ရွိသမွ်အားနဲ႔ က်ဳံးၿပီး ဒဟဲယားရဲ႕ဂိုးေပါက္ကို ကန္သြင္းခဲ့ပါတယ္။ ကြၽန္ေတာ္က အသင္းရဲ႕ေနာက္ဆုံးပင္နယ္တီကို ကန္သြင္းတယ္။ ဝင္သြားတယ္။ ၿပီးေတာ့ ဒဟဲယားအလွည့္ေရာက္လာတယ္”

” ကိုယ့္ပင္နယ္တီကို သြင္းၿပီး ၿပိဳင္ဘက္ရဲ႕ ပင္နယ္တီေနာက္တလုံးကိုပါ ဆက္တိုက္ကာကြယ္ႏိုင္ခဲ့လိမ့္မယ္ဆိုတာ သိပ္ေကာင္းတဲ့အိပ္မက္ထဲမွာေတာင္ ေယာင္လို႔မေတြးမိဖူးပါဘူး။ ဒီဖလားက ကြၽန္ေတာ္တို႔နဲ႔ တကယ့္ကို ထိုက္တန္သြားပါၿပီ” လို႔ ႐ူလီက ပြဲအၿပီးမွာ ရင္ဖြင့္သြားခဲ့တာကို ၾကားရမွာျဖစ္ၿပီး ဗီလာရီးရဲလ္အသင္းကေတာ့ ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္လက္မွတ္ကိုပါ ပိုင္ဆိုင္သြားခဲ့တာျဖစ္ၿပီး ဥေရာပစူပါဖလားကိုပါ ကစားရေတာ့မွာျဖစ္ေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.