Premier League

ဆာဒီယို မာနေးကြောင့် အမ်ဘာပေ အန်းဖီးလ်မြေကို ရောက်ဖို့ ပိုနီးစပ်လာ

လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိသွားခဲ့တဲ့ အကြောင်းရင်းဟာ လီဗာပူးလ်ရဲ့ လာမယ့်အပြောင်းအရွှေ့စျေးကွက်မှာ အတော်လေးအရေးကြီးခဲ့တာဖြစ်ပြီး အမ်ဘာပေကို လီဗာပူးလ်ရဲ့ အနီရောင်ဂျာစီဝတ်ဆင်ထားမှုနဲ့ တွဲမြင်လိုနေတဲ့ ပရိသတ်တွေအတွက် ပြင်သစ်တိုက်စစ်မှူးတောင်းဆိုထားတဲ့ အဓိကကျတဲ့ သတ်မှတ်ချက်နဲ့လည်း ကိုက်ညီသွားခဲ့တယ်။

ပြင်သစ်ကလာတဲ့ သတင်းတွေအရ အမ်ဘာပေဟာ အန်ဖီးလ်မြေကို အခြေချလာဖွယ်ရှိနေပြီး နည်းပြကလော့ပ်ရဲ့လက်အောက်မှာ ကစားဖို့ ဖြစ်လာနိုင်ခြေတွေ မြင့်တက်နေပြီလို့ တင်ပြသွားခဲ့တာဖြစ်ပြီး ဆာဒီယို မာနေးရဲ့ ပဲလေ့စ်နဲ့ပွဲက သွင်းဂိုး ၂ ဂိုးဟာ သူ့အတွက် အသင်းနဲ့နောက်ဆုံးဇာတ်လမ်းလည်း ဖြစ်လာနိုင်တာပါ။

မာနေးရဲ့ အနိုင်သွင်းဂိုး ၂ ဂိုးကြောင့် ချန်ပီယံလိဂ်ဖိုင်နယ်အသင်း ချယ်လ်ဆီးကိုပါ ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရာသီအသိမ်း အဆင့် ၃ နေရာမှာ ဟန်ကျကျရပ်တည်သွားနိုင်ခဲ့တဲ့ လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ဖလားကို နောက်တကြိမ် ကိုင်မြှောက်ချင်နေတဲ့ အစီအမံအရ အသင်းရဲ့တိုက်စစ်ကို မြေလှန်ပြုပြင်ဖို့ ရှိနေတယ်။

ခြေစွမ်းမပြနိုင်တော့ဘဲ ပုံမှန်တနေရာပွဲထွက်ခွင့်ကို လိုချင်နေတဲ့ မာနေးကို ရောင်းထုတ်ပြီး ငွေဖော်ဖို့ဟာ လီဗာပူးလ်ရဲ့ လက်ရှိဦးစားပေးကိစ္စရပ်ဖြစ်နေသလို အသင်းပိုင်ရှင် FSG ဂရုအနေနဲ့ ပါရီမြို့ကို ငွေထုပ်ကိုင်ပြီး အမ်ဘာပေကို သွားရောက်ကမ်းလှမ်းဖို့ ရှိနေတာပါ။

အသက်ငင်နေတဲ့ တိုက်စစ်ကို အမ်ဘာပေနဲ့ အသက်သွင်းမှသာ လီဗာပူးလ်ရဲ့ တကျော့ပြန် ဥရောပကို လွှမ်းမိုးရေးခြေလှမ်းဟာ အကောင်အထည်ဖော်နိုင်ပြီး ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်သရဖူကို ထပ်မံသိမ်းပိုက်နိုင်မယ်လို့ ယုံကြည်နေတဲ့ အသင်းပိုင်ရှင်တွေအနေနဲ့ ပြင်သစ်သားအတွက် ပေးနိုင်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အာမခံချက်ကို ပထမအဆင့်အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။

အမ်ဘာပေအနေနဲ့လည်း PSG ကို ချစ်ပါတယ်လို့ ဘယ်လောက်ပြောပြော ပြင်သစ်လီဂူးနဲ့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်ခဲ့ရတဲ့နောက်မှာတော့ အထုပ်ပြင်ဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပြီး သူ့ရဲ့ ပစ်မှတ်မှာ လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် ၂ သင်းအတွက် ကစားချင်စိတ်က ထိပ်ဆုံးက ရှိနေတာပါ။

၂၀၂၂ ဇွန်မှာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကမ္ဘာ့အတိုးတက်ဆုံးလူငယ်လေးဟာ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ စတင်စဥ်းစားနေပြီဖြစ်သလို FSG ဘက်က ပါရီမှာ ငွေချေဖို့ လက်မတွန့်ဘူးဆိုရင်တော့ ရီးရဲလ်မက်ဒရစ်အသင်းက ဒီအပြောင်းအရွှေ့မှာ ဝင်မပါတော့ဘဲ လက်ရှောင်သွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

ဒီရာသီအပြီးမှာ PSG အတွက် ၄၇ ပွဲကစား၊ ၄၂ ဂိုးသွင်းပြီး ၁၁ ဂိုးဖန်တီးထားတဲ့ အမ်ဘာပေရဲ့ စွမ်းဆောင်ရည်က အသင်းတသင်းကို ဘာမဆိုဖြစ်အောင် လုပ်ပေးနိုင်တဲ့အထိ အတော်လေးမြင့်မားသလို ကလော့ပ်ရဲ့နောက်ထပ်အရွေ့တခုမှာ သူက ပူးပေါင်းပြီး အသုံးတော်ခံလာဖို့ ယုံကြည်ချက်အပြည့်အဝနဲ့ အန်ဖီးလ်ကို ရောက်လာမလားဆိုတာကတော့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိသြားခဲ့တဲ့ အေၾကာင္းရင္းဟာ လီဗာပူးလ္ရဲ႕ လာမယ့္အေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ အေတာ္ေလးအေရးႀကီးခဲ့တာျဖစ္ၿပီး အမ္ဘာေပကို လီဗာပူးလ္ရဲ႕ အနီေရာင္ဂ်ာစီဝတ္ဆင္ထားမႈနဲ႔ တြဲျမင္လိုေနတဲ့ ပရိသတ္ေတြအတြက္ ျပင္သစ္တိုက္စစ္မႉးေတာင္းဆိုထားတဲ့ အဓိကက်တဲ့ သတ္မွတ္ခ်က္နဲ႔လည္း ကိုက္ညီသြားခဲ့တယ္။

ျပင္သစ္ကလာတဲ့ သတင္းေတြအရ အမ္ဘာေပဟာ အန္ဖီးလ္ေျမကို အေျခခ်လာဖြယ္ရွိေနၿပီး နည္းျပကေလာ့ပ္ရဲ႕လက္ေအာက္မွာ ကစားဖို႔ ျဖစ္လာႏိုင္ေျခေတြ ျမင့္တက္ေနၿပီလို႔ တင္ျပသြားခဲ့တာျဖစ္ၿပီး ဆာဒီယို မာေနးရဲ႕ ပဲေလ့စ္နဲ႔ပြဲက သြင္းဂိုး ၂ ဂိုးဟာ သူ႔အတြက္ အသင္းနဲ႔ေနာက္ဆုံးဇာတ္လမ္းလည္း ျဖစ္လာႏိုင္တာပါ။

မာေနးရဲ႕ အႏိုင္သြင္းဂိုး ၂ ဂိုးေၾကာင့္ ခ်န္ပီယံလိဂ္ဖိုင္နယ္အသင္း ခ်ယ္လ္ဆီးကိုပါ ေက်ာ္ျဖတ္ၿပီး ပရီးမီးယားလိဂ္ရာသီအသိမ္း အဆင့္ ၃ ေနရာမွာ ဟန္က်က်ရပ္တည္သြားႏိုင္ခဲ့တဲ့ လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္ဖလားကို ေနာက္တႀကိမ္ ကိုင္ေျမႇာက္ခ်င္ေနတဲ့ အစီအမံအရ အသင္းရဲ႕တိုက္စစ္ကို ေျမလွန္ျပဳျပင္ဖို႔ ရွိေနတယ္။

ေျခစြမ္းမျပႏိုင္ေတာ့ဘဲ ပုံမွန္တေနရာပြဲထြက္ခြင့္ကို လိုခ်င္ေနတဲ့ မာေနးကို ေရာင္းထုတ္ၿပီး ေငြေဖာ္ဖို႔ဟာ လီဗာပူးလ္ရဲ႕ လက္ရွိဦးစားေပးကိစၥရပ္ျဖစ္ေနသလို အသင္းပိုင္ရွင္ FSG ဂ႐ုအေနနဲ႔ ပါရီၿမိဳ႕ကို ေငြထုပ္ကိုင္ၿပီး အမ္ဘာေပကို သြားေရာက္ကမ္းလွမ္းဖို႔ ရွိေနတာပါ။

အသက္ငင္ေနတဲ့ တိုက္စစ္ကို အမ္ဘာေပနဲ႔ အသက္သြင္းမွသာ လီဗာပူးလ္ရဲ႕ တေက်ာ့ျပန္ ဥေရာပကို လႊမ္းမိုးေရးေျခလွမ္းဟာ အေကာင္အထည္ေဖာ္ႏိုင္ၿပီး ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္သရဖူကို ထပ္မံသိမ္းပိုက္ႏိုင္မယ္လို႔ ယုံၾကည္ေနတဲ့ အသင္းပိုင္ရွင္ေတြအေနနဲ႔ ျပင္သစ္သားအတြက္ ေပးႏိုင္တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္အာမခံခ်က္ကို ပထမအဆင့္ေအာင္ျမင္ခဲ့ၿပီးျဖစ္ပါတယ္

အမ္ဘာေပအေနနဲ႔လည္း PSG ကို ခ်စ္ပါတယ္လို႔ ဘယ္ေလာက္ေျပာေျပာ ျပင္သစ္လီဂူးနဲ႔ ခ်န္ပီယံလိဂ္ဖလားကို လက္လႊတ္ခဲ့ရတဲ့ေနာက္မွာေတာ့ အထုပ္ျပင္ဖို႔ ဆႏၵျပင္းျပေနတာျဖစ္ၿပီး သူ႔ရဲ႕ ပစ္မွတ္မွာ လီဗာပူးလ္နဲ႔ ရီးရဲလ္မက္ဒရစ္ ၂ သင္းအတြက္ ကစားခ်င္စိတ္က ထိပ္ဆုံးက ရွိေနတာပါ။

၂၀၂၂ ဇြန္မွာ ျပင္သစ္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ကမာၻ႔အတိုးတက္ဆုံးလူငယ္ေလးဟာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ဖို႔ စတင္စဥ္းစားေနၿပီျဖစ္သလို FSG ဘက္က ပါရီမွာ ေငြေခ်ဖို႔ လက္မတြန္႔ဘူးဆိုရင္ေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက ဒီအေျပာင္းအေ႐ႊ႕မွာ ဝင္မပါေတာ့ဘဲ လက္ေရွာင္သြားဖို႔ ရွိေနေၾကာင္းလည္း သိရပါတယ္။

ဒီရာသီအၿပီးမွာ PSG အတြက္ ၄၇ ပြဲကစား၊ ၄၂ ဂိုးသြင္းၿပီး ၁၁ ဂိုးဖန္တီးထားတဲ့ အမ္ဘာေပရဲ႕ စြမ္းေဆာင္ရည္က အသင္းတသင္းကို ဘာမဆိုျဖစ္ေအာင္ လုပ္ေပးႏိုင္တဲ့အထိ အေတာ္ေလးျမင့္မားသလို ကေလာ့ပ္ရဲ႕ေနာက္ထပ္အေ႐ြ႕တခုမွာ သူက ပူးေပါင္းၿပီး အသုံးေတာ္ခံလာဖို႔ ယုံၾကည္ခ်က္အျပည့္အဝနဲ႔ အန္ဖီးလ္ကို ေရာက္လာမလားဆိုတာကေတာ့…….။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.