Premier League

27 May နေ့လည်ခင်း နောက်ဆုံးရ ချဲလ်ဆီးသတင်းများ စုစည်းမှု

ချယ်လ်ဆီးအသင်းနဲ့ ဒေါ့မန်တို့ဟာ လာမယ့်နွေမှာ အကြီးမားဆုံးအပြောင်းအရွှေ့အတွက် ဆွေးနွေးနေကြကြောင်း သိရပြီး ကစားသမား ၄ ဦးကို အလဲအထပ်လုပ်သွားဖို့ လျာထားလိုက်သလို ဒေါ့မန်နည်းပြဟောင်းတူဟယ်လ်ရဲ့ ချိတ်ဆက်မှုအရ ဟာလန်း၊ ဆန်ချိုအတွဲနဲ့ တန်မီ အေဘရာဟမ်၊ အိုဒွိုင်းအတွဲကို ချိန်းတောင်းလုပ်သွားဖွယ်ရှိ။

ချန်ပီယံလိဂ်ဗိုလ်လုပွဲပြင်ဆင်နေတဲ့ ချယ်လ်ဆီးအသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ အန်ဂိုလို ကွန်တေနဲ့ ဂိုးသမားမန်ဒီတို့ ပူးပေါင်းလာနိုင်ခဲ့ပြီဖြစ်လို့ ပရိသတ်တွေ ကြားချင်တဲ့ သတင်းကောင်းဖြစ်လာခဲ့ပြီး မန်စီးတီးကို ရင်ဆိုင်ဖို့ အဆင့်ဖြစ်ပြီး တက်ကြွနေတဲ့ မေဆန်မောင့်နဲ့ ပူလီရှစ်ချ်တို့ကို မြင်တွေ့ခဲ့ရတဲ့အပြင် အသင်းရဲ့အဓိကလူစာရင်းမှာ ဒဏ်ရာကင်းစင်ပြီဖြစ်လာ။

လာမယ့် ပေါ်တိုမြို့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ မှော်ဆရာလေး ဟာကင်းမ် ဇီးယက်ရှ်ကို ပွဲထွက်စေဖို့ ချယ်လ်ဆီးနည်းပြတူဟယ်လ်တိုက်တွန်းခံထားရပြီး ပရိသတ်တွေ အလိုရှိနေတဲ့ဆန္ဒအရ သူ့အတွက် အိုင်းယတ်စ်နဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲ ရှုံးနိမ့်ခဲ့ဖူးတဲ့ လက်စားချေလိုစိတ်နဲ့ ပေါက်ကွဲမှုအားကို ချယ်လ်ဆီးအသင်းအတွက် အသုံးချသွားစေလိုကြောင်း သိရ။

ချယ်လ်ဆီးအသင်းဟာ ကစားသမားဟောင်းလူကာကူအတွက် တံခါးဖွင့်ထားလိုက်ပြီဖြစ်တယ်လို့ သိရပြီး နည်းပြတူဟယ်လ်က သူ့ကို အသင်းအတွက် လာဘ်မြင်တိုက်စစ်မှူးအဖြစ် သဘောကျနေသလို ဒီအပြောင်းအရွှေ့ အဆင်ပြေမလားဆိုတာ အင်တာမီလန်အသင်းကို စွန့်ခွာဖို့ အထုပ်ပြင်နေတဲ့ နည်းပြကွန်တီရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်နေ။

ချယ်လ်ဆီးအသင်းဟာ ဘယ်သူမှ ထင်မှတ်မထားတဲ့ အခြေအနေကနေ အခုလိုမျိုး ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်လာခဲ့တဲ့ လျှို့ဝှက်ချက်ဟာ မိမိတို့အသင်းရဲ့ ကိုယ့်အစွမ်းအစကိုယ် အခိုင်အမာယုံကြည်မှုကလွဲပြီး တခြားမရှိခဲ့လို့ ငယ်ဘဝအိပ်မက်ဖြစ်တဲ့ ချန်ပီယံလိဂ်ဖလားကို အရယူသွားမှာဖြစ်တယ်လို့ ကွင်းလယ်ဖန်တီးရှင်ခိုင်ဟာဗတ်ဇ်က မန်စီးတီးကို သတိပေးသွားခဲ့။

ချန်ပီယံလိဂ်သီချင်းသံကို အရသာခံပြီး ပရိသတ်တွေရှေ့မှာ ဗိုလ်လုပွဲကို ကစားရမယ့်အရေးကို မစောင့်နိုင်လောက်အောင် ဖြစ်နေပြီလို့ ချယ်လ်ဆီးတိုက်စစ်မှူးဗာနာက ဖွင့်ဟသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူခဲ့ခြင်းဟာ ကမ္ဘာ့အကြီးမြတ်ဆုံးဖလားကို သရဖူဆောင်းဖို့ မိမိတို့ဟာ ဘယ်အသင်းကိုမဆို ကျော်ဖြတ်နိုင်ကြောင်း အားအကောင်းဆုံးသက်သေဖြစ်တယ်လို့ ကြုံးဝါး။

ယူရို ၂၀၂၀ ပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်လူစာရင်းရဲ့ ညာအစွန်နောက်ခံလူ ၄ ဦးထဲမှာ ရီးစ်ဂျိမ်းစ်ကို ဘာကြောင့် ရွေးချယ်ခဲ့ရလဲဆိုတာ နည်းပြဆောက်ဂိတ်က ရှင်းပြသွားခဲ့ပြီး သူဟာ ခံစစ်မှာ နေရာစုံကစားနိုင်ရုံတင်မက ကွင်းလယ်မှာပါ ကစားနိုင်တဲ့ စွယ်စုံရကစားသမားအဖြစ် ယူရိုခရီးလမ်းမှာ အသင်းကို အကျိုးပြုနိုင်ကြောင်း ရှုမြင်ခံထားရ။

ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာ ချယ်လ်ဆီးအသင်းဟာ ပေါင်သန်း ၃၀၀ နီးပါး တန်ဖိုးကျဆင်းသွားခဲ့ပေမယ့် လန်ဒန်ရဲ့ တန်ဖိုးအကြီးမားဆုံးကလပ်အသင်းအဖြစ် ဆက်လက်ရပ်တည်သွားခဲ့ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံးအသင်းစာရင်းမှာ ချန်ပီယံလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းတို့ရဲ့နောက် ၁.၆၉ ဘီလျံတန်ဖိုးနဲ့ တဆင့်လျော့သွားခဲ့ပြီး အဆင့် ၇ နေရာမှာ ရပ်တည်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: