Premier League

နှလုံးရောဂါရစေခဲ့တဲ့ ယူရိုပါဖိုင်နယ်- ဗီလာရီးရဲလ် 12-11 ယူနိုက်တက်ပွဲအပြီး ထူးထူးခြားခြားပြောစရာ 7 ချက်

ယူရိုပါကျိန်စာဆိုးနဲ့ အသည်းကွဲရပြန်တဲ့ ဆိုးလ်ရှား
ဒီပွဲကို ဘယ်လောက်နိုင်ချင်နေလဲဆိုတာ ယူနိုက်တက်နည်းပြဆိုးလ်ရှားရဲ့ မျက်နှာမှာ အထင်းသား ပေါ်လွင်နေခဲ့ပြီး တကယ်တမ်းမှာတော့ ယူနိုက်တက်ရဲ့ အရန်လူအင်အားမတောင့်တင်းမှုက သူ့ရဲ့အမာရွတ်ကိုသာ ထပ်တိုးလာစေခဲ့တယ်။ မိနစ် ၁၀၀ အထိ လူစားလဲဖို့ လေးဖင့်နေခဲ့တဲ့ သူ့ရဲ့ဆုံး​ဖြတ်မှုမှာ တွေဝေနေခဲ့သလို စိတ်လှုပ်ရှားနေလွန်းတာကြောင့်လည်း ယူရိုပါကျိန်စာဆိုးနဲ့ ထပ်မံထပ်တိုက်တိုးခဲ့ရပြီး အသည်းကွဲရပြန်တယ်။

မက်ဂွိုင်းယားမရှိမှသိတဲ့ ခေါင်းဆောင်မှုတန်ဖိုး
ယူနိုက်တက်အသင်းက ဒီဖလားကို ဆုံးရှူံးဖို့ ကြိုတင်ပြင်ဆင်လာခဲ့သလိုတောင် ထင်ရပြီး လန်ဒလော့ဖ်ဟာ သူ့ရဲ့တွဲဖက် အသင်းခေါင်းဆောင်ဟာရီ မက်ဂွိုင်းယားရဲ့ ဦးဆောင်မှုပျောက်ဆုံးနေတဲ့နောက် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတာကို တွေ့ခဲ့ရသလို ဘိုင်ယီကြောင့် ဘယ်ခြမ်းဗဟိုခံစစ်ကို ပြောင်းရွှေ့ကစားခဲ့ရတာကလည်း သူ့ကို ခြေစွမ်းထိုးကျသွားစေခဲ့တယ်။

ပေါ့ဘာကို မြန်မြန်ရောင်းထုတ်မယ်ဆိုရင် ကန့်ကွက်တော့မှာမဟုတ်
ယူနိုက်တက်ပရိသတ်တွေဟာ အသင်းရဲ့စွယ်စုံရကွင်းလယ်လူပေါ့ဘာကို မြန်မြန်ရောင်းထုတ်မယ်ဆိုရင်လည်း ကန့်ကွက်တော့မှာမဟုတ်ဘူးလို့ ဒီပွဲအပြီးမှာ စိတ်ပျက်လက်ပျက်စကားဆိုခဲ့ကြပြီး ပြင်သစ်သားရဲ့စွမ်းဆောင်ရည်ကလည်း ပြောစရာဖြစ်လောက်အောင်ကို ညံ့ဖျင်းခဲ့တယ်လို့ ဆိုရမှာပါ။ ခြေစွမ်းတည်ငြိမ်မှုက ပျောက်ဆုံးခဲ့သလို သူ့ကို ကွင်းလယ်ပြန်ဆင်းခိုင်းခဲ့တာကပဲ ဆိုးလ်ရှားရဲ့အမှားလားလို့ ဝေဖန်မှုတွေလည်း ရှိနေတယ်။

နှလုံးရောဂါရစေခဲ့တဲ့ ပင်နယ်တီ
တဖက်တဂိုးစီနဲ့ သရေကျနေချိန်မှာ အချိန်ပို မိနစ် ၃၀ ကစားပြီတဲ့အထိ အဖြေမထွက်ခဲ့တာကြောင့် ပင်နယ်တီကန်ခဲ့ရတာဟာ ဒီပွဲက နှစ်ဖက်အသင်းပရိသတ်တွေကို နှလုံးရောဂါရစေခဲ့တာပါ။ နှစ်ဖက်ပေါင်း ပင်နယ်တီ ၂၂ လုံးကို အချိန်ကြာမြင့်စွာ ကန်သွင်းခဲ့ရတာဖြစ်ပြီး ပင်နယ်တီကန်သွင်းမှု စိတ်ဓာတ်စစ်ဆင်ရေးတွေကလည်း ဆွဲဆောင်မှုရှိခဲ့သလို ဂိုးဘယ်ဘက်ခြမ်းကို အများဆုံးကန်သွင်းခဲ့တာကို တွေ့ရတယ်။ ဒဟဲယားရဲ့ ယူနိုက်တက်ပင်နယ်တီ ၁၁ ကြိမ်မြောက်မှာတော့ ဂိုးပေါက်ပျောက်သွားခဲ့ပြီး အဝါရောင်ရေငုပ်သဘော်ကြီးတွေရဲ့လက်ထဲ ယူရိုပါလိဂ်ဖလားကို အပ်နှံခဲ့ရတယ်။

ဇာတ်ပျက်တဲ့ပွဲမှာ ကာဗာနီလည်းမှုန်ဝါး
ယူနိုက်တက်အသင်းရဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့ ကာဗာနီရဲ့ လှုပ်ရှားမှုတွေနဲ့ အသက်အရွယ်နဲ့မလိုက်တဲ့ ရုန်းအားတွေက မှတ်မှတ်သားသား ရှိစေခဲ့ပေမယ့် တကယ်တမ်း သူ့အတွက် ဘောလုံးပေးပို့မှု အကူအညီလိုချိန်မှာတော့ အသင်းရဲ့ ဇာတ်ပျက်တဲ့ကစားပုံကနေ မျှော်လင့်စရာမရှိခဲ့ဘဲ ခန့်မှန်းရလွယ်ကူလွန်းနေတဲ့ ဖန်တီးမှုတွေကနေတဆင့် ဂိုးအဖြစ်ပြောင်းလဲဖို့ ခက်ခဲနေခဲ့ပါတယ်။

ယူနိုက်တက်နဲ့နောက်ဆုံးပွဲလား ဒဟဲယား
ဒီနွေရာသီမှာ ဂိုးသမားနေရာအတွက် သေချာပေါက်ဆုံး​ဖြတ်ချက်ချမယ်လို့ ဝန်ခံထားတဲ့ ဆိုးလ်ရှားက ဒီပွဲက ဒဟဲယားရဲ့ စွမ်းဆောင်ရည်မျိုးမှာ ဒီလောက်နဲ့တင် တော်လောက်ပြီလို့ ဆုံးဖြတ်ချင်စရာတော့ ဖြစ်ခဲ့ပြီး ဒါဟာ ယူနိုက်တက်နဲ့သူ့ရဲ့ နောက်ဆုံးပွဲလို့လည်း အဆိုပြုခံထားရသလို အိုးထရက်ဖို့ဒ်မြေကနေ အနိုင်နဲ့ပိုင်းပြီး ထွက်ခွာဖို့ အချိန်အခါရောက်ရှိလာပြီလို့ ဆိုရမှာပါ။

မှတ်ပြီလားလို့ မေးလိုက်တဲ့ အမ်မရီ
အမ်မရီကတော့ သူ့ကို ထုတ်ပယ်ခဲ့တဲ့ အာဆင်နယ်ကိုရော၊ ပရီးမီးယားလိဂ်မှာ ခြေစွာလွန်းပါတယ်ဆိုတဲ့ ယူနိုက်တက်ကိုပါ ဖြုတ်ချပြီး ယူရိုပါလိဂ်ဗိုလ်ဝင်ခံခဲ့ချိန်မှာ သိပ်စွမ်းတဲ့နည်းပြအဖြစ် ဥရောပတခွင်ရဲ့ နည်းဗျူဟာရှင်အဖြစ် သတ်မှတ်ခံလာရသလို သူ့အတွက် အတိတ်မှာ ဝင်မတိုးနိုင်ဘဲ တပ်ခေါက်ပြန်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ကျဆုံးမှုကြောင့် ထိုးနှက်မှုတွေကိုလည်း မှတ်ပြီလားလို့ အပြုံးစစနဲ့ သူ့အစွမ်းအစကို ထုတ်ပြသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူ႐ိုပါက်ိန္စာဆိုးနဲ႔ အသည္းကြဲရျပန္တဲ့ ဆိုးလ္ရွား

ဒီပြဲကို ဘယ္ေလာက္ႏိုင္ခ်င္ေနလဲဆိုတာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားရဲ႕ မ်က္ႏွာမွာ အထင္းသား ေပၚလြင္ေနခဲ့ၿပီး တကယ္တမ္းမွာေတာ့ ယူႏိုက္တက္ရဲ႕ အရန္လူအင္အားမေတာင့္တင္းမႈက သူ႔ရဲ႕အမာ႐ြတ္ကိုသာ ထပ္တိုးလာေစခဲ့တယ္။ မိနစ္ ၁၀၀ အထိ လူစားလဲဖို႔ ေလးဖင့္ေနခဲ့တဲ့ သူ႔ရဲ႕ဆုံး​ျဖတ္မႈမွာ ေတြေဝေနခဲ့သလို စိတ္လႈပ္ရွားေနလြန္းတာေၾကာင့္လည္း ယူ႐ိုပါက်ိန္စာဆိုးနဲ႔ ထပ္မံထပ္တိုက္တိုးခဲ့ရၿပီး အသည္းကြဲရျပန္တယ္။

မက္ဂြိဳင္းယားမရွိမွသိတဲ့ ေခါင္းေဆာင္မႈတန္ဖိုး
ယူႏိုက္တက္အသင္းက ဒီဖလားကို ဆုံးရႉံးဖို႔ ႀကိဳတင္ျပင္ဆင္လာခဲ့သလိုေတာင္ ထင္ရၿပီး လန္ဒေလာ့ဖ္ဟာ သူ႔ရဲ႕တြဲဖက္ အသင္းေခါင္းေဆာင္ဟာရီ မက္ဂြိဳင္းယားရဲ႕ ဦးေဆာင္မႈေပ်ာက္ဆုံးေနတဲ့ေနာက္ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနတာကို ေတြ႕ခဲ့ရသလို ဘိုင္ယီေၾကာင့္ ဘယ္ျခမ္းဗဟိုခံစစ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့ရတာကလည္း သူ႔ကို ေျခစြမ္းထိုးက်သြားေစခဲ့တယ္။

ေပါ့ဘာကို ျမန္ျမန္ေရာင္းထုတ္မယ္ဆိုရင္ ကန္႔ကြက္ေတာ့မွာမဟုတ္
ယူႏိုက္တက္ပရိသတ္ေတြဟာ အသင္းရဲ႕စြယ္စုံရကြင္းလယ္လူေပါ့ဘာကို ျမန္ျမန္ေရာင္းထုတ္မယ္ဆိုရင္လည္း ကန္႔ကြက္ေတာ့မွာမဟုတ္ဘူးလို႔ ဒီပြဲအၿပီးမွာ စိတ္ပ်က္လက္ပ်က္စကားဆိုခဲ့ၾကၿပီး ျပင္သစ္သားရဲ႕စြမ္းေဆာင္ရည္ကလည္း ေျပာစရာျဖစ္ေလာက္ေအာင္ကို ညံ့ဖ်င္းခဲ့တယ္လို႔ ဆိုရမွာပါ။ ေျခစြမ္းတည္ၿငိမ္မႈက ေပ်ာက္ဆုံးခဲ့သလို သူ႔ကို ကြင္းလယ္ျပန္ဆင္းခိုင္းခဲ့တာကပဲ ဆိုးလ္ရွားရဲ႕အမွားလားလို႔ ေဝဖန္မႈေတြလည္း ရွိေနတယ္။

ႏွလုံးေရာဂါရေစခဲ့တဲ့ ပင္နယ္တီ
တဖက္တဂိုးစီနဲ႔ သေရက်ေနခ်ိန္မွာ အခ်ိန္ပို မိနစ္ ၃၀ ကစားၿပီတဲ့အထိ အေျဖမထြက္ခဲ့တာေၾကာင့္ ပင္နယ္တီကန္ခဲ့ရတာဟာ ဒီပြဲက ႏွစ္ဖက္အသင္းပရိသတ္ေတြကို ႏွလုံးေရာဂါရေစခဲ့တာပါ။ ႏွစ္ဖက္ေပါင္း ပင္နယ္တီ ၂၂ လုံးကို အခ်ိန္ၾကာျမင့္စြာ ကန္သြင္းခဲ့ရတာျဖစ္ၿပီး ပင္နယ္တီကန္သြင္းမႈ စိတ္ဓာတ္စစ္ဆင္ေရးေတြကလည္း ဆြဲေဆာင္မႈရွိခဲ့သလို ဂိုးဘယ္ဘက္ျခမ္းကို အမ်ားဆုံးကန္သြင္းခဲ့တာကို ေတြ႕ရတယ္။ ဒဟဲယားရဲ႕ ယူႏိုက္တက္ပင္နယ္တီ ၁၁ ႀကိမ္ေျမာက္မွာေတာ့ ဂိုးေပါက္ေပ်ာက္သြားခဲ့ၿပီး အဝါေရာင္ေရငုပ္သေဘာ္ႀကီးေတြရဲ႕လက္ထဲ ယူ႐ိုပါလိဂ္ဖလားကို အပ္ႏွံခဲ့ရတယ္။

ဇာတ္ပ်က္တဲ့ပြဲမွာ ကာဗာနီလည္းမႈန္ဝါး
ယူႏိုက္တက္အသင္းရဲ႕ ေခ်ပဂိုးကို သြင္းယူေပးခဲ့တဲ့ ကာဗာနီရဲ႕ လႈပ္ရွားမႈေတြနဲ႔ အသက္အ႐ြယ္နဲ႔မလိုက္တဲ့ ႐ုန္းအားေတြက မွတ္မွတ္သားသား ရွိေစခဲ့ေပမယ့္ တကယ္တမ္း သူ႔အတြက္ ေဘာလုံးေပးပို႔မႈ အကူအညီလိုခ်ိန္မွာေတာ့ အသင္းရဲ႕ ဇာတ္ပ်က္တဲ့ကစားပုံကေန ေမွ်ာ္လင့္စရာမရွိခဲ့ဘဲ ခန္႔မွန္းရလြယ္ကူလြန္းေနတဲ့ ဖန္တီးမႈေတြကေနတဆင့္ ဂိုးအျဖစ္ေျပာင္းလဲဖို႔ ခက္ခဲေနခဲ့ပါတယ္။

ယူႏိုက္တက္နဲ႔ေနာက္ဆုံးပြဲလား ဒဟဲယား
ဒီေႏြရာသီမွာ ဂိုးသမားေနရာအတြက္ ေသခ်ာေပါက္ဆုံး​ျဖတ္ခ်က္ခ်မယ္လို႔ ဝန္ခံထားတဲ့ ဆိုးလ္ရွားက ဒီပြဲက ဒဟဲယားရဲ႕ စြမ္းေဆာင္ရည္မ်ိဳးမွာ ဒီေလာက္နဲ႔တင္ ေတာ္ေလာက္ၿပီလို႔ ဆုံးျဖတ္ခ်င္စရာေတာ့ ျဖစ္ခဲ့ၿပီး ဒါဟာ ယူႏိုက္တက္နဲ႔သူ႔ရဲ႕ ေနာက္ဆုံးပြဲလို႔လည္း အဆိုျပဳခံထားရသလို အိုးထရက္ဖို႔ဒ္ေျမကေန အႏိုင္နဲ႔ပိုင္းၿပီး ထြက္ခြာဖို႔ အခ်ိန္အခါေရာက္ရွိလာၿပီလို႔ ဆိုရမွာပါ။

မွတ္ၿပီလားလို႔ ေမးလိုက္တဲ့ အမ္မရီ
အမ္မရီကေတာ့ သူ႔ကို ထုတ္ပယ္ခဲ့တဲ့ အာဆင္နယ္ကိုေရာ၊ ပရီးမီးယားလိဂ္မွာ ေျခစြာလြန္းပါတယ္ဆိုတဲ့ ယူႏိုက္တက္ကိုပါ ျဖဳတ္ခ်ၿပီး ယူ႐ိုပါလိဂ္ဗိုလ္ဝင္ခံခဲ့ခ်ိန္မွာ သိပ္စြမ္းတဲ့နည္းျပအျဖစ္ ဥေရာပတခြင္ရဲ႕ နည္းဗ်ဴဟာရွင္အျဖစ္ သတ္မွတ္ခံလာရသလို သူ႔အတြက္ အတိတ္မွာ ဝင္မတိုးႏိုင္ဘဲ တပ္ေခါက္ျပန္ခဲ့ရတဲ့ ပရီးမီးယားလိဂ္က်ဆုံးမႈေၾကာင့္ ထိုးႏွက္မႈေတြကိုလည္း မွတ္ၿပီလားလို႔ အၿပဳံးစစနဲ႔ သူ႔အစြမ္းအစကို ထုတ္ျပသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.