Premier League Transfer News

26 May နေ့လည်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကစားမယ့် ဗီလာရီးရဲလ်အသင်းရဲ့ တိုက်စစ်မှာ အင်အားချို့တဲ့နေခဲ့ပြီး အာဆင်နယ်နဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ တောင်ပံတိုက်စစ်မှူး ဆမ်မြူယယ်လ် ချုခ်ဝူဇီအနေနဲ့ ဒီပွဲကို လွဲချော်မယ်ဆိုတာက အင်္ဂလန်ကလပ်အတွက် သတင်းကောင်းဖြစ်လာ။

– ပေါ်တိုအသင်းကနေ ရောက်ရှိလာခဲ့ပြီး ခြေစွမ်းပုံမှန် မရှိခဲ့တဲ့ ဘရာဇီးလ်ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်ကို မန်ချက်စတာ ယူနိုက်တက်အသင်း တာဝန်ရှိသူတွေအနေနဲ့ တစ်ရာသီဖြတ်သန်းအပြီးမှာပဲ ရောင်းချသွားဖို့ စီစဉ်နေပြီး ခေါ်ယူခဲ့တဲ့ ပေါင် ၁၅.၄ သန်း အထက်မှာ အမြတ်အစွန်းရဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အကယ်ဒမီထွက်ဂိုးသမား တွမ်ဟီတန်အနေနဲ့ အသင်းရဲ့အဝေးမှာ ၁၁ ရာသီကြာ ခရီးကို မတူညီတဲ့ ကလပ်အသင်း ၄ သင်းနဲ့ ဖြတ်သန်းခဲ့အပြီးမှာတော့ အသက် ၃၅ နှစ်အရွယ်မှာ အိုးလ်ထရက်ဖို့ဒ်ကို တစ်ကျော့ပြန် ရောက်ရှိလာ။

– အသင်းရဲ့ ဝါရင့်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကြား အပေးအယူမှုမှုနဲ့ အတွေ့အကြုံတွေကို လက်ဆင့်ကမ်းပေးနိုင်ပြီး ဒီနှစ် ပရီးမီးယားလိဂ်မှာ ရပ်တည်မှု ကောင်းခဲ့တာအတွက် နောက်ခံလူ လုခ်ရှောက ကျေနပ်ခဲ့ပေမယ့် ချန်ပီယံဆုကို ရယူဖို့ဆိုရင်တော့ ဒီလူစာရင်းနဲ့ မရသေးကြောင်း သတိပေး။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနှစ် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်တွေမှာ အဆင့်ဆင့် ဖြတ်သန်းခဲ့သမျှ ဆုကြေးငွေအဖြစ် ယူရို ၃၆ သန်းကျော် ရရှိခဲ့ပြီးဖြစ်ပြီး ဗီလာရီးရဲလ်ကို ဗိုလ်လုပွဲမှာ အနိုင်ရရှိမယ်ဆိုရင် ယူရို ၄ သန်း ထပ်မံရရှိဦးမှာဖြစ်သလို ရုပ်သံဝင်ငွေတွေ အပါအဝင် ဥရောပပြိုင်ပွဲတွေကနေ စုစုပေါင်း ယူရိုသန်း ၆၀ ကနေ ၈၀ အထိ ရရှိမယ်လို့ ခန့်မှန်းထား။

– ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူဟောင်း ဂယ်ရီ နဗီးလ်က အသင်းရဲ့ ကပ္ပတိန် ဟာရီ မက်ဂွိုင်းယားဟာ လီဗာပူးလ်ရဲ့ ဗာဂျီးလ် ဗန်ဒိုက်လိုပဲ ထပ်တူအရေးပါပြီး ကွင်းထဲမှာ လွှမ်းမိုးနိုင်တဲ့ ကစားသမားလို့ သုံးသပ်လိုက်ပြီး ဗီလာရီးရဲလ်နဲ့ပွဲမှာ ပါဝင်ဖို့ ခက်နေတဲ့ အခြေအနေအတွက် ညည်းတွားသွား။

– တောင်ပံတိုက်စစ်သမားတွေဖြစ်ကြတဲ့ ဟာကင်မ် ဇီးယက်ရှ်နဲ့ ခရစ္စတီယန် ပူလီရှစ်ချ်တို့ကို သဘောမကျဘဲ နွေရာသီမှာ အပြောင်းအလဲ လုပ်ဖွယ်ရှိနေတဲ့ ချဲလ်ဆီးအသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကာလကြာရှည်ပစ်မှတ် ဂျေဒန် ဆန်ချိုကို ခေါ်ယူဖို့ နည်းပြ သောမတ်စ် တူဟယ်လ်ရဲ့ နှစ်သက်မှုနဲ့အတူ လုယူဖွယ်ရှိလာ။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အသက် ၂၇ နှစ်အရွယ် ဗဟိုနောက်ခံလူ အဲရစ် ဘိုင်လီအနေနဲ့ လာမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို ပွဲထွက်ခွင့် မရရင် အသင်းနဲ့ စာချုပ်သစ် မချုပ်ဘဲ ထွက်ခွာတော့မယ်လို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို ကြိုတင်သတိပေးသွား။

– ဗီလာရီးရဲလ်အသင်းသားတွေအနေနဲ့ မိမိတို့အသင်းရဲ့ အဓိက ဆုဖလားတွေမှာ တစ်ကြိမ်မှ ဗိုလ်မစွဲသေးတဲ့ မှတ်တမ်းကို ရပ်တန့်ပြီး ကိုယ့်ရဲ့ကြိုးစားမှုနဲ့ သမိုင်းသစ်ကို ရေးထိုးဖို့ ယူရိုပါလိဂ်မှာ အအောင်မြင်ဆုံးနည်းပြ အူနိုင်း အမ်မရီက တိုက်တွန်းလိုက်ပြီး လူဦးရေ ငါးသောင်းသာရှိတဲ့ မြို့ငယ်လေးက လာခဲ့တဲ့သူတွေအတွက် စိန်ခေါ်မှုကြီးကြီးမားမားကို မြင်တွေ့ရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားမယ့္ ဗီလာရီးရဲလ္အသင္းရဲ႕ တိုက္စစ္မွာ အင္အားခ်ိဳ႕တဲ့ေနခဲ့ၿပီး အာဆင္နယ္နဲ႔ ဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့တဲ့ ေတာင္ပံတိုက္စစ္မႉး ဆမ္ျမဴယယ္လ္ ခ်ဳခ္ဝူဇီအေနနဲ႔ ဒီပြဲကို လြဲေခ်ာ္မယ္ဆိုတာက အဂၤလန္ကလပ္အတြက္ သတင္းေကာင္းျဖစ္လာ။

– ေပၚတိုအသင္းကေန ေရာက္ရွိလာခဲ့ၿပီး ေျခစြမ္းပုံမွန္ မရွိခဲ့တဲ့ ဘရာဇီးလ္ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ကို မန္ခ်က္စတာ ယူႏိုက္တက္အသင္း တာဝန္ရွိသူေတြအေနနဲ႔ တစ္ရာသီျဖတ္သန္းအၿပီးမွာပဲ ေရာင္းခ်သြားဖို႔ စီစဥ္ေနၿပီး ေခၚယူခဲ့တဲ့ ေပါင္ ၁၅.၄ သန္း အထက္မွာ အျမတ္အစြန္းရဖြယ္ရွိေန။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အကယ္ဒမီထြက္ဂိုးသမား တြမ္ဟီတန္အေနနဲ႔ အသင္းရဲ႕အေဝးမွာ ၁၁ ရာသီၾကာ ခရီးကို မတူညီတဲ့ ကလပ္အသင္း ၄ သင္းနဲ႔ ျဖတ္သန္းခဲ့အၿပီးမွာေတာ့ အသက္ ၃၅ ႏွစ္အ႐ြယ္မွာ အိုးလ္ထရက္ဖို႔ဒ္ကို တစ္ေက်ာ့ျပန္ ေရာက္ရွိလာ။

– အသင္းရဲ႕ ဝါရင့္ကစားသမားေတြနဲ႔ လူငယ္ကစားသမားေတြၾကား အေပးအယူမႈမႈနဲ႔ အေတြ႕အႀကဳံေတြကို လက္ဆင့္ကမ္းေပးႏိုင္ၿပီး ဒီႏွစ္ ပရီးမီးယားလိဂ္မွာ ရပ္တည္မႈ ေကာင္းခဲ့တာအတြက္ ေနာက္ခံလူ လုခ္ေရွာက ေက်နပ္ခဲ့ေပမယ့္ ခ်န္ပီယံဆုကို ရယူဖို႔ဆိုရင္ေတာ့ ဒီလူစာရင္းနဲ႔ မရေသးေၾကာင္း သတိေပး။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီႏွစ္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ေတြမွာ အဆင့္ဆင့္ ျဖတ္သန္းခဲ့သမွ် ဆုေၾကးေငြအျဖစ္ ယူ႐ို ၃၆ သန္းေက်ာ္ ရရွိခဲ့ၿပီးျဖစ္ၿပီး ဗီလာရီးရဲလ္ကို ဗိုလ္လုပြဲမွာ အႏိုင္ရရွိမယ္ဆိုရင္ ယူ႐ို ၄ သန္း ထပ္မံရရွိဦးမွာျဖစ္သလို ႐ုပ္သံဝင္ေငြေတြ အပါအဝင္ ဥေရာပၿပိဳင္ပြဲေတြကေန စုစုေပါင္း ယူ႐ိုသန္း ၆၀ ကေန ၈၀ အထိ ရရွိမယ္လို႔ ခန႔္မွန္းထား။

– ယူႏိုက္တက္အသင္းေခါင္းေဆာင္ ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးလ္က အသင္းရဲ႕ ကပၸတိန္ ဟာရီ မက္ဂြိဳင္းယားဟာ လီဗာပူးလ္ရဲ႕ ဗာဂ်ီးလ္ ဗန္ဒိုက္လိုပဲ ထပ္တူအေရးပါၿပီး ကြင္းထဲမွာ လႊမ္းမိုးႏိုင္တဲ့ ကစားသမားလို႔ သုံးသပ္လိုက္ၿပီး ဗီလာရီးရဲလ္နဲ႔ပြဲမွာ ပါဝင္ဖို႔ ခက္ေနတဲ့ အေျခအေနအတြက္ ညည္းတြားသြား။

– ေတာင္ပံတိုက္စစ္သမားေတြျဖစ္ၾကတဲ့ ဟာကင္မ္ ဇီးယက္ရွ္နဲ႔ ခရစၥတီယန္ ပူလီရွစ္ခ်္တို႔ကို သေဘာမက်ဘဲ ေႏြရာသီမွာ အေျပာင္းအလဲ လုပ္ဖြယ္ရွိေနတဲ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကာလၾကာရွည္ပစ္မွတ္ ေဂ်ဒန္ ဆန္ခ်ိဳကို ေခၚယူဖို႔ နည္းျပ ေသာမတ္စ္ တူဟယ္လ္ရဲ႕ ႏွစ္သက္မႈနဲ႔အတူ လုယူဖြယ္ရွိလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အသက္ ၂၇ ႏွစ္အ႐ြယ္ ဗဟိုေနာက္ခံလူ အဲရစ္ ဘိုင္လီအေနနဲ႔ လာမယ့္ ယူ႐ိုပါလိဂ္ဖိုင္နယ္ပြဲစဥ္ကို ပြဲထြက္ခြင့္ မရရင္ အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဘဲ ထြက္ခြာေတာ့မယ္လို႔ နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားကို ႀကိဳတင္သတိေပးသြား။

– ဗီလာရီးရဲလ္အသင္းသားေတြအေနနဲ႔ မိမိတို႔အသင္းရဲ႕ အဓိက ဆုဖလားေတြမွာ တစ္ႀကိမ္မွ ဗိုလ္မစြဲေသးတဲ့ မွတ္တမ္းကို ရပ္တန႔္ၿပီး ကိုယ့္ရဲ႕ႀကိဳးစားမႈနဲ႔ သမိုင္းသစ္ကို ေရးထိုးဖို႔ ယူ႐ိုပါလိဂ္မွာ အေအာင္ျမင္ဆုံးနည္းျပ အူႏိုင္း အမ္မရီက တိုက္တြန္းလိုက္ၿပီး လူဦးေရ ငါးေသာင္းသာရွိတဲ့ ၿမိဳ႕ငယ္ေလးက လာခဲ့တဲ့သူေတြအတြက္ စိန္ေခၚမႈႀကီးႀကီးမားမားကို ျမင္ေတြ႕ရဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.