Premier League Transfer News

26 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာသစ် ရစ်ချတ် ဂါးလစ်ခ်အနေနဲ့ သူအလိုရှိနေတဲ့ ကစားသမားကို ထုတ်ဖော်လိုက်ပြီဖြစ်ပြီး နော့ဝစ်ချ်ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာကို ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့ စီစဉ်နေသလို ကနေရီတွေရဲ့နည်းပြ ဒန်နီယယ်လ် ဖာကာကတော့ သူ့လူကို တတ်စွမ်းသမျှ ထိန်းသိမ်းသွားမယ်လို့ ကြေငြာ။

– ဘရိုက်တန်အသင်းအနေနဲ့ အာဆင်နယ်အသင်းမှာ ပရိသတ်တွေရဲ့ စိတ်ကျေနပ်မှုကို ရယူနိုင်ခြင်းမရှိတဲ့ လူငယ်တိုက်စစ်မှူး အက်ဒီ နကီးတီးယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို ခေါ်ယူဖို့ မျှော်လင့်ချက်တွေ ပြန်လည်ရှင်သန် လာခဲ့ပြီး ငွေကြေးတစ်ရပ်နဲ့ အလဲအထပ်ပြုလုပ်နိုင်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ကို ရောင်းချခဲ့တာဟာ သူတို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုလည်းဖြစ်ခဲ့ပြီး သူ့ကိုသာ ဆက်လက်ထိန်းသိမ်းထားနိုင်ရင် အသင်းရဲ့ ရပ်တည်မှုက ဒီထက်ပိုပြီး ကောင်းမွန်နိုင်တယ်လို့ စကိုင်းစပို့စ်ရဲ့ ဘောလုံး ကျွမ်းကျင်သူ ဒန် ဂွဒ်မန်း ပြောကြား။

– အာဆင်နယ်ကွင်းလယ်မှာ Box to Box ကစားသမားတစ်ဦး ထပ်မံအားဖြည့်ဖို့အတွက် ဘီဆူးမားကိုသာ မခေါ်ယူနိုင်ခဲ့ရင် သြစတြီးယားကလပ် ရက်ဒ်ဘူးလ် ဆာ့လ်ဇ်ဘတ်ရဲ့ အီနော့ခ် အမ်ဝီပူဟာ အသင်းနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်။

– ခြေစွမ်းပြပြီး ၇ ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်ကို ဆက်လက်ထိန်းသိမ်းဖို့ စိတ်အားထက်သန်နေတဲ့ နယူးကာဆယ်လ်ယူနိုက်တက်အသင်းဆီကို အာဆင်နယ်အသင်းအနေနဲ့ ရောင်းချဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် အပြောင်းအရွှေ့ တစ်စိတ် တစ်ပိုင်းအဖြစ် ဂိုးသမား ဖရက်ဒီ ဝုဒ်မန်းကိုပါ တောင်းဆိုဖို့ဖြစ်လာနိုင်။

– အာဆင်နယ်ပရိသတ်တွေအနေနဲ့ တန်းဆင်းလိုက်တက်လိုက်ဖြစ်နေတဲ့ နော့ဝစ်ချ်အသင်းမှာ တခြားကစားသမားတွေထက် ခေါင်းတစ်လုံးသာနေပေမယ့် ပရီးမီးယားလိဂ်အတွက် ကောင်းကောင်းလုံလောက်တယ်လို့ လက်မခံနိုင်ကြသေးတဲ့ ကွင်းလယ်လူ ဘွင်ဒီယာအစား အက်စ်တန်ဗီလာရဲ့ ဂျက်ခ် ဂရီးလစ်ရှ်ကိုပဲ ငွေပိုသုံးပြီး ခေါ်ယူဖို့ အလိုရှိနေကြ။

– အာဆင်နယ်အသင်းအနေနဲ့ နွေရာသီမှာ ဗဟိုခံစစ်အတွက် ထပ်မံအားဖြည့်သွားဖို့ ရှိနေပြီး ဟိုးလ်ဒင်းနဲ့ ချိမ်းဘားစ်တို့ရဲ့ အနာဂတ်တွေကို အမ်းမရိတ်မှာ ဆက်လက်ထားရှိဖို့ မသေချာသေးချိန်မှာ လေဗာကူဆင်အသင်းရဲ့ နောက်ခံလူ အက်ဒ်မွန် တက်ပ်ဆိုဘာကို ခေါ်ယူဖို့ စိတ်ဝင်စားလာ။

– ညာနောက်ခံလူ အီမာဆန် ရွိုင်ရယ်လ်ကို ဘာစီလိုနာအသင်းဆီ ရောင်းချဖို့ ရှိနေတဲ့ ရီးရဲလ်ဘက်တစ်အသင်းအနေနဲ့ အာဆင်နယ် အသင်းရဲ့ စပိန်နောက်ခံလူ ဟက်တာ ဘယ်လာရင်ကို စိတ်ဝင်စားနေပြီး နူးကမ့်မှာ ဥက္ကဌသစ်ဖြစ်လာတဲ့ လာပေါ်တာရဲ့ ရွေးချယ်မှုက လူသစ်ဖြစ်မလား လူဟောင်းပဲဖြစ်မလား စောင့်ကြည့်ရမည်။

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ဟာ တခြားအသင်းကြီးတွေနဲ့ ကွာခြားမှုဟာ ဂိုးတွေ သွင်းယူနိုင်စွမ်းမရှိတာလို့ ပရိသတ်တွေက ထောက်ပြခဲ့ကြပြီး ဝက်စ်ဟမ်းကွင်းလယ်လူ ဆိုးချက်ခ်ကတောင် ပရီးမီးယားလိဂ်မှ ၁၀ ဂိုး သွင်းနိုင်ခဲ့ချိန်မှာ ဝီလော့ခ်ကို မရောင်းချဘဲ ပိုမိုနေရာပေးဖို့ အလိုရှိနေကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းရဲ႕ အားကစားဒါ႐ိုက္တာသစ္ ရစ္ခ်တ္ ဂါးလစ္ခ္အေနနဲ႔ သူအလိုရွိေနတဲ့ ကစားသမားကို ထုတ္ေဖာ္လိုက္ၿပီျဖစ္ၿပီး ေနာ့ဝစ္ခ်္ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာကို ေပါင္သန္း ၄၀ ဝန္းက်င္နဲ႔ ေခၚယူသြားဖို႔ စီစဥ္ေနသလို ကေနရီေတြရဲ႕နည္းျပ ဒန္နီယယ္လ္ ဖာကာကေတာ့ သူ႔လူကို တတ္စြမ္းသမွ် ထိန္းသိမ္းသြားမယ္လို႔ ေၾကျငာ။

– ဘ႐ိုက္တန္အသင္းအေနနဲ႔ အာဆင္နယ္အသင္းမွာ ပရိသတ္ေတြရဲ႕ စိတ္ေက်နပ္မႈကို ရယူႏိုင္ျခင္းမရွိတဲ့ လူငယ္တိုက္စစ္မႉး အက္ဒီ နကီးတီးယားကို ေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို ေခၚယူဖို႔ ေမွ်ာ္လင့္ခ်က္ေတြ ျပန္လည္ရွင္သန္ လာခဲ့ၿပီး ေငြေၾကးတစ္ရပ္နဲ႔ အလဲအထပ္ျပဳလုပ္ႏိုင္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ကို ေရာင္းခ်ခဲ့တာဟာ သူတို႔အတြက္ ႀကီးမားတဲ့ ဆုံးရႈံးမႈလည္းျဖစ္ခဲ့ၿပီး သူ႔ကိုသာ ဆက္လက္ထိန္းသိမ္းထားႏိုင္ရင္ အသင္းရဲ႕ ရပ္တည္မႈက ဒီထက္ပိုၿပီး ေကာင္းမြန္ႏိုင္တယ္လို႔ စကိုင္းစပို႔စ္ရဲ႕ ေဘာလုံး ကြၽမ္းက်င္သူ ဒန္ ဂြဒ္မန္း ေျပာၾကား။

– အာဆင္နယ္ကြင္းလယ္မွာ Box to Box ကစားသမားတစ္ဦး ထပ္မံအားျဖည့္ဖို႔အတြက္ ဘီဆူးမားကိုသာ မေခၚယူႏိုင္ခဲ့ရင္ ၾသစႀတီးယားကလပ္ ရက္ဒ္ဘူးလ္ ဆာ့လ္ဇ္ဘတ္ရဲ႕ အီေနာ့ခ္ အမ္ဝီပူဟာ အသင္းနဲ႔ ထိုက္တန္တဲ့ ကစားသမားတစ္ဦးျဖစ္တယ္လို႔ ကြၽမ္းက်င္သူေတြ သုံးသပ္။

– ေျခစြမ္းျပၿပီး ၇ ပြဲဆက္တိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္ကို ဆက္လက္ထိန္းသိမ္းဖို႔ စိတ္အားထက္သန္ေနတဲ့ နယူးကာဆယ္လ္ယူႏိုက္တက္အသင္းဆီကို အာဆင္နယ္အသင္းအေနနဲ႔ ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ အေျပာင္းအေ႐ႊ႕ တစ္စိတ္ တစ္ပိုင္းအျဖစ္ ဂိုးသမား ဖရက္ဒီ ဝုဒ္မန္းကိုပါ ေတာင္းဆိုဖို႔ျဖစ္လာႏိုင္။

– အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ တန္းဆင္းလိုက္တက္လိုက္ျဖစ္ေနတဲ့ ေနာ့ဝစ္ခ်္အသင္းမွာ တျခားကစားသမားေတြထက္ ေခါင္းတစ္လုံးသာေနေပမယ့္ ပရီးမီးယားလိဂ္အတြက္ ေကာင္းေကာင္းလုံေလာက္တယ္လို႔ လက္မခံႏိုင္ၾကေသးတဲ့ ကြင္းလယ္လူ ဘြင္ဒီယာအစား အက္စ္တန္ဗီလာရဲ႕ ဂ်က္ခ္ ဂရီးလစ္ရွ္ကိုပဲ ေငြပိုသုံးၿပီး ေခၚယူဖို႔ အလိုရွိေနၾက။

– အာဆင္နယ္အသင္းအေနနဲ႔ ေႏြရာသီမွာ ဗဟိုခံစစ္အတြက္ ထပ္မံအားျဖည့္သြားဖို႔ ရွိေနၿပီး ဟိုးလ္ဒင္းနဲ႔ ခ်ိမ္းဘားစ္တို႔ရဲ႕ အနာဂတ္ေတြကို အမ္းမရိတ္မွာ ဆက္လက္ထားရွိဖို႔ မေသခ်ာေသးခ်ိန္မွာ ေလဗာကူဆင္အသင္းရဲ႕ ေနာက္ခံလူ အက္ဒ္မြန္ တက္ပ္ဆိုဘာကို ေခၚယူဖို႔ စိတ္ဝင္စားလာ။

– ညာေနာက္ခံလူ အီမာဆန္ ႐ြိဳင္ရယ္လ္ကို ဘာစီလိုနာအသင္းဆီ ေရာင္းခ်ဖို႔ ရွိေနတဲ့ ရီးရဲလ္ဘက္တစ္အသင္းအေနနဲ႔ အာဆင္နယ္ အသင္းရဲ႕ စပိန္ေနာက္ခံလူ ဟက္တာ ဘယ္လာရင္ကို စိတ္ဝင္စားေနၿပီး ႏူးကမ့္မွာ ဥကၠဌသစ္ျဖစ္လာတဲ့ လာေပၚတာရဲ႕ ေ႐ြးခ်ယ္မႈက လူသစ္ျဖစ္မလား လူေဟာင္းပဲျဖစ္မလား ေစာင့္ၾကည့္ရမည္။

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ဟာ တျခားအသင္းႀကီးေတြနဲ႔ ကြာျခားမႈဟာ ဂိုးေတြ သြင္းယူႏိုင္စြမ္းမရွိတာလို႔ ပရိသတ္ေတြက ေထာက္ျပခဲ့ၾကၿပီး ဝက္စ္ဟမ္းကြင္းလယ္လူ ဆိုးခ်က္ခ္ကေတာင္ ပရီးမီးယားလိဂ္မွ ၁၀ ဂိုး သြင္းႏိုင္ခဲ့ခ်ိန္မွာ ဝီေလာ့ခ္ကို မေရာင္းခ်ဘဲ ပိုမိုေနရာေပးဖို႔ အလိုရွိေနၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.