Premier League Transfer News

25 May နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ သူတို့ရဲ့ နွေရာသီ ကွင်းလယ်အားဖြည့်မှုအတွက် တောင်ပံ တိုက်စစ်တစ်ခုတည်းမှာ ကစားနိုင်တဲ့ ဂျေဒန် ဆန်ချိုအစား နေရာစုံ အသုံးပြုနိုင်တဲ့ အက်စတန်ဗီလာကွင်းလယ်လူ ဂျက်ခ် ဂရီးလစ်ရှ်ကို ပိုမိုအလိုရှိနေ။

– ပိုလန်မြေကို ရောက်ရှိလာခဲ့တဲ့ ယူနိုက်တက်ရဲ့ လူအင်အားမှာ အသင်းခေါင်းဆောင် နောက်ခံလူ ဟာရီ မက်ဂွိုင်းယား ပါဝင်လာခဲ့ပြီး အသင်းရဲ့ စီနီယာတိုက်စစ်မှူး အန်တိုနီ မာစီယယ်လ်ကိုတော့ ပဏာမ ၂၆ ဦးစာရင်းက ချန်ထားခဲ့ရပြီး ပွဲကစားမယ့်နေ့ ၂၃ ဦးစာရင်းကိုတော့ ထပ်မံဆုံးဖြတ်ဖို့ ရှိနေ။

– မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်က အသင်းအနေနဲ့ ဂရီးလစ်ရှ်နဲ့ ဆန်ချိုတို့ တစ်ဦးကို တိုက်စစ်ပိုင်းအတွက် ခေါ်ယူသင့်ပြီး ဘယ်သန်ဗဟိုနောက်ခံလူကတော့ ဦးစားပေးအစီအစဉ်မဟုတ်ဘဲ မက်ဂွိုင်းယားနဲ့ တွဲဖက်ကစားနိုင်မယ့် အရည်အသွေးမြင့် နောက်ခံလူတစ်ဦးရရင် အဆင်ပြေနိုင်ပြီး ပီအက်စ်ဂျီရဲ့ မားကင်ညော့စ်ကို လိုချင်တယ်လို့ဆို။

– ဗီလာရီးရဲလ်နဲ့ ယူရိုပါလိဂ်ဖိုင်နယ်အတွက် မာစီယယ်လ် မပါဝင်တဲ့ တိုက်စစ်ပိုင်းကို ကာဗာနီကပဲ မြားဦးကနေ ပွဲထွက်ဖွယ်ရှိနေပြီး ဖရက်ဒ်ရဲ့ ကြံ့ခိုင်မှု မပြည့်ဝသေးတဲ့ အခြေအနေကြောင့် ပေါ့ဘာကို ကွင်းလယ်မှာ ပြန်ထားနိုင်သလို ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့ ဘယ်ညာ တောင်ပံတွေကနေ ကစားဖွယ်ရှိနေ။

– မန်ချက်စတာယူနိုက်တက်အသင်း တာဝန်ရှိသူတွေအနေနဲ့ နွေရာသီမှာ သူတို့လုပ်နေကျပုံစံအတိုင်းပဲ အင်္ဂလန်သားဦးစားပေး ပေါ်လစီကို ထပ်မံချမှတ်ဖွယ်ရှိနေပြီး အေးဂျင့် ရိုင်ယိုလာကိုင်တွယ်နေတဲ့ အာလင်း ဟားလန်းကို ခေါ်ယူစွန့်စားမယ့်အစား ဟာရီကိန်းအတွက်ကိုပဲ ပြောင်းရွှေ့ကြေး မြင့်မြင့်မားမား အသုံးပြုဖို့ရှိနေ။

– အသင်းရဲ့ တစ်ရာသီစာ အကောင်းဆုံးဆုကို ရရှိသွားခဲ့တဲ့ နောက်ခံလူ လုခ်ရှောအနေနဲ့ ယူရိုပါလိဂ်ဖိုင်နယ်မှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ နက်နက်ရှိုင်းရှိုင်း အားထုတ်ကြိုးစားပြီး ပျော်ရွှင်စရာ ရလဒ်ကို ရယူနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြား။

– ဗြိတိန်အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Sport Mole က မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားနဲ့ ကွင်းလယ်လူအဖြစ် Title နှစ်ခုအတွက် ရွေးချယ်သွားခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲက တိုက်စစ်မှူး ကာဗာနီရဲ့ သွင်းဂိုးကိုလည်း အကောင်းဆုံးအဖြစ် ရွေးချယ်သွား။

– မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီ နဗီးလ်က သူတို့အသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ အဖြစ် ဆာအဲလက်စ်လက်ထက်ကလို တစ်ကျော့ပြန် အောင်ပွဲခံနိုင်ဖို့ ပေါင် ၂၆၁ တန် ကစားသမားသုံးဦးကို ခေါ်ယူခိုင်းလိုက်ပြီး စပါးစ် တိုက်စစ်မှူး ဟာရီကိန်း၊ ဒေါ့မွန်တောင်ပံကစားသမား ဆန်ချိုနဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရွန်းတို့ကို တောင်းဆိုခဲ့။

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်ကို အားပေးဖို့ အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနဲ့ ပိုလန်နိုင်ငံ၊ ဂဒန့်စ်မြို့ဆီ ရောက်ရှိနေပြီဖြစ်ပြီး အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း ဒေးဗစ်ဂီးလ်နဲ့အတူ သွားရောက်ခဲ့တယ်လို့ သိရ။

– ယူရိုပါဖိုင်နယ်ပြိုင်ဘက် ဗီလာရီးရဲလ်အသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူ ပေါ်တောရက်စ်နဲ့ တောင်ပံကစားသမား ဆမ်မြူယယ်လ် ချုခ်ဝူဇီတို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီ စောင့်ကြည့်စာရင်းထဲမှာ ပါဝင်နေပြီး လီဗာပူးလ်အသင်းနဲ့ အပြိုင်ခေါ်ယူရဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:











REF: INTERNET SOURCES
SPORTS A2Z.