Premier League Transfer News

25 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ စီးရီးဘီကနေ ချန်ပီယံအဖြစ် တန်းတက်လာတော့မယ့် အမ်ပိုလီကွင်းလယ်လူ ဆာမူယယ်လီ ရစ်ချီကို ခေါ်ယူဖို့ လက်စတာစီးတီးအသင်းနဲ့အပြိုင် ကြိုးစားနေပြီး ၁၉ နှစ်သားအတွက် ပေါင် ၁၄ သန်း ပေးရင် ခေါ်ယူနိုင်မယ်လို့ သိရ။

– စီးရီးအေကလပ် ဆာဆူအိုလိုအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ တောင်ပံကစားသမား ယယ်ရမီ ဘိုဂါကို ခေါ်ယူဖို့ အာဆင်နယ်တို့ စိတ်ဝင်စားနေခဲ့ပြီး အသက် ၂၄ နှစ်အရွယ် အိုင်ဗရီကို့စ်သားဟာ ဘယ်တောင်ပံမှာ Inverted Winger အဖြစ် ကစားနိုင်သူဖြစ်ပြီး ပေါင် ၃၅ သန်း ကျသင့်ဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်အသင်းကနေ အငှားခေါ်ယူထားတဲ့ ဂိုးသမား မက်သယူး ရိုင်ယန်ကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ်ကို လုပ်ဆောင်နိုင်ပြီး အသက် ၂၉ နှစ်အရွယ် သြစတေးလျလက်ရွေးစင်အနေနဲ့ သူ့ရဲ့ တွစ်တာအကောင့်မှာ အနာဂတ်အတွက် စိတ်လှုပ်ရှားနေကြောင်း သဲလွန်စချပြသွားခဲ့။

– ဥရောပဘောလုံးအချက်အလက်လေ့လာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES ရဲ့ အသင်းကို အကျိုးပြုနိုင်ဆုံး ကစားသမားသမား ၁၁ ဦးကို ပရီးမီးယားလိဂ်အတွက် ရွေးချယ်ခဲ့ရာမှာ အာဆင်နယ်ကွင်းလယ်လူ ဂရာနစ် ချာကာက မန်စီးတီးကွင်းလယ်လူ ရိုဒရီနဲ့အတူ အံ့အားသင့်ဖွယ်ရာ ပါဝင်လာခဲ့။

– ဝီလီယန်အတွက် အာဆင်နယ်အသင်းရဲ့ ယုံကြည်ပေးမှုဟာ နောက်ဆုံးမှာ အကောင်းဘက်ကို ပြောင်းလဲမလာခဲ့ပေမယ့် နီကိုလာ ပေပေကတော့ ဆန့်ကျင်ဘက်အဖြစ် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး သူ့ရဲ့ ဘောလုံးအထိန်းအသိမ်းနဲ့ အဆုံးသတ်ပိုင်းဟာ မယုံနိုင်စရာ တိုးတက်ပြောင်းလဲလာခဲ့တယ်လို့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက် ချီးကျူး။

– အာဆင်နယ်အသင်းကနေ အလိုမရှိတော့တဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်အနေနဲ့ လာမယ့်ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ နေရာတစ်နေရာအတွက် ပြန်လည်ကြိုးစားဖွယ်ရှိနေပြီး လက်ရှိနည်းပြ ဇီနီဒန်း ဇီဒန်းအနေနဲ့ ကွင်းလယ်မှာ အသက်အရွယ်ထောက်လာတဲ့ မိုဒရစ်ချ်နဲ့ တိုနီ ကရူးစ်တို့ကြားမှာ ထည့်သွင်းသုံးစွဲဖွယ်ရှိနေ။

– အာဆင်နယ်အသင်းကနေ ငွေညှစ်ထုတ်ယူဖို့ကလွဲရင် စိတ်မဝင်စားဘူးလို့ စွပ်စွဲခံနေရတဲ့ ပိုင်ရှင် ခရိုယန်ကီမိသားစုကို နည်းပြ မီခယ်လ် အာတီတာက ကာကွယ်ပေးလိုက်ပြီး အမေရိကန်တွေဟာ အသင်းအတွက် စိတ်အားထက်သန်သူတွေဖြစ်တယ်လို့ ဆိုသွားခဲ့တာကြောင့် ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ကြုံတွေ့ရဖွယ်ရှိနေ။

– အသင်းရဲ့ ရာသီပိတ်ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပွဲစဉ်မှာ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်အနေနဲ့ အသင်းက ထွက်ခွာတော့မယ့် နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်အတွက် နှုတ်ဆက်မှု ပြုလုပ်စဉ်မှာ သွားတစ်ချောင်း ပျောက်ဆုံးနေခဲ့တာကို တွေ့မြင်ခဲ့ရပြီး အသင်းရဲ့ ကွင်းထိန်းသိမ်းသူကို အကူအညီတောင်းခဲ့ရသလို ပြန်ရှာတွေ့ခဲ့ပြီလို အင်စတာဂရမ်ကနေ ကြေငြာသွား။

– ဗြိတိန်အားကစားသတင်းဌာနတစ်ခုဖြစ်တဲ့ Sports Mole က ရွေးချယ်တဲ့ တစ်ရာသီအတွင်း အဆိုးရွားဆုံး ခေါ်ယူမှုအဖြစ် အာဆင်နယ် ကွင်းလယ်လူ ဝီလီယန်က မဲပေးမှု ၄၂.၉ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဖြစ်နေခဲ့ပြီး သူ့နောက်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဗန်ဒဘိခ်၊ ရှက်ဖီးလ်ဒ်ယူနိုက်တက်ရဲ့ ဘရူးစတားနဲ့ စပါးစ်ရဲ့ ဒိုဟာတီတို့ အစဉ်လိုက်ရပ်တည်ခဲ့ကြ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ စီးရီးဘီကေန ခ်န္ပီယံအျဖစ္ တန္းတက္လာေတာ့မယ့္ အမ္ပိုလီကြင္းလယ္လူ ဆာမူယယ္လီ ရစ္ခ်ီကို ေခၚယူဖို႔ လက္စတာစီးတီးအသင္းနဲ႔အၿပိဳင္ ႀကိဳးစားေနၿပီး ၁၉ ႏွစ္သားအတြက္ ေပါင္ ၁၄ သန္း ေပးရင္ ေခၚယူႏိုင္မယ္လို႔ သိရ။

– စီးရီးေအကလပ္ ဆာဆူအိုလိုအသင္းကေန ထြက္ခြာဖို႔ ျပင္ဆင္ေနတဲ့ ေတာင္ပံကစားသမား ယယ္ရမီ ဘိုဂါကို ေခၚယူဖို႔ အာဆင္နယ္တို႔ စိတ္ဝင္စားေနခဲ့ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္ အိုင္ဗရီကို႔စ္သားဟာ ဘယ္ေတာင္ပံမွာ Inverted Winger အျဖစ္ ကစားႏိုင္သူျဖစ္ၿပီး ေပါင္ ၃၅ သန္း က်သင့္ဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္အသင္းကေန အငွားေခၚယူထားတဲ့ ဂိုးသမား မက္သယူး ႐ိုင္ယန္ကို အၿပီးသတ္ ေခၚယူဖို႔ အစီအစဥ္ကို လုပ္ေဆာင္ႏိုင္ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ၾသစေတးလ်လက္ေ႐ြးစင္အေနနဲ႔ သူ႔ရဲ႕ တြစ္တာအေကာင့္မွာ အနာဂတ္အတြက္ စိတ္လႈပ္ရွားေနေၾကာင္း သဲလြန္စခ်ျပသြားခဲ့။

– ဥေရာပေဘာလုံးအခ်က္အလက္ေလ့လာေရး အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ CIES ရဲ႕ အသင္းကို အက်ိဳးျပဳႏိုင္ဆုံး ကစားသမားသမား ၁၁ ဦးကို ပရီးမီးယားလိဂ္အတြက္ ေ႐ြးခ်ယ္ခဲ့ရာမွာ အာဆင္နယ္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာက မန္စီးတီးကြင္းလယ္လူ ႐ိုဒရီနဲ႔အတူ အံ့အားသင့္ဖြယ္ရာ ပါဝင္လာခဲ့။

– ဝီလီယန္အတြက္ အာဆင္နယ္အသင္းရဲ႕ ယုံၾကည္ေပးမႈဟာ ေနာက္ဆုံးမွာ အေကာင္းဘက္ကို ေျပာင္းလဲမလာခဲ့ေပမယ့္ နီကိုလာ ေပေပကေတာ့ ဆန႔္က်င္ဘက္အျဖစ္ အသင္းအတြက္ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေဘာလုံးအထိန္းအသိမ္းနဲ႔ အဆုံးသတ္ပိုင္းဟာ မယုံႏိုင္စရာ တိုးတက္ေျပာင္းလဲလာခဲ့တယ္လို႔ ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္ ခ်ီးက်ဴး။

– အာဆင္နယ္အသင္းကေန အလိုမရွိေတာ့တဲ့ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္အေနနဲ႔ လာမယ့္ရာသီမွာ ရီးရဲလ္မက္ဒရစ္အသင္းဆီ ေနရာတစ္ေနရာအတြက္ ျပန္လည္ႀကိဳးစားဖြယ္ရွိေနၿပီး လက္ရွိနည္းျပ ဇီနီဒန္း ဇီဒန္းအေနနဲ႔ ကြင္းလယ္မွာ အသက္အ႐ြယ္ေထာက္လာတဲ့ မိုဒရစ္ခ်္နဲ႔ တိုနီ က႐ူးစ္တို႔ၾကားမွာ ထည့္သြင္းသုံးစြဲဖြယ္ရွိေန။

– အာဆင္နယ္အသင္းကေန ေငြညႇစ္ထုတ္ယူဖို႔ကလြဲရင္ စိတ္မဝင္စားဘူးလို႔ စြပ္စြဲခံေနရတဲ့ ပိုင္ရွင္ ခ႐ိုယန္ကီမိသားစုကို နည္းျပ မီခယ္လ္ အာတီတာက ကာကြယ္ေပးလိုက္ၿပီး အေမရိကန္ေတြဟာ အသင္းအတြက္ စိတ္အားထက္သန္သူေတြျဖစ္တယ္လို႔ ဆိုသြားခဲ့တာေၾကာင့္ ပရိသတ္ေတြရဲ႕ အမ်က္ေဒါသနဲ႔ ႀကဳံေတြ႕ရဖြယ္ရွိေန။

– အသင္းရဲ႕ ရာသီပိတ္ပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ဘ႐ိုက္တန္အသင္းနဲ႔ ပြဲစဥ္မွာ အာဆင္နယ္ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္အေနနဲ႔ အသင္းက ထြက္ခြာေတာ့မယ့္ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္အတြက္ ႏႈတ္ဆက္မႈ ျပဳလုပ္စဥ္မွာ သြားတစ္ေခ်ာင္း ေပ်ာက္ဆုံးေနခဲ့တာကို ေတြ႕ျမင္ခဲ့ရၿပီး အသင္းရဲ႕ ကြင္းထိန္းသိမ္းသူကို အကူအညီေတာင္းခဲ့ရသလို ျပန္ရွာေတြ႕ခဲ့ၿပီလို အင္စတာဂရမ္ကေန ေၾကျငာသြား။

– ၿဗိတိန္အားကစားသတင္းဌာနတစ္ခုျဖစ္တဲ့ Sports Mole က ေ႐ြးခ်ယ္တဲ့ တစ္ရာသီအတြင္း အဆိုး႐ြားဆုံး ေခၚယူမႈအျဖစ္ အာဆင္နယ္ ကြင္းလယ္လူ ဝီလီယန္က မဲေပးမႈ ၄၂.၉ ရာခိုင္ႏႈန္းနဲ႔ ထိပ္ဆုံးက ျဖစ္ေနခဲ့ၿပီး သူ႔ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဗန္ဒဘိခ္၊ ရွက္ဖီးလ္ဒ္ယူႏိုက္တက္ရဲ႕ ဘ႐ူးစတားနဲ႔ စပါးစ္ရဲ႕ ဒိုဟာတီတို႔ အစဥ္လိုက္ရပ္တည္ခဲ့ၾက။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.