Match Report Premier League

လန်ဒန်ပြိုင်ဘက်တစ်သင်းကို အကျိုးဆောင်ပြီး တစ်သင်းကို တစ်မျိုးပြောင်ခဲ့တဲ့ စပါးစ်

ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် ၃၈ မှာ တော့တင်ဟမ်ဟော့စပါးစ်အသင်းဟာ လက်စတာစီးတီးအသင်းနဲ့ အဝေးကွင်းမှာ တွေ့ဆုံနေခဲ့လို့ ဒီပွဲကို စိတ်ဝင်စားသူတွေ များခဲ့ပြီး သူ့ရဲ့ ရလဒ်အပေါ် မူတည်ပြီး အမှတ်ပေးဇယားရပ်တည်မှုမှာ အပြောင်းအလဲတွေ များနိုင်လို့ ပွဲမစခင်ကရော ကစားနေစဉ်မှာပါ အားလုံးသတိနဲ့ စောင့်ကြည့်ဖြစ်ခဲ့ကြပါတယ်။

ဆွန်နဲ့ ကိန်းကို တိုက်စစ်မှာ ပွဲထုတ်ခဲ့ပေမယ့် ဘေးလ်နဲ့ မတွဲဘဲ တခြားတောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဘာ့ဂ်ဗိန်းနဲ့ တွဲပေးခဲ့တဲ့ စပါးစ်ရဲ့ တိုက်စစ်က လက်စတာကို ကျော်ဖြတ်ဖို့ ခက်ခဲနေခဲ့ပြီး ဗာဒီနဲ့ အီဟန်နာချိုတို့ရဲ့ ဖိအားပေးမှုတွေကိုလည်း ဟွိုင်ဘယာ့ဂ်နဲ့ ဝင့်ခ်စ်တို့က တော်တော်လေး တွန်းလှန်ရခက်နေခဲ့ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာ ဂိုးဧရိယာထဲ ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဗာဒီကို အယ်လ်ဒါဝီရယ်လ်က နောက်ပေါက်နဲ့ လှမ်းတားရာမှာ ခြေထောက်ကို ခုမိခဲ့လို့ VAR နဲ့ ပြန်ကြည့်ပြီး ပင်နယ်တီ သတ်မှတ်ပေးခဲ့ရာမှာ ဒီတစ်ပေါက်တော့ လျှမ်းလျှမ်းတောက်နေတဲ့ ၃၄ နှစ်သားကြီးက ဂိုးသမား လိုရစ်နဲ့ တခြားစီ ကန်သွင်းပြီး လက်စတာတို့အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာ စပါးစ်နောက်တန်းက အပေးမှားတာကို ဖြတ်ယူပြီး ကန်သွင်းတဲ့ အီဟန်နာချိုရဲ့ ကန်ချက်က ခြေချော်ပြီး မိုးပေါ်ထောင်သွားခဲ့လို့ လက်စတာတို့ နစ်နာခဲ့ရပြီး အယ်လ်ဘရိုက်တန်ရဲ့ အဝေးကန်ချက် ကောင်းမွန်ခဲ့ပေမယ့်လည်း လိုရစ်က ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၁ မိနစ်မှာတော့ ဒိုဟာတီရဲ့ ကန်ချက် နောက်ခံလူနဲ့ထိပြီး ထောင်သွားရာကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဆွန်ဟောင်မင်က ချိုးပေးရာမှာ လွတ်နေတဲ့ ဟာရီကိန်းက Volley ကန်ချက်နဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ရှမိုက်ကယ် မဖမ်းနိုင်ခဲ့ဘဲ ပေါင်ကြားထဲက ဝင်သွားခဲ့လို့ စပါးစ်တို့ ချေပဂိုးရရှိခဲ့ပြီး ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်း ၅၂ မိနစ်မှာတော့ မက်ဒီဆန် ထိုးပေးတဲ့ ဘောလုံးဆီ ကျော်ပြေးတဲ့ ဗာဒီကို လမ်းတစ်ဝက်မှာ လက်နဲ့ကာပြီး တွန်းချခဲ့တဲ့ စပါးစ်ရဲ့ ဉာဏ်ကောင်းလွန်းသူကြီး ဒေဗင်ဆန် ဆန်ချက်ဇ်ကြောင့် နောက်ထပ် ပင်နယ်တီတစ်ဂိုးပေးခဲ့ရပြီး ဒီအခွင့်အရေးကို ဗာဒီကပဲ ကန်သွင်းခဲ့ရာမှာ ဂိုးသမား လိုရစ် လှုပ်တောင်မလှုပ်လိုက်ရဘဲ ဂိုးပေးခဲ့ရတာကြောင့် လက်စတာတို့ ပြန်လည်ဦးဆောင်နေခဲ့ပါတယ်။

ပွဲချိန် ၇၇ မိနစ်မှာတော့ ဆိုယွန်ကျူးရဲ့ ကျားကုတ်ကျားခဲ ကာကွယ်ဖျက်ထုတ်မှုတွေကြောင့် နှစ်ကြိမ်ဆက်ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ဆွန်ဟောင်မင်က ကန်တင်ပေးရာမှာ ဂိုးသမား ရှမိုက်ကယ်က ထွက်ပုတ်ခဲ့ပြီး ဘောလုံးက သူ့လက်နဲ့ သေချာမထိခဲ့ဘဲ ရှပ်ထိပြီး ဂိုးထဲကို လမ်းကြောင်း ပြောင်းဝင်သွားခဲ့လို့ ကိုယ့်ဂိုးကိုယ်သွင်းမှုနဲ့ စပါးစ်တို့ ချေပဂိုး ထပ်ရခဲ့ပြန်ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ စပါးစ်တို့ ဘောလုံးရလာခဲ့ပြီး ဘေးလ်ဆီက စတင်ခဲ့တဲ့ ဘောလုံးကို ဆွန်နဲ့ ကိန်းတို့ ပိတ်ဆို့မှု ခံရပြီး လက်စတာဂိုးဧရိယာထဲမှာ ကန်မရဖြစ်နေတုန်း နောက်ပြန်ချပေးလိုက်ရာမှာ ဂိုးဧရိယာထိပ်မှာ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ ဘေးလ်က နောက်တန်း ၆ ယောက်လောက် ပိတ်ဆို့ထားတဲ့ကြားထဲက ကန်သွင်းခဲ့ရာမှာ Position Out နေတဲ့ ရှမိုက်ကယ်ကြောင့် မကာကွယ်နိုင်ခဲ့ဘဲ အနိုင်ဂိုး ရရှိခဲ့ပါတယ်။

နာကျင်အချိန်ပို ၆ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေပဲ အနိုင်ပြတ်သားစေမယ့် ဂိုးကို စပါးစ်တို့ ရရှိခဲ့ပြီး ရက်ဂီလွန် ကန်တင်လိုက်တဲ့ ဘောလုံးကို ဆိုယွန်ကျူ ဖျက်ရာမှာ တီးလီးမန်းစ်နဲ့ထိပြီး ပြန်ထွက်လာခဲ့ရာမှာ ဘေးလ်က ဖြတ်ယူသွားပြီး နောက်တန်းသုံးယောက်ကြားက ဆွဲပြေးပြီး ကန်သွင်းခဲ့ရာမှာ တိုင်ထိပြီး ပြန်ထွက်လာခဲ့ပေမယ့် ရှမိုက်ကယ်နဲ့ ဆိုယွန်ကျူးတို့ မဖျက်နိုင်ခင်မှာပဲ ထပ်ပြီး ပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ လေးဂိုး-နှစ်ဂိုးနဲ့ ပွဲပြီးရလဒ်ကြောင့် အက်စတန်ဗီလာကို ရှုံးပြီး အဆင့် ၅ ရောက်နေတဲ့ ချဲလ်ဆီးတို့ အဆင့် ၄ ကို ပြန်တက်လာခဲ့ပြီး အာဆင်နယ်တို့ကတော့ အဆင့် ၇ ကို ခဏတာ ရောက်နေရာကနေ ပြန်ဖယ်ပေးခဲ့ရသလို အနိုင်ရရှိခဲတဲ့ စပါးစ်တို့ ကွန်ဖရင့်လိဂ်ကို ဝင်ရောက်နိုင်ခဲ့တဲ့ အချိန်မှာ ရှုံးနိမ့်ခဲ့တဲ့ စပါးစ်တို့ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကနေ ယူရိုပါလိဂ်ဆီပဲ ဆင်းကစားရတော့မှာလည်းဖြစ်ပါတယ်။

လက်စတာကို အနိုင်ယူခဲ့ပြီး ကိုယ့်သမိုင်းကိုယ်ရေးတဲ့ စပါးစ်အသင်းကို မြို့ခံပြိုင်ဘက် ချဲလ်ဆီးအသင်းနဲ့ ပရိသတ်တွေကတော့ ကျေးဇူးတင်နေကြမှာဖြစ်ပေမယ့် အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေကတော့ သူတို့အပေါ်မှာ ရပ်တည်ခဲ့တဲ့အပြင် ဥရောပနဲ့ ဝေးရာကို ဖယ်ရှားခဲ့တဲ့အတွက် ဒေါသထွက်နေနိုင်ကြပြီး အသင်း ၄ သင်းရဲ့ ကံကြမ္မာကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ ဒီပွဲအကြောင်း ဟာရီကိန္းရဲ႕ ဂိုးသြင္းဘုရင္ဆုနဲ႔ ဖန္တီးရွင္ဆု ရရွိမွဳေတြနဲ႔အတူ စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပရီးမီးယားလိဂ္ရဲ႕ ပြဲစဥ္ ၃၈ မွာ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းဟာ လက္စတာစီးတီးအသင္းနဲ႔ အေဝးကြင္းမွာ ေတြ႕ဆုံေနခဲ့လို႔ ဒီပြဲကို စိတ္ဝင္စားသူေတြ မ်ားခဲ့ၿပီး သူ႔ရဲ႕ ရလဒ္အေပၚ မူတည္ၿပီး အမွတ္ေပးဇယားရပ္တည္မႈမွာ အေျပာင္းအလဲေတြ မ်ားႏိုင္လို႔ ပြဲမစခင္ကေရာ ကစားေနစဥ္မွာပါ အားလုံးသတိနဲ႔ ေစာင့္ၾကည့္ျဖစ္ခဲ့ၾကပါတယ္။

ဆြန္နဲ႔ ကိန္းကို တိုက္စစ္မွာ ပြဲထုတ္ခဲ့ေပမယ့္ ေဘးလ္နဲ႔ မတြဲဘဲ တျခားေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဘာ့ဂ္ဗိန္းနဲ႔ တြဲေပးခဲ့တဲ့ စပါးစ္ရဲ႕ တိုက္စစ္က လက္စတာကို ေက်ာ္ျဖတ္ဖို႔ ခက္ခဲေနခဲ့ၿပီး ဗာဒီနဲ႔ အီဟန္နာခ်ိဳတို႔ရဲ႕ ဖိအားေပးမႈေတြကိုလည္း ဟြိဳင္ဘယာ့ဂ္နဲ႔ ဝင့္ခ္စ္တို႔က ေတာ္ေတာ္ေလး တြန္းလွန္ရခက္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာ ဂိုးဧရိယာထဲ ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ ဗာဒီကို အယ္လ္ဒါဝီရယ္လ္က ေနာက္ေပါက္နဲ႔ လွမ္းတားရာမွာ ေျခေထာက္ကို ခုမိခဲ့လို႔ VAR နဲ႔ ျပန္ၾကည့္ၿပီး ပင္နယ္တီ သတ္မွတ္ေပးခဲ့ရာမွာ ဒီတစ္ေပါက္ေတာ့ လွ်မ္းလွ်မ္းေတာက္ေနတဲ့ ၃၄ ႏွစ္သားႀကီးက ဂိုးသမား လိုရစ္နဲ႔ တျခားစီ ကန္သြင္းၿပီး လက္စတာတို႔အတြက္ ဦးေဆာင္ဂိုး ရယူေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာ စပါးစ္ေနာက္တန္းက အေပးမွားတာကို ျဖတ္ယူၿပီး ကန္သြင္းတဲ့ အီဟန္နာခ်ိဳရဲ႕ ကန္ခ်က္က ေျခေခ်ာ္ၿပီး မိုးေပၚေထာင္သြားခဲ့လို႔ လက္စတာတို႔ နစ္နာခဲ့ရၿပီး အယ္လ္ဘ႐ိုက္တန္ရဲ႕ အေဝးကန္ခ်က္ ေကာင္းမြန္ခဲ့ေပမယ့္လည္း လိုရစ္က ကာကြယ္ႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဒိုဟာတီရဲ႕ ကန္ခ်က္ ေနာက္ခံလူနဲ႔ထိၿပီး ေထာင္သြားရာကေန ျပန္က်လာတဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က ခ်ိဳးေပးရာမွာ လြတ္ေနတဲ့ ဟာရီကိန္းက Volley ကန္ခ်က္နဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ရွမိုက္ကယ္ မဖမ္းႏိုင္ခဲ့ဘဲ ေပါင္ၾကားထဲက ဝင္သြားခဲ့လို႔ စပါးစ္တို႔ ေခ်ပဂိုးရရွိခဲ့ၿပီး ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပိုင္း ၅၂ မိနစ္မွာေတာ့ မက္ဒီဆန္ ထိုးေပးတဲ့ ေဘာလုံးဆီ ေက်ာ္ေျပးတဲ့ ဗာဒီကို လမ္းတစ္ဝက္မွာ လက္နဲ႔ကာၿပီး တြန္းခ်ခဲ့တဲ့ စပါးစ္ရဲ႕ ဉာဏ္ေကာင္းလြန္းသူႀကီး ေဒဗင္ဆန္ ဆန္ခ်က္ဇ္ေၾကာင့္ ေနာက္ထပ္ ပင္နယ္တီတစ္ဂိုးေပးခဲ့ရၿပီး ဒီအခြင့္အေရးကို ဗာဒီကပဲ ကန္သြင္းခဲ့ရာမွာ ဂိုးသမား လိုရစ္ လႈပ္ေတာင္မလႈပ္လိုက္ရဘဲ ဂိုးေပးခဲ့ရတာေၾကာင့္ လက္စတာတို႔ ျပန္လည္ဦးေဆာင္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၇ မိနစ္မွာေတာ့ ဆိုယြန္က်ဴးရဲ႕ က်ားကုတ္က်ားခဲ ကာကြယ္ဖ်က္ထုတ္မႈေတြေၾကာင့္ ႏွစ္ႀကိမ္ဆက္ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန ဆြန္ေဟာင္မင္က ကန္တင္ေပးရာမွာ ဂိုးသမား ရွမိုက္ကယ္က ထြက္ပုတ္ခဲ့ၿပီး ေဘာလုံးက သူ႔လက္နဲ႔ ေသခ်ာမထိခဲ့ဘဲ ရွပ္ထိၿပီး ဂိုးထဲကို လမ္းေၾကာင္း ေျပာင္းဝင္သြားခဲ့လို႔ ကိုယ့္ဂိုးကိုယ္သြင္းမႈနဲ႔ စပါးစ္တို႔ ေခ်ပဂိုး ထပ္ရခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန စပါးစ္တို႔ ေဘာလုံးရလာခဲ့ၿပီး ေဘးလ္ဆီက စတင္ခဲ့တဲ့ ေဘာလုံးကို ဆြန္နဲ႔ ကိန္းတို႔ ပိတ္ဆို႔မႈ ခံရၿပီး လက္စတာဂိုးဧရိယာထဲမွာ ကန္မရျဖစ္ေနတုန္း ေနာက္ျပန္ခ်ေပးလိုက္ရာမွာ ဂိုးဧရိယာထိပ္မွာ တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ ေဘးလ္က ေနာက္တန္း ၆ ေယာက္ေလာက္ ပိတ္ဆို႔ထားတဲ့ၾကားထဲက ကန္သြင္းခဲ့ရာမွာ Position Out ေနတဲ့ ရွမိုက္ကယ္ေၾကာင့္ မကာကြယ္ႏိုင္ခဲ့ဘဲ အႏိုင္ဂိုး ရရွိခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၆ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေနပဲ အႏိုင္ျပတ္သားေစမယ့္ ဂိုးကို စပါးစ္တို႔ ရရွိခဲ့ၿပီး ရက္ဂီလြန္ ကန္တင္လိုက္တဲ့ ေဘာလုံးကို ဆိုယြန္က်ဴ ဖ်က္ရာမွာ တီးလီးမန္းစ္နဲ႔ထိၿပီး ျပန္ထြက္လာခဲ့ရာမွာ ေဘးလ္က ျဖတ္ယူသြားၿပီး ေနာက္တန္းသုံးေယာက္ၾကားက ဆြဲေျပးၿပီး ကန္သြင္းခဲ့ရာမွာ တိုင္ထိၿပီး ျပန္ထြက္လာခဲ့ေပမယ့္ ရွမိုက္ကယ္နဲ႔ ဆိုယြန္က်ဴးတို႔ မဖ်က္ႏိုင္ခင္မွာပဲ ထပ္ၿပီး ပိတ္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

သူတို႔ရဲ႕ ေလးဂိုး-ႏွစ္ဂိုးနဲ႔ ပြဲၿပီးရလဒ္ေၾကာင့္ အက္စတန္ဗီလာကို ရႈံးၿပီး အဆင့္ ၅ ေရာက္ေနတဲ့ ခ်ဲလ္ဆီးတို႔ အဆင့္ ၄ ကို ျပန္တက္လာခဲ့ၿပီး အာဆင္နယ္တို႔ကေတာ့ အဆင့္ ၇ ကို ခဏတာ ေရာက္ေနရာကေန ျပန္ဖယ္ေပးခဲ့ရသလို အႏိုင္ရရွိခဲတဲ့ စပါးစ္တို႔ ကြန္ဖရင့္လိဂ္ကို ဝင္ေရာက္ႏိုင္ခဲ့တဲ့ အခ်ိန္မွာ ရႈံးနိမ့္ခဲ့တဲ့ စပါးစ္တို႔ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ကေန ယူ႐ိုပါလိဂ္ဆီပဲ ဆင္းကစားရေတာ့မွာလည္းျဖစ္ပါတယ္။

လက္စတာကို အႏိုင္ယူခဲ့ၿပီး ကိုယ့္သမိုင္းကိုယ္ေရးတဲ့ စပါးစ္အသင္းကို ၿမိဳ႕ခံၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းနဲ႔ ပရိသတ္ေတြကေတာ့ ေက်းဇူးတင္ေနၾကမွာျဖစ္ေပမယ့္ အာဆင္နယ္အသင္းနဲ႔ ပရိသတ္ေတြကေတာ့ သူတို႔အေပၚမွာ ရပ္တည္ခဲ့တဲ့အျပင္ ဥေရာပနဲ႔ ေဝးရာကို ဖယ္ရွားခဲ့တဲ့အတြက္ ေဒါသထြက္ေနႏိုင္ၾကၿပီး အသင္း ၄ သင္းရဲ႕ ကံၾကမၼာကို အေျပာင္းအလဲျဖစ္ေစခဲ့တဲ့ ဒီပြဲအေၾကာင္း ဟာရီကိႏ္းရဲ႕ ဂိုးၾသင္းဘုရငၦဳနဲ႔ ဖႏၲီး႐ြငၦဳ ရ႐ြိမြဳေၾတနဲ႔အတူ စုစည္းတင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.