Match Report Premier League

အဂွေရိုရဲ့ နှုတ်ဆက် Brace နဲ့ အဲဗာတန်ကို ဂိုးပြတ်သမပြီး ချန်ပီယံဆုယူတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးတို့အနေနဲ့ ဒီနေ့ပွဲမှာ ယူရိုပါလိဂ်ကို ဝေဝေဝါးဝါး မျှော်လင့်ပြီး ကွန်ဖရင့်လိဂ်ရော ဝင်နိုင်ဦးမလားလို့ အိပ်မက်မက်နေတဲ့ အဲဗာတန်တို့နဲ့ အိမ်ကွင်းမှာ ရင်ဆိုင်ခဲ့ရပြီး အလှည့်ကျလူထုတ်ပုံမှာ ဒီဘရိုင်းနားကို ပြန်လည်ထည့်သွင်းခဲ့သလို ဖိုဒန်ကို ပွဲထုတ်ခဲ့ပြီး ဂွန်ဒိုးဝမ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကိုတော့ ချန်ပီယံလိဂ်အတွက် အနားပေးထားခဲ့ပါတယ်။

ပွဲစစချင်းမှာ အဲဗာတန်ဘက်က ဆီဂါ့ဒ်ဆန်၊ ကယ်လ်ဗတ်-လူဝင်တို့ရဲ့ ထိုးဖောက်ကန်သွင်းမှုတွေကို အီဒါဆန် ကာကွယ်ခဲ့ရပြီး စီးတီးဘက်က ဂျေဆူးစ်ရဲ့ ထောင့်ကျဉ်းကန်ချက်ကိုတော့ ပစ်ခ်ဖို့ဒ် ကာကွယ်သွားနိုင်ခဲ့လို့ နှစ်သင်းစလုံးအနေနဲ့ အပြန်အလှန် အားစမ်းနိုင်ခဲ့ကြပါတယ်။

ပွဲချိန် ၁၁ မိနစ်မှာတော့ အဲဗာတန်ဟာ အစ်တီဟတ်မှာ စိုးရိမ်စရာမဟုတ်တဲ့အကြောင်း စီးတီးတို့ ပြသနိုင်ခဲ့ပြီး ညာခြမ်းက မာရက်ဇ်ရဲ့ အတွင်းကို ပြန်ဝင်ပြီး ပေးတဲ့ ဘောလုံးကို ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားက လျှပ်တစ်ပြက် ကန်သွင်းခဲ့ရာမှာ နောက်တန်းတွေနဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ်တို့ အငိုက်မိသွားခဲ့ပြီး အိမ်ရှင်တွေ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

သုံးမိနစ်အကြာမှာပဲ မန်ချက်စတာစီးတီးတို့ ဧည့်သည်တွေကို ဒုတိယဂိုးနဲ့ ထပ်မံတိုးနှက်နိုင်ခဲ့ပြီး ဖာနန်ဒင်ညိုရဲ့ လုယူမှုကနေ ဒီဘရိုင်းနား ခင်းပေးလိုက်တဲ့ ဘောလုံးကို ဆွဲပြေးသွားခဲ့တဲ့ ဂျေဆူးစ်က စတာလင်နဲ့ မာရက်ဇ်တို့ကြောင့် အာရုံများနေတဲ့ အဲဗာတန်နောက်တန်းကို တစ်ချက်ခေါက်ပြီး ကန်သွင်းခဲ့ရာမှာ ဂိုးသမား ပစ်ခ်ဖို့ဒ် ကာကွယ်ဖို့ မဖြစ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ ဇင်ချန်ကို လူပေးမှားတဲ့ ဘောလုံးကို ရစ်ချာလစ်ဆန် ဆွဲပြေးရာမှာ ဧရိယာထဲ ဘောလုံးမထိဘဲ ဖျက်မိခဲ့တဲ့ ရူဘင် ဒီယက်စ်ကြောင့် အဲဗာတန်တို့ ပင်နယ်တီရခဲ့ပြီး ဒီအခွင့်အရေးကို ဆီဂါ့ဒ်ဆန်က ကန်သွင်းခဲ့ပေမယ့် အီဒါဆန်က မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်သွားနိုင်ခဲ့ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကိုလည်း ဝေါ်လ်ကာက ရှင်းထုတ်သွားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၄၃ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ စတာလင် ဆွဲပြေးလာပြီး အတွင်းကို ပြန်ချိုးပေးတဲ့ ဘောလုံးကနေ မာရက်ဇ်ရဲ့ Curling Shot က ဂိုးဘားထောင့်နဲ့ထိပြီး ပြန်ထွက်ခဲ့လို့ အဲဗာတန်တို့ သက်သာခဲ့ရသလို မန်ချက်စတာစီးတီးတို့ နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ ပထမပိုင်းကို ကျေနပ်ခဲ့ရပါတယ်။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာ ဂျေဆူးစ်ရဲ့ ထိုးဖောက်မှုကနေ ဘောလုံးပျက်ရာမှာ ဖိုဒန် ကန်သွင်းခဲ့ပေမယ့် တိုင်ဘေးက လွဲခဲ့ရပြီး ပွဲချိန် ၅၃ မိနစ်မှာတော့ စတာလင်ရဲ့ ဧရိယာထဲက အနီးကပ်ပေးပို့မှုကို ဖိုဒန်က တစ်ချက်လှည့်ထွက်ပြီး ညာခြေနဲ့ ကန်သွင်းခဲ့ရာမှာ အနီးကပ် အနေအထားဖြစ်လို့ ပစ်ခ်ဖို့ဒ် မကာကွယ်လိုက်နိုင်ဘဲ စီးတီးတို့ တတိယဂိုး ရရှိခဲ့ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ ဖိုဒန်အစား ရိုဒရီနဲ့ ၆၅ မိနစ်မှာတော့ မာရက်ဇ်အစား အဂွေရိုတို့ လူစားဝင်ကစားခဲ့ပြီး ပွဲချိန် ၇၁ မိနစ်မှာတော့မှာတော့ အသင်းကနေ ထွက်ခွာတော့မယ့် အာဂျင်တီးနားသားကြီးက ဖာနန်ဒင်ညို လုယူပြီး ပေးတဲ့ ဘောလုံးကနေ နောက်တန်းနှစ်ယောက်ကို ဖြတ်ကျော်ပြီးမှ ပစ်ခ်ဖို့ဒ် နေရာယူပုံ အားနည်းလို့ လွတ်နေတဲ့ အဝေးတိုင်ဘက်ကို အသာအယာ ခြေခုံနဲ့ထိုးပြီး သွင်းယူသွားနိုင်ခဲ့တာပါ။

နောက်ထပ် ၅ မိနစ်အကြာမှာတော့ ညာခြမ်းကနေ ဖြတ်တင်ပေးလိုက်တဲ့ ဖာနန်ဒင်ညိုရဲ့ အဝေးဘောကို အဂွေရိုကပဲ အဲဗာတန်နောက်ခံလူ နှစ်ယောက်ဖြစ်ကြတဲ့ မိုက်ကယ် ကီးန်နဲ့ ဂေါ့ဖရီတို့ကြားကနေ တိုင်ခြေကို လှလှပပ ခေါင်းတိုက်သွင်းယူပြီး သူ့ရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲကို သွင်းဂိုးနှစ်ဂိုးနဲ့ စုစုပေါင်း ၁၈၄ ဂိုးအထိ မှတ်တမ်းရေးထိုးသွားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲပြီးဆုံးချိန်မှာတော့ ချန်ပီယံဆုဖလားနဲ့ မန်ချက်စတာစီးတီးအသင်းသားတွေ အောင်ပွဲခံခဲ့ကြပြီး အသင်းရဲ့ ဂိုးသွင်းဘုရင် အဂွေရိုကိုတော့ အားလုံးရဲ့ ခေါင်းပေါ်မှာ ဝိုင်းဝန်းမြှောက်ချီပြီး ဂုဏ်ပြုခဲ့ကြသလို သူ့ရဲ့ စီးတီးကို ပထမဆုံး ပရီးမီးယားလိဂ်ချန်ပီယံဖြစ်စေခဲ့တဲ့ ကျူပီအာနဲ့ပွဲက ၉၃ မိနစ် စက္ကန့် ၂၀ ဆိုတဲ့ ဂဏန်းကို ရေးထိုးထားတဲ့ အင်္ကျီကိုလည်း ဖာနန်ဒင်ညိုကတစ်ဆင့် အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါတယ်။

အစ်တီဟတ်ရဲ့ ဂုဏ်ယူဖွယ်ရာညကတော့ ကွန်ဖက်တီတွေ မီးရှူးမီးပန်းတွေနဲ့ လှပခဲ့သလို ကွင်းပြည့်မဟုတ်ပေမယ့် သတ်မှတ်ပရိသတ်ဦးရေ တစ်သောင်းနဲ့အတူ အားပေးသံတွေနဲ့ ပြည့်စုံခဲ့ပြီး ၂၀၂၀-၂၁ ရာသီကို ဂွါဒီယိုလာရဲ့ အဖွဲ့သားတွေအနေနဲ့ ရမှတ် ၈၆ မှတ်နဲ့ ပြည်ဖုံးကားချနိုင်ခဲ့ကြောင်း စုစည်းတင်ဆက်လိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ဒီေန႔ပြဲမွာ ယူ႐ိုပါလိဂ္ကို ေဝေဝဝါးဝါး ေမွ်ာ္လင့္ၿပီး ကြန္ဖရင့္လိဂ္ေရာ ဝင္ႏိုင္ဦးမလားလို႔ အိပ္မက္မက္ေနတဲ့ အဲဗာတန္တို႔နဲ႔ အိမ္ကြင္းမွာ ရင္ဆိုင္ခဲ့ရၿပီး အလွည့္က်လူထုတ္ပုံမွာ ဒီဘ႐ိုင္းနားကို ျပန္လည္ထည့္သြင္းခဲ့သလို ဖိုဒန္ကို ပြဲထုတ္ခဲ့ၿပီး ဂြန္ဒိုးဝမ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကိုေတာ့ ခ်န္ပီယံလိဂ္အတြက္ အနားေပးထားခဲ့ပါတယ္။

ပြဲစစခ်င္းမွာ အဲဗာတန္ဘက္က ဆီဂါ့ဒ္ဆန္၊ ကယ္လ္ဗတ္-လူဝင္တို႔ရဲ႕ ထိုးေဖာက္ကန္သြင္းမႈေတြကို အီဒါဆန္ ကာကြယ္ခဲ့ရၿပီး စီးတီးဘက္က ေဂ်ဆူးစ္ရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကိုေတာ့ ပစ္ခ္ဖို႔ဒ္ ကာကြယ္သြားႏိုင္ခဲ့လို႔ ႏွစ္သင္းစလုံးအေနနဲ႔ အျပန္အလွန္ အားစမ္းႏိုင္ခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ အဲဗာတန္ဟာ အစ္တီဟတ္မွာ စိုးရိမ္စရာမဟုတ္တဲ့အေၾကာင္း စီးတီးတို႔ ျပသႏိုင္ခဲ့ၿပီး ညာျခမ္းက မာရက္ဇ္ရဲ႕ အတြင္းကို ျပန္ဝင္ၿပီး ေပးတဲ့ ေဘာလုံးကို ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားက လွ်ပ္တစ္ျပက္ ကန္သြင္းခဲ့ရာမွာ ေနာက္တန္းေတြနဲ႔ ဂိုးသမား ပစ္ခ္ဖို႔ဒ္တို႔ အငိုက္မိသြားခဲ့ၿပီး အိမ္ရွင္ေတြ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

သုံးမိနစ္အၾကာမွာပဲ မန္ခ်က္စတာစီးတီးတို႔ ဧည့္သည္ေတြကို ဒုတိယဂိုးနဲ႔ ထပ္မံတိုးႏွက္ႏိုင္ခဲ့ၿပီး ဖာနန္ဒင္ညိဳရဲ႕ လုယူမႈကေန ဒီဘ႐ိုင္းနား ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဆြဲေျပးသြားခဲ့တဲ့ ေဂ်ဆူးစ္က စတာလင္နဲ႔ မာရက္ဇ္တို႔ေၾကာင့္ အာ႐ုံမ်ားေနတဲ့ အဲဗာတန္ေနာက္တန္းကို တစ္ခ်က္ေခါက္ၿပီး ကန္သြင္းခဲ့ရာမွာ ဂိုးသမား ပစ္ခ္ဖို႔ဒ္ ကာကြယ္ဖို႔ မျဖစ္ႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ ဇင္ခ်န္ကို လူေပးမွားတဲ့ ေဘာလုံးကို ရစ္ခ်ာလစ္ဆန္ ဆြဲေျပးရာမွာ ဧရိယာထဲ ေဘာလုံးမထိဘဲ ဖ်က္မိခဲ့တဲ့ ႐ူဘင္ ဒီယက္စ္ေၾကာင့္ အဲဗာတန္တို႔ ပင္နယ္တီရခဲ့ၿပီး ဒီအခြင့္အေရးကို ဆီဂါ့ဒ္ဆန္က ကန္သြင္းခဲ့ေပမယ့္ အီဒါဆန္က မွန္မွန္ကန္ကန္ ခန႔္မွန္းကာကြယ္သြားႏိုင္ခဲ့ၿပီး ျပန္ထြက္လာတဲ့ ေဘာလုံးကိုလည္း ေဝၚလ္ကာက ရွင္းထုတ္သြားႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၄၃ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန စတာလင္ ဆြဲေျပးလာၿပီး အတြင္းကို ျပန္ခ်ိဳးေပးတဲ့ ေဘာလုံးကေန မာရက္ဇ္ရဲ႕ Curling Shot က ဂိုးဘားေထာင့္နဲ႔ထိၿပီး ျပန္ထြက္ခဲ့လို႔ အဲဗာတန္တို႔ သက္သာခဲ့ရသလို မန္ခ်က္စတာစီးတီးတို႔ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ပဲ ပထမပိုင္းကို ေက်နပ္ခဲ့ရပါတယ္။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာ ေဂ်ဆူးစ္ရဲ႕ ထိုးေဖာက္မႈကေန ေဘာလုံးပ်က္ရာမွာ ဖိုဒန္ ကန္သြင္းခဲ့ေပမယ့္ တိုင္ေဘးက လြဲခဲ့ရၿပီး ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ စတာလင္ရဲ႕ ဧရိယာထဲက အနီးကပ္ေပးပို႔မႈကို ဖိုဒန္က တစ္ခ်က္လွည့္ထြက္ၿပီး ညာေျခနဲ႔ ကန္သြင္းခဲ့ရာမွာ အနီးကပ္ အေနအထားျဖစ္လို႔ ပစ္ခ္ဖို႔ဒ္ မကာကြယ္လိုက္ႏိုင္ဘဲ စီးတီးတို႔ တတိယဂိုး ရရွိခဲ့ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာ ဖိုဒန္အစား ႐ိုဒရီနဲ႔ ၆၅ မိနစ္မွာေတာ့ မာရက္ဇ္အစား အေဂြ႐ိုတို႔ လူစားဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့မွာေတာ့ အသင္းကေန ထြက္ခြာေတာ့မယ့္ အာဂ်င္တီးနားသားႀကီးက ဖာနန္ဒင္ညိဳ လုယူၿပီး ေပးတဲ့ ေဘာလုံးကေန ေနာက္တန္းႏွစ္ေယာက္ကို ျဖတ္ေက်ာ္ၿပီးမွ ပစ္ခ္ဖို႔ဒ္ ေနရာယူပုံ အားနည္းလို႔ လြတ္ေနတဲ့ အေဝးတိုင္ဘက္ကို အသာအယာ ေျခခုံနဲ႔ထိုးၿပီး သြင္းယူသြားႏိုင္ခဲ့တာပါ။

ေနာက္ထပ္ ၅ မိနစ္အၾကာမွာေတာ့ ညာျခမ္းကေန ျဖတ္တင္ေပးလိုက္တဲ့ ဖာနန္ဒင္ညိဳရဲ႕ အေဝးေဘာကို အေဂြ႐ိုကပဲ အဲဗာတန္ေနာက္ခံလူ ႏွစ္ေယာက္ျဖစ္ၾကတဲ့ မိုက္ကယ္ ကီးန္နဲ႔ ေဂါ့ဖရီတို႔ၾကားကေန တိုင္ေျခကို လွလွပပ ေခါင္းတိုက္သြင္းယူၿပီး သူ႔ရဲ႕ ပရီးမီးယားလိဂ္ေနာက္ဆုံးပြဲကို သြင္းဂိုးႏွစ္ဂိုးနဲ႔ စုစုေပါင္း ၁၈၄ ဂိုးအထိ မွတ္တမ္းေရးထိုးသြားႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခ်န္ပီယံဆုဖလားနဲ႔ မန္ခ်က္စတာစီးတီးအသင္းသားေတြ ေအာင္ပြဲခံခဲ့ၾကၿပီး အသင္းရဲ႕ ဂိုးသြင္းဘုရင္ အေဂြ႐ိုကိုေတာ့ အားလုံးရဲ႕ ေခါင္းေပၚမွာ ဝိုင္းဝန္းေျမႇာက္ခ်ီၿပီး ဂုဏ္ျပဳခဲ့ၾကသလို သူ႔ရဲ႕ စီးတီးကို ပထမဆုံး ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ေစခဲ့တဲ့ က်ဴပီအာနဲ႔ပြဲက ၉၃ မိနစ္ စကၠန႔္ ၂၀ ဆိုတဲ့ ဂဏန္းကို ေရးထိုးထားတဲ့ အက်ႌကိုလည္း ဖာနန္ဒင္ညိဳကတစ္ဆင့္ အမွတ္တရလက္ေဆာင္ ေပးအပ္ခဲ့ပါတယ္။

အစ္တီဟတ္ရဲ႕ ဂုဏ္ယူဖြယ္ရာညကေတာ့ ကြန္ဖက္တီေတြ မီးရႉးမီးပန္းေတြနဲ႔ လွပခဲ့သလို ကြင္းျပည့္မဟုတ္ေပမယ့္ သတ္မွတ္ပရိသတ္ဦးေရ တစ္ေသာင္းနဲ႔အတူ အားေပးသံေတြနဲ႔ ျပည့္စုံခဲ့ၿပီး ၂၀၂၀-၂၁ ရာသီကို ဂြါဒီယိုလာရဲ႕ အဖြဲ႕သားေတြအေနနဲ႔ ရမွတ္ ၈၆ မွတ္နဲ႔ ျပည္ဖုံးကားခ်ႏိုင္ခဲ့ေၾကာင္း စုစည္းတင္ဆက္လိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.