Match Report Premier League

ဗီလာကို ရှုံးပေမယ့် လန်ဒန်သားချင်း စပါးစ်ရဲ့ ကျေးဇူးနဲ့ ချန်ပီယံလိဂ် ဝင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့ပွဲမှာ သူတို့ရဲ့ အဓိကကွင်းလယ်လူ ကွန်တေကို ဆုံးရှုံးထားရချိန်မှာ အက်စတန်ဗီလာအသင်းကို ကိုဗာချစ်၊ ဂျော်ဂျင်ညိုအတွဲနဲ့ ရင်ဆိုင်ဖို့ ကြိုးစားလာခဲ့ပြီး ခရစ္စတင်ဆန်ကိုတော့ ချန်ပီယံလိဂ်အတွက် ချန်ထားခဲ့သလို လက်စတာနဲ့ပွဲက လူစာရင်းနဲ့ တစ်ဦးသာ လွဲပြီး ပွဲထွက်လာခဲ့ပါတယ်။

မေဆန်မောင့်၊ ပူလီရှစ်နဲ့ တီမို ဗာနာတို့ရဲ့ တိုက်စစ်ကို ဗီလာရဲ့ ဟော့စ်၊ မင်းစ်၊ ကွန်ဆာတို့ ခံစစ်သုံးယောက်တန်းနဲ့ လုပ်အားနှုန်းကောင်းတဲ့ နာကမ်ဘာ၊ မက်ဂင်းတို့အတွဲက ပိတ်ဆို့သွားနိုင်ခဲ့ပြီး ဂရီးလစ်ရှ် ပြန်ပါလာတဲ့ ကွင်းလယ်ကလည်း ချဲလ်ဆီးတို့အတွက်တော့ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးရဲ့ ပြဿနာကတော့ တစ်ဖက်ခံစစ်ရှေ့ Final Third Zone မှာ ဘောလုံးဖြန့်ဝေမှု အားနည်းတာဖြစ်ပြီး တောင်ပံသမားတွေဖြစ်တဲ့ ချေးဝဲလ်နဲ့ အက်ဇ်ပီလီကွေတာတို့ မကြာခဏ ပြန်တုံ့ပြီး အလုပ်မဖြစ်ခဲ့သလို အရင်ပွဲကအတိုင်း သုံးယောက်တန်းခံစစ်မှာ သုံးတဲ့ ရီးစ်ဂျိမ်းစ်ကလည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်တဲ့ ထရာအိုရေးကို မနိုင်ခဲ့ဘဲ မကြာခဏ လွတ်နေခဲ့တာပါ။

မေဆန်မောင့်၊ ချေးလ်ဝဲလ်၊ ဗာနာတို့ကတော့ ဗီလာဂိုးသမား မာတီနက်ဇ်ကို ပညာစမ်းရုံလောက်ပဲ လုပ်နိုင်ခဲ့ပြီး ထိထိရောက်ရောက် မခြိမ်းခြောက်နိုင်ခဲ့သလို ဗီလာဘက်က ထရာအိုရေးနဲ့ မက်ဂင်းတို့ရဲ့ တန်ပြန်ထိုးဖောက်မှုတွေကတော့ ဂိုးဘေးက လွဲခဲ့တာကြောင့် ဂိုးသမား မန်ဒီဆီ မရောက်ဘဲ ပွဲပြတ်သွားခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၄၃ မိနစ်မှာ ဂိုးသွင်းခွင့်အနည်းငယ်သာ ရှာဖွေနိုင်တဲ့ အိမ်ရှင် ဗီလာတို့ စတင်ဦးဆောင်နိုင်ခဲ့ပြီး ထောင့်ကန်ဘောကနေ တားဂက် အနိမ့်ဘောကန်ပို့ပေးတာကို ထရာအိုရေးက ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ မထင်မှတ်တဲ့ အပေါ်ထောင့်နားကို ဝင်သွားခဲ့လို့ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ခဲ့ဘဲ ပထမပိုင်းမှာ ချဲလ်ဆီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ ထရာအိုရေးရဲ့ ဂိုးကို ကာကွယ်ဖို့ ကြိုးစားရင်း ဂိုးတိုင်နဲ့ ဆောင့်မိပြီး ဒဏ်ရာရသွားတဲ့ ဂိုးသမား မန်ဒီအစား ကီပါ ဝင်ကစားခဲ့ပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ ဗာနာချိုးပေးတာကို ပူလီရှစ် ချော်ကန်ခဲ့ပြန်သလို ပိုဆိုးခဲ့တာကတော့ ပွဲချိန် ၅၁ မိနစ်မှာ ဘောလုံးယူဖို့ ကြိုးစားခဲ့တဲ့ ထရာအိုရေးကို ဧရိယာထဲမှာ ဂျော်ဂျင်ညိုက ချော်ပြီး နင်းမိခဲ့တာပါ။

ဒီအနေအထားမှာ ဒိုင်လူကြီး စတူးဝပ် အက်ထ်ဝဲလ်ကတော့ ပင်နယ်တီ သတ်မှတ်ပေးသွားခဲ့ပြီး ဒီအခွင့်အရေးကိုတော့ ဗီလာရဲ့ ပင်နယ်တီ တွေကို ဒိုင်ခံကန်သွင်းသူဖြစ်တဲ့ ဒတ်ချ်လက်ရွေးစင် အယ်လ်ဂါဇီက ကီပါကို ညာဘက်ကို ဒိုက်ပစ်စေခဲ့သလို သူက တခြားဘက်ကို ကန်သွင်းပြီး အိမ်ရှင်တွေကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်စေနိုင်ခဲ့ပါတယ်။

ပွဲချိန် ၅၉ မိနစ်က ဗာနာရဲ့ ချေပဂိုးမှာ အက်ဇ်ပီလီကွေတာ လူအနည်းငယ်ကျွံနေတာကြောင့် ပယ်ဖျက်ခံခဲ့ရပြီး ဒီနောက်ပိုင်းမှာတော့ ဇီးယက်ရှ်နဲ့ ဟာဗတ်ဇ်တို့ကို ဂျော်ဂျင်ညိုနဲ့ ကိုဗာချစ်တို့အစား ထည့်ကစားခဲ့ပေမယ့် ဗီလာနောက်တန်းနဲ့ ဂိုးသမားကို မကျော်ဖြတ်နိုင်ဘဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန်မိနစ် ၇၀ မှာတော့ ဟာဗတ်ဇ်ရဲ့ ကန်ချက် ပြန်ထွက်လာရာကနေ နောက်တစ်ကြိမ် တိုက်စစ်ဆင်ခဲ့ကြရာမှာ ညာခြမ်းက ပူလီရှစ်ချ်ရဲ့ ဖြတ်တင်ဘောကို ချေးလ်ဝဲလ်က ကန်သွင်းနိုင်ခဲ့ပြီး ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် ဂိုးစည်းကို ကျော်လွန်သွားခဲ့တာကြောင့် ချဲလ်ဆီးတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ပွဲချိန် ၈၇ မိနစ်မှာ ချေးလ်ဝဲလ် ဒုတိယဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် ဗီလာဂိုးသမား မာတီနက်ဇ် ကာကွယ်သွားခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာတော့ VAR ခေတ်မှာ ဂရီးလစ်ရှ်ရဲ့ မျက်နှာကို လက်နဲ့ခိုးရိုက်တဲ့ အက်ဇ်ပီလီကွေတာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီး တစ်ဖက်အသင်းခေါင်းဆောင်အနေနဲ့ အဝင်ကြမ်းခဲ့ပေမယ့် စပိန်သားကပ္ပတိန်ဟာ လက်ပတ်ကို ထောက်ပြီး သူ့ရဲ့ အပြုအမူကို ထိန်းသိမ်းခဲ့သင့်တာလည်းဖြစ်ပါတယ်။

နှစ်ဂိုး-တစ်ဂိုးနဲ့ ပြီးဆုံးသွားခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် တစ်ဖက်မှာ ကစားနေတဲ့ လက်စတာနဲ့ စပါးစ်တို့ပွဲစဉ်မှာ စပါးစ်ရဲ့အနိုင်သေချာစေဖို့ စောင့်ဆိုင်းခဲ့ကြရပြီး လေးဂိုး-နှစ်ဂိုးနဲ့ လက်စတာတို့ အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာကြောင့် ချဲလ်ဆီးတို့ အဆင့် ၄ နေရာက ရာသီသိမ်းနိုင်ခဲ့သလို နောက်ဆုံးမှာ သက်ပြင်းချနိုင်ခဲ့ကြပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ကစားခွင့်ကို တူဟယ်လ်တစ်ယောက် ဆုပ်ကိုင်နိုင်ခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔ပြဲမွာ သူတို႔ရဲ႕ အဓိကကြင္းလယ္လူ ကြန္ေတကို ဆုံးရႈံးထားရခ်ိန္မွာ အက္စတန္ဗီလာအသင္းကို ကိုဗာခ်စ္၊ ေဂ်ာ္ဂ်င္ညိဳအတြဲနဲ႔ ရင္ဆိုင္ဖို႔ ႀကိဳးစားလာခဲ့ၿပီး ခရစၥတင္ဆန္ကိုေတာ့ ခ်န္ပီယံလိဂ္အတြက္ ခ်န္ထားခဲ့သလို လက္စတာနဲ႔ပြဲက လူစာရင္းနဲ႔ တစ္ဦးသာ လြဲၿပီး ပြဲထြက္လာခဲ့ပါတယ္။

ေမဆန္ေမာင့္၊ ပူလီရွစ္နဲ႔ တီမို ဗာနာတို႔ရဲ႕ တိုက္စစ္ကို ဗီလာရဲ႕ ေဟာ့စ္၊ မင္းစ္၊ ကြန္ဆာတို႔ ခံစစ္သုံးေယာက္တန္းနဲ႔ လုပ္အားႏႈန္းေကာင္းတဲ့ နာကမ္ဘာ၊ မက္ဂင္းတို႔အတြဲက ပိတ္ဆို႔သြားႏိုင္ခဲ့ၿပီး ဂရီးလစ္ရွ္ ျပန္ပါလာတဲ့ ကြင္းလယ္ကလည္း ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ပါတယ္။

ခ်ဲလ္ဆီးရဲ႕ ျပႆနာကေတာ့ တစ္ဖက္ခံစစ္ေရွ႕ Final Third Zone မွာ ေဘာလုံးျဖန႔္ေဝမႈ အားနည္းတာျဖစ္ၿပီး ေတာင္ပံသမားေတြျဖစ္တဲ့ ေခ်းဝဲလ္နဲ႔ အက္ဇ္ပီလီေကြတာတို႔ မၾကာခဏ ျပန္တုံ႔ၿပီး အလုပ္မျဖစ္ခဲ့သလို အရင္ပြဲကအတိုင္း သုံးေယာက္တန္းခံစစ္မွာ သုံးတဲ့ ရီးစ္ဂ်ိမ္းစ္ကလည္း အသင္းေဟာင္းကို ျပန္လည္ရင္ဆိုင္တဲ့ ထရာအိုေရးကို မႏိုင္ခဲ့ဘဲ မၾကာခဏ လြတ္ေနခဲ့တာပါ။

ေမဆန္ေမာင့္၊ ေခ်းလ္ဝဲလ္၊ ဗာနာတို႔ကေတာ့ ဗီလာဂိုးသမား မာတီနက္ဇ္ကို ပညာစမ္း႐ုံေလာက္ပဲ လုပ္ႏိုင္ခဲ့ၿပီး ထိထိေရာက္ေရာက္ မၿခိမ္းေျခာက္ႏိုင္ခဲ့သလို ဗီလာဘက္က ထရာအိုေရးနဲ႔ မက္ဂင္းတို႔ရဲ႕ တန္ျပန္ထိုးေဖာက္မႈေတြကေတာ့ ဂိုးေဘးက လြဲခဲ့တာေၾကာင့္ ဂိုးသမား မန္ဒီဆီ မေရာက္ဘဲ ပြဲျပတ္သြားခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၄၃ မိနစ္မွာ ဂိုးသြင္းခြင့္အနည္းငယ္သာ ရွာေဖြႏိုင္တဲ့ အိမ္ရွင္ ဗီလာတို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၿပီး ေထာင့္ကန္ေဘာကေန တားဂက္ အနိမ့္ေဘာကန္ပို႔ေပးတာကို ထရာအိုေရးက ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ မထင္မွတ္တဲ့ အေပၚေထာင့္နားကို ဝင္သြားခဲ့လို႔ ဂိုးသမား မန္ဒီ မကာကြယ္ႏိုင္ခဲ့ဘဲ ပထမပိုင္းမွာ ခ်ဲလ္ဆီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရႈံးနိမ့္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ ထရာအိုေရးရဲ႕ ဂိုးကို ကာကြယ္ဖို႔ ႀကိဳးစားရင္း ဂိုးတိုင္နဲ႔ ေဆာင့္မိၿပီး ဒဏ္ရာရသြားတဲ့ ဂိုးသမား မန္ဒီအစား ကီပါ ဝင္ကစားခဲ့ၿပီး ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ ဗာနာခ်ိဳးေပးတာကို ပူလီရွစ္ ေခ်ာ္ကန္ခဲ့ျပန္သလို ပိုဆိုးခဲ့တာကေတာ့ ပြဲခ်ိန္ ၅၁ မိနစ္မွာ ေဘာလုံးယူဖို႔ ႀကိဳးစားခဲ့တဲ့ ထရာအိုေရးကို ဧရိယာထဲမွာ ေဂ်ာ္ဂ်င္ညိဳက ေခ်ာ္ၿပီး နင္းမိခဲ့တာပါ။

ဒီအေနအထားမွာ ဒိုင္လူႀကီး စတူးဝပ္ အက္ထ္ဝဲလ္ကေတာ့ ပင္နယ္တီ သတ္မွတ္ေပးသြားခဲ့ၿပီး ဒီအခြင့္အေရးကိုေတာ့ ဗီလာရဲ႕ ပင္နယ္တီ ေတြကို ဒိုင္ခံကန္သြင္းသူျဖစ္တဲ့ ဒတ္ခ်္လက္ေ႐ြးစင္ အယ္လ္ဂါဇီက ကီပါကို ညာဘက္ကို ဒိုက္ပစ္ေစခဲ့သလို သူက တျခားဘက္ကို ကန္သြင္းၿပီး အိမ္ရွင္ေတြကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေစႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္က ဗာနာရဲ႕ ေခ်ပဂိုးမွာ အက္ဇ္ပီလီေကြတာ လူအနည္းငယ္ကြၽံေနတာေၾကာင့္ ပယ္ဖ်က္ခံခဲ့ရၿပီး ဒီေနာက္ပိုင္းမွာေတာ့ ဇီးယက္ရွ္နဲ႔ ဟာဗတ္ဇ္တို႔ကို ေဂ်ာ္ဂ်င္ညိဳနဲ႔ ကိုဗာခ်စ္တို႔အစား ထည့္ကစားခဲ့ေပမယ့္ ဗီလာေနာက္တန္းနဲ႔ ဂိုးသမားကို မေက်ာ္ျဖတ္ႏိုင္ဘဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္မိနစ္ ၇၀ မွာေတာ့ ဟာဗတ္ဇ္ရဲ႕ ကန္ခ်က္ ျပန္ထြက္လာရာကေန ေနာက္တစ္ႀကိမ္ တိုက္စစ္ဆင္ခဲ့ၾကရာမွာ ညာျခမ္းက ပူလီရွစ္ခ်္ရဲ႕ ျဖတ္တင္ေဘာကို ေခ်းလ္ဝဲလ္က ကန္သြင္းႏိုင္ခဲ့ၿပီး ဂိုးသမား ပုတ္ထုတ္ခဲ့ေပမယ့္ ဂိုးစည္းကို ေက်ာ္လြန္သြားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့ပါတယ္။

ပြဲခ်ိန္ ၈၇ မိနစ္မွာ ေခ်းလ္ဝဲလ္ ဒုတိယဂိုးရဖို႔ နီးစပ္ခဲ့ေပမယ့္ ဗီလာဂိုးသမား မာတီနက္ဇ္ ကာကြယ္သြားခဲ့သလို ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ VAR ေခတ္မွာ ဂရီးလစ္ရွ္ရဲ႕ မ်က္ႏွာကို လက္နဲ႔ခိုး႐ိုက္တဲ့ အက္ဇ္ပီလီေကြတာ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီး တစ္ဖက္အသင္းေခါင္းေဆာင္အေနနဲ႔ အဝင္ၾကမ္းခဲ့ေပမယ့္ စပိန္သားကပၸတိန္ဟာ လက္ပတ္ကို ေထာက္ၿပီး သူ႔ရဲ႕ အျပဳအမူကို ထိန္းသိမ္းခဲ့သင့္တာလည္းျဖစ္ပါတယ္။

ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ၿပီးဆုံးသြားခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ တစ္ဖက္မွာ ကစားေနတဲ့ လက္စတာနဲ႔ စပါးစ္တို႔ပြဲစဥ္မွာ စပါးစ္ရဲ႕အႏိုင္ေသခ်ာေစဖို႔ ေစာင့္ဆိုင္းခဲ့ၾကရၿပီး ေလးဂိုး-ႏွစ္ဂိုးနဲ႔ လက္စတာတို႔ အိမ္ကြင္းရႈံးပြဲေတြ႕ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ အဆင့္ ၄ ေနရာက ရာသီသိမ္းႏိုင္ခဲ့သလို ေနာက္ဆုံးမွာ သက္ျပင္းခ်ႏိုင္ခဲ့ၾကၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ကစားခြင့္ကို တူဟယ္လ္တစ္ေယာက္ ဆုပ္ကိုင္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.