Match Report Premier League

မျှော်လင့်ထားတဲ့ ရလဒ်ကို တိတိကျကျ ယူဆောင်ပေးပြီး အဆင့် ၃ နဲ့ ရာသီသိမ်းတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ချန်ပီယံလိဂ်ကစားခွင့်အတွက် ပုံစံကောင်းရနေတဲ့ အသင်းရဲ့ Form ကို ထိန်းသိမ်းပြီး ပရိသတ်တွေ လိုချင်နေတဲ့ ရလဒ်ကို အမှားအယွင်းမရှိ ယူဆောင်ပေးနိုင်ဖို့ ပြင်ဆင်လာခဲ့သလို အသင်းလိုက်စည်းလုံးမှုကို ထိန်းသိမ်းပြီး ဘန်လေကို အနိုင်ရတဲ့ လူစာရင်းကိုပဲ အပြောင်းအလဲမရှိ သုံးစွဲလာခဲ့ပါတယ်။

ပွဲချိန် ၄ မိနစ်မှာ လူကျွံဘောဖမ်းကစားရာကနေ လွတ်ထွက်သွားတဲ့ ဇာဟာက အယ်လစ်ဆန်ကို စတင်ခြိမ်းခြောက်ခဲ့ပေမယ့် ကာကွယ်နိုင်ခဲ့သလို နှစ်မိနစ်အကြာမှာလည်း တောင်းဆန်းရဲ့ ဖရီးကစ်ကို ဘရာဇီးလ်ဂိုးသမားကပဲ ဂိုးဘားပေါ်ကျော်ပြီး ပုတ်ထုတ်ခဲ့ရပါတယ်။

လီဗာပူးလ်ခံစစ်ကတော့ Sale Promoter တွေလို အရောင်းကြမ်းနေပြီး ပွဲချိန် ၁၄ မိနစ်မှာ လူပေးမှားခဲ့တာကို တောင်းဆန်းရဲ့ ကန်ချက် တိုင်ဘေးက လွဲချော်သွားခဲ့လို့သာ သက်သာခဲ့ရပြီး တိုက်စစ်ကတော့ ဂိုးပေါက်မတည့်ဘဲသာ ခြိမ်းခြောက်နေခဲ့သလို ပွဲချိန် မိနစ် ၂၀ မှာ ကော်နာကနေ တစ်ယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ရတာကို ရီးစ် ဝီလီယမ်စ် ဘားပေါ်ကျော်တိုက်ခဲ့တာပါ။

ပွဲချိန် ၂၁ မိနစ်နဲ့ ၂၂ မိနစ်တွေမှာ ညာခြမ်းကနေ ဆာလားက နှစ်ကြိမ်ဖြုန်းခဲ့သလို ၃၁ မိနစ်မှာလည်း သူပေးတာကို မာနေးက ထောင်ကန် ပစ်ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်မှာမှ ထောင့်ကန်ဘောက ကျလာတဲ့ ဘောလုံးက ဖာမီနိုထိန်းတာ လွတ်ထွက်ပြီး ရှေ့ရောက်လာတာကို ဆီနီဂေါသားက အနီးကပ် ကန်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ အိမ်ကွင်းမှာ စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

တိုက်စစ်က ဂိုးသွင်းခွင့်တွေကို ဆက်လက်ဖြုန်းတီးခဲ့အပြီး ပထမပိုင်းကို လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့သလို ဒုတိယပိုင်းမှာတော့ ချန်ပီယံလိဂ်အတွက် လိုအပ်တဲ့ သုံးမှတ်ကို ထိန်းသိမ်းနိုင်ဖို့ သတိထားကစားခဲ့ပြီး ရွှေဖိနပ်မလိုချင်တော့တဲ့ ဆာလားကတော့ ဂိုးသွင်းဖို့ နေရာယူမှုတွေမှာပါ ဆိုးရွားနေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ လီဗာပူးလ်တို့ ဒုတိယဂိုး ထပ်ရခဲ့ပြီး ဒီဂိုးကိုတော့ ညာခြမ်းတောက်လျှောက် ကောင်တာ ဆွဲပြေးသွားခဲ့တဲ့ ဆာလားက အတွင်းကို ပြန်ဝင်ပြီး ဘယ်ခြမ်းက လိုက်လာတဲ့ မာနေးကို ပေးရာမှာ သူ့ရဲ့ ဒုတိယဂိုးအဖြစ် ကန်သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ဆာလားရဲ့ ကန်ချက်တစ်ကြိမ် ဘေးချော်ခဲ့သလို မာနေးရဲ့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေး ပယ်ချခံခဲ့ရပြီး ပဲလေ့စ်ဘက်က ကေးဟေးလ်ရဲ့ ခေါင်းတိုက်ချက်ကိုတော့ အယ်လစ်ဆန် ကာကွယ်နိုင်ခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ပဲ လီဗာပူးလ်တို့ အန်းဖီးလ်မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

တိုက်စစ်မှူး မိုဟာမက် ဆာလားကတော့ သူနဲ့တကွ အသင်းဖော်တွေရဲ့ ဂိုးကန်ခွင့် ၁၉ ကြိမ်မှာ ၅ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တဲ့ စွမ်းဆောင်ရည်နဲ့အတူ ပရီးမီးယားလိဂ်ရွှေဖိနပ်ကို လက်စတာဘက်ကို တစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပြိုင်ဘက်တိုက်စစ်မှူး ဟာရီကိန်းဆီ လွှဲပြောင်းပေးခဲ့ရပြီး ၂၂ ဂိုးနဲ့ ဒုတိယနေရာကပဲ ကျေနပ်ခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် လီဗာပူးလ်တို့ ရမှတ် ၆၉ မှတ်နဲ့အတူ ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ ချဲလ်ဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး အဆင့်သုံးနေရာက ရာသီသိမ်းပြီး အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရည်မှန်းချက်ကို အမှားအယွင်းမရှိ ရယူနိုင်ခဲ့သလို ဒဏ်ရာတွေ ဗရပွနဲ့ ခံစစ်ကို ရှိတဲ့လူနဲ့ ကျားကန်ပြီး နောက်ဆုံးငါးပွဲမှာ ၁၅ မှတ် ရှာဖွေပေးခဲ့တဲ့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ဦးဆောင်မှုနဲ့အတူ လာမယ့်ရာသီအတွက် မျက်နှာပန်းလှနိုင်ခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ခ်န္ပီယံလိဂ္ကစားခြင့္အတြက္ ပုံစံေကာင္းရေနတဲ့ အသင္းရဲ႕ Form ကို ထိန္းသိမ္းၿပီး ပရိသတ္ေတြ လိုခ်င္ေနတဲ့ ရလဒ္ကို အမွားအယြင္းမရွိ ယူေဆာင္ေပးႏိုင္ဖို႔ ျပင္ဆင္လာခဲ့သလို အသင္းလိုက္စည္းလုံးမႈကို ထိန္းသိမ္းၿပီး ဘန္ေလကို အႏိုင္ရတဲ့ လူစာရင္းကိုပဲ အေျပာင္းအလဲမရွိ သုံးစြဲလာခဲ့ပါတယ္။

ပြဲခ်ိန္ ၄ မိနစ္မွာ လူကြၽံေဘာဖမ္းကစားရာကေန လြတ္ထြက္သြားတဲ့ ဇာဟာက အယ္လစ္ဆန္ကို စတင္ၿခိမ္းေျခာက္ခဲ့ေပမယ့္ ကာကြယ္ႏိုင္ခဲ့သလို ႏွစ္မိနစ္အၾကာမွာလည္း ေတာင္းဆန္းရဲ႕ ဖရီးကစ္ကို ဘရာဇီးလ္ဂိုးသမားကပဲ ဂိုးဘားေပၚေက်ာ္ၿပီး ပုတ္ထုတ္ခဲ့ရပါတယ္။

လီဗာပူးလ္ခံစစ္ကေတာ့ Sale Promoter ေတြလို အေရာင္းၾကမ္းေနၿပီး ပြဲခ်ိန္ ၁၄ မိနစ္မွာ လူေပးမွားခဲ့တာကို ေတာင္းဆန္းရဲ႕ ကန္ခ်က္ တိုင္ေဘးက လြဲေခ်ာ္သြားခဲ့လို႔သာ သက္သာခဲ့ရၿပီး တိုက္စစ္ကေတာ့ ဂိုးေပါက္မတည့္ဘဲသာ ၿခိမ္းေျခာက္ေနခဲ့သလို ပြဲခ်ိန္ မိနစ္ ၂၀ မွာ ေကာ္နာကေန တစ္ေယာက္တည္း လြတ္လြတ္ကြၽတ္ကြၽတ္ ေခါင္းတိုက္ရတာကို ရီးစ္ ဝီလီယမ္စ္ ဘားေပၚေက်ာ္တိုက္ခဲ့တာပါ။

ပြဲခ်ိန္ ၂၁ မိနစ္နဲ႔ ၂၂ မိနစ္ေတြမွာ ညာျခမ္းကေန ဆာလားက ႏွစ္ႀကိမ္ျဖဳန္းခဲ့သလို ၃၁ မိနစ္မွာလည္း သူေပးတာကို မာေနးက ေထာင္ကန္ ပစ္ခဲ့ၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာမွ ေထာင့္ကန္ေဘာက က်လာတဲ့ ေဘာလုံးက ဖာမီႏိုထိန္းတာ လြတ္ထြက္ၿပီး ေရွ႕ေရာက္လာတာကို ဆီနီေဂါသားက အနီးကပ္ ကန္သြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ အိမ္ကြင္းမွာ စတင္ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

တိုက္စစ္က ဂိုးသြင္းခြင့္ေတြကို ဆက္လက္ျဖဳန္းတီးခဲ့အၿပီး ပထမပိုင္းကို လီဗာပူးလ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့သလို ဒုတိယပိုင္းမွာေတာ့ ခ်န္ပီယံလိဂ္အတြက္ လိုအပ္တဲ့ သုံးမွတ္ကို ထိန္းသိမ္းႏိုင္ဖို႔ သတိထားကစားခဲ့ၿပီး ေ႐ႊဖိနပ္မလိုခ်င္ေတာ့တဲ့ ဆာလားကေတာ့ ဂိုးသြင္းဖို႔ ေနရာယူမႈေတြမွာပါ ဆိုး႐ြားေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ တန္ျပန္တိုက္စစ္ကေန လီဗာပူးလ္တို႔ ဒုတိယဂိုး ထပ္ရခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းေတာက္ေလွ်ာက္ ေကာင္တာ ဆြဲေျပးသြားခဲ့တဲ့ ဆာလားက အတြင္းကို ျပန္ဝင္ၿပီး ဘယ္ျခမ္းက လိုက္လာတဲ့ မာေနးကို ေပးရာမွာ သူ႔ရဲ႕ ဒုတိယဂိုးအျဖစ္ ကန္သြင္းယူသြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ဆာလားရဲ႕ ကန္ခ်က္တစ္ႀကိမ္ ေဘးေခ်ာ္ခဲ့သလို မာေနးရဲ႕ ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရး ပယ္ခ်ခံခဲ့ရၿပီး ပဲေလ့စ္ဘက္က ေကးေဟးလ္ရဲ႕ ေခါင္းတိုက္ခ်က္ကိုေတာ့ အယ္လစ္ဆန္ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ပဲ လီဗာပူးလ္တို႔ အန္းဖီးလ္မွာ ေအာင္ပြဲခံႏိုင္ခဲ့ပါတယ္။

တိုက္စစ္မႉး မိုဟာမက္ ဆာလားကေတာ့ သူနဲ႔တကြ အသင္းေဖာ္ေတြရဲ႕ ဂိုးကန္ခြင့္ ၁၉ ႀကိမ္မွာ ၅ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တဲ့ စြမ္းေဆာင္ရည္နဲ႔အတူ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ကို လက္စတာဘက္ကို တစ္ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ၿပိဳင္ဘက္တိုက္စစ္မႉး ဟာရီကိန္းဆီ လႊဲေျပာင္းေပးခဲ့ရၿပီး ၂၂ ဂိုးနဲ႔ ဒုတိယေနရာကပဲ ေက်နပ္ခဲ့ရပါတယ္။

ဒီႏိုင္ပြဲေၾကာင့္ လီဗာပူးလ္တို႔ ရမွတ္ ၆၉ မွတ္နဲ႔အတူ ဗီလာကို ရႈံးနိမ့္ခဲ့တဲ့ ခ်ဲလ္ဆီးကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး အဆင့္သုံးေနရာက ရာသီသိမ္းၿပီး အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရည္မွန္းခ်က္ကို အမွားအယြင္းမရွိ ရယူႏိုင္ခဲ့သလို ဒဏ္ရာေတြ ဗရပြနဲ႔ ခံစစ္ကို ရွိတဲ့လူနဲ႔ က်ားကန္ၿပီး ေနာက္ဆုံးငါးပြဲမွာ ၁၅ မွတ္ ရွာေဖြေပးခဲ့တဲ့ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ လာမယ့္ရာသီအတြက္ မ်က္ႏွာပန္းလွႏိုင္ခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.