Premier League Transfer News

23 May နောက်ဆုံးရ လီဗာပူးလ်သတင်းများ စုစည်းမှု

မိုဆာလားနဲ့ ဟာရီကိန်းတို့ရဲ့ ရွှေဖိနပ်ဆုလုပွဲဟာ လီဗာပူးလ်ရဲ့ ချန်ပီယံလိဂ်တနေရာစာအတွက် အမြတ်ထွက်လာဖွယ် ရှိနေပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ၃ ​ဆုရှင်ဖြစ်လာဖို့ အီဂျစ်သားကို အားပြိုင်မယ့် ကိန်းက နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး လက်စတာကို ဂိုးမိုးရွာမယ်လို့ ယူဆခံထားရ။

နည်းပြလိုင်စင်ကို သက်တမ်းအသစ်တိုးဖို့ ယူအီးအက်ဖ်အေရဲ့ အကြောင်းကြားခြင်းခံထားရတဲ့ လီဗာပူးလ်နည်းပြကလော့ပ်အနေနဲ့ ဒီလုပ်ရပ်ကို အလွန်အမင်း အံ့အားသင့်နေတယ်လို့ သိရပြီး ဇန်နဝါရီမှာ မိခင်ရဲ့နာရေးကိုလည်း မတက်ရောက်နိုင်ခဲ့သလို အသင်းကို အဆင့် ၄ အတွက် ရုန်းကန်နေချိန်မှာ ဘဝရဲ့အကြမ်းတမ်းဆုံးနှစ်တနှစ်ကို ရင်ဆိုင်နေရပြီလို့ ညည်းတွားသွား။

ဒီညပွဲစဥ်တွေအပြီးမှာ လီဗာပူးလ်အနေနဲ့ ချယ်လ်ဆီးရော လက်စတာနဲ့ပါ ရမှတ်တူ၊ သွင်းဂိုးတူ၊ ဂိုးကွာခြားချက်ချင်းတူနေခဲ့ရင်တောင်မှ အဆိုပါ နှစ်သင်းစလုံးနဲ့ ထိပ်တိုက်တွေ့ဆုံမှု ၂ ကျော့မှာ တပွဲစီနိုင်၊ တပွဲစီရှုံးထားတဲ့ ကလော့ပ်တို့အုပ်စုက အဝေးကွင်းပိုသွင်းထားနိုင်လို့ ချန်ပီယံလိဂ်တနေရာစာအတွက် အသာစီးယူနိုင်ဖို့ရှိနေ။

လီဗာပူးလ်နည်းပြကလော့ပ်အနေနဲ့ ပဲလေ့စ်နဲ့ပွဲလူစာရင်းမှာ အိုဇန် ကာဘက်နဲ့ ဂျိုတာတို့ကို ကြံ့ခိုင်မှုပြည့်ဝနေရင်တောင်မှ ထည့်သွင်းကစားစေမှာ မဟုတ်ဘူးလို့ အံ့အားသင့်ဖွယ် သိရပြီး ဘန်လေကို အနိုင်ကန်ခဲဲ့တဲ့ တူညီတဲ့လူစာရင်းကိုသာ သုံးစွဲသွားဖွယ်ရှိ။

ပြီးခဲ့တဲ့ သောကြာနေ့က လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကို အသင်းဖော်တွေနဲ့အတူ ပြန်လည်တွေ့မြင်ခဲ့ရပြီး နေ့လည်ပိုင်းထရိန်နင်မှာ ဝင်ရောက်ပူးပေါင်းခဲ့ကြောင်း သိရသလို ပဲလေ့စ်နဲ့ပွဲကိုတော့ ဝင်ကစားနိုင်ခြေနည်းပါးလွန်းနေ။

ဒီနေ့ညဟာ လီဗာပူးလ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို အဆုံးအဖြတ်ပေးမယ့်ညဖြစ်ပြီး နောက်ဆုံးမိနစ်အထိ ဇာတ်လမ်းအချိုးအကွေ့တွေ့နဲ့ ရင်ခုန်စိတ်လှုပ်ရှားရဖို့ ရှိနေချိန်မှာ ပဲလေ့စ်အဓိကလူတွေဖြစ်တဲ့ ဘန်တီကီ၊ ဆာခို၊ ဝစ်ခ်ဟမ်းနဲ့ မီလီဗိုယေဗစ်ချ်တို့ လွဲချော်ဦးမှာဖြစ်လို့ သတင်းကောင်းဖြစ်လာ။

အန်ဖီးလ်ကွင်းထဲကို တကျော့ပြန်ရောက်ရှိလာမယ့် ပရိသတ် ၁ သောင်းကျော်ကို မြင်တွေ့ချင်လွန်းလို့ မစောင့်နိုင်လောက်အောင် ဖြစ်နေမိတယ်လို့ ကလော့ပ်က ပဲလေ့စ်နဲ့ပွဲကြိုမှာ ရင်ဖွင့်သွားခဲ့ပြီး မစ်ဒယ်ဘရော့ကိုသွင်းတဲ့ ဗိုင်နယ်ဒမ်ရဲ့ဂိုးကြောင့် မိမိအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ဖူးသလို ဒီညမှာလည်း ထပ်တူလုပ်ပြနိုင်မယ်လို့ ယုံကြည်ထား။.

ဘာစီလိုနာရဲ့ ပြင်သစ်စတားကြီး ဂရိဇ်မန်းကို လီဗာပူးလ်အသင်းက ပေါင် ၄၃ သန်းနဲ့ ခေါ်ယူမယ်လို့ သတင်းတွေတောက်လျှောက်ပြေးနေတာဖြစ်ပြီး ငွေလိုနေတဲ့ ကတ်တလန်အသင်းက ရာသီကုန်မှာ သူ့ကို သေချာပေါက်ရောင်းထုတ်လိုနေသလို ပရီးမီးယားလိဂ်ဖလားကို နောက်တကြိမ် ကိုင်မြှောင်ချင်နေတဲ့ လီဗာပူးလ်ရဲ့ အစီအမံလည်းဖြစ်နေ။

ယူနိုက်တက်နည်းပြဟောင်းကြီး ဖာဂူဆန်ဟာ အဝေးကွင်းသွားကစားတိုင်း အန်ဖီးလ်ရဲ့ ပရိသတ်အင်အားကို ကြောက်အားပိုခဲ့ရတာလို့ ဝန်ခံသွားခဲ့ပြီး အန်ဖီးလ်လူထုရဲ့ ပေါက်ကွဲအားဟာ ယူနိုက်တက်ကစားသမားတွေကိုပါ ကြောက်စိတ်ကူးစက်စေမှာဟာ ဖာဂူဆန် အမြဲစိုးရိမ်နေခဲ့ရတဲ့ ပြဿနာဖြစ်တယ်လို့ ဂယ်ရီ နဗီးလ်ကပါ ပြောကြားသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မိုဆာလားနဲ႔ ဟာရီကိန္းတို႔ရဲ႕ ေ႐ႊဖိနပ္ဆုလုပြဲဟာ လီဗာပူးလ္ရဲ႕ ခ်န္ပီယံလိဂ္တေနရာစာအတြက္ အျမတ္ထြက္လာဖြယ္ ရွိေနၿပီး ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆု ၃ ​ဆုရွင္ျဖစ္လာဖို႔ အီဂ်စ္သားကို အားျပဳိင္မယ့္ ကိန္းက ေနာက္ဆုံးပိတ္ အိတ္နဲ႔လြယ္ၿပီး လက္စတာကို ဂိုးမိုး႐ြာမယ္လို႔ ယူဆခံထားရ။

နည္းျပလိုင္စင္ကို သက္တမ္းအသစ္တိုးဖို႔ ယူအီးအက္ဖ္ေအရဲ႕ အေၾကာင္းၾကားျခင္းခံထားရတဲ့ လီဗာပူးလ္နည္းျပ ကေလာ့ပ္အေနနဲ႔ ဒီလုပ္ရပ္ကို အလြန္အမင္း အံ့အားသင့္ေနတယ္လို႔ သိရၿပီး ဇန္နဝါရီမွာ မိခင္ရဲ႕နာေရးကိုလည္း မတက္ေရာက္ႏိုင္ခဲ့သလို အသင္းကို အဆင့္ ၄ အတြက္ ႐ုန္းကန္ေနခ်ိန္မွာ ဘဝရဲ႕အၾကမ္းတမ္းဆုံး ႏွစ္တႏွစ္ကို ရင္ဆိုင္ေနရၿပီလို႔ ညည္းတြားသြား။

ဒီညပြဲစဥ္ေတြအၿပီးမွာ လီဗာပူးလ္အေနနဲ႔ ခ်ယ္လ္ဆီးေရာ လက္စတာနဲ႔ပါ ရမွတ္တူ၊ သြင္းဂိုးတူ၊ ဂိုးကြာျခားခ်က္ခ်င္းတူေနခဲ့ရင္ေတာင္မွ အဆိုပါ ႏွစ္သင္းစလုံးနဲ႔ ထိပ္တိုက္ေတြ႕ဆုံမႈ ၂ ေက်ာ့မွာ တပြဲစီႏိုင္၊ တပြဲစီရႈံးထားတဲ့ ကေလာ့ပ္တို႔အုပ္စုက အေဝးကြင္းပိုသြင္းထားႏိုင္လို႔ ခ်န္ပီယံလိဂ္တေနရာစာအတြက္ အသာစီးယူႏိုင္ဖို႔ရွိေန။

လီဗာပူးလ္နည္းျပကေလာ့ပ္အေနနဲ႔ ပဲေလ့စ္နဲ႔ပြဲလူစာရင္းမွာ အိုဇန္ ကာဘက္နဲ႔ ဂ်ိဳတာတို႔ကို ႀကံ့ခိုင္မႈျပည့္ဝေနရင္ေတာင္မွ ထည့္သြင္းကစားေစမွာ မဟုတ္ဘူးလို႔ အံ့အားသင့္ဖြယ္ သိရၿပီး ဘန္ေလကို အႏိုင္ကန္ခဲဲ့တဲ့ တူညီတဲ့လူစာရင္းကိုသာ သုံးစြဲသြားဖြယ္ရွိ။

ၿပီးခဲ့တဲ့ေသာၾကာေန႔က လီဗာပူးလ္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ အသင္းေခါင္းေဆာင္ဟန္ဒါဆန္ကို အသင္းေဖာ္ေတြနဲ႔အတူ ျပန္လည္ေတြ႕ျမင္ခဲ့ရၿပီး ေန႔လည္ပိုင္း ထရိန္နင္မွာ ဝင္ေရာက္ပူးေပါင္းခဲ့ေၾကာင္း သိရသလို ပဲေလ့စ္နဲ႔ပြဲကိုေတာ့ ဝင္ကစားႏိုင္ေျခနည္းပါးလြန္းေန။

ဒီေန႔ညဟာ လီဗာပူးလ္အသင္းရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို အဆုံးအျဖတ္ေပးမယ့္ညျဖစ္ၿပီး ေနာက္ဆုံးမိနစ္အထိ ဇာတ္လမ္းအခ်ိဳးအေကြ႕ေတြ႕နဲ႔ ရင္ခုန္စိတ္လႈပ္ရွားရဖို႔ ရွိေနခ်ိန္မွာ ပဲေလ့စ္အဓိကလူေတြျဖစ္တဲ့ ဘန္တီကီ၊ ဆာခို၊ ဝစ္ခ္ဟမ္းနဲ႔ မီလီဗိုေယဗစ္ခ်္တို႔ လြဲေခ်ာ္ဦးမွာျဖစ္လို႔ သတင္းေကာင္းျဖစ္လာ။

အန္ဖီးလ္ကြင္းထဲကို တေက်ာ့ျပန္ေရာက္ရွိလာမယ့္ ပရိသတ္ ၁ ေသာင္းေက်ာ္ကို ျမင္ေတြ႕ခ်င္လြန္းလို႔ မေစာင့္ႏိုင္ေလာက္ေအာင္ ျဖစ္ေနမိတယ္လို႔ ကေလာ့ပ္က ပဲေလ့စ္နဲ႔ပြဲႀကိဳမွာ ရင္ဖြင့္သြားခဲ့ၿပီး မစ္ဒယ္ဘေရာ့ကိုသြင္းတဲ့ ဗိုင္နယ္ဒမ္ရဲ႕ဂိုးေၾကာင့္ မိမိအသင္း ခ်န္ပီယံလိဂ္ဝင္ခြင့္ရခဲ့ဖူးသလို ဒီညမွာလည္း ထပ္တူလုပ္ျပႏိုင္မယ္လို႔ ယုံၾကည္ထား။.

ဘာစီလိုနာရဲ႕ ျပင္သစ္စတားႀကီး ဂရိဇ္မန္းကို လီဗာပူးလ္အသင္းက ေပါင္ ၄၃ သန္းနဲ႔ ေခၚယူမယ္လို႔ သတင္းေတြေတာက္ေလွ်ာက္ေျပးေနတာျဖစ္ၿပီး ေငြလိုေနတဲ့ ကတ္တလန္အသင္းက ရာသီကုန္မွာ သူ႔ကို ေသခ်ာေပါက္ေရာင္းထုတ္လိုေနသလို ပရီးမီးယားလိဂ္ဖလားကို ေနာက္တႀကိမ္ ကိုင္ေျမႇာင္ခ်င္ေနတဲ့ လီဗာပူးလ္ရဲ႕ အစီအမံလည္းျဖစ္ေန။

ယူႏိုက္တက္နည္းျပေဟာင္းႀကီး ဖာဂူဆန္ဟာ အေဝးကြင္းသြားကစားတိုင္း အန္ဖီးလ္ရဲ႕ ပရိသတ္အင္အားကို ေၾကာက္အားပိုခဲ့ရတာလို႔ ဝန္ခံသြားခဲ့ၿပီး အန္ဖီးလ္လူထုရဲ႕ ေပါက္ကြဲအားဟာ ယူႏိုက္တက္ကစားသမားေတြကိုပါ ေၾကာက္စိတ္ကူးစက္ေစမွာဟာ ဖာဂူဆန္ အၿမဲစိုးရိမ္ေနခဲ့ရတဲ့ ျပႆနာျဖစ္တယ္လို႔ ဂယ္ရီ နဗီးလ္ကပါ ေျပာၾကားသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.