Bundesliga Premier League Serie A Transfer News

႐ိုင္ယိုလာကို မခ်စ္ေပမယ့္လည္း ေအာင့္ကာနမ္းေနဦးမယ့္ မန္ခ်က္စတာယူႏုိက္တက္

ကြင္းလယ္လူ ေပါလ္ ေပါ့ဘာနဲ႔ အသင္းၾကားမွာ ခေလာက္ဆန္ေနခဲ့တဲ့ အီတလီေအးဂ်င့္ မီႏို ႐ိုင္ယိုလာနဲ႔ ဆက္ဆံေရးမွာ အဖုအထစ္ေတြ ရွိေနေပမယ့္ သူ႕ရဲ႕ကစားသမားေတြက မန္ခ်က္စတာယူႏုိက္တက္အတြက္ေတာ့ ဆြဲေဆာင္မွဳရွိေနခဲ့လို႔ မခ်စ္ေပမယ့္လည္း ေအာင့္ကာနမ္းရဦးမယ့္ သေဘာနဲ႔ ဆက္ၿပီး ဆက္ဆံသြားရဖို႔ ရွိေနပါတယ္။

ေအးဂ်င့္ကို မုန္းတဲ့ ပရိသတ္ေတြအတြက္ေတာ့ စိတ္ပ်က္စရာျဖစ္ေပမယ့္ သူ႕ရဲ႕ ကစားသမားေကာင္းေတြျဖစ္ၾကတဲ့ ဂ်ဴဗင္တပ္စ္ေနာက္ခံလူ မက္သစ္ ဒီလစ္ခ်္နဲ႔ ေဒါ့မြန္တုိက္စစ္မွဴး အာလင္း ဟားလန္းတုိ႔ကို ရရွိမယ္ဆိုရင္ေတာ့ ေက်နပ္စရာျဖစ္ႏိုင္ၿပီး တစ္နည္းအားျဖင့္ ကစားသမားေတြကို စည္း႐ုံးႏုိင္ခဲ့ရင္ ႐ိုင္ယိုလာအေနနဲ႔လည္း သူရရွိမယ့္ ေကာ္မရွင္အတြက္ ေျပေျပလည္လည္ဆက္ဆံလာႏုိင္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ အာလင္း ဟားလန္းကို ေခၚယူဖို႔ ဘယ္တုန္းကမွ လက္မေလွ်ာ့ခဲ့ဘူးလို႔ သိရၿပီး ေဆာင္းရာသီက စာခ်ဳပ္ဖ်က္သိမ္းေၾကး ၁၇ သန္းကို အသုံးမခ်ႏုိင္ခဲ့ေပမယ့္ သူတုိ႔နဲ႔ ဆက္ဆံေရးေကာင္းေတြ ရွိထားခဲ့တဲ့ ေဒါ့မြန္ရဲ႕ ေပါင္ ၆၃ သန္းတန္ ေလ်ာ္ေၾကးကိုေတာ့ ထပ္ၿပီး အသုံးျပဳသြားဖို႔ ရွိေနတယ္လို႔လည္း အေျပာင္းအေရႊ႕ကၽြမ္းက်င္သူေတြက ဆုိပါတယ္။

ဒါ့အျပင္ ဂ်ဴဗင္တပ္စ္အသင္းမွာ ႐ုန္းကန္ေနရတဲ့ ႐ိုင္ယိုလာရဲ႕ ေနာက္ထပ္ကစားသမားတစ္ဦးျဖစ္တဲ့ ဒီလစ္ခ်္ဟာလည္း ဟာရီ မက္ဂြဳိင္းယားအတြက္ေတာ့ စံျပတြဲဖက္တစ္ဦး ျဖစ္လာဖို႔ ရွိေနၿပီး ဝင္ေငြေတြ ေလ်ာ့က်ခဲ့လုိ႔ လစာျမင့္ကစားသမားေတြကို ေရာင္းထုတ္ႏုိင္ခ်ိန္မွာ တစ္ပတ္လုပ္ခ ေပါင္ ၂၆၅၀၀၀ ရရွိေနတဲ့ ဒတ္ခ်္လူငယ္ဟာလည္း တစ္ဦးအပါအဝင္ျဖစ္လာႏိုင္ပါတယ္။

မန္ခ်က္စတာယူႏုိက္တက္အေနနဲ႔ နည္းျပ အိုလီဂန္နာ ဆုိးလ္ရွားကို လာမယ့္အေျပာင္းအေရႊ႕အတြက္ အသုံးစရိတ္ ေပါင္သန္း ၂၅၀ ေလာက္ ခြင့္ျပဳေပးထားတယ္လုိ႔ သတင္းထြက္ေနၿပီး ဟားလန္းကို ေဈးမဆစ္ဘဲ ေခၚယူမယ္ဆုိရင္ ေဂ်ဒန္ ဆန္ခ်ဳိအတြက္ ေဒါ့မြန္နဲ႔ ေဈးညႇိဖို႔ ပုိမိုအဆင္ေျပသြားႏိုင္ၿပီး ဒီကစားသမားသုံးဦးလုံးအတြက္ အသုံးစရိတ္ လုံေလာက္ႏုိင္မယ္လို႔လည္း သုံးသပ္ရပါတယ္။

REF: FOOTBALL FAITHFUL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကွင်းလယ်လူ ပေါလ် ပေါ့ဘာနဲ့ အသင်းကြားမှာ ခလောက်ဆန်နေခဲ့တဲ့ အီတလီအေးဂျင့် မီနို ရိုင်ယိုလာနဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိနေပေမယ့် သူ့ရဲ့ကစားသမားတွေက မန်ချက်စတာယူနိုက်တက်အတွက်တော့ ဆွဲဆောင်မှုရှိနေခဲ့လို့ မချစ်ပေမယ့်လည်း အောင့်ကာနမ်းရဦးမယ့် သဘောနဲ့ ဆက်ပြီး ဆက်ဆံသွားရဖို့ ရှိနေပါတယ်။

အေးဂျင့်ကို မုန်းတဲ့ ပရိသတ်တွေအတွက်တော့ စိတ်ပျက်စရာဖြစ်ပေမယ့် သူ့ရဲ့ ကစားသမားကောင်းတွေဖြစ်ကြတဲ့ ဂျူဗင်တပ်စ်နောက်ခံလူ မက်သစ် ဒီလစ်ချ်နဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်း ဟားလန်းတို့ကို ရရှိမယ်ဆိုရင်တော့ ကျေနပ်စရာဖြစ်နိုင်ပြီး တစ်နည်းအားဖြင့် ကစားသမားတွေကို စည်းရုံးနိုင်ခဲ့ရင် ရိုင်ယိုလာအနေနဲ့လည်း သူရရှိမယ့် ကော်မရှင်အတွက် ပြေပြေလည်လည်ဆက်ဆံလာနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အာလင်း ဟားလန်းကို ခေါ်ယူဖို့ ဘယ်တုန်းကမှ လက်မလျှော့ခဲ့ဘူးလို့ သိရပြီး ဆောင်းရာသီက စာချုပ်ဖျက်သိမ်းကြေး ၁၇ သန်းကို အသုံးမချနိုင်ခဲ့ပေမယ့် သူတို့နဲ့ ဆက်ဆံရေးကောင်းတွေ ရှိထားခဲ့တဲ့ ဒေါ့မွန်ရဲ့ ပေါင် ၆၃ သန်းတန် လျော်ကြေးကိုတော့ ထပ်ပြီး အသုံးပြုသွားဖို့ ရှိနေတယ်လို့လည်း အပြောင်းအရွှေ့ကျွမ်းကျင်သူတွေက ဆိုပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းမှာ ရုန်းကန်နေရတဲ့ ရိုင်ယိုလာရဲ့ နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ဒီလစ်ချ်ဟာလည်း ဟာရီ မက်ဂွိုင်းယားအတွက်တော့ စံပြတွဲဖက်တစ်ဦး ဖြစ်လာဖို့ ရှိနေပြီး ဝင်ငွေတွေ လျော့ကျခဲ့လို့ လစာမြင့်ကစားသမားတွေကို ရောင်းထုတ်နိုင်ချိန်မှာ တစ်ပတ်လုပ်ခ ပေါင် ၂၆၅၀၀၀ ရရှိနေတဲ့ ဒတ်ချ်လူငယ်ဟာလည်း တစ်ဦးအပါအဝင်ဖြစ်လာနိုင်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားကို လာမယ့်အပြောင်းအရွှေ့အတွက် အသုံးစရိတ် ပေါင်သန်း ၂၅၀ လောက် ခွင့်ပြုပေးထားတယ်လို့ သတင်းထွက်နေပြီး ဟားလန်းကို ဈေးမဆစ်ဘဲ ခေါ်ယူမယ်ဆိုရင် ဂျေဒန် ဆန်ချိုအတွက် ဒေါ့မွန်နဲ့ ဈေးညှိဖို့ ပိုမိုအဆင်ပြေသွားနိုင်ပြီး ဒီကစားသမားသုံးဦးလုံးအတွက် အသုံးစရိတ် လုံလောက်နိုင်မယ်လို့လည်း သုံးသပ်ရပါတယ်။

REF: FOOTBALL FAITHFUL
PHOTOS CREDIT TO OWNERS
SPORTS A2Z.