Premier League

20 May ညနေခင်း နောက်ဆုံးရ ချယ်ဆီးအသင်း သတင်းများ စုစည်းမှု

လက်စတာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ အန်ဂိုလို ကွန်တေဟာ မန်စီးတီးနဲ့ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်တင်မက ယူရိုပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရဖွယ် ရှိနေလို့ ချယ်လ်ဆီးရော ပြင်သစ်အသင်းကပါ စိုးရိမ်ကြီးစွာ စောင့်ကြည့်နေကြပြီး တူဟယ်လ်ကတော့ သူပြန်ကောင်းလာမယ်လို့ အခိုင်အမာယုံကြည်နေ။

ချယ်လ်ဆီးနဲ့ ဒီရာသီဟာ မိမိရဲ့ စိတ်ပျက်စရာအကောင်းဆုံးနဲ့ ကံအဆိုးဆုံးရာသီဖြစ်ကြောင်း ညည်းတွားခဲ့တဲ့ တီမို ဗာနာဟာ လက်စတာနဲ့ပွဲက ပထမပိုင်းက သူ့ရဲ့ သွင်းဂိုး ၂ ဂိုးကို ခွင့်မပြုခဲ့လို့ စိတ်ညစ်နေမယ့်အစား ကွင်းထဲမှာ နေရာယူပါးနပ်အောင် အားထုတ်သင့်တယ်လို့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ကာလ်တန် ကိုးလ်တိုက်တွန်းသွား။

ပြာပုံထဲက နိုးထလာတဲ့ ချယ်လ်ဆီးအသင်းဟာ အခုလို ခမ်းနားတဲ့ရာသီတခုအဖြစ် အမြင့်ပျံချိန်မှာ တူဟယ်လ်ကို ကောင်းကောင်းကျေးဇူးတင်သင့်တယ်လို့ ယူဆခံထားရပြီး အသင်းရဲ့ Mission Impossible အဖြစ် ဂျာမန်သားကြီးက ချန်ပီယံလိဂ်ဖလားကို လန်ဒန်မြေကို သယ်ဆောင်လာလိမ့်မယ်လို့ ယုံကြည်ထားကြ။

ချယ်လ်ဆီးနဲ့ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်အတွက် မန်စီးတီးရဲ့ ဒဏ်ရာရကစားသမား ဂန်ဒိုဝမ် ​သေချာပေါက် ဝင်ကစားနိုင်တော့မယ်လို့ ဂျာမန်အားကစားဂျာနယ်လစ် ခရစ္စရှန်ဖော့ခ်က အတည်ပြုမှုက မန်စီးတီးအသင်းပရိသတ်တွေအတွက် ကြားချင်နေတဲ့ သတင်းကောင်းတပုဒ်ဖြစ်လာခဲ့ပေမယ့် ချယ်လ်ဆီးပရိသတ်တွေကတော့ ဒီသတင်း မမှန်ကန်ဖို့ မျှော်လင့်ထား။

ချန်ပီယံလိဂ်ဖိုင်နယ် ကျင်းပရာနေရာကို အစ္စတန်ဘူလ်ကနေ ပေါ်တိုမှာ ကစားဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့တဲ့နောက်မှာတော့ လေယာဥ်လတ်မှတ်ဖိုးတွေ စျေးခုန်တက်သွားခဲ့တာကြောင့် ချယ်လ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်နဲ့ မန်စီးတီးပိုင်ရှင် ရှိတ်ခ်မန်ဆော်တို့ဟာ ပရိသတ် ၁၂၀၀၀ အတွက် လေယာဥ်စရိတ်နဲ့ ခရီးစရိတ်တွေကို ကျခံပေးသွားမှာဖြစ်။

တံကောက်ကြောဒဏ်ရာရထားတဲ့ ခိုင်ဟာဗတ်ဇ်ဟာ လာမယ့် ဗီလာနဲ့ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ တူဟယ်က အတည်ပြုခဲ့ပြီး ဒီပွဲမတိုင်မီ နားရက် ၅ ရက်ရရှိထားမယ့် ဂျာမန်သားအပြင် အန်ဂိုလို ကွန်တေကိုလည်း ဒဏ်ရာအခြေအနေ မစိုးရိမ်ရတဲ့ သတင်းကောင်းဖြစ်လာဖို့ ပရိသတ်တွေ တောင့်တောင့်တတ မျှော်လင့်နေ။

ယူရို ၂၀၂၀ ပြိုင်ပွဲဝင်မယ့် စကော့တလန်လက်ရွေးစင်လူစာရင်းမှာ အင်္ဂလန်ပရီးမီယားလိဂ်က စီနီယာကစားသမားတွေဖြစ်တဲ့ အန်ဒီ ရော်ဘတ်ဆန်၊ ပေါလ် တီယာနေး၊ မက်တော်မီနေး၊ ဂျွန်မက်ဂင်းတို့နဲ့အတူ ချယ်လ်ဆီးကွင်းလယ်လူဘီလီ ဂီးလ်မိုး ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံထားရ။

လက်စတာနည်းပြရော့ဂျားစ်ဟာ ချယ်လ်ဆီးအသင်းမှာ တဟုန်ထိုးတိုးတက်လာခဲ့တဲ့ မေဆန်မောင့်ကို အထူးတလည်ချီးကျူးသွားခဲ့ပြီး သူ့ရဲ့ခြေစွမ်းဟာ ကမ္ဘာ့ထိပ်သီးအဆင့်ကို ရောက်ရှိနေကြောင်း ဦးညွှတ်သွားခဲ့သလို ချယ်လ်ဆီးအကယ်ဒမီရဲ့ ဂုဏ်ယူစရာဘောလုံးသမားဖြစ်ကြောင်းဆို။

ချယ်လ်ဆီးအသင်းဟာ ဝုဖ်ဘတ်အသင်းရဲ့ ဗဟိုခံစစ်မှူး Maxence Lacroix ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပြီး ၂၁ နှစ်သားဟာ ချယ်လ်ဆီးရဲ့မက်လုံးကြောင့် ဂျာမန်ကလပ်နဲ့ သက်တမ်းတိုးဖို့ ပယ်ချထားတာဖြစ်သလို အသင်းအတွက် ဒီရာသီ ၃၅ ပွဲကစားထားတဲ့ သူ့ကို ပေါင် ၂၆ သန်းနဲ့ ဝယ်ယူဖွယ်ရှိနေ။

ချယ်လ်ဆီး ဗဟိုခံစစ်မှူး အန်တိုနီယို ရူဒီဂါက လက်စတာအသင်းကို ကောင်းကောင်းပညာပေးနိုင်ခဲ့လို့ ကျေနပ်မိ​ကြောင်း ဆိုခဲ့ပြီး FA ဖလားအောင်ပွဲမှာ ချယ်လ်ဆီးရဲ့သမိုင်းကြောင်းကို မထီမဲ့မြင်ပြုပြီး မလေးမစားအောင်ပွဲခံခဲ့တဲ့ သူတို့ကို အပြစ်ဒဏ်ခတ်ပစ်နိုင်ခဲ့တယ်လို့ ကြုံးဝါးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
လက္စတာနဲ႔ပြဲမွာ ဒဏ္ရာရရွိခဲ့တဲ့ အန္ဂိုလို ကြန္ေတဟာ မန္စီးတီးနဲ႔ကစားမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္တင္မက ယူ႐ိုၿပိဳင္ပြဲကိုပါ လြဲေခ်ာ္ဖြယ္ရဖြယ္ ရွိေနလို႔ ခ်ယ္လ္ဆီးေရာ ျပင္သစ္အသင္းကပါ စိုးရိမ္ႀကီးစြာ ေစာင့္ၾကည့္ေနၾကၿပီး တူဟယ္လ္ကေတာ့ သူျပန္ေကာင္းလာမယ္လို႔ အခိုင္အမာယုံၾကည္ေန။

ခ်ယ္လ္ဆီးနဲ႔ ဒီရာသီဟာ မိမိရဲ႕ စိတ္ပ်က္စရာအေကာင္းဆုံးနဲ႔ ကံအဆိုးဆုံးရာသီျဖစ္ေၾကာင္း ညည္းတြားခဲ့တဲ့ တီမို ဗာနာဟာ လက္စတာနဲ႔ပြဲက ပထမပိုင္းက သူ႔ရဲ႕ သြင္းဂိုး ၂ ဂိုးကို ခြင့္မျပဳခဲ့လို႔ စိတ္ညစ္ေနမယ့္အစား ကြင္းထဲမွာ ေနရာယူပါးနပ္ေအာင္ အားထုတ္သင့္တယ္လို႔ ခ်ယ္လ္ဆီးတိုက္စစ္မႉးေဟာင္း ကာလ္တန္ ကိုးလ္တိုက္တြန္းသြား။

ျပာပုံထဲက ႏိုးထလာတဲ့ ခ်ယ္လ္ဆီးအသင္းဟာ အခုလို ခမ္းနားတဲ့ရာသီတခုအျဖစ္ အျမင့္ပ်ံခ်ိန္မွာ တူဟယ္လ္ကို ေကာင္းေကာင္းေက်းဇူးတင္သင့္တယ္လို႔ ယူဆခံထားရၿပီး အသင္းရဲ႕ Mission Impossible အျဖစ္ ဂ်ာမန္သားႀကီးက ခ်န္ပီယံလိဂ္ဖလားကို လန္ဒန္ေျမကို သယ္ေဆာင္လာလိမ့္မယ္လို႔ ယုံၾကည္ထားၾက။

ခ်ယ္လ္ဆီးနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္အတြက္ မန္စီးတီးရဲ႕ ဒဏ္ရာရကစားသမား ဂန္ဒိုဝမ္ ​ေသခ်ာေပါက္ ဝင္ကစားႏိုင္ေတာ့မယ္လို႔ ဂ်ာမန္အားကစားဂ်ာနယ္လစ္ ခရစၥရွန္ေဖာ့ခ္က အတည္ျပဳမႈက မန္စီးတီးအသင္းပရိသတ္ေတြအတြက္ ၾကားခ်င္ေနတဲ့ သတင္းေကာင္းတပုဒ္ျဖစ္လာခဲ့ေပမယ့္ ခ်ယ္လ္ဆီးပရိသတ္ေတြကေတာ့ ဒီသတင္း မမွန္ကန္ဖို႔ ေမွ်ာ္လင့္ထား။

ခ်န္ပီယံလိဂ္ဖိုင္နယ္ က်င္းပရာေနရာကို အစၥတန္ဘူလ္ကေန ေပၚတိုမွာ ကစားဖို႔ ေျပာင္းလဲဆုံးျဖတ္ခဲ့တဲ့ေနာက္မွာေတာ့ ေလယာဥ္လတ္မွတ္ဖိုးေတြ ေစ်းခုန္တက္သြားခဲ့တာေၾကာင့္ ခ်ယ္လ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ခ်္နဲ႔ မန္စီးတီးပိုင္ရွင္ ရွိတ္ခ္မန္ေဆာ္တို႔ဟာ ပရိသတ္ ၁၂၀၀၀ အတြက္ ေလယာဥ္စရိတ္နဲ႔ ခရီးစရိတ္ေတြကို က်ခံေပးသြားမွာျဖစ္။

တံေကာက္ေၾကာဒဏ္ရာရထားတဲ့ ခိုင္ဟာဗတ္ဇ္ဟာ လာမယ့္ ဗီလာနဲ႔ပြဲမွာ ပါဝင္ကစားႏိုင္မယ္လို႔ တူဟယ္က အတည္ျပဳခဲ့ၿပီး ဒီပြဲမတိုင္မီ နားရက္ ၅ ရက္ရရွိထားမယ့္ ဂ်ာမန္သားအျပင္ အန္ဂိုလို ကြန္ေတကိုလည္း ဒဏ္ရာအေျခအေန မစိုးရိမ္ရတဲ့ သတင္းေကာင္းျဖစ္လာဖို႔ ပရိသတ္ေတြ ေတာင့္ေတာင့္တတ ေမွ်ာ္လင့္ေန။

ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲဝင္မယ့္ စေကာ့တလန္လက္ေ႐ြးစင္လူစာရင္းမွာ အဂၤလန္ပရီးမီယားလိဂ္က စီနီယာကစားသမားေတြျဖစ္တဲ့ အန္ဒီ ေရာ္ဘတ္ဆန္၊ ေပါလ္ တီယာေနး၊ မက္ေတာ္မီေနး၊ ဂြၽန္မက္ဂင္းတို႔နဲ႔အတူ ခ်ယ္လ္ဆီးကြင္းလယ္လူဘီလီ ဂီးလ္မိုး ပထမဆုံးအႀကိမ္အျဖစ္ ေ႐ြးခ်ယ္ခံထားရ။

လက္စတာနည္းျပေရာ့ဂ်ားစ္ဟာ ခ်ယ္လ္ဆီးအသင္းမွာ တဟုန္ထိုးတိုးတက္လာခဲ့တဲ့ ေမဆန္ေမာင့္ကို အထူးတလည္ခ်ီးက်ဴးသြားခဲ့ၿပီး သူ႔ရဲ႕ေျခစြမ္းဟာ ကမာၻ႔ထိပ္သီးအဆင့္ကို ေရာက္ရွိေနေၾကာင္း ဦးၫႊတ္သြားခဲ့သလို ခ်ယ္လ္ဆီးအကယ္ဒမီရဲ႕ ဂုဏ္ယူစရာေဘာလုံးသမားျဖစ္ေၾကာင္းဆို။

ခ်ယ္လ္ဆီးအသင္းဟာ ဝုဖ္ဘတ္အသင္းရဲ႕ ဗဟိုခံစစ္မႉး Maxence Lacroix ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရၿပီး ၂၁ ႏွစ္သားဟာ ခ်ယ္လ္ဆီးရဲ႕မက္လုံးေၾကာင့္ ဂ်ာမန္ကလပ္နဲ႔ သက္တမ္းတိုးဖို႔ ပယ္ခ်ထားတာျဖစ္သလို အသင္းအတြက္ ဒီရာသီ ၃၅ ပြဲကစားထားတဲ့ သူ႔ကို ေပါင္ ၂၆ သန္းနဲ႔ ဝယ္ယူဖြယ္ရွိေန။

ခ်ယ္လ္ဆီးဗဟို ခံစစ္မႉးအန္တိုနီယို ႐ူဒီဂါက လက္စတာအသင္းကို ေကာင္းေကာင္းပညာေပးႏိုင္ခဲ့လို႔ ေက်နပ္မိ​ေၾကာင္း ဆိုခဲ့ၿပီး FA ဖလားေအာင္ပြဲမွာ ခ်ယ္လ္ဆီးရဲ႕သမိုင္းေၾကာင္းကို မထီမဲ့ျမင္ျပဳၿပီး မေလးမစားေအာင္ပြဲခံခဲ့တဲ့ သူတို႔ကို အျပစ္ဒဏ္ခတ္ပစ္ႏိုင္ခဲ့တယ္လို႔ ႀကဳံးဝါးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.