Premier League

မက်ဆီ ဘလွန်ဒေါဆုရှင်မဖြစ်နိုင်တော့မယ့် ခိုင်မာတဲ့ အကြောင်းရင်း ၄ ခု

ဇရာထောက်လာပြီ
အသက် ၃၃ နှစ်အရွယ် ကစားသမားတယောက်အတွက် ဒါက ထူးပြီးပြောစရာမလိုတဲ့အချက်ပါ။ ဘောလုံးလောကရဲ့ ဘုရင်အဖြစ် ထီးနန်းစံခဲ့ပေမယ့် အရိုက်အရာဆက်ခံလာမယ့် လူငယ်သွေးသစ်တွေရှေ့မှာတော့ မက်ဆီက နေဝင်ဘုရင်အဖြစ်သာ ရပ်တည်သွားရတော့မှာဖြစ်တယ်။

မက်ဆီရဲ့ ဘောလုံးအရည်အသွေးက ဘယ်တုန်းကမှ မေးခွန်းထုတ်စရာ မဟုတ်ခဲ့သလို ဒီရာသီမှာလည်း လာလီဂါ ထိပ်သီးဂိုးသွင်းရှင်အဖြစ် ရပ်တည်ပြီး ဘာစီလိုနာကို စပိန်ချန်ပီယံဖြစ်ဖို့ ဦးဆောင်နေပေမယ့် လီဝန်ဒေါစကီးရဲ့ သွင်းဂိုးကို လိုက်မီပြီး ဥရောပရွှေဖိနပ်ဆုရှင်အဖြစ် ဗိုလ်ဝင်ခံဖို့တော့ မဖြစ်နိုင်တော့တဲ့ အနေအထားက အများကြီး စကားပြောသွားခဲ့ပါပြီ။

အမ်ဘာပေနဲ့ ဟာလန်းတို့ရဲ့ မျက်နှာစာသစ်

ခေတ်သစ်ဘောလုံးလောကမှာ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ တိုက်ပွဲက စင်မြင့်ဇာတ်ခုံမှာ တင့်တယ်လွန်းခဲ့ပေမယ့် ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေရမယ့် အခြေအနေက အမ်ဘာပေနဲ့ အာလင်း ဟာလန်းတို့ရဲ့ တိုက်ပွဲသစ်ဆီကို ဦးတည်သွားခဲ့ပါပြီ။

မက်ဆီ VS ရော်နယ်လ်ဒိုတို့ရဲ့ထီးနန်းကို ဘယ်သူလုမလဲဆိုတဲ့ မေးခွန်းနဲ့ လုပ်ရပ်တွေကသာ စိတ်ဝင်စားစရာဖြစ်လာခဲ့ပြီး နေဝင်ဘုရင်တွေကို နန်းချဖို့က လူငယ်မျိုးဆက်သစ်တွေရဲ့ အလုပ်ဖြစ်လာတဲ့ ထုံးစံအတိုင်း မက်ဆီက ဘလွန်းဒေါစင်မြင့်ကို ဘယ်အဆင့်ကနေဖြစ်ဖြစ် ဝင်တိုးနိုင်ရင်တောင် ၁ နှစ်၊ ၂ နှစ်ထက် မပိုနိုင်တော့တာက ခါးသီးတဲ့အချိန်အခါတခုဖြစ်လာခဲ့ပါပြီ။

လက်ရွေးစင်အသင်းမှာ လက်စတုံးခံရမှု

မက်ဆီရဲ့ အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ထင်ရှားတဲ့ နောက်ဆုံးအောင်မြင်မှုကို ​ပြောပါဆိုရင် လွန်ခဲ့တဲ့ ၇ နှစ်က ၂၀၁၄ ကမ္ဘာ့ဖလားဖိုင်နယ်ကသာ သူ့ရဲ့နိုင်ငံတာကအဆင့် ဘောလုံးအမွေဖြစ်ခဲ့တာက အားမလိုအားမရဖြစ်စရာ ကောင်းလွန်းနေတယ်။

ဒီနွေမှာတော့ ကိုပါအမေရိကဖလားကို ကစားရမှာဖြစ်ပြီး အာဂျင်တီးနားအသင်းနဲ့အတူ အသင်းလိုက်အောင်မြင်မှုကို မထုဆစ်နိုင်ခဲ့တဲ့သူ့ကို ဒီနှစ် ဘလွန်ဒေါဆုကို သူ့အတွက် မျှော်မှန်းသလောက် ဖြစ်လာပါ့မလားဆိုတာကလည်း အရင်က နိုင်ငံတကာအဆင့်ကျဆုံးမှုတွေက ဝိဝါဒကွဲပြားစေဦးမှာပါ။

ဘာစီလိုနာအတွက် မက်ဆီဘာလုပ်မလဲ

ပြီးခဲ့နွေက ကတ်တလန်အသင်းက ထွက်ခွာမယ်လို့ ကြေငြာခဲ့တဲ့ မက်ဆီက အံ့အားသင့်စရာကောင်းစွာပဲ ဒီနေ့ဘာစီလိုနာအသင်းကို ဆက်လက်ဦးဆောင်နေသလို ဘိုင်ယန်ကို ၈ ဂိုး ၂ ဂိုးနဲ့ လက်မြှောက်ခဲ့ရတဲ့ဖြစ်ရပ်က ​ခြောက်အိပ်မက်ဆိုးလို ကပ်ငြိနေဆဲပါ။

သူ့အနေနဲ့ ပပ်ရဲ့ မန်စီးတီးနဲ့ ပူးပေါင်းတော့မယ်လို့ သတင်းတွေပြေးနေတဲ့တဖက်မှာ တီကိုကို ကျော်ဖြတ်ပြီး လာလီဂါဗိုလ်ဝင်ခံမယ်ဆိုတဲ့ အကြံအစည်ကလည်း ဇာတ်သိမ်းခဲ့ရ​ဖြစ်သလို PSG ကို ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ဒူးထောက်ခဲ့ရတာက မက်ဆီနဲ့ ဘာစီလိုနာရဲ့ အနာဂတ်အဖြေအဖြစ် ယူဆစရာလည်း ရှိနေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇရာေထာက္လာၿပီ
အသက္ ၃၃ ႏွစ္အ႐ြယ္ ကစားသမားတေယာက္အတြက္ ဒါက ထူးၿပီးေျပာစရာမလိုတဲ့အခ်က္ပါ။ ေဘာလုံးေလာကရဲ႕ ဘုရင္အျဖစ္ ထီးနန္းစံခဲ့ေပမယ့္ အ႐ိုက္အရာဆက္ခံလာမယ့္ လူငယ္ေသြးသစ္ေတြေရွ႕မွာေတာ့ မက္ဆီက ေနဝင္ဘုရင္အျဖစ္သာ ရပ္တည္သြားရေတာ့မွာျဖစ္တယ္။

မက္ဆီရဲ႕ ေဘာလုံးအရည္အေသြးက ဘယ္တုန္းကမွ ေမးခြန္းထုတ္စရာ မဟုတ္ခဲ့သလို ဒီရာသီမွာလည္း လာလီဂါ ထိပ္သီးဂိုးသြင္းရွင္အျဖစ္ ရပ္တည္ၿပီး ဘာစီလိုနာကို စပိန္ခ်န္ပီယံျဖစ္ဖို႔ ဦးေဆာင္ေနေပမယ့္ လီဝန္ေဒါစကီးရဲ႕ သြင္းဂိုးကို လိုက္မီၿပီး ဥေရာပေ႐ႊဖိနပ္ဆုရွင္အျဖစ္ ဗိုလ္ဝင္ခံဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့တဲ့ အေနအထားက အမ်ားႀကီး စကားေျပာသြားခဲ့ပါၿပီ။

အမ္ဘာေပနဲ႔ ဟာလန္းတို႔ရဲ႕ မ်က္ႏွာစာသစ္

ေခတ္သစ္ေဘာလုံးေလာကမွာ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ တိုက္ပြဲက စင္ျမင့္ဇာတ္ခုံမွာ တင့္တယ္လြန္းခဲ့ေပမယ့္ ႐ြက္ေဟာင္းေႂကြလို႔ ႐ြက္သစ္ေဝရမယ့္ အေျခအေနက အမ္ဘာေပနဲ႔ အာလင္း ဟာလန္းတို႔ရဲ႕ တိုက္ပြဲသစ္ဆီကို ဦးတည္သြားခဲ့ပါၿပီ။

မက္ဆီ VS ေရာ္နယ္လ္ဒိုတို႔ရဲ႕ထီးနန္းကို ဘယ္သူလုမလဲဆိုတဲ့ ေမးခြန္းနဲ႔ လုပ္ရပ္ေတြကသာ စိတ္ဝင္စားစရာျဖစ္လာခဲ့ၿပီး ေနဝင္ဘုရင္ေတြကို နန္းခ်ဖို႔က လူငယ္မ်ိဳးဆက္သစ္ေတြရဲ႕ အလုပ္ျဖစ္လာတဲ့ ထုံးစံအတိုင္း မက္ဆီက ဘလြန္းေဒါစင္ျမင့္ကို ဘယ္အဆင့္ကေနျဖစ္ျဖစ္ ဝင္တိုးႏိုင္ရင္ေတာင္ ၁ ႏွစ္၊ ၂ ႏွစ္ထက္ မပိုႏိုင္ေတာ့တာက ခါးသီးတဲ့အခ်ိန္အခါတခုျဖစ္လာခဲ့ပါၿပီ။

လက္ေ႐ြးစင္အသင္းမွာ လက္စတုံးခံရမႈ

မက္ဆီရဲ႕ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔ ထင္ရွားတဲ့ ေနာက္ဆုံးေအာင္ျမင္မႈကို ​ေျပာပါဆိုရင္ လြန္ခဲ့တဲ့ ၇ ႏွစ္က ၂၀၁၄ ကမာၻ႔ဖလားဖိုင္နယ္ကသာ သူ႔ရဲ႕ႏိုင္ငံတာကအဆင့္ ေဘာလုံးအေမြျဖစ္ခဲ့တာက အားမလိုအားမရျဖစ္စရာ ေကာင္းလြန္းေနတယ္။

ဒီေႏြမွာေတာ့ ကိုပါအေမရိကဖလားကို ကစားရမွာျဖစ္ၿပီး အာဂ်င္တီးနားအသင္းနဲ႔အတူ အသင္းလိုက္ေအာင္ျမင္မႈကို မထုဆစ္ႏိုင္ခဲ့တဲ့သူ႔ကို ဒီႏွစ္ ဘလြန္ေဒါဆုကို သူ႔အတြက္ ေမွ်ာ္မွန္းသေလာက္ ျဖစ္လာပါ့မလားဆိုတာကလည္း အရင္က ႏိုင္ငံတကာအဆင့္က်ဆုံးမႈေတြက ဝိဝါဒကြဲျပားေစဦးမွာပါ။

ဘာစီလိုနာအတြက္ မက္ဆီဘာလုပ္မလဲ

ၿပီးခဲ့ေႏြက ကတ္တလန္အသင္းက ထြက္ခြာမယ္လို႔ ေၾကျငာခဲ့တဲ့ မက္ဆီက အံ့အားသင့္စရာေကာင္းစြာပဲ ဒီေန႔ဘာစီလိုနာအသင္းကို ဆက္လက္ဦးေဆာင္ေနသလို ဘိုင္ယန္ကို ၈ ဂိုး ၂ ဂိုးနဲ႔ လက္ေျမႇာက္ခဲ့ရတဲ့ျဖစ္ရပ္က ​ေျခာက္အိပ္မက္ဆိုးလို ကပ္ၿငိေနဆဲပါ။

သူ႔အေနနဲ႔ ပပ္ရဲ႕ မန္စီးတီးနဲ႔ ပူးေပါင္းေတာ့မယ္လို႔ သတင္းေတြေျပးေနတဲ့တဖက္မွာ တီကိုကို ေက်ာ္ျဖတ္ၿပီး လာလီဂါဗိုလ္ဝင္ခံမယ္ဆိုတဲ့ အႀကံအစည္ကလည္း ဇာတ္သိမ္းခဲ့ရ​ျဖစ္သလို PSG ကို ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ဒူးေထာက္ခဲ့ရတာက မက္ဆီနဲ႔ ဘာစီလိုနာရဲ႕ အနာဂတ္အေျဖအျဖစ္ ယူဆစရာလည္း ရွိေနေၾကာင္း တင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.