Premier League

ညကပွဲအတွက် ကြမ်းပြနေတဲ့ Mrs. Silva ရဲ့အားပေးမှုတွေကို ချဲလ်ဆီးဖန်တွေ ကြွေနေကြ

ချဲလ်ဆီးအသင်းကို ဒီရာသီအစကမှ ရောက်ရှိလာခဲ့တဲ့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးလ်ဗားဟာ အသင်းအတွက် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့သလို သူ့ရဲ့ ဇနီးဖြစ်သူ အီဆာဘယ်ဟာလည်း အသင်းအတွက် ပြင်းပြတဲ့ စိတ်ဓာတ်နဲ့ အားပေးရင်း ပြောစရာပြော၊ ဝေဖန်စရာဝေဖန်၊ ချီးကျူးစရာချီးကျူးလုပ်နေတဲ့ ပုံစံတွေက ပရိသတ်တွေအတွက်တော့ စိတ်ဓာတ်တက်ကြွစရာဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ညမှာ လက်စတာနောက်ခံလူ ပါရဲရားက ချေးလ်ဝဲလ်ကို ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ရန်တွေ့ခဲ့တဲ့ ရူဒီဂါကနေ စတင်ပြီး ဒါကို ပြန်လည် ပေါက်ကွဲခဲ့တဲ့ ဧည့်သည်အသင်းနဲ့ နှစ်သင်းကြား ပြဿနာဖြစ်ပွားခဲ့ပြီး အရန်ခုံက နှစ်ဖက်ကစားသမားတွေအားလုံး ပါဝင်ခဲ့ကြရတဲ့ ရန်ပွဲမှာ သီယာဂို ဆေးလ်ဗားကတော့ ပါးပါးနပ်နပ်ပဲ ပါဝင်သွားခဲ့ပါတယ်။

အီဆာဘယ်ကတော့ ပြီးခဲ့တဲ့ အက်ဖ်အေဖလားမှာ ချဲလ်ဆီးအလံငယ်ကို လွှင့်ပစ်ပြီး ဒေါသထွက်စရာတွေကို ဖန်တီးထားခဲ့တဲ့ လက်စတာရဲ့ အမာတေ ကွင်းထဲ ဝင်ရောက်လာခဲ့ချိန်မှာ သူ့ယောက်ျား ဆေးလ်ဗားတို့အုပ်စုရဲ့ ဝိုင်းဝန်းဖြဲခွဲမှုကို သဘောကျနေခဲ့တာဖြစ်ပြီး “ဘယ်သူက ဆရာလဲဆိုတာ ပြလိုက်စမ်း”လို့ တွစ်တာကနေ အားပေးရေးသားသွားခဲ့တာပါ။

ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို မကြာခဏ လိုက်ပါအားပေးလေ့ရှိတဲ့ Blogger တစ်ဦးဖြစ်သူ အီဆာဘယ်ဟာ သူ့ရဲ့ အသင်းသစ်အပေါ် စိတ်ရောကိုယ်ပါ ရင်းနှီးမြှုပ်နှံပြီး အားပေးနေပုံကို ပြသနေသူတစ်ဦးဖြစ်ပြီး အင်စတာဂရမ်မှာ တက်ကြွတဲ့ ပုံစံတွေကို အမြဲတင်လေ့ရှိသူဖြစ်သလို တစ်ခါကလည်း “We hate Tottenham, Chelsea!”လို့ ဗီဒီယိုနဲ့ အားပေးပြခဲ့သူလည်းဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သီယာဂို ဆေးလ်ဗားရဲ့ တစ်မိသားစုလုံး အလျင်အမြန် ချဲလ်ဆီးဖန်ဖြစ်လာခဲ့ကြတာကို နှစ်ထောင်းအားရ သဘောကျ နေကြပြီး တချို့ကလည်း အံ့ဩနေခဲ့ကြသလို ဒီထက်သာ စောစောရောက်လာရင် သူတို့မိသားစုဟာ အသင်းရဲ့ ဂန္ထဝင်တွေတောင်ဖြစ်သွားနိုင်တယ်လို့ ထင်ကြေးပေးခဲ့ကြပါတယ်။

ပွင့်လင်းတဲ့ အဒေါ်ကြီးပုံစံရှိတဲ့ အီဆာဘယ်ဟာ အသင်းအပေါ်မှာ လှိုက်လှိုက်လှဲလှဲ သဘောထားသူဖြစ်ပြီး ပြီးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ပထမ အကျော့ပွဲစဉ်မှာ တီမို ဗာနာရဲ့ အဆုံးသတ် ညံ့ဖျင်းပုံကို ရှုတ်ချသွားခဲ့သလို ဒုတိယအကျော့ ဂိုးသွင်းယူနိုင်ချိန်မှာတော့ သူ့ရဲ့ မိတ်ဆွေကောင်း တစ်ယောက်အဖြစ် သဘောကျတယ်လို့ ပြန်ပြီးချီးကျဓးစကားဆိုခဲ့သူလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဘက်က အထိမခံဖြစ်နေတဲ့ အသက် ၃၄ နှစ်အရွယ် ဘရာဇီးလ်အမျိုးသမီးဟာ ပြိုင်ဘက် လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ကိုလည်း အလွတ်မပေးခဲ့ဘဲ “ငါတို့ရဲ့ ချေးလ်ဝဲလ်က ပိုကောင်းတယ်၊ နင့်လို ဆောက်သမ်တန်ကို မရှုံးဘူး”လို့ပါ ဆော်ပလော် တီးထားခဲ့ဖူးသူဖြစ်ကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းကို ဒီရာသီအစကမွ ေရာက္ရွိလာခဲ့တဲ့ ဝါရင့္ေနာက္ခံလူ သီယာဂို ေဆးလ္ဗားဟာ အသင္းအတြက္ ေခါင္းေဆာင္ေကာင္းတစ္ဦးျဖစ္ခဲ့သလို သူ႔ရဲ႕ ဇနီးျဖစ္သူ အီဆာဘယ္ဟာလည္း အသင္းအတြက္ ျပင္းျပတဲ့ စိတ္ဓာတ္နဲ႔ အားေပးရင္း ေျပာစရာေျပာ၊ ေဝဖန္စရာေဝဖန္၊ ခ်ီးက်ဴးစရာခ်ီးက်ဴးလုပ္ေနတဲ့ ပုံစံေတြက ပရိသတ္ေတြအတြက္ေတာ့ စိတ္ဓာတ္တက္ႂကြစရာျဖစ္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ညမွာ လက္စတာေနာက္ခံလူ ပါရဲရားက ေခ်းလ္ဝဲလ္ကို ဖ်က္ထုတ္ပုံၾကမ္းခဲ့လို႔ ရန္ေတြ႕ခဲ့တဲ့ ႐ူဒီဂါကေန စတင္ၿပီး ဒါကို ျပန္လည္ ေပါက္ကြဲခဲ့တဲ့ ဧည့္သည္အသင္းနဲ႔ ႏွစ္သင္းၾကား ျပႆနာျဖစ္ပြားခဲ့ၿပီး အရန္ခုံက ႏွစ္ဖက္ကစားသမားေတြအားလုံး ပါဝင္ခဲ့ၾကရတဲ့ ရန္ပြဲမွာ သီယာဂို ေဆးလ္ဗားကေတာ့ ပါးပါးနပ္နပ္ပဲ ပါဝင္သြားခဲ့ပါတယ္။

အီဆာဘယ္ကေတာ့ ၿပီးခဲ့တဲ့ အက္ဖ္ေအဖလားမွာ ခ်ဲလ္ဆီးအလံငယ္ကို လႊင့္ပစ္ၿပီး ေဒါသထြက္စရာေတြကို ဖန္တီးထားခဲ့တဲ့ လက္စတာရဲ႕ အမာေတ ကြင္းထဲ ဝင္ေရာက္လာခဲ့ခ်ိန္မွာ သူ႔ေယာက္်ား ေဆးလ္ဗားတို႔အုပ္စုရဲ႕ ဝိုင္းဝန္းၿဖဲခြဲမႈကို သေဘာက်ေနခဲ့တာျဖစ္ၿပီး “ဘယ္သူက ဆရာလဲဆိုတာ ျပလိုက္စမ္း”လို႔ တြစ္တာကေန အားေပးေရးသားသြားခဲ့တာပါ။

ခ်ဲလ္ဆီးအသင္းရဲ႕ ပြဲစဥ္ေတြကို မၾကာခဏ လိုက္ပါအားေပးေလ့ရွိတဲ့ Blogger တစ္ဦးျဖစ္သူ အီဆာဘယ္ဟာ သူ႔ရဲ႕ အသင္းသစ္အေပၚ စိတ္ေရာကိုယ္ပါ ရင္းႏွီးျမႇဳပ္ႏွံၿပီး အားေပးေနပုံကို ျပသေနသူတစ္ဦးျဖစ္ၿပီး အင္စတာဂရမ္မွာ တက္ႂကြတဲ့ ပုံစံေတြကို အၿမဲတင္ေလ့ရွိသူျဖစ္သလို တစ္ခါကလည္း “We hate Tottenham, Chelsea!”လို႔ ဗီဒီယိုနဲ႔ အားေပးျပခဲ့သူလည္းျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ သီယာဂို ေဆးလ္ဗားရဲ႕ တစ္မိသားစုလုံး အလ်င္အျမန္ ခ်ဲလ္ဆီးဖန္ျဖစ္လာခဲ့ၾကတာကို ႏွစ္ေထာင္းအားရ သေဘာက် ေနၾကၿပီး တခ်ိဳ႕ကလည္း အံ့ဩေနခဲ့ၾကသလို ဒီထက္သာ ေစာေစာေရာက္လာရင္ သူတို႔မိသားစုဟာ အသင္းရဲ႕ ဂႏၴဝင္ေတြေတာင္ျဖစ္သြားႏိုင္တယ္လို႔ ထင္ေၾကးေပးခဲ့ၾကပါတယ္။

ပြင့္လင္းတဲ့ အေဒၚႀကီးပုံစံရွိတဲ့ အီဆာဘယ္ဟာ အသင္းအေပၚမွာ လႈိက္လႈိက္လွဲလွဲ သေဘာထားသူျဖစ္ၿပီး ၿပီးခဲ့တဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ပထမ အေက်ာ့ပြဲစဥ္မွာ တီမို ဗာနာရဲ႕ အဆုံးသတ္ ညံ့ဖ်င္းပုံကို ရႈတ္ခ်သြားခဲ့သလို ဒုတိယအေက်ာ့ ဂိုးသြင္းယူႏိုင္ခ်ိန္မွာေတာ့ သူ႔ရဲ႕ မိတ္ေဆြေကာင္း တစ္ေယာက္အျဖစ္ သေဘာက်တယ္လို႔ ျပန္ၿပီးခ်ီးက်ဓးစကားဆိုခဲ့သူလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဘက္က အထိမခံျဖစ္ေနတဲ့ အသက္ ၃၄ ႏွစ္အ႐ြယ္ ဘရာဇီးလ္အမ်ိဳးသမီးဟာ ၿပိဳင္ဘက္ လီဗာပူးလ္အသင္းရဲ႕ ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္ကိုလည္း အလြတ္မေပးခဲ့ဘဲ “ငါတို႔ရဲ႕ ေခ်းလ္ဝဲလ္က ပိုေကာင္းတယ္၊ နင့္လို ေဆာက္သမ္တန္ကို မရႈံးဘူး”လို႔ပါ ေဆာ္ပေလာ္ တီးထားခဲ့ဖူးသူျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.