La Liga Ligue1 Premier League

အာဆင္နယ္ပစ္မွတ္ကို လီဗာပူးလ္တုိ႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္မလား

လီဗာပူးလ္အသင္းအေနနဲ႔ အာဆင္နယ္အသင္းကို ေရာက္ေတာ့မယ္လို႔ အသံထြက္ေနခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ဘယ္ေနာက္ခံလူ ေလဗင္ ကာဇာဝါကို ရာသီကုန္ခ်ိန္မွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္ဖို႔ ပစ္မွတ္ထားေနၿပီး နည္းျပ ယာဂန္ ကေလာ့ပ္ကိုယ္တုိင္ကပါ စိတ္ဝင္စားေနတယ္လို႔ ဆုိပါတယ္။

ဒီေနာက္ခံလူကို ဂ်ဴဗင္တပ္စ္အသင္းကလည္း စိတ္ဝင္စားခဲ့ေပမယ့္ ေနာက္ဆုတ္သြားခဲ့ၿပီး ပီအက္စ္ဂ်ီအသင္းကေတာ့ ဆက္လက္စာခ်ဳပ္ဖို႔ မရွိေတာ့တာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ စိတ္ေအးရၿပီလို႔ ထင္ေနတုန္းမွာပဲ လီဗာပူးလ္အသင္းက ၿပဳိင္ဘက္အေနနဲ႔ ေပၚထြက္လာခဲ့တာလည္း ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းအေနနဲ႔ ၂၀၁၉-၂၀ ရာသီကို ပထမအသင္းလူစာရင္းမွာ ဘယ္ေနာက္ခံလူ အန္ဒီ ေရာဘတ္ဆန္တစ္ေယာက္တည္းနဲ႔ ျဖတ္သန္းခဲ့တာျဖစ္ၿပီး ဒီေနရာကို ကြင္းလယ္လူ ဂ်ိမ္းစ္ မီလ္နာက အရန္အျဖစ္ ကစားေပးေလ့ရွိတာကလြဲလုိ႔ တျခားကစားသမားတစ္ဦးမရွိခဲ့တာလည္းျဖစ္ပါတယ္။

ပုံမွန္အားျဖင့္ေတာ့ အသင္းႀကီးတစ္သင္းမွာ ဒီလိုေနရာေတြအတြက္ အရန္တစ္ဦး ထားရွိရာမွာ အဲလ္ဘတ္တုိ မိုရီႏို ထြက္ခြာသြားၿပီးကတည္းက ျပန္လည္အားမျဖည့္ခဲ့တာေၾကာင့္ ပြဲတုိင္းနီးပါး ကစားခဲ့ရတဲ့ ေရာဘတ္ဆန္အတြက္ လာမယ့္ရာသီမွာ ကာဇာဝါနဲ႔ ေထာက္ကူေပးသြားဖို႔ ရည္ရြယ္တာလည္းျဖစ္ႏုိင္ပါတယ္။

လာမယ့္ရာသီကုန္မွာ စာခ်ဳပ္ကုန္ဆုံးမယ့္ အသက္ ၂၇ ႏွစ္အရြယ္ ျပင္သစ္သားအတြက္ အာဆင္နယ္အသင္းျပင္ ဘာစီလိုနာအသင္းကပါ ေစာင့္ၾကည့္ေနၾကၿပီး သူတုိ႔ရဲ႕ ဒုတိယေျမာက္ေနာက္ခံလူေတြအျဖစ္ ျဖည့္ဆည္းမယ့္ အႀကံက လီဗာပူးလ္နဲ႔ တူညီေနတာမို႔ သူ႕ရဲ႕လက္မွတ္အတြက္ အႀကိတ္အနယ္ယွဥ္ၿပဳိင္သြားရဖို႔လည္း ရွိေနေၾကာင္း သတင္းဌာနေတြက ေရးသားခဲ့ၾကပါတယ္။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: လီဗာပူးလ်အသင်းအနေနဲ့ အာဆင်နယ်အသင်းကို ရောက်တော့မယ်လို့ အသံထွက်နေခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဘယ်နောက်ခံလူ လေဗင် ကာဇာဝါကို ရာသီကုန်ချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး နည်းပြ ယာဂန် ကလော့ပ်ကိုယ်တိုင်ကပါ စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

ဒီနောက်ခံလူကို ဂျူဗင်တပ်စ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုတ်သွားခဲ့ပြီး ပီအက်စ်ဂျီအသင်းကတော့ ဆက်လက်စာချုပ်ဖို့ မရှိတော့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ စိတ်အေးရပြီလို့ ထင်နေတုန်းမှာပဲ လီဗာပူးလ်အသင်းက ပြိုင်ဘက်အနေနဲ့ ပေါ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ၂၀၁၉-၂၀ ရာသီကို ပထမအသင်းလူစာရင်းမှာ ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်တစ်ယောက်တည်းနဲ့ ဖြတ်သန်းခဲ့တာဖြစ်ပြီး ဒီနေရာကို ကွင်းလယ်လူ ဂျိမ်းစ် မီလ်နာက အရန်အဖြစ် ကစားပေးလေ့ရှိတာကလွဲလို့ တခြားကစားသမားတစ်ဦးမရှိခဲ့တာလည်းဖြစ်ပါတယ်။

ပုံမှန်အားဖြင့်တော့ အသင်းကြီးတစ်သင်းမှာ ဒီလိုနေရာတွေအတွက် အရန်တစ်ဦး ထားရှိရာမှာ အဲလ်ဘတ်တို မိုရီနို ထွက်ခွာသွားပြီးကတည်းက ပြန်လည်အားမဖြည့်ခဲ့တာကြောင့် ပွဲတိုင်းနီးပါး ကစားခဲ့ရတဲ့ ရောဘတ်ဆန်အတွက် လာမယ့်ရာသီမှာ ကာဇာဝါနဲ့ ထောက်ကူပေးသွားဖို့ ရည်ရွယ်တာလည်းဖြစ်နိုင်ပါတယ်။

လာမယ့်ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမယ့် အသက် ၂၇ နှစ်အရွယ် ပြင်သစ်သားအတွက် အာဆင်နယ်အသင်းပြင် ဘာစီလိုနာအသင်းကပါ စောင့်ကြည့်နေကြပြီး သူတို့ရဲ့ ဒုတိယမြောက်နောက်ခံလူတွေအဖြစ် ဖြည့်ဆည်းမယ့် အကြံက လီဗာပူးလ်နဲ့ တူညီနေတာမို့ သူ့ရဲ့လက်မှတ်အတွက် အကြိတ်အနယ်ယှဉ်ပြိုင်သွားရဖို့လည်း ရှိနေကြောင်း သတင်းဌာနတွေက ရေးသားခဲ့ကြပါတယ်။

REF: DAILY MAIL & METRO
PHOTOS CREDIT TO OWNERS
SPORTS A2Z.