Premier League

ဂယ်ရီနဗီးလ်မေးပြီး ဆာဖာဂီဖြေတဲ့ ယူနိုက်တက်နည်းပြဘဝ အောင်မြင်မှုလျှို့ဝှက်ချက်များအင်တာဗျူး

ဂယ်ရီနဗီးလ်အနေနဲ့ Skysports ရုပ်သံအတွက် ဆရာဟောင်းကြီးဖြစ်တဲ့ ယူနိုက်တက်ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်တွေကို မေးခွန်းထုတ်ခဲ့ရာမှာ ဖာဂီတယောက် သူ့ရဲ့ဒဿနတွေနဲ့ ယူနိုက်တက်နည်းပြဘဝတလျှောက် လက်ကိုင်ထားခဲ့တဲ့ ကိုယ်ပိုင်ခံယူချက်တွေကို ဝေမျှသွားခဲ့တာပါ။

ဘာကြောင့် အလုပ်ကြိုးစားခြင်းက ပါရမီတခုဖြစ်ရတာလဲ?

ဖာဂီအနေနဲ့ သူ့ရဲ့အသင်းတွင်း လှုံ့ဆော်ရေးစကားတွေကို ပြောကြားလေ့ရှိရာမှာ သင်္ဘောကျင်းလုပ်သားတွေအကြောင်း ဥပမာပေးပြောလေ့ရှိတဲ့ အကြောင်းရင်းဟာ သတ္တုတွင်းနဲ့ မိုင်းလုပ်သား၊ သင်္ဘောကျင်းက အလုပ်သမားတွေရဲ့ အလုပ်ကြိုးစားပုံနဲ့ စိတ်ဓာတ်မာကျောမှုကို ယူနိုက်တက်ကစားသမားတွေအတွက် အတုယူစေလိုခဲ့တာဖြစ်ကြောင်း သိရပြီး အလုပ်ကြိုးစားခြင်းဟာ ပါရမီတခုဖြစ်ကြောင်း မွေးမြူပေးခဲ့တာလို့ ဖာဂီက ဆိုပါတယ်။

” ငန်းပုံပြင် ” လို အနွေးဓာတ်လှုံဖို့ရာ

ဂယ်ရီရဲ့နောက်ထပ်မေးခွန်းဖြစ်တဲ့ ” ငန်းပုံပြင် ” အကြောင်းရှင်းပြရာမှာတော့ ဖာဂီက အနွေးဓာတ်လေးလှုံခွင့်ရဖို့ မိုင် ၄၀၀၀ အကွာအဝေးအထိ ခရီးနှင်ရတဲ့ ကနေဒါငန်းတွေကို ကိုယ်စားပြုပြီး ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို သိမ်းပိုက်ချင်တယ်ဆိုရင် ၃၈ ပွဲလုံးကို အနိုင်ကစားရမယ်ဆိုတဲ့ ပုံခိုင်းနှိုင်းပြီး စိတ်တက်ကြွမှုကို ပေးခဲ့တာဖြစ်ကြောင်း သိရတာပါ။

ရွှေထီးဆောင်းခဲ့ရုံနဲ့ ပျော်နေလို့မရ

” ကျွန်တော်က အိပ်ယာထဲရောက်နေရင်တောင် ကိုယ့်ကစားသမားတွေကို ဘယ်လိုစိတ်ဓာတ်ခွန်အားပေးရမလဲဆိုတာ အမြဲစဉ်းစားနေသူပါ။ ဘာလို့လဲဆိုတော့ ၂၇ နှစ်တာအတွင်း ယူနိုက်တက်ကို ကိုင်တွယ်လာခဲ့တော့ ဒီအသင်းအောင်မြင်မှုတွေက ရွှေထီးဆောင်းခဲ့ပြီးပြီ၊ ငါတို့လုပ်ပြီးသားတွေပါကွာလို့ ထုံထိုင်းသွားလို့ မရဘူးလေ၊ ”

ပွဲတိုင်းအနိုင်ကန်ချင်တဲ့ ဖာဂီ

“အောင်မြင်မှုကို နေ့စဉ်ဆာလောင်နေရမယ်။ ကျနော်မနက်နိူးတိူင်း တွေးတဲ့အတွေးက ငါတို့ဟာ ဖလားတိုင်းကို အကုန်သိမ်းမယ်၊ ပွဲတိုင်းအကုန်အနိင်ကန်မယ်ဆိုတာပါ။ ဒါ့အပြင် ဒီအောင်မြင်မှုတွေဟာ အသင်းက အောက်ခြေဝန်ထမ်းတွေအထိ သူတို့ရဲ့အောင်မြင်မှုဖြစ်တယ်လို့ အမြဲအသိပေးလေ့ရှိပါတယ်”

ဂယ်ရီ နဗီးလ်လောက်မကြိုးစားနိုင်ရင် ရော်နယ်လ်ဒိုကိုပါ အမှုမထားတတ်သူ

” အဓိကကတော့ ကိုယ့်ကစားသမားတွေကို ယုံကြည်မှုပေးရပါမယ်။ ကိုယ့်ယုံကြည်မှုအတိုင်း သူတို့က တကယ်ပြန်ပေးဆပ်ပြီး ကစားကြပါလိမ့်မယ်။ ရော်နယ်လ်ဒို၊ ရိုင်ယန်ဂစ်၊ ပေါလ်စခိုးလ်၊ ကန်တိုနာ၊ ကာရစ်၊ ရွန်နီတို့ဆိုရင် အရမ်းပါရမီထူးတွေ ဘောလုံးသမားတွေဖြစ်တယ်။

” ဒါပေမယ့် ရွိင်ကိန်း၊ စတိဗ် ဘရုစ်၊ ဖလက်ချာ၊ မင်း( ဂယ်ရီနဗီးလ်) တို့လို အားကြိုးမာန်တက် အလုပ်ကြိုးစားနိုင်မှ ငါ့အသင်းမှာ သူတို့ကိုနေရာပေးတယ်။ မင်းတို့ဟာ တကယ့်စိတ်ဓာတ်မောင်းနှင်နိုင်စွမ်းက မီးလိုတောက်နေပြီး အဲဒါက ရော်နယ်လ်ဒိုလို စွမ်းဆောင်ရည်မျိုး ပေါက်ကွဲထွက်လာတယ်။ ဒါမှ ငါ့အသင်းက ဟန်ချက်ညီမှာကိုး။ ”

လီဗာပူးလ်ကို လေးစားရတယ်လို့ ဘာကြောင့်ဆိုလိုက်သလဲ?

” လီဗာပူးလ်ကို ရှုံးတိုင်း ဒေါသထွက်တယ်ဆိုတာ ငါက လီဗာပူးလ်လိုအသင်းကို သိပ်လေးစားလို့ပါ။ နည်းပြပေါက်စဘဝတုန်းက ဒီအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို တပတ်လောက် ငါသွားလေ့လာခဲ့ရတယ်။ အဲဒီမှာ သူတို့က ဘယ်လောက်စိတ်ဓာတ်ပြင်းပြတဲ့အသင်းလဲဆိုတာ သိမြင်ခဲ့တယ်။ ”

” ဒါကြောင့် ယူနိုက်တက်သာ အင်္ဂလန်မှာဘုရင်ဖြစ်ချင်ရင် လီဗာပူးလ်လိုအသင်းကို ပွဲတိုင်းနိုင်ရမယ်၊ ဖလားတိုင်းမှာ အလဲထိုးပြီး ကျော်ဖြတ်နိုင်ရမယ်၊ ဒါမှ ငါတို့ချန်ပီယံဖြစ်မယ်၊ ဒီစိတ်ဓာတ်ကို ငါ့အသင်းဆီ ရိုက်သွင်းခဲ့တယ် ” လို့ ဖာဂူဆန်က အနားယူပြီးချိန်မှာ သူ့ရဲ့ဝါရင့်အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးလိုစိတ်နဲ့ ပြောသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂယ္ရီနဗီးလ္အေနနဲ႔ Skysports ႐ုပ္သံအတြက္ ဆရာေဟာင္းႀကီးျဖစ္တဲ့ ယူႏိုက္တက္ဂႏၴဝင္နည္းျပေဟာင္း ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေအာင္ျမင္မႈလွ်ိဳ႕ဝွက္ခ်က္ေတြကို ေမးခြန္းထုတ္ခဲ့ရာမွာ ဖာဂီတေယာက္ သူ႔ရဲ႕ဒႆနေတြနဲ႔ ယူႏိုက္တက္နည္းျပဘဝတေလွ်ာက္ လက္ကိုင္ထားခဲ့တဲ့ ကိုယ္ပိုင္ခံယူခ်က္ေတြကို ေဝမွ်သြားခဲ့တာပါ။

ဘာေၾကာင့္ အလုပ္ႀကိဳးစားျခင္းက ပါရမီတခုျဖစ္ရတာလဲ?

ဖာဂီအေနနဲ႔ သူ႔ရဲ႕အသင္းတြင္း လႈံ႕ေဆာ္ေရးစကားေတြကို ေျပာၾကားေလ့ရွိရာမွာ သေဘၤာက်င္းလုပ္သားေတြအေၾကာင္း ဥပမာေပးေျပာေလ့ရွိတဲ့ အေၾကာင္းရင္းဟာ သတၱဳတြင္းနဲ႔ မိုင္းလုပ္သား၊ သေဘၤာက်င္းက အလုပ္သမားေတြရဲ႕ အလုပ္ႀကိဳးစားပုံနဲ႔ စိတ္ဓာတ္မာေက်ာမႈကို ယူႏိုက္တက္ကစားသမားေတြအတြက္ အတုယူေစလိုခဲ့တာျဖစ္ေၾကာင္း သိရၿပီး အလုပ္ႀကိဳးစားျခင္းဟာ ပါရမီတခုျဖစ္ေၾကာင္း ေမြးျမဴေပးခဲ့တာလို႔ ဖာဂီက ဆိုပါတယ္။

” ငန္းပုံျပင္ ” လို အေႏြးဓာတ္လႈံဖို႔ရာ

ဂယ္ရီရဲ႕ေနာက္ထပ္ေမးခြန္းျဖစ္တဲ့ ” ငန္းပုံျပင္ ” အေၾကာင္းရွင္းျပရာမွာေတာ့ ဖာဂီက အေႏြးဓာတ္ေလးလႈံခြင့္ရဖို႔ မိုင္ ၄၀၀၀ အကြာအေဝးအထိ ခရီးႏွင္ရတဲ့ ကေနဒါငန္းေတြကို ကိုယ္စားျပဳၿပီး ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားကို သိမ္းပိုက္ခ်င္တယ္ဆိုရင္ ၃၈ ပြဲလုံးကို အႏိုင္ကစားရမယ္ဆိုတဲ့ ပုံခိုင္းႏႈိင္းၿပီး စိတ္တက္ႂကြမႈကို ေပးခဲ့တာျဖစ္ေၾကာင္း သိရတာပါ။

ေ႐ႊထီးေဆာင္းခဲ့႐ုံနဲ႔ ေပ်ာ္ေနလို႔မရ

” ကြၽန္ေတာ္က အိပ္ယာထဲေရာက္ေနရင္ေတာင္ ကိုယ့္ကစားသမားေတြကို ဘယ္လိုစိတ္ဓာတ္ခြန္အားေပးရမလဲဆိုတာ အၿမဲစဥ္းစားေနသူပါ။ ဘာလို႔လဲဆိုေတာ့ ၂၇ ႏွစ္တာအတြင္း ယူႏိုက္တက္ကို ကိုင္တြယ္လာခဲ့ေတာ့ ဒီအသင္းေအာင္ျမင္မႈေတြက ေ႐ႊထီးေဆာင္းခဲ့ၿပီးၿပီ၊ ငါတို႔လုပ္ၿပီးသားေတြပါကြာလို႔ ထုံထိုင္းသြားလို႔ မရဘူးေလ၊ ”

ပြဲတိုင္းအႏိုင္ကန္ခ်င္တဲ့ ဖာဂီ

“ေအာင္ျမင္မႈကို ေန႔စဥ္ဆာေလာင္ေနရမယ္။ က်ေနာ္မနက္ႏိူးတိူင္း ေတြးတဲ့အေတြးက ငါတို႔ဟာ ဖလားတိုင္းကို အကုန္သိမ္းမယ္၊ ပြဲတိုင္းအကုန္အနိင္ကန္မယ္ဆိုတာပါ။ ဒါ့အျပင္ ဒီေအာင္ျမင္မႈေတြဟာ အသင္းက ေအာက္ေျခဝန္ထမ္းေတြအထိ သူတို႔ရဲ႕ေအာင္ျမင္မႈျဖစ္တယ္လို႔ အၿမဲအသိေပးေလ့ရွိပါတယ္”

ဂယ္ရီ နဗီးလ္ေလာက္မႀကိဳးစားႏိုင္ရင္ ေရာ္နယ္လ္ဒိုကိုပါ အမႈမထားတတ္သူ

” အဓိကကေတာ့ ကိုယ့္ကစားသမားေတြကို ယုံၾကည္မႈေပးရပါမယ္။ ကိုယ့္ယုံၾကည္မႈအတိုင္း သူတို႔က တကယ္ျပန္ေပးဆပ္ၿပီး ကစားၾကပါလိမ့္မယ္။ ေရာ္နယ္လ္ဒို၊ ႐ိုင္ယန္ဂစ္၊ ေပါလ္စခိုးလ္၊ ကန္တိုနာ၊ ကာရစ္၊ ႐ြန္နီတို႔ဆိုရင္ အရမ္းပါရမီထူးေတြ ေဘာလုံးသမားေတြျဖစ္တယ္။

” ဒါေပမယ့္ ႐ြိင္ကိန္း၊ စတိဗ္ ဘ႐ုစ္၊ ဖလက္ခ်ာ၊ မင္း( ဂယ္ရီနဗီးလ္) တို႔လို အားႀကိဳးမာန္တက္ အလုပ္ႀကိဳးစားႏိုင္မွ ငါ့အသင္းမွာ သူတို႔ကိုေနရာေပးတယ္။ မင္းတို႔ဟာ တကယ့္စိတ္ဓာတ္ေမာင္းႏွင္ႏိုင္စြမ္းက မီးလိုေတာက္ေနၿပီး အဲဒါက ေရာ္နယ္လ္ဒိုလို စြမ္းေဆာင္ရည္မ်ိဳး ေပါက္ကြဲထြက္လာတယ္။ ဒါမွ ငါ့အသင္းက ဟန္ခ်က္ညီမွာကိုး။ ”

လီဗာပူးလ္ကို ေလးစားရတယ္လို႔ ဘာေၾကာင့္ဆိုလိုက္သလဲ?

” လီဗာပူးလ္ကို ရႈံးတိုင္း ေဒါသထြက္တယ္ဆိုတာ ငါက လီဗာပူးလ္လိုအသင္းကို သိပ္ေလးစားလို႔ပါ။ နည္းျပေပါက္စဘဝတုန္းက ဒီအသင္းရဲ႕ ေလ့က်င့္ေရးကြင္းကို တပတ္ေလာက္ ငါသြားေလ့လာခဲ့ရတယ္။ အဲဒီမွာ သူတို႔က ဘယ္ေလာက္စိတ္ဓာတ္ျပင္းျပတဲ့အသင္းလဲဆိုတာ သိျမင္ခဲ့တယ္။ ”

” ဒါေၾကာင့္ ယူႏိုက္တက္သာ အဂၤလန္မွာဘုရင္ျဖစ္ခ်င္ရင္ လီဗာပူးလ္လိုအသင္းကို ပြဲတိုင္းႏိုင္ရမယ္၊ ဖလားတိုင္းမွာ အလဲထိုးၿပီး ေက်ာ္ျဖတ္ႏိုင္ရမယ္၊ ဒါမွ ငါတို႔ခ်န္ပီယံျဖစ္မယ္၊ ဒီစိတ္ဓာတ္ကို ငါ့အသင္းဆီ ႐ိုက္သြင္းခဲ့တယ္ ” လို႔ ဖာဂူဆန္က အနားယူၿပီးခ်ိန္မွာ သူ႔ရဲ႕ဝါရင့္အေတြ႕အႀကဳံေတြကို ျပန္လည္မွ်ေဝေပးလိုစိတ္နဲ႔ ေျပာသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.