La Liga Premier League

လန္ဒန္ၿပီးေတာ့ မက္ဒရစ္ကေန ဘက္တစ္ရွိရာ ဆီဗီးလ္ၿမဳိ႕ကို ျပန္ခ်င္ေနတဲ့ စီဘာေယာ့စ္

အာဆင္နယ္အသင္းမွာ အငွားနဲ႔ လာေရာက္ကစားေနတဲ့ ကြင္းလယ္လူ ဒါနီ စီဘာေယာ့စ္အေနနဲ႔ ရီးရဲလ္မက္ဒရစ္မွာ ကစားဖို႔ အိပ္မက္ကို အဆုံးသတ္လုိက္ၿပီျဖစ္ၿပီး ဘာေနဗ်ဴးကေန ထြက္ခြာခ်င္ေနသလို အသင္းေဟာင္းျဖစ္တဲ့ ရီးရဲလ္ဘက္တစ္အသင္းကို ျပန္ဖို႔ ဆႏၵရွိေနတယ္လို႔ ဆုိပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ အာဆင္နယ္အသင္းအေနနဲ႔ ေခၚယူခ်င္ရင္ ေပါင္ ၃၆ သန္းရဲ႕ ေရာင္းခ်ေပးမယ္လို႔ ကမ္းလွမ္းထားေပမယ့္ စပိန္သားကေတာ့ လန္ဒန္အသင္းမွာ ဆက္လက္ေနဖို႔ထက္ သူ႕ရဲ႕နာမည္တစ္လုံးကို ရယူႏုိင္ခဲ့တဲ့ ဆီဗီးလ္ၿမဳိ႕က ဘက္တစ္ကိုပဲ ျပန္ဖို႔ ပိုမိုလိုလားေနတယ္လုိ႔လည္း သိရပါတယ္။

အသက္ ၁၃ ႏွစ္အရြယ္မွာ ဆီဗီလာလူငယ္အကယ္ဒမီကေန ေလျပြန္ေရာင္တဲ့ ေရာဂါကို ၾကာရွည္ခံစားခဲ့ရတာေၾကာင့္ ၿမဳိ႕ခံကလပ္ အူထရီရာကို ျပန္ခဲ့ရၿပီးေနာက္ပုိင္း အသက္ ၁၅ ႏွစ္အရြယ္မွာ ဆီဗီလာရဲ႕ ၿမဳိ႕ခံၿပဳိင္ဘက္ ရီးရဲလ္ဘက္တစ္လူငယ္အကယ္ဒမီကို ေရာက္ခဲ့ၿပီး ၆ ႏွစ္ၾကာ ကစားခဲ့ရတဲ့ အသင္းဟာ စီဘာေယာ့စ္အတြက္ေတာ့ သံေယာဇဥ္အရွိဆုံးေနရာတစ္ခုလည္းျဖစ္ေနခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အနာဂတ္အစီအစဥ္ေတြထဲမွာ မပါဝင္ေၾကာင္းကို နည္းျပ ဇီနီဒန္း ဇီဒန္းေခၚယူခ်င္ေနတဲ့ ဒြန္နီ ဗန္ဒီဘိခ္၊ ေဖဘီယန္ ႐ူဝိဇ္နဲ႔ ေပါလ္ ေပါ့ဘာတုိ႔လို ကစားသမားေတြေၾကာင့္ သေဘာေပါက္ခဲ့ရၿပီးေနာက္ပုိင္းမွာ ယူ႐ို ၂၀၂၁ အတြက္ စပိန္အသင္းမွာ ေနရာရေစဖို႔ဟာ ဘက္တစ္လို သူ႕ကို ေနရာေပးမယ့္အသင္းပဲ ျဖစ္ရမယ္လုိ႔ စီဘာေယာ့စ္တစ္ေယာက္ ေတြးခဲ့ပုံလည္းေပၚပါတယ္။

အာဆင္နယ္အသင္းနဲ႔ ဒီရာသီ ၂၄ ပြဲကစားထားခဲ့ရာမွာ အေကာင္းဆုံးကစားသမားဆုရခဲ့တဲ့ပြဲက ဖန္တီးမွဳ ႏွစ္ႀကိမ္နဲ႔ ေနာက္ပြဲေတြထဲက သြင္းဂိုးတစ္ဂိုးကလြဲရင္ သူ႕ကို ေမွ်ာ္လင့္ထားသေလာက္ ေျခစြမ္းမျပႏုိင္ခဲ့ဘူးလို႔ ပရိသတ္ေတြကလည္း သုံးသပ္ခဲ့ၾကၿပီး ေျမာက္လန္ဒန္အသင္းအေနနဲ႔ ကစားသမားသစ္ ရွာေဖြသြားဖို႔ကလည္း မ်ားေနလုိ႔ စီဘာေယာ့စ္တစ္ေယာက္ အသင္းေဟာင္းဘက္တစ္ကို ျပန္ႏုိင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းမှာ အငှားနဲ့ လာရောက်ကစားနေတဲ့ ကွင်းလယ်လူ ဒါနီ စီဘာယော့စ်အနေနဲ့ ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ အိပ်မက်ကို အဆုံးသတ်လိုက်ပြီဖြစ်ပြီး ဘာနေဗျူးကနေ ထွက်ခွာချင်နေသလို အသင်းဟောင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်အသင်းကို ပြန်ဖို့ ဆန္ဒရှိနေတယ်လို့ ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ အာဆင်နယ်အသင်းအနေနဲ့ ခေါ်ယူချင်ရင် ပေါင် ၃၆ သန်းရဲ့ ရောင်းချပေးမယ်လို့ ကမ်းလှမ်းထားပေမယ့် စပိန်သားကတော့ လန်ဒန်အသင်းမှာ ဆက်လက်နေဖို့ထက် သူ့ရဲ့နာမည်တစ်လုံးကို ရယူနိုင်ခဲ့တဲ့ ဆီဗီးလ်မြို့က ဘက်တစ်ကိုပဲ ပြန်ဖို့ ပိုမိုလိုလားနေတယ်လို့လည်း သိရပါတယ်။

အသက် ၁၃ နှစ်အရွယ်မှာ ဆီဗီလာလူငယ်အကယ်ဒမီကနေ လေပြွန်ရောင်တဲ့ ရောဂါကို ကြာရှည်ခံစားခဲ့ရတာကြောင့် မြို့ခံကလပ် အူထရီရာကို ပြန်ခဲ့ရပြီးနောက်ပိုင်း အသက် ၁၅ နှစ်အရွယ်မှာ ဆီဗီလာရဲ့ မြို့ခံပြိုင်ဘက် ရီးရဲလ်ဘက်တစ်လူငယ်အကယ်ဒမီကို ရောက်ခဲ့ပြီး ၆ နှစ်ကြာ ကစားခဲ့ရတဲ့ အသင်းဟာ စီဘာယော့စ်အတွက်တော့ သံယောဇဉ်အရှိဆုံးနေရာတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ မပါဝင်ကြောင်းကို နည်းပြ ဇီနီဒန်း ဇီဒန်းခေါ်ယူချင်နေတဲ့ ဒွန်နီ ဗန်ဒီဘိခ်၊ ဖေဘီယန် ရူဝိဇ်နဲ့ ပေါလ် ပေါ့ဘာတို့လို ကစားသမားတွေကြောင့် သဘောပေါက်ခဲ့ရပြီးနောက်ပိုင်းမှာ ယူရို ၂၀၂၁ အတွက် စပိန်အသင်းမှာ နေရာရစေဖို့ဟာ ဘက်တစ်လို သူ့ကို နေရာပေးမယ့်အသင်းပဲ ဖြစ်ရမယ်လို့ စီဘာယော့စ်တစ်ယောက် တွေးခဲ့ပုံလည်းပေါ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ ဒီရာသီ ၂၄ ပွဲကစားထားခဲ့ရာမှာ အကောင်းဆုံးကစားသမားဆုရခဲ့တဲ့ပွဲက ဖန်တီးမှု နှစ်ကြိမ်နဲ့ နောက်ပွဲတွေထဲက သွင်းဂိုးတစ်ဂိုးကလွဲရင် သူ့ကို မျှော်လင့်ထားသလောက် ခြေစွမ်းမပြနိုင်ခဲ့ဘူးလို့ ပရိသတ်တွေကလည်း သုံးသပ်ခဲ့ကြပြီး မြောက်လန်ဒန်အသင်းအနေနဲ့ ကစားသမားသစ် ရှာဖွေသွားဖို့ကလည်း များနေလို့ စီဘာယော့စ်တစ်ယောက် အသင်းဟောင်းဘက်တစ်ကို ပြန်နိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.