Premier League

19 May နံနက်ခင်း နောက်ဆုံးရ လီဗာပူးလ် သတင်းများ စုစည်းမှု

ယူနိုက်တက်ကစားသမားဟောင်းရီယို ဖာဒီနန်က ပရိသတ်အကြိုက်ဆုံး တရာသီတွင်းအကောင်းဆုံးအသင်းမှာ လီဗာပူးလ်တိုက်စစ်မှူးမိုဆာလား ရွေးချယ်မခံရခြင်းကို အလွန်စိတ်ပျက်မိကြောင်း ပြောသွားခဲ့ပြီး ရွှေဖိနပ်ဆုနဲ့ အတော်ဆုံးဖြစ်နေတဲ့ အီဂျစ်သားဟာ သူနဲ့ထိုက်တန်တဲ့ လေးစားတန်ဖိုးထားခံရမှုကို မရရှိထားကြောင်း အပြစ်တင်သွား။

မိုဆာလားရဲ့ လီဗာပူးလ်အသင်းအပေါ် ထားရှိတဲ့ ချစ်မြတ်နိုးမှုကို ဘယ်တုန်းကမှ တစက္ကန့်လေးတောင် သံသယမရှိခဲ့ဘူးလို့ နည်းပြကလော့ပ်က ရင်ဖွင့်သွားခဲ့ပြီး လီဗာပူးလ်သာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင် အသင်းမှာ သူ့ရဲ့အနာဂတ် ဆက်ရှိနေမလားဆိုတဲ့ မေးခွန်းတွေကိုတော့ ငြင်းပယ်သွားခဲ့။

လက်စတာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲစဥ်မှာ နှစ်ဖက်အသင်းကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ ဂိုးစည်းနားမှာ အပြန်အလှန်ခိုက်ရန်ဖြစ်ပွားခဲ့ကြလို့ နှစ်သင်းစလုံးကို အမှတ်လျှော့ပြစ်ဒဏ်ပေးသင့်ကြောင်း လီဗာပူးလ်အသင်းပရိသတ်တွေက သံပြိုင်ထောက်ခံခဲ့ကြပြီး ချန်ပီယံလိဂ်တနေရာစာတိုက်ပွဲမှာ မိမိတို့အသင်းအသာစီးရဖို့အတွက် နှစ်ဖက်အသင်းကို မျှမျှတတ အမှတ် ၂၀ စီနုတ်ပစ်သင့်တယ်လို့ ရိသွားခဲ့ကြ။

လီဗာပူးလ်နည်းပြကလော့ပ်က မိမိတို့အသင်းသားတွေအနေနဲ့ လိုချင်တာကို ရအောင်ယူနိုင်ဖို့ဆိုရင် ကိုယ့်အားကိုယ်ကိုးရမှာဖြစ်ပြီး နတ်ဘုရားတွေရဲ့ မ,စမှုကို မျှော်လင့်နေလို့ မရဘူးလို့ ဝက်စ်ဘရွမ်းနဲ့ပွဲမှာ အယ်လစ်ဆွန်ရဲ့ ခေါင်းတိုက်ဂိုးကို ဥပမာထားပြီး သတိပေးသွားခဲ့သလို ပန််းတိုင်မရောက်ခင် တက်မထောင်ကြဖို့မှာ​ကြား။

ဘာစီလိုနာအသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေပြေးနေသလို ကိုယ်တိုင်ကလည်း စပိန်ဘီလူးကြီးအတွက် ကစားချင်တဲ့ဆန္ဒရှိနေတဲ့ လီဗာပူးလ်ကွင်းလယ်လူ ဗိုင်နယ်လ်ဒမ်ရဲ့နေရာကို အာဆင်နယ်လူဟောင်းအာရွန် ရမ်ဆေးနဲ့ အစားထိုးဖို့ တိုက်တွန်းခံထားရတဲ့ လီဗာပူးလ်အသင်းဟာ ရမ်ဆေးရဲ့ခြေစွမ်းကို သိပ်ကြိုက်တယ်လို့ ထုတ်ပြောဖူးတဲ့ စတီဗင် ဂျရတ်ရဲ့ထောက်ခံမှုကိုလည်း ရရှိထားပြီး ဂျူဗင်တပ်စ်အသင်းဆီကနေ ပေါင် ၁၀ သန်းနဲ့ ခေါ်ယူနိုင်ဖွယ်ရှိ။

လီဗာပူးလ်ဟာ လာမယ့်နွေရာသီမှာ ဂိုးသမားအယ်လစ်ဆွန် ဘက်ခါနဲ့ ကွင်းလယ်လူဖာဘင်ညိုတို့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ဖိဖိစီးစီးလုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ရာသီချန်ပီယံလိဂ်ကို ကစားခွင့်မရရင်တောင်မှ အသင်းရဲ့အဓိကကစားသမားတွေကို သေချာပေါက်ဆက်ထိန်းပြီး အနာဂတ်အတွက်ပြင်ဆင်မှာဖြစ်ကြောင်းသိရ။

တိုက်စစ်မှူးဂျိုတာဟာ ပဲလေ့စ်နဲ့ပွဲအမီ ပြန်ကစားနိုင်မယ့်အပြင် ယူရိုပြိုင်ပွဲကိုပါ ဝင်ရောက်နိုင်မယ်လို့ ကလော့ပ်က ဝမ်းသာစရာသတင်းအဖြစ် အတည်ပြုသွားခဲ့သလို ဘန်လေနဲ့ပွဲမှာ ချိမ်ဘာလိန်ကို ပြန်လာမယ်လို့ ဆိုသွားခဲ့ပြီး ဂျိမ်းစ်မီလ်နာရဲ့ အခြေအနေကတော့ မရေရာသေးကြောင်း သိရသလို အသင်းလေ့ကျင့်ရေးနဲ့ မပူးပေါင်းနိုင်သေးတဲ့ နာဘီ ကီတာက သေချာပေါက်လွဲချော်ဦးမှာဖြစ်။

ပြီးခဲ့တဲ့ညက ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့သလို ဒီနေ့ညမှာ လီဗာပူးလ်သာ ဘန်လေကိုနိုင်ခဲ့ရင် အဆင့် ၄ အပြင်ကိုထွက်ရတော့မယ့် လက်စတာနည်းပြရော့ဂျားစ်က လီဗာပူးလ်၊ ချယ်လ်ဆီးနှစ်သင်းစလုံးဟာ ပွဲကျပ်တွေ ကစားရဦးမှာဖြစ်လို့ မိမိအသင်းအနေနဲ့ အဆင့် ၄ မျှော်လင့်ချက်ကို လွယ်လွယ်လက်မလျှော့နိုင်ကြောင်းနဲ့ ၃၈ ပွဲကစားပြီးမှသာ ဖားလားငါးလားအဖြေပေါ်မှာဖြစ်ကြောင်း သတိပေး။

လီဗာပူးလ်အသင်းရဲ့ ဒီရာသီ အဆင့် ၄ အတွင်းဝင်ရေး မျှော်လင့်ချက်ဟာ အံ့အားသင့်စရာကောင်းစွာပဲ လက်စတာကို အဝေးဂိုးသွင်းယူခဲ့ပြီး မိုဆာလားရဲ့သွင်းဂိုးကြောင့် အားသာချက်တခုဖြစ်လာဖွယ် ရှိနေပြီး ရာသီပိတ်ပွဲစဥ် ၃၈ မှာ လက်စတာက စပါးစ်ကို နိုင်ခဲ့ပြီး လီဗာပူးလ်နဲ့ အမှတ်တူခဲ့ရင်တောင် Head to Head စည်းမျဥ်း ဆုံးဖြတ်ချက်အရ နှစ်ကျော့တွေ့ဆုံမှုမှာ အဝေးဂိုး ၁ ဂိုးရထားတဲ့ လီဗာပူးလ်က အသာရမှာဖြစ်ကြောင်းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:
ယူႏိုက္တက္ကစားသမားေဟာင္းရီယို ဖာဒီနန္က ပရိသတ္အႀကိဳက္ဆုံး တရာသီတြင္းအေကာင္းဆုံးအသင္းမွာ လီဗာပူးလ္တိုက္စစ္မႉးမိုဆာလား ေ႐ြးခ်ယ္မခံရျခင္းကို အလြန္စိတ္ပ်က္မိေၾကာင္း ေျပာသြားခဲ့ၿပီး ေ႐ႊဖိနပ္ဆုနဲ႔ အေတာ္ဆုံးျဖစ္ေနတဲ့ အီဂ်စ္သားဟာ သူနဲ႔ထိုက္တန္တဲ့ ေလးစားတန္ဖိုးထားခံရမႈကို မရရွိထားေၾကာင္း အျပစ္တင္သြား။

မိုဆာလားရဲ႕ လီဗာပူးလ္အသင္းအေပၚ ထားရွိတဲ့ ခ်စ္ျမတ္ႏိုးမႈကို ဘယ္တုန္းကမွ တစကၠန္႔ေလးေတာင္ သံသယမရွိခဲ့ဘူးလို႔ နည္းျပကေလာ့ပ္က ရင္ဖြင့္သြားခဲ့ၿပီး လီဗာပူးလ္သာ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့ရင္ အသင္းမွာ သူ႔ရဲ႕အနာဂတ္ ဆက္ရွိေနမလားဆိုတဲ့ ေမးခြန္းေတြကိုေတာ့ ျငင္းပယ္သြားခဲ့။

လက္စတာနဲ႔ ခ်ယ္လ္ဆီးအသင္းတို႔ရဲ႕ပြဲစဥ္မွာ ႏွစ္ဖက္အသင္းကစားသမားေတြနဲ႔ ဝန္ထမ္းေတြဟာ ဂိုးစည္းနားမွာ အျပန္အလွန္ခိုက္ရန္ျဖစ္ပြားခဲ့ၾကလို႔ ႏွစ္သင္းစလုံးကို အမွတ္ေလွ်ာ့ျပစ္ဒဏ္ေပးသင့္ေၾကာင္း လီဗာပူးလ္အသင္းပရိသတ္ေတြက သံၿပိဳင္ေထာက္ခံခဲ့ၾကၿပီး ခ်န္ပီယံလိဂ္တေနရာစာတိုက္ပြဲမွာ မိမိတို႔အသင္းအသာစီးရဖို႔အတြက္ ႏွစ္ဖက္အသင္းကို မွ်မွ်တတ အမွတ္ ၂၀ စီႏုတ္ပစ္သင့္တယ္လို႔ ရိသြားခဲ့ၾက။

လီဗာပူးလ္နည္းျပကေလာ့ပ္က မိမိတို႔အသင္းသားေတြအေနနဲ႔ လိုခ်င္တာကို ရေအာင္ယူႏိုင္ဖို႔ဆိုရင္ ကိုယ့္အားကိုယ္ကိုးရမွာျဖစ္ၿပီး နတ္ဘုရားေတြရဲ႕ မ,စမႈကို ေမွ်ာ္လင့္ေနလို႔ မရဘူးလို႔ ဝက္စ္ဘ႐ြမ္းနဲ႔ပြဲမွာ အယ္လစ္ဆြန္ရဲ႕ ေခါင္းတိုက္ဂိုးကို ဥပမာထားၿပီး သတိေပးသြားခဲ့သလို ပန္္းတိုင္မေရာက္ခင္ တက္မေထာင္ၾကဖို႔မွာ​ၾကား။

ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ေတာ့မယ္လို႔ သတင္းေတြေျပးေနသလို ကိုယ္တိုင္ကလည္း စပိန္ဘီလူးႀကီးအတြက္ ကစားခ်င္တဲ့ဆႏၵရွိေနတဲ့ လီဗာပူးလ္ကြင္းလယ္လူ ဗိုင္နယ္လ္ဒမ္ရဲ႕ေနရာကို အာဆင္နယ္လူေဟာင္းအာ႐ြန္ ရမ္ေဆးနဲ႔ အစားထိုးဖို႔ တိုက္တြန္းခံထားရတဲ့ လီဗာပူးလ္အသင္းဟာ ရမ္ေဆးရဲ႕ေျခစြမ္းကို သိပ္ႀကိဳက္တယ္လို႔ ထုတ္ေျပာဖူးတဲ့ စတီဗင္ ဂ်ရတ္ရဲ႕ေထာက္ခံမႈကိုလည္း ရရွိထားၿပီး ဂ်ဴဗင္တပ္စ္အသင္းဆီကေန ေပါင္ ၁၀ သန္းနဲ႔ ေခၚယူႏိုင္ဖြယ္ရွိ။

လီဗာပူးလ္ဟာ လာမယ့္ေႏြရာသီမွာ ဂိုးသမားအယ္လစ္ဆြန္ ဘက္ခါနဲ႔ ကြင္းလယ္လူဖာဘင္ညိဳတို႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ဖိဖိစီးစီးလုပ္ေဆာင္သြားမွာျဖစ္ၿပီး ေနာက္ရာသီခ်န္ပီယံလိဂ္ကို ကစားခြင့္မရရင္ေတာင္မွ အသင္းရဲ႕အဓိကကစားသမားေတြကို ေသခ်ာေပါက္ဆက္ထိန္းၿပီး အနာဂတ္အတြက္ျပင္ဆင္မွာျဖစ္ေၾကာင္းသိရ။

တိုက္စစ္မႉးဂ်ိဳတာဟာ ပဲေလ့စ္နဲ႔ပြဲအမီ ျပန္ကစားႏိုင္မယ့္အျပင္ ယူ႐ိုၿပိဳင္ပြဲကိုပါ ဝင္ေရာက္ႏိုင္မယ္လို႔ ကေလာ့ပ္က ဝမ္းသာစရာသတင္းအျဖစ္ အတည္ျပဳသြားခဲ့သလို ဘန္ေလနဲ႔ပြဲမွာ ခ်ိမ္ဘာလိန္ကို ျပန္လာမယ္လို႔ ဆိုသြားခဲ့ၿပီး ဂ်ိမ္းစ္မီလ္နာရဲ႕ အေျခအေနကေတာ့ မေရရာေသးေၾကာင္း သိရသလို အသင္းေလ့က်င့္ေရးနဲ႔ မပူးေပါင္းႏိုင္ေသးတဲ့ နာဘီ ကီတာက ေသခ်ာေပါက္လြဲေခ်ာ္ဦးမွာျဖစ္။

ၿပီးခဲ့တဲ့ညက ခ်ယ္လ္ဆီးကို ရႈံးနိမ့္ခဲ့သလို ဒီေန႔ညမွာ လီဗာပူးလ္သာ ဘန္ေလကိုႏိုင္ခဲ့ရင္ အဆင့္ ၄ အျပင္ကိုထြက္ရေတာ့မယ့္ လက္စတာနည္းျပေရာ့ဂ်ားစ္က လီဗာပူးလ္၊ ခ်ယ္လ္ဆီးႏွစ္သင္းစလုံးဟာ ပြဲက်ပ္ေတြ ကစားရဦးမွာျဖစ္လို႔ မိမိအသင္းအေနနဲ႔ အဆင့္ ၄ ေမွ်ာ္လင့္ခ်က္ကို လြယ္လြယ္လက္မေလွ်ာ့ႏိုင္ေၾကာင္းနဲ႔ ၃၈ ပြဲကစားၿပီးမွသာ ဖားလားငါးလားအေျဖေပၚမွာျဖစ္ေၾကာင္း သတိေပး။

လီဗာပူးလ္အသင္းရဲ႕ ဒီရာသီ အဆင့္ ၄ အတြင္းဝင္ေရး ေမွ်ာ္လင့္ခ်က္ဟာ အံ့အားသင့္စရာေကာင္းစြာပဲ လက္စတာကို အေဝးဂိုးသြင္းယူခဲ့ၿပီး မိုဆာလားရဲ႕သြင္းဂိုးေၾကာင့္ အားသာခ်က္တခုျဖစ္လာဖြယ္ ရွိေနၿပီး ရာသီပိတ္ပြဲစဥ္ ၃၈ မွာ လက္စတာက စပါးစ္ကို ႏိုင္ခဲ့ၿပီး လီဗာပူးလ္နဲ႔ အမွတ္တူခဲ့ရင္ေတာင္ Head to Head စည္းမ်ဥ္း ဆုံးျဖတ္ခ်က္အရ ႏွစ္ေက်ာ့ေတြ႕ဆုံမႈမွာ အေဝးဂိုး ၁ ဂိုးရထားတဲ့ လီဗာပူးလ္က အသာရမွာျဖစ္ေၾကာင္းသိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.