Premier League

ချန်ပီယံလိဂ်မှာ အပြာရောင် ခြင်္သေ့တွေ မိုးပြာရောင် မန်ချက်စတာကိုကျော်ဖြတ်ပြီး ဘာကြောင့် ဗိုလ်စွဲနိုင်လဲ

နည်းပြသစ်တူဟယ်လ်ရဲ့လက်ထက်မှာ ပြုပြင်ပြောင်းလဲရေးတွေနဲ့ အောင်မြင်ခဲ့ပြီး နောက်တဆင့်မြင့်လာခဲ့တဲ့ ခြေစွမ်းတွေက ချယ်လ်ဆီးအသင်းကိ စပါးစ်၊ လီဗာပူးလ်၊ တီကို၊ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့လို ဥရောပအထက်တန်းလွှာအသင်းတွေကို ခေါင်းတလုံးအသာနဲ့ ကျော်ဖြတ်နိုင်စေခဲ့တာပါ။

လက်ရှိမှာတော့ အဆင့် ၄ တိုက်ပွဲအတွက် အတိုင်းအတာတခုအထိ တည်ငြိမ်သွားခဲ့ပြီး ပရီးမီးယားလိဂ် အဆင့် ၃ အဖြစ် ရာသီပိတ်သိမ်းဖို့ အလားအလာကောင်းနေချိန်မှာ မန်စီးတီးနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲညကို ချယ်လ်ဆီးအသင်းက ဘာကြောင့် အနိုင်ရသွားမလဲဆိုတဲ့ဘက်ကနေ တင်ဆက်ပေးသွားချင်ပါမယ်။

ပထမဦးဆုံး မဖြစ်မနေပြောသင့်တာက အပြာရောင်လန်ဒန်မြေက ခံစစ်မှတ်တမ်းပါ။ သိပ်ကိုပြောင်မြောက်လွန်းပါတယ်။ တူဟယ်လ်ရဲ့ ၄ လတာကာလအတွင်း တဆစ်ချိုးပြောင်းလဲမှုကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သလို ပြိုင်ပွဲစုံ ၂၈ ပွဲကစားထားရာမှာ Clean Sheet ၁၈ ပွဲအထိယူပြီး ပေးဂိုး ၁၄ ဂိုးသာ ရှိခဲ့တာပါ။

မန်စီးတီးလိုအသင်းမျိုးကို အချိန်တိုအတွင်း ၂ ပွဲဆက် အနိုင်ကစားခဲ့တာက မဖြစ်မနေချီးကျူးရမှာဖြစ်သလို လက်စတာကို အရေးနိမ့်ပြီး FA ဖလား လက်လွှတ်ခဲ့ရခြင်းဟာ ပရီးမီးယားလိဂ်မှာ လက်စားချေပြီး အဆင့် ၃ ကို သိမ်းပိုက်ခြင်းနဲ့အတူ ပြိုင်ဘက်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အသာစီးရယူနိုင်မှုကိုလည်း သက်သေပြခဲ့တယ်။

စီးတီးအနေနဲ့ ချယ်လ်ဆီးကြောင့် ဖလား ၄ လုံးအိပ်မက်ကနေ FA ဖလားတလုံးကို လက်လျှော့ခဲ့ရတဲ့အမှားကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပြင်းပြင်ထန်ထန် ပြင်ဆင်ချင်စိတ် ရှိနေမှာဖြစ်သလို ဒီခါးသီးမှုကပဲ သူတို့ရဲ့အာရုံရှင်းလင်းမှုကို ပျက်ပြယ်သွားစေမလားဆိုတာလည်း စိတ်ဝင်စားစရာရှိတယ်။

ခပ်ရှင်းရှင်းပဲပြောရရင်တော့ ဝက်စ်ဘရွမ်းနဲ့ အာဆင်နယ်တို့နဲ့ ရှုံးပွဲတွေကလွဲရင်တော့ တူဟယ်လ်ရဲ့အသင်းက သူ့ပြိုင်ဘက်တွေ၊ အထူးသဖြင့် အင်အားကြီးပြိုင်ဘက်တွေကို ဘယ်လိုကောင်းကောင်းထိုးနှက်ပြီး စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်လာတဲ့အသင်းတိုင်းကို ဘယ်လို ချိုးဖျက်ရမလဲလို့ သေချာနားလည်ထားတယ်ဆိုတာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်လာတဲ့ မှတ်တမ်းက သက်သေခံ​​နေတယ်။

ရှင်သန်နိုင်စွမ်းရှိတဲ့အသင်းကပဲ အသက်ရှင်နိုင်မယ့် ချန်ပီယံလိဂ်လို့ မဆုတ်မနစ် ကျားကုတ်ကျားခဲနဲ့ အညှာအတာမဲ့ ကစားကြတဲ့ပြိုင်ပွဲကြီးမှာ ချယ်လ်ဆီးက သာမန်အိမ်ဖြည့်အသင်းအဖြစ် သတ်မှတ်ခံထားရသူအဆင့်ကနေ မန်စီးတီးရဲ့ အနက်ရှိူင်းဆုံး အမာရွတ်ဖြစ်တဲ့ သမိုင်းတလျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားဆိုတဲ့ ၅ နှစ်တာကြိုးစားတည်ဆောက်ယူလာရတဲ့ ဂုဏ်ပုဒ်ကို ဘယ်လိုရိုက်ချိုးပြီး ချန်ပီယံလိဂ်ရယူသွားမလဲဆိုတဲ့ စိတ်ဝင်စားမှုတွေအထိ ယူဆောင်လာခဲ့တာက တူဟယ်လ်ရဲ့အသင်းက လာမယ့်ချန်ပီယံလိဂ်မှာ ဖိအားပိုကင်းပြီး စိတ်ဓာတ်အင်အားပိုပြင်းတဲ့အသင်းအဖြစ် အသုံးတော်ခံသွားဖို့ ရှိနေကြောင်း တင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.