Premier League

ပရိသတ်ကို အားမနာခဲ့တဲ့ သရဲနီ – ယူနိုက်တက် 1:1 ဖူလ်ဟမ် ပွဲအပြီး ပြောစမှတ်စရာ ၇ ချက်

ပရိသတ်ကို အားမနာခဲ့တဲ့ သရဲနီ
ဘောလုံးပွဲတွေကို လာရောက်အားပေးခွင့်မရှိတော့လို့ ၁၄ လကြာခွဲခွာနေရတဲ့ ယူနိုက်တက်ပရိသတ်တွေဟာ ဒီပွဲမှာ အိုးထရက်ဖို့ဒ်ဆီကို တကျော့ပြန်ခြေချနိုင်ခဲ့သလို ပွဲကြည့်ပရိသတ် ၁ သောင်းရှေ့မှာတော့ နိုင်ပွဲကို မယူပြနိုင်ခဲ့လို့ ပရိသတ်တွေကို အမောဆို့စေခဲ့သလို ဆိုးလ်ရှားကိုပါ မျက်နှာပျက်စေခဲ့ပါတယ်။

စားတော်ခေါ်ခဲ့တဲ့ ဘုရင်ကြီးကာဗာနီ
ပထမပိုင်းမှာ ကိုက် ၄၀ အကွာက ကာဗာနီရဲ့ကန်သွင်းချက်က အတော်လေးလှပခဲ့သလို ဘရူနို ဖာနန်ဒက်စ်ရဲ့ ဂိုးဖန်တီးမှုကလည်း ဘုရင်ကြီးကာဗာနီရဲ့ ဖျော်ဖြေမှုကို မျက်ဝါးထင်ထင်မြင်တွေ့ခံစားခဲ့ရလို့ ပရိသတ်တွေကျေနပ်ခဲ့သလို စာချုပ်သစ်ချုပ်ဆိုပြီးနောက်မှာတော့ နံပါတ် ၇ ဂျာစီနဲ့ ထိုက်တန်ကြောင်း အားလုံးကို အသိပေးလိုက်တာဖြစ်ပြီး သရဲနီတို့ရဲ့အချစ်တွေကိုလည်း သဲ့ယူသွားခဲ့တာပါ။

အိမ်ကွင်း ထိချက်နာတဲ့ ၂၈ ဂိုးကြောင့်
ယူနိုက်တက်က ဒီရာသီ အိုးထရက်ဖို့ဒ်အိမ်ကွင်းပေးဂိုးအနေနဲ့ ၂၈ ဂိုးအထိ ဂိုးပေးခဲ့ရတာကို တွေ့ရပြီး ဒါက ထိပ်သီးအဆင့် ၄ အတွင်းက အသင်းတသင်းအတွက် မဖြစ်သင့်တဲ့အမှားတခုဖြစ်ပေမယ့် ဒီနေ့ပွဲမှာလည်း ဆက်လက်ကျူးလွန်ခဲ့ပြီး ခပ်ပေါ့ပေါ့ခံစစ်ခုခံမှုမှာ ဖူလ်ဟမ်ကစားသမားဂျိုးဘရိုင်ယန်ရဲ့ ခေါင်းတိုက်ဂိုးကို ခွင့်ပေးခဲ့ရပြီး အဆင့် ၂ နေရာကို လက်စတာဆီလွှဲပေးချင်နေတာလားလို့ မေခွန်းထုတ်ခံထားရပါတယ်။

ကိုယ့်ဒဏ်ကိုယ်ခံရတော့မယ့် သစ်သားစိမ်း
အင်္ဂလန်နည်းပြဆောက်ဂိတ်က ယူရိုပြိုင်ပွဲအတွက် လက်ရွေးစင်လူရွေးချယ်မှုကို နောက်တပတ်အတွင်း ထုတ်ပြန်ကြေငြာတော့မယ့်အချိန်မှာ ဂရင်းဝုဒ်က ဒီပွဲမှာ ဂိုးအခွင့်အရေးတိုင်းကို အဆုံးမသတ်နိုင်ခဲ့ဘဲ ကြီးကြီးမားမား ဖြုန်းတီးသွားခဲ့ပြီး ဂိုးပေါက်ပျောက်ခဲ့တာကို တွေ့ရသလို ဆောက်ဂိတ်ရဲ့ ၂၆ ဦးစာရင်းမှာ ချန်လှန်ခဲ့ခဲ့ရရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံခံပေရော့လို့သာ ဆိုရမှာပါ။

ချုံအောင်းပြီး ချိုသွေးနေတာလား အဖျားရှုးသွားတာလား
ဆိုးလ်ရှားအတွက်တော့ နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ အနိုင် ရခဲ့တာဖြစ်ပြီး ဖူလ်ဟမ်သရေကျခဲ့တဲ့နောက်မှာ​တေ့ အိုးထရက်ဖို့ဒ် နောက်ဆုံး ၃ ပွဲမှာ ၁ မှတ်သာစုဆောင်းနိုင်ခဲ့ခြင်းက ပိုလန်မှာ GDANSK ယူရိုပါလိဂ်ဖိုင်နယ်အတွက် ချုံအောင်းပြီ ချိုသွေးနေတာလား၊ ဒါမှမဟုတ် ယူနိုက်တက် အဖျားရှုးသွားတာလားဆိုတာတော့ သူကိုယ်တိုင်ကသာ ရေရေရာရာသိပါလိမ့်မယ်။

လုခ်ရှောနဲ့ ဘရူနိုတို့ သူကောင်းပြုခံရ
ယူနိုက်တက်ရဲ့ တနှစ်တာအကောင်းဆုံးကစားသမားဆုကို ရခဲ့တဲ့ လုခ်ရှောနဲ့အတူ ဆာမက်ဘက်စ်ဘီဆုကို ချီးမြှင့်ခံခဲ့ရတဲ့ ဘရူနို ဖာနန်ဒက်တို့ကို ပရိသတ်တွေက ဒီပွဲအပြီးမှာ သူကောင်းပြုခဲ့ကြပြီး ဘရူနိုကတော့ ဖေဖော်ဝါရီလ အဲဗာတန်နဲ့ပွဲက သူ့ရဲ့သွင်းဂိုးဟာ တရာသီအတွင်း အကောင်းဆုံးဂိုးဆုရှင်အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။

ယူရိုပါလိဂ်ဘုရင်အဖြစ် အင်္ဂလန်ကို ပြည်တော်ဝင်မယ်ဆိုတဲ့ ကတိ
ဒီပွဲအပြီးမှာ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပရိသတ်တွေကို ယူရိုပါလိဂ်ဘုရင်အဖြစ် အင်္ဂလန်ကို ပြည်တော်ဝင်မယ်ဆိုတဲ့ ကတိတလုံးကို အခိုင်အမာပေးခဲ့သလို ယူနိုက်တက်အတွက် လက်ရှိအနေအထားက မျှော်မှန်းသလောက် ကျေနပ်စရာမရှိသေးတဲ့အကြောင်းလည်း ပရိသတ်တွေဆီ ဝန်ချတောင်းပန်သွားခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရိသတ္ကို အားမနာခဲ့တဲ့ သရဲနီ
ေဘာလုံးပြဲေတြကို လာေရာက္အားေပးခြင့္မရွိေတာ့လို႔ ၁၄ လၾကာခြဲခြာေနရတဲ့ ယူႏိုက္တက္ပရိသတ္ေတြဟာ ဒီပြဲမွာ အိုးထရက္ဖို႔ဒ္ဆီကို တေက်ာ့ျပန္ေျခခ်ႏိုင္ခဲ့သလို ပြဲၾကည့္ပရိသတ္ ၁ ေသာင္းေရွ႕မွာေတာ့ ႏိုင္ပြဲကို မယူျပႏိုင္ခဲ့လို႔ ပရိသတ္ေတြကို အေမာဆို႔ေစခဲ့သလို ဆိုးလ္ရွားကိုပါ မ်က္ႏွာပ်က္ေစခဲ့ပါတယ္။

စားေတာ္ေခၚခဲ့တဲ့ ဘုရင္ႀကီးကာဗာနီ
ပထမပိုင္းမွာ ကိုက္ ၄၀ အကြာက ကာဗာနီရဲ႕ကန္သြင္းခ်က္က အေတာ္ေလးလွပခဲ့သလို ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ဂိုးဖန္တီးမႈကလည္း ဘုရင္ႀကီးကာဗာနီရဲ႕ ေဖ်ာ္ေျဖမႈကို မ်က္ဝါးထင္ထင္ျမင္ေတြ႕ခံစားခဲ့ရလို႔ ပရိသတ္ေတြေက်နပ္ခဲ့သလို စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေနာက္မွာေတာ့ နံပါတ္ ၇ ဂ်ာစီနဲ႔ ထိုက္တန္ေၾကာင္း အားလုံးကို အသိေပးလိုက္တာျဖစ္ၿပီး သရဲနီတို႔ရဲ႕အခ်စ္ေတြကိုလည္း သဲ့ယူသြားခဲ့တာပါ။

အိမ္ကြင္း ထိခ်က္နာတဲ့ ၂၈ ဂိုးေၾကာင့္
ယူႏိုက္တက္က ဒီရာသီ အိုးထရက္ဖို႔ဒ္အိမ္ကြင္းေပးဂိုးအေနနဲ႔ ၂၈ ဂိုးအထိ ဂိုးေပးခဲ့ရတာကို ေတြ႕ရၿပီး ဒါက ထိပ္သီးအဆင့္ ၄ အတြင္းက အသင္းတသင္းအတြက္ မျဖစ္သင့္တဲ့အမွားတခုျဖစ္ေပမယ့္ ဒီေန႔ပြဲမွာလည္း ဆက္လက္က်ဴးလြန္ခဲ့ၿပီး ခပ္ေပါ့ေပါ့ခံစစ္ခုခံမႈမွာ ဖူလ္ဟမ္ကစားသမားဂ်ိဳးဘ႐ိုင္ယန္ရဲ႕ ေခါင္းတိုက္ဂိုးကို ခြင့္ေပးခဲ့ရၿပီး အဆင့္ ၂ ေနရာကို လက္စတာဆီလႊဲေပးခ်င္ေနတာလားလို႔ ေမခြန္းထုတ္ခံထားရပါတယ္။

ကိုယ့္ဒဏ္ကိုယ္ခံရေတာ့မယ့္ သစ္သားစိမ္း
အဂၤလန္နည္းျပေဆာက္ဂိတ္က ယူ႐ိုၿပိဳင္ပြဲအတြက္ လက္ေ႐ြးစင္လူေ႐ြးခ်ယ္မႈကို ေနာက္တပတ္အတြင္း ထုတ္ျပန္ေၾကျငာေတာ့မယ့္အခ်ိန္မွာ ဂရင္းဝုဒ္က ဒီပြဲမွာ ဂိုးအခြင့္အေရးတိုင္းကို အဆုံးမသတ္ႏိုင္ခဲ့ဘဲ ႀကီးႀကီးမားမား ျဖဳန္းတီးသြားခဲ့ၿပီး ဂိုးေပါက္ေပ်ာက္ခဲ့တာကို ေတြ႕ရသလို ေဆာက္ဂိတ္ရဲ႕ ၂၆ ဦးစာရင္းမွာ ခ်န္လွန္ခဲ့ခဲ့ရရင္ေတာ့ ကိုယ့္ထိုက္နဲ႔ကိုယ္ကံခံေပေရာ့လို႔သာ ဆိုရမွာပါ။

ခ်ဳံေအာင္းၿပီး ခ်ိဳေသြးေနတာလား အဖ်ားရႈးသြားတာလား
ဆိုးလ္ရွားအတြက္ေတာ့ ေနာက္ဆုံး ၅ ပြဲမွာ ၁ ပြဲသာ အႏိုင္ ရခဲ့တာျဖစ္ၿပီး ဖူလ္ဟမ္သေရက်ခဲ့တဲ့ေနာက္မွာ​ေတ့ အိုးထရက္ဖို႔ဒ္ ေနာက္ဆုံး ၃ ပြဲမွာ ၁ မွတ္သာစုေဆာင္းႏိုင္ခဲ့ျခင္းက ပိုလန္မွာ GDANSK ယူ႐ိုပါလိဂ္ဖိုင္နယ္အတြက္ ခ်ဳံေအာင္းၿပီ ခ်ိဳေသြးေနတာလား၊ ဒါမွမဟုတ္ ယူႏိုက္တက္ အဖ်ားရႈးသြားတာလားဆိုတာေတာ့ သူကိုယ္တိုင္ကသာ ေရေရရာရာသိပါလိမ့္မယ္။

လုခ္ေရွာနဲ႔ ဘ႐ူႏိုတို႔ သူေကာင္းျပဳခံရ
ယူႏိုက္တက္ရဲ႕ တႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရခဲ့တဲ့ လုခ္ေရွာနဲ႔အတူ ဆာမက္ဘက္စ္ဘီဆုကို ခ်ီးျမႇင့္ခံခဲ့ရတဲ့ ဘ႐ူႏို ဖာနန္ဒက္တို႔ကို ပရိသတ္ေတြက ဒီပြဲအၿပီးမွာ သူေကာင္းျပဳခဲ့ၾကၿပီး ဘ႐ူႏိုကေတာ့ ေဖေဖာ္ဝါရီလ အဲဗာတန္နဲ႔ပြဲက သူ႔ရဲ႕သြင္းဂိုးဟာ တရာသီအတြင္း အေကာင္းဆုံးဂိုးဆုရွင္အျဖစ္ သတ္မွတ္ခံခဲ့ရတာပါ။

ယူ႐ိုပါလိဂ္ဘုရင္အျဖစ္ အဂၤလန္ကို ျပည္ေတာ္ဝင္မယ္ဆိုတဲ့ ကတိ
ဒီပြဲအၿပီးမွာ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ပရိသတ္ေတြကို ယူ႐ိုပါလိဂ္ဘုရင္အျဖစ္ အဂၤလန္ကို ျပည္ေတာ္ဝင္မယ္ဆိုတဲ့ ကတိတလုံးကို အခိုင္အမာေပးခဲ့သလို ယူႏိုက္တက္အတြက္ လက္ရွိအေနအထားက ေမွ်ာ္မွန္းသေလာက္ ေက်နပ္စရာမရွိေသးတဲ့အေၾကာင္းလည္း ပရိသတ္ေတြဆီ ဝန္ခ်ေတာင္းပန္သြားခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.