Premier League

ပရိသတ်တွေကို ကြေကွဲမှုတွေ ပေးနေဆဲ ဗာနာ- ချယ်လ်ဆီး 2:1 လက်စတာပွဲအပြီး ထုတ်နုတ်ပြောစရာ ၇ချက်

ချယ်လ်ဆီး အဆင့် ၃ တက်ပြီ
FA ဖိုင်နယ်က သွေးကြွေးကိုဆပ်ခဲ့ပြီး လက်စတာနဲ့ ရော့ဂျားစ်ကို တူဟယ်လ်က လက်စားချေခဲ့တဲ့ပွဲဖြစ်ပြီး ချယ်လ်ဆီးအသင်းက အဆင့် ၃ ကို ခုန်တက်သွားခဲ့ပြီး လက်စတာကို နောက်ကောက်ချခဲ့သလို ဗီလာကိုသာ ထပ်အနိုင်ရရင် လက်စတာရဲ့ ​ပြီးခဲ့တဲ့ရာသီ အဆင့် ၅ ဇာတ်လမ်းဟာ တကျော့ပြန် စိတ်ပျက်ဖွယ်ရာ ရောက်ရှိလာဦးမှာပါ။

လူ ၈၀၀၀ ကို ကြေကွဲစေခဲ့တဲ့ ဗာနာ
ဗာနာရဲ့ ဒီနေ့​ခြေစွမ်းကလည်း ဓာတ်ပြားဟောင်းကြီးကိုပဲ ထပ်ဖွင့်ခဲ့သလို ဂိုးမသွင်းနိုင်၊ အဆုံးမသတ်နိုင်တဲ့ သူ့ရဲ့အဖျားရှုးမှုကြီးက မြင်းကောင်းခွာလိပ်လို့ ဆိုရမလား၊ ရာသီကုန်မှာ စတမ်းဖို့ဒ်ဘရစ်ချ်ကနေပဲ ပတ်စာခွာဖျာသိမ်းပြီး ဒိုးရတော့မလားဆိုတဲ့ ဆွေးနွေးတွေကြားထဲကနေ ဒီနေ့ပွဲက ကွင်းထဲက ၈ ထောင်သော အပြာရောင် ပရိသတ်တွေကို ကြေကွဲစေခဲ့နောက် သူ့ကိုယ်သူ သက်သေပြစရာတွေက အပုံလိုက်ကြီး ရှိနေပါသေးတယ်။

မူးယစ်နေတဲ့ မြေခွေးကြီးတွေရဲ့အမှား
ဝင်ဘလေကွင်းက FA ဖလားအောင်မြင်မှုကြီးကို တိမ်းမောမူးယစ်နေတဲ့ မြေခွေးကြီးတွေက ဒီနေ့ပွဲမှာ အိပ်မက်ကနေ မနိုးထနိုင်ခဲ့ဘဲ ချယ်လ်ဆီးကို မိနစ် ၉၀ မယှဥ်နိုင်ခဲ့တာကို တွေ့ရတယ်။ အောင်ပွဲခံတာ သိပ်များသွားပြီလားလို့ သူ့အသင်းကို ရော့ဂျားစ် အချိန်မလွန်ခင် ပခုံးပုတ်လှုပ်နှ်ိုးသင့်နေပါပြီ။

ကွန်တေရဲ့ ဒဏ်ရာ ဖိုင်နယ်အမီ ပြန်ကောင်းလာနိုင်မလား
ပထမပိုင်းမှာ ဒဏ်ရာရပြီး လူစားလဲခဲ့ရတဲ့ အန်ဂိုလို ကွန်တေက အပြာရောင်လန်ဒန်တို့ရဲ့ ဒီရာသီ အဖိူးအထိုက်တန်ဆုံး ကစားသမားဖြစ်ပြီး သူပါမှဖြစ်မယ့် ချန်ပီယံလိဂ်ဖိုင်နယ်ကို မလွဲချော်စေဖို့ ပရိသတ်တွေ ဆုတောင်းနေရပြီဖြစ်သလို ဖိုင်နယ်အမီ ပြန်သက်သာလာမယ်လို့ မျှော်လင့်ချက်တွေလည်း ရှိနေပါတယ်။

ပရိသတ်တွေပေးတဲ့ အဖိုးတန် ၃ မှတ်
ကွင်းထဲကို အင်အားအလုံးအရင်းနဲ့ တကျော့ပြန်ဝင်ခွင့်ရလာတဲ့ ချယ်လ်ဆီးပရိသတ်တွေကသာ ဒီနေ့ပွဲရဲ့ အနိုင် ၃ မှတ်အတွက် အဓိကဇာတ်လိုက်လို့ ဆိုရမှာဖြစ်ပြီး ပွဲစဥ်တလျှောက်မှာ အတိုးချပြီး အားပေးခဲ့တာက အသင်းကို အားတက်ရေးဖြစ်စေခဲ့ပြီး ရူဒီဂါနဲ့ ဂျော်ဂျင်ဟိုတို့ရဲ့ ဂိုးတွေကို အကောင်အထည်​ပေါ်သွားစေခဲ့တာကို တွေ့ရတယ်။

ထောင့်ကန်ဘောကနေတဆင့် ဂိုးအများဆုံးအသင်း
ချယ်လ်ဆီးအသင်းက ဒီရာသီ ပရီးမီးယားလိဂ်မှာ ထောင့်ကန်ဘောကနေတဆင့် ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကို တွေ့ရပြီး ရူဒီဂါရဲ့ သွင်းဂိုးအပြီးမှာတော့ ရာသီသိမ်းချိန်မှာ ဘယ်အသင်းမှ လိုက်မမီတဲ့ စံချိန်ဖြစ်လာခဲ့တယ်။ တဖက်မှာ လက်စတာအသင်းကလည်း ထောင့်ကန်ဘောကနေ ၉ ဂိုးအထိ ခွင့်ပြုခဲ့တာရတာမျိုးဖြစ်ပါတယ်။

လီဗာပူးလ်ရှုံးဖို့ ဆုတောင်းနေမှာမဟုတ်ဘူးဆိုတဲ့ ရော့ဂျားစ်
ဒီနေ့ည လီဗာပူးလ်ကသာ ဘန်လေကို နိုင်သွားခဲ့သည်ရှိသော် လက်စတာရဲ့အနေအထားက တရာသီလုံးနီးပါး အဆင့် ၄ အတွင်း ပြေးလွှားလာခဲ့ရသမျှ သဲရေကျဖို့များနိုင်​ခြေရှိပြီး အဆင့် ၅ ကို သက်ဆင်းပေးရတဲ့နောက် ပွဲစဥ် ၃၈ တခုတည်းကိုသာ အားကိုးရာအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာကို ကံကြမ္မာလက်ထဲ ဝကွက်အပ်ရတော့မယ့် အ​နေအထားဖြစ်နေချိန်မှာ လီဗာပူးလ်ရှုံးဖို့ ဆုတောင်းနေမှာမဟုတ်ဘူးဆိုတဲ့ ရော့ဂျားစ်က ချန်ပီယံလိဂ်မဝင်လည်း အေးအေးသက်သာပဲလို့ ပြောသွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ယ္လ္ဆီး အဆင့္ ၃ တက္ၿပီ
FA ဖိုင္နယ္က ေသြးေႂကြးကိုဆပ္ခဲ့ၿပီး လက္စတာနဲ႔ ေရာ့ဂ်ားစ္ကို တူဟယ္လ္က လက္စားေခ်ခဲဲ့တဲ့ပြဲျဖစ္ၿပီး ခ်ယ္လ္ဆီးအသင္းက အဆင့္ ၃ ကို ခုန္တက္သြားခဲ့ၿပီး လက္စတာကို ေနာက္ေကာက္ခ်ခဲဲ့သလို ဗီလာကိုသာ ထပ္အႏိုင္ရရင္ လက္စတာရဲ႕ ​ၿပီးခဲ့တဲ့ရာသီ အဆင့္ ၅ ဇာတ္လမ္းဟာ တေက်ာ့ျပန္ စိတ္ပ်က္ဖြယ္ရာ ေရာက္ရွိလာဦးမွာပါ။

လူ ၈၀၀၀ ကို ေၾကကြဲေစခဲ့တဲ့ ဗာနာ
ဗာနာရဲ႕ ဒီေန႔​ေျခစြမ္းကလည္း ဓာတ္ျပားေဟာင္းႀကီးကိုပဲ ထပ္ဖြင့္ခဲ့သလို ဂိုးမသြင္းႏိုင္၊ အဆုံးမသတ္ႏိုင္တဲ့ သူ႔ရဲ႕အဖ်ားရႈးမႈႀကီးက ျမင္းေကာင္းခြာလိပ္လို႔ ဆိုရမလား၊ ရာသီကုန္မွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကေနပဲ ပတ္စာခြာဖ်ာသိမ္းၿပီး ဒိုးရေတာ့မလားဆိုတဲ့ ေဆြးေႏြးေတြၾကားထဲကေန ဒီေန႔ပြဲက ကြင္းထဲက ၈ ေထာင္ေသာ အျပာေရာင္ ပရိသတ္ေတြကို ေၾကကြဲေစခဲ့ေနာက္ သူ႔ကိုယ္သူ သက္ေသျပစရာေတြက အပုံလိုက္ႀကီး ရွိေနပါေသးတယ္။

မူးယစ္ေနတဲ့ ေျမေခြးႀကီးေတြရဲ႕အမွား
ဝင္ဘေလကြင္းက FA ဖလားေအာင္ျမင္မႈႀကီးကို တိမ္းေမာမူးယစ္ေနတဲ့ ေျမေခြးႀကီးေတြက ဒီေန႔ပြဲမွာ အိပ္မက္ကေန မႏိုးထႏိုင္ခဲ့ဘဲ ခ်ယ္လ္ဆီးကို မိနစ္ ၉၀ မယွဥ္ႏိုင္ခဲ့တာကို ေတြ႕ရတယ္။ ေအာင္ပြဲခံတာ သိပ္မ်ားသြားၿပီလားလို႔ သူ႔အသင္းကို ေရာ့ဂ်ားစ္ အခ်ိန္မလြန္ခင္ ပခုံးပုတ္လႈပ္ႏွ္ိုးသင့္ေနပါၿပီ။

ကြန္ေတရဲ႕ ဒဏ္ရာ ဖိုင္နယ္အမီ ျပန္ေကာင္းလာႏိုင္မလား
ပထမပိုင္းမွာ ဒဏ္ရာရၿပီး လူစားလဲခဲ့ရတဲ့ အန္ဂိုလို ကြန္ေတက အျပာေရာင္လန္ဒန္တို႔ရဲ႕ ဒီရာသီ အဖိူးအထိုက္တန္ဆုံး ကစားသမားျဖစ္ၿပီး သူပါမွျဖစ္မယ့္ ခ်န္ပီယံလိဂ္ဖိုင္နယ္ကို မလြဲေခ်ာ္ေစဖို႔ ပရိသတ္ေတြ ဆုေတာင္းေနရၿပီျဖစ္သလို ဖိုင္နယ္အမီ ျပန္သက္သာလာမယ္လို႔ ေမွ်ာ္လင့္ခ်က္ေတြလည္း ရွိေနပါတယ္။

ပရိသတ္ေတြေပးတဲ့ အဖိုးတန္ ၃ မွတ္
ကြင္းထဲကို အင္အားအလုံးအရင္းနဲ႔ တေက်ာ့ျပန္ဝင္ခြင့္ရလာတဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြကသာ ဒီေန႔ပြဲရဲ႕ အႏိုင္ ၃ မွတ္အတြက္ အဓိကဇာတ္လိုက္လို႔ ဆိုရမွာျဖစ္ၿပီး ပြဲစဥ္တေလွ်ာက္မွာ အတိုးခ်ၿပီး အားေပးခဲ့တာက အသင္းကို အားတက္ေရးျဖစ္ေစခဲ့ၿပီး ႐ူဒီဂါနဲ႔ ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ ဂိုးေတြကို အေကာင္အထည္​ေပၚသြားေစခဲ့တာကို ေတြ႕ရတယ္။

ေထာင့္ကန္ေဘာကေနတဆင့္ ဂိုးအမ်ားဆုံးအသင္း
ခ်ယ္လ္ဆီးအသင္းက ဒီရာသီ ပရီးမီးယားလိဂ္မွာ ေထာင့္ကန္ေဘာကေနတဆင့္ ၁၀ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာကို ေတြ႕ရၿပီး ႐ူဒီဂါရဲ႕ သြင္းဂိုးအၿပီးမွာေတာ့ ရာသီသိမ္းခ်ိန္မွာ ဘယ္အသင္းမွ လိုက္မမီတဲ့ စံခ်ိန္ျဖစ္လာခဲ့တယ္။ တဖက္မွာ လက္စတာအသင္းကလည္း ေထာင့္ကန္ေဘာကေန ၉ ဂိုးအထိ ခြင့္ျပဳခဲ့တာရတာမ်ိဳးျဖစ္ပါတယ္။

လီဗာပူးလ္ရႈံးဖို႔ ဆုေတာင္းေနမွာမဟုတ္ဘူးဆိုတဲ့ ေရာ့ဂ်ားစ္
ဒီေန႔ည လီဗာပူးလ္ကသာ ဘန္ေလကို ႏိုင္သြားခဲ့သည္ရွိေသာ္ လက္စတာရဲ႕အေနအထားက တရာသီလုံးနီးပါး အဆင့္ ၄ အတြင္း ေျပးလႊားလာခဲ့ရသမွ် သဲေရက်ဖို႔မ်ားႏိုင္​ေျခရွိၿပီး အဆင့္ ၅ ကို သက္ဆင္းေပးရတဲ့ေနာက္ ပြဲစဥ္ ၃၈ တခုတည္းကိုသာ အားကိုးရာအျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာစာကို ကံၾကမၼာလက္ထဲ ဝကြက္အပ္ရေတာ့မယ့္ အ​ေနအထားျဖစ္ေနခ်ိန္မွာ လီဗာပူးလ္ရႈံးဖို႔ ဆုေတာင္းေနမွာမဟုတ္ဘူးဆိုတဲ့ ေရာ့ဂ်ားစ္က ခ်န္ပီယံလိဂ္မဝင္လည္း ေအးေအးသက္သာပဲလို႔ ေျပာသြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.