Serie A

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ျပန္လည္ေရာင္းခ်ရႏိုင္တဲ့ ဂ်ဴဗင္တပ္စ္

ကို႐ုိနာဗုိင္းရပ္စ္ကူးစက္မွဳနဲ႔ အီတလီႏိုင္ငံရဲ႕ ဆုိးဆုိးရြားရြားထိခိုက္ခဲ့တဲ့ အေျခအေနေၾကာင့္ ဝင္ေငြက႑အသီးသီးမွာ ထိခိုက္နစ္နာခဲ့ရတဲ့ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ သူတုိ႔ရဲ႕ လစာအႀကီးျမင့္ဆုံးကစားသမားျဖစ္တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ဆက္လက္ထိန္းသိမ္းဖုိ႔ မလြယ္ကူဘဲ ျပန္လည္ေရာင္းခ်ရႏုိင္တယ္လို႔ သိရပါတယ္။

တစ္ပတ္လုပ္ခ ေပါင္ငါးသိန္းနီးပါး ရရွိေနတဲ့ ေရာ္နယ္လ္ဒိုဟာ လက္ရွိအခ်ိန္မွာ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ မတ္လကေန ဇြန္လအထိ သူ႕ကို ေပးေခ်ရမယ့္ ေလးလစာ လစာေငြကို မယူေတာ့ဘူးလို႔ ဆုံးျဖတ္ထားခဲ့သလို နည္းျပ ေမာ္ရီဇီယို ဆာရီနဲ႔ တျခားအသင္းေဖာ္ေတြဟာလည္း ဒီေလးလမွာ လစာေလွ်ာ့ယူဖို႔ သေဘာတူညီထားခဲ့ပါတယ္။

အသင္းရဲ႕ ေဘာလုံးပြဲေတြကေန ရရွိမယ့္ အက်ဳိးအျမတ္ေတြျဖစ္ၾကတဲ့ ကြင္းဝင္ေၾကးေတြနဲ႔ ႐ုပ္သံထုတ္လႊင့္ခေတြဟာ မတ္လကစၿပီး ရာသီကုန္အထိ ဆုိးဆုိးရြားရြား ေလ်ာ့က်ေပ်ာက္ဆုံးသြားေတာ့မွာျဖစ္လို႔ ဂ်ဴဗင္တပ္စ္အေနနဲ႔ေတာ့ လာမယ့္ရာသီမွာ သူ႕ကို ေပးေခ်ရမယ့္ တစ္ႏွစ္လုပ္ခ ေပါင္ ၂၇ သန္း ေပးေခ်ဖို႔ ခက္ခဲေနခဲ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမွာ ေပါင္သန္း ၁၀၀ နဲ႔ ေခၚယူထားခဲ့တဲ့ ေပၚတူဂီတုိက္စစ္မွဴးကို ေပါင္ ၆၃ သန္း ရရွိရင္ ျပန္လည္ေရာင္းခ်သြားႏုိင္တယ္လို႔ ခန္႔မွန္းေနၾကၿပီး တခ်ဳိ႕ကေတာ့ ေပါင္သန္း ၆၀ ကေန ၆၅ သန္းအတြင္း ေတာင္းဆုိႏုိင္တယ္လို႔လည္း ဆုိခဲ့ၾကပါတယ္။

ေပၚတူဂီႏုိင္ငံမွာ မိသားစုနဲ႔အတူ ေဘာလုံးပြဲေတြ ရပ္နားစဥ္အတြင္း ျပန္လည္အနားယူရင္း ေရာဂါမကူးစက္ေအာင္ ခြဲျခားေနထုိင္ေနခဲ့တဲ့ ေရာ္နယ္လ္ဒိုအေနနဲ႔ေတာ့ သူ႕ရဲ႕ အနာဂတ္ကို လာမယ့္ရာသီမွာ ဆုံးျဖတ္ရဖြယ္ရွိၿပီး ဂ်ဴဗင္တပ္စ္ဘက္က ေပးေခ်ႏုိင္မယ့္ လစာေငြကို ေလွ်ာ့ခ်ရယူဖို႔နဲ႔ အသင္းကေန ထြက္ခြာဖို႔ ႏွစ္မ်ဳိးကို ေရြးခ်ယ္ရႏုိင္ေၾကာင္းလည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ အီတလီနိုင်ငံရဲ့ ဆိုးဆိုးရွားရွားထိခိုက်ခဲ့တဲ့ အခြေအနေကြောင့် ဝင်ငွေကဏ္ဍအသီးသီးမှာ ထိခိုက်နစ်နာခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းအနေနဲ့ သူတို့ရဲ့ လစာအကြီးမြင့်ဆုံးကစားသမားဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆက်လက်ထိန်းသိမ်းဖို့ မလွယ်ကူဘဲ ပြန်လည်ရောင်းချရနိုင်တယ်လို့ သိရပါတယ်။

တစ်ပတ်လုပ်ခ ပေါင်ငါးသိန်းနီးပါး ရရှိနေတဲ့ ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်မှာ ဂျူဗင်တပ်စ်အသင်းရဲ့ မတ်လကနေ ဇွန်လအထိ သူ့ကို ပေးချေရမယ့် လေးလစာ လစာငွေကို မယူတော့ဘူးလို့ ဆုံးဖြတ်ထားခဲ့သလို နည်းပြ မော်ရီဇီယို ဆာရီနဲ့ တခြားအသင်းဖော်တွေဟာလည်း ဒီလေးလမှာ လစာလျှော့ယူဖို့ သဘောတူညီထားခဲ့ပါတယ်။

အသင်းရဲ့ ဘောလုံးပွဲတွေကနေ ရရှိမယ့် အကျိုးအမြတ်တွေဖြစ်ကြတဲ့ ကွင်းဝင်ကြေးတွေနဲ့ ရုပ်သံထုတ်လွှင့်ခတွေဟာ မတ်လကစပြီး ရာသီကုန်အထိ ဆိုးဆိုးရွားရွား လျော့ကျပျောက်ဆုံးသွားတော့မှာဖြစ်လို့ ဂျူဗင်တပ်စ်အနေနဲ့တော့ လာမယ့်ရာသီမှာ သူ့ကို ပေးချေရမယ့် တစ်နှစ်လုပ်ခ ပေါင် ၂၇ သန်း ပေးချေဖို့ ခက်ခဲနေခဲ့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီမှာ ပေါင်သန်း ၁၀၀ နဲ့ ခေါ်ယူထားခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးကို ပေါင် ၆၃ သန်း ရရှိရင် ပြန်လည်ရောင်းချသွားနိုင်တယ်လို့ ခန့်မှန်းနေကြပြီး တချို့ကတော့ ပေါင်သန်း ၆၀ ကနေ ၆၅ သန်းအတွင်း တောင်းဆိုနိုင်တယ်လို့လည်း ဆိုခဲ့ကြပါတယ်။

ပေါ်တူဂီနိုင်ငံမှာ မိသားစုနဲ့အတူ ဘောလုံးပွဲတွေ ရပ်နားစဉ်အတွင်း ပြန်လည်အနားယူရင်း ရောဂါမကူးစက်အောင် ခွဲခြားနေထိုင်နေခဲ့တဲ့ ရော်နယ်လ်ဒိုအနေနဲ့တော့ သူ့ရဲ့ အနာဂတ်ကို လာမယ့်ရာသီမှာ ဆုံးဖြတ်ရဖွယ်ရှိပြီး ဂျူဗင်တပ်စ်ဘက်က ပေးချေနိုင်မယ့် လစာငွေကို လျှော့ချရယူဖို့နဲ့ အသင်းကနေ ထွက်ခွာဖို့ နှစ်မျိုးကို ရွေးချယ်ရနိုင်ကြောင်းလည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.