Analysis Article La Liga Ligue1 Serie A

နေမာဟာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးမဟုတ်ဘူးလို့ ကျော်တက်ပြလိုက်တဲ့ ဒိုကြီးနဲ့အဖွဲ့

လက်ရှိဈေးကွက်ပေါက်ဈေးနဲ့ ငွေကြေးဖောင်းပွမှုတွေအရ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ယူရို ၂၂၂ သန်း (ပေါင် ၁၉၉ သန်း)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ တကယ်တမ်းမှာတော့ ဘောလုံးလောကရဲ့ အမြင့်ဆုံး ပြောင်းရွှေ့ကြေးရှင် မဖြစ်နိုင်ကြောင်းကို သည်ဆန်းသတင်းဌာနက တွက်ချက်ပြသွားခဲ့ပါတယ်။

ကမ္ဘာ့ကြေးအမြင့်ဆုံးကစားသမားအဖြစ် တကယ်တမ်းမှာ ရပ်တည်နိုင်ခဲ့တာကတော့ ပီအက်စ်ဗီ၊ ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ရီးရဲလ် မက်ဒရစ်တို့လို ဥရောပအသင်းကြီးတွေမှာ ကစားခဲ့တဲ့ ဘရာဇီးလ်တိုက်စစ်မှူး ရော်နယ်လ်ဒို လူးဝစ်ဇ် နာဇာရီယို ဒီလီမာဖြစ်ပြီး သူတို့ရဲ့ အပြောင်းအရွှေ့ အချက်အလက်တွေနဲ့ ယနေ့ခေတ် တန်ဖိုးညှိတွက်ချက်မှုတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရော်နယ်လ်ဒိုကြီး
၁၉၉၇ ခုနှစ်က ဘာစီလိုနာကနေ အင်တာမီလန်ကို ပြောင်းရွှေ့ကစားခဲ့တဲ့ ကမ္ဘာ့ထိပ်တန်း အဆုံးသတ်သမားဟာ ဒီတွက်ချက်မှုကို ထိပ်ဆုံးက ဦးဆောင်ခဲ့ပါတယ်။ အဲဒီအချိန်က ပေါင် ၂၅ သန်းဆိုတာဟာ ဒီနေ့ခေတ် ငွေလဲလှယ်နှုန်းအရတော့ ပေါင်သန်း ၃၈၀ ဖြစ်နေပြီး ပြောင်းရွှေ့ကြေးကို အမှန်တကယ်ရှိသင့်တဲ့ တန်ဖိုးနဲ့ နှိုင်းယှဉ်ရင် နေမာထက် ပေါင်သန်း ၂၀၀ နီးပါး အသာရနေသေးတာပါ။

၂။ ဒီယေဂို မာရာဒိုနာ
ဒီယေဂို အာမန်ဒို မာရာဒိုနာဟာ ၁၉၈၄ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ သူ့ရဲ့ အအောင်မြင်ဆုံးအသင်းဖြစ်တဲ့ နာပိုလီကို ပြောင်းရွှေ့ကြေး ပေါင် ၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၄ ခုနှစ်က ပေါင် ၆ သန်းဟာ ဒီနေ့ခေတ်မှာတော့ အဆ ၅၀ တန်ကြေးရှိနေပြီး ပေါင်သန်း ၃၀၀ လို့ တွက်ချက်ရဦးမှာဖြစ်တဲ့အတွက် နေမာကို နားထားဦးလို့ပဲ ပြောရမှာပါ။

၃။ မီရှယ် ပလာတီနီ
ပြင်သစ်ဂန္ထဝင်တိုက်စစ်မှူးနဲ့ ယူအီးအက်ဖ်အေဥက္ကဌဟောင်းဟာ ပြင်သစ်ကလပ် စန်အီတျန်ကနေ ဂျူဗင်တပ်စ်အသင်းကို ၁၉၈၂ ခုနှစ်က ပြောင်းရွှေ့ကြေး ပေါင် ၃သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မာရာဒိုနာထက် နှစ်နှစ်စောတဲ့ ဒီကာလမှာ သူ့ရဲ့ ပေါင် ၃ သန်းဟာ အာဂျင်တိုင်းကြီးရဲ့ ပေါင် ၆ သန်းနီးပါး တန်ကြေးရှိခဲ့ပြီး ဒီနေ့ခေတ်မှာဆိုရင်တော့ ပေါင် ၂၉၅ သန်း တန်မှာပဲဖြစ်ပါတယ်။

၄။ ခရစ္စတီယန် ဗီယာရီ
ဘယ်ခြေတစ်ချောင်းနဲ့ ခေါင်းတိုက်ကောင်းတဲ့ လက်နက်နှစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ အီတလီသားကြီးဟာ အင်တာမီလန်အသင်းရဲ့ ပုံရိပ် တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ လာဇီယိုအသင်းမှာ ခြေစွမ်းပြနေတဲ့ သူ့အတွက် ၁၉၉၉ ခုနှစ်က လိုင်ယာငွေ ဘီလီယံနဲ့ချီပြီး သုံးခဲ့ရသလို ပေါင်နဲ့တွက်ရင် ၄၁ သန်း ပေးခဲ့ရပြီး ဒီနေ့ခေတ် တန်ကြေးအရတော့ ပလာတီနီနဲ့တန်းတူ ပေါင် ၂၉၅ သန်း တန်ကြေးရှိခဲ့ပါတယ်။

၅။ မာကို ဗန်ဘတ်စတင်
ဒဏ်ရာတွေ နှိပ်စက်လို့ သူ့ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဖရန့် ရိုက်ကာ့ဒ်နဲ့ ရုဒ် ဂူးလစ်တို့ထက် စောစောစီးစီး အနားယူလိုက်ရတဲ့ ဗန်ဘတ်စတင်ရဲ့ အနားယူတဲ့ ခုနှစ်ကို ၁၉၉၅ လို့ တရားဝင်ကြေငြာခဲ့ပေမယ့် သူဟာ အေစီမီလန်နဲ့ နောက်ဆုံးနှစ်ရာသီကို တစ်ပွဲမှ ကစားနိုင်ခြင်း မရှိခဲ့သူလည်းဖြစ်ပါတယ်။ အိုင်းယက်စ်ကနေ အေစီမီလန်ကို ၁၉၈၇ ခုနှစ်မှာ ပေါင်တစ်သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဒတ်ချ်ဂန္ထဝင်ဟာ ဒီနေ့ခေတ်မှာဆို ပေါင် ၂၈၉ သန်း တန်ဦးမှာလည်းဖြစ်ပါတယ်။

၆။ ဂါဘရီယယ်လ် ဘာတစ္စတူတာ
ဒီဂိုးသွင်းမုဆိုးကြီးအကြောင်းကိုတော့ မိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ ဖီအိုရင်တီးနား တန်းဆင်းရပေမယ့် သစ္စာရှိရှိ လိုက်ပါကစားပေးပြီး တစ်နှစ်အတွင်း စီးရီးဘီက ပြန်တက်စေခဲ့တဲ့ ဘာတီဂိုးဟာ မလွန်ဆန်နိုင်တဲ့ အကြောင်းတရားတွေအရ ၂၀၀၀ ပြည့်နှစ်မှာ ရိုးမားအသင်းကို ပေါင် ၃၂ သန်းနဲ့ ရွေ့ခဲ့ပါတယ်။ ဒီနေ့ခေတ်မှာဆိုရင်တော့ ဒါဟာ ပေါင် ၂၄၇ သန်းဖြစ်မှာပါ။

၇။ ဂွန်ဇာလို ဟီဂွါအင်
ထရေဇီဂေးအတွက် အာဂျင်တီးနားတွေ လက်စားပြန်ချေခဲ့တဲ့ ဟီဂွါအင်ဟာ ပြင်သစ်တွေရတဲ့ အောင်မြင်မှုမျိုးကို နိုင်ငံအသင်းဆီ ပြန်မယူပေးနိုင်ခဲ့ပေမယ့် ကလပ်အသင်းအဆင့်မှာတော့ တကယ့်ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက သူ့ရဲ့ နာပိုလီကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့တဲ့ ပေါင် ၇၉ သန်းဟာ ဒီနေ့ခေတ် ငွေလဲလှယ်နှုန်းအရဆိုရင်တော့ ပေါင် ၂၃၂ သန်း ရှိမှာဖြစ်ပါတယ်။

ဒီကစားသမား ၇ ဦးဟာ နေမာရဲ့ ဒီနေ့ခေတ် ပမာဏ ပေါင် ၁၉၉ သန်းထက် အစစ်အမှန်တန်ဖိုးအရ မြင့်မားခဲ့ကြသူတွေဖြစ်ပြီး ဘောလုံးလောကထဲကို ငွေရှင်ကြေးရှင်တွေ ဝင်ရောက်လာခဲ့တာနဲ့ ကမ္ဘာ့ငွေကြေးဖောင်းပွမှုအရ ပြောင်းရွှေ့ကြေးတွေ မြင့်တက်လာချိန်မှာ တကယ်တမ်း စံချိန်ချိုးဖို့အတွက် ပေါင်သန်း ၃၈၀ ထက် မြင့်မားတဲ့ တန်ကြေးနဲ့ အရောင်းအဝယ်ဖြစ်မယ့် ကစားသမားတစ်ဦး ပေါ်လာနိုင်ပါ့ဦးမလား ဆိုတာကိုတော့ ဘုရားသခင်ပဲ သိလိမ့်မယ်လို့ ဆိုရတော့မှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လက္ရွိေဈးကြက္ေပါက္ေဈးနဲ႔ ေငြေၾကးေဖာင္းပြမႈေတြအရ ဘာစီလိုနာကေန ပီအက္စ္ဂ်ီအသင္းကို ယူ႐ို ၂၂၂ သန္း (ေပါင္ ၁၉၉ သန္း)နဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉး ေနမာဟာ တကယ္တမ္းမွာေတာ့ ေဘာလုံးေလာကရဲ႕ အျမင့္ဆုံး ေျပာင္းေ႐ႊ႕ေၾကးရွင္ မျဖစ္ႏိုင္ေၾကာင္းကို သည္ဆန္းသတင္းဌာနက တြက္ခ်က္ျပသြားခဲ့ပါတယ္။

ကမာၻ႔ေၾကးအျမင့္ဆုံးကစားသမားအျဖစ္ တကယ္တမ္းမွာ ရပ္တည္ႏိုင္ခဲ့တာကေတာ့ ပီအက္စ္ဗီ၊ ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ရီးရဲလ္ မက္ဒရစ္တို႔လို ဥေရာပအသင္းႀကီးေတြမွာ ကစားခဲ့တဲ့ ဘရာဇီးလ္တိုက္စစ္မႉး ေရာ္နယ္လ္ဒို လူးဝစ္ဇ္ နာဇာရီယို ဒီလီမာျဖစ္ၿပီး သူတို႔ရဲ႕ အေျပာင္းအေ႐ႊ႕ အခ်က္အလက္ေတြနဲ႔ ယေန႔ေခတ္ တန္ဖိုးညႇိတြက္ခ်က္မႈေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ေရာ္နယ္လ္ဒိုႀကီး
၁၉၉၇ ခုႏွစ္က ဘာစီလိုနာကေန အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ ကမာၻ႔ထိပ္တန္း အဆုံးသတ္သမားဟာ ဒီတြက္ခ်က္မႈကို ထိပ္ဆုံးက ဦးေဆာင္ခဲ့ပါတယ္။ အဲဒီအခ်ိန္က ေပါင္ ၂၅ သန္းဆိုတာဟာ ဒီေန႔ေခတ္ ေငြလဲလွယ္ႏႈန္းအရေတာ့ ေပါင္သန္း ၃၈၀ ျဖစ္ေနၿပီး ေျပာင္းေ႐ႊ႕ေၾကးကို အမွန္တကယ္ရွိသင့္တဲ့ တန္ဖိုးနဲ႔ ႏႈိင္းယွဥ္ရင္ ေနမာထက္ ေပါင္သန္း ၂၀၀ နီးပါး အသာရေနေသးတာပါ။

၂။ ဒီေယဂို မာရာဒိုနာ
ဒီေယဂို အာမန္ဒို မာရာဒိုနာဟာ ၁၉၈၄ ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန သူ႔ရဲ႕ အေအာင္ျမင္ဆုံးအသင္းျဖစ္တဲ့ နာပိုလီကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ဒါေပမယ့္ ၁၉၈၄ ခုႏွစ္က ေပါင္ ၆ သန္းဟာ ဒီေန႔ေခတ္မွာေတာ့ အဆ ၅၀ တန္ေၾကးရွိေနၿပီး ေပါင္သန္း ၃၀၀ လို႔ တြက္ခ်က္ရဦးမွာျဖစ္တဲ့အတြက္ ေနမာကို နားထားဦးလို႔ပဲ ေျပာရမွာပါ။

၃။ မီရွယ္ ပလာတီနီ
ျပင္သစ္ဂႏၴဝင္တိုက္စစ္မႉးနဲ႔ ယူအီးအက္ဖ္ေအဥကၠဌေဟာင္းဟာ ျပင္သစ္ကလပ္ စန္အီတ်န္ကေန ဂ်ဴဗင္တပ္စ္အသင္းကို ၁၉၈၂ ခုႏွစ္က ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ မာရာဒိုနာထက္ ႏွစ္ႏွစ္ေစာတဲ့ ဒီကာလမွာ သူ႔ရဲ႕ ေပါင္ ၃ သန္းဟာ အာဂ်င္တိုင္းႀကီးရဲ႕ ေပါင္ ၆ သန္းနီးပါး တန္ေၾကးရွိခဲ့ၿပီး ဒီေန႔ေခတ္မွာဆိုရင္ေတာ့ ေပါင္ ၂၉၅ သန္း တန္မွာပဲျဖစ္ပါတယ္။

၄။ ခရစၥတီယန္ ဗီယာရီ
ဘယ္ေျခတစ္ေခ်ာင္းနဲ႔ ေခါင္းတိုက္ေကာင္းတဲ့ လက္နက္ႏွစ္မ်ိဳးကို ပိုင္ဆိုင္ထားတဲ့ အီတလီသားႀကီးဟာ အင္တာမီလန္အသင္းရဲ႕ ပုံရိပ္ တစ္ခုလည္းျဖစ္ခဲ့ပါတယ္။ လာဇီယိုအသင္းမွာ ေျခစြမ္းျပေနတဲ့ သူ႔အတြက္ ၁၉၉၉ ခုႏွစ္က လိုင္ယာေငြ ဘီလီယံနဲ႔ခ်ီၿပီး သုံးခဲ့ရသလို ေပါင္နဲ႔တြက္ရင္ ၄၁ သန္း ေပးခဲ့ရၿပီး ဒီေန႔ေခတ္ တန္ေၾကးအရေတာ့ ပလာတီနီနဲ႔တန္းတူ ေပါင္ ၂၉၅ သန္း တန္ေၾကးရွိခဲ့ပါတယ္။

၅။ မာကို ဗန္ဘတ္စတင္
ဒဏ္ရာေတြ ႏွိပ္စက္လို႔ သူ႔ရဲ႕ အသင္းေဖာ္ေတြျဖစ္တဲ့ ဖရန႔္ ႐ိုက္ကာ့ဒ္နဲ႔ ႐ုဒ္ ဂူးလစ္တို႔ထက္ ေစာေစာစီးစီး အနားယူလိုက္ရတဲ့ ဗန္ဘတ္စတင္ရဲ႕ အနားယူတဲ့ ခုႏွစ္ကို ၁၉၉၅ လို႔ တရားဝင္ေၾကျငာခဲ့ေပမယ့္ သူဟာ ေအစီမီလန္နဲ႔ ေနာက္ဆုံးႏွစ္ရာသီကို တစ္ပြဲမွ ကစားႏိုင္ျခင္း မရွိခဲ့သူလည္းျဖစ္ပါတယ္။ အိုင္းယက္စ္ကေန ေအစီမီလန္ကို ၁၉၈၇ ခုႏွစ္မွာ ေပါင္တစ္သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ဒတ္ခ်္ဂႏၴဝင္ဟာ ဒီေန႔ေခတ္မွာဆို ေပါင္ ၂၈၉ သန္း တန္ဦးမွာလည္းျဖစ္ပါတယ္။

၆။ ဂါဘရီယယ္လ္ ဘာတစၥတူတာ
ဒီဂိုးသြင္းမုဆိုးႀကီးအေၾကာင္းကိုေတာ့ မိတ္ဆက္ေပးဖို႔ လိုမယ္မထင္ပါဘူး။ ဖီအိုရင္တီးနား တန္းဆင္းရေပမယ့္ သစၥာရွိရွိ လိုက္ပါကစားေပးၿပီး တစ္ႏွစ္အတြင္း စီးရီးဘီက ျပန္တက္ေစခဲ့တဲ့ ဘာတီဂိုးဟာ မလြန္ဆန္ႏိုင္တဲ့ အေၾကာင္းတရားေတြအရ ၂၀၀၀ ျပည့္ႏွစ္မွာ ႐ိုးမားအသင္းကို ေပါင္ ၃၂ သန္းနဲ႔ ေ႐ြ႕ခဲ့ပါတယ္။ ဒီေန႔ေခတ္မွာဆိုရင္ေတာ့ ဒါဟာ ေပါင္ ၂၄၇ သန္းျဖစ္မွာပါ။

၇။ ဂြန္ဇာလို ဟီဂြါအင္
ထေရဇီေဂးအတြက္ အာဂ်င္တီးနားေတြ လက္စားျပန္ေခ်ခဲ့တဲ့ ဟီဂြါအင္ဟာ ျပင္သစ္ေတြရတဲ့ ေအာင္ျမင္မႈမ်ိဳးကို ႏိုင္ငံအသင္းဆီ ျပန္မယူေပးႏိုင္ခဲ့ေပမယ့္ ကလပ္အသင္းအဆင့္မွာေတာ့ တကယ့္ကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္တုန္းက သူ႔ရဲ႕ နာပိုလီကေန ဂ်ဴဗင္တပ္စ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ ေပါင္ ၇၉ သန္းဟာ ဒီေန႔ေခတ္ ေငြလဲလွယ္ႏႈန္းအရဆိုရင္ေတာ့ ေပါင္ ၂၃၂ သန္း ရွိမွာျဖစ္ပါတယ္။

ဒီကစားသမား ၇ ဦးဟာ ေနမာရဲ႕ ဒီေန႔ေခတ္ ပမာဏ ေပါင္ ၁၉၉ သန္းထက္ အစစ္အမွန္တန္ဖိုးအရ ျမင့္မားခဲ့ၾကသူေတြျဖစ္ၿပီး ေဘာလုံးေလာကထဲကို ေငြရွင္ေၾကးရွင္ေတြ ဝင္ေရာက္လာခဲ့တာနဲ႔ ကမာၻ႔ေငြေၾကးေဖာင္းပြမႈအရ ေျပာင္းေ႐ႊ႕ေၾကးေတြ ျမင့္တက္လာခ်ိန္မွာ တကယ္တမ္း စံခ်ိန္ခ်ိဳးဖို႔အတြက္ ေပါင္သန္း ၃၈၀ ထက္ ျမင့္မားတဲ့ တန္ေၾကးနဲ႔ အေရာင္းအဝယ္ျဖစ္မယ့္ ကစားသမားတစ္ဦး ေပၚလာႏိုင္ပါ့ဦးမလား ဆိုတာကိုေတာ့ ဘုရားသခင္ပဲ သိလိမ့္မယ္လို႔ ဆိုရေတာ့မွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.