Bundesliga Premier League

မန္ယူနဲ႔ ခ်ဲလ္ဆီးကို ပယ္ခ်ၿပီး ေဒါ့မြန္ကို သြားဖို႔ အသင့္ျဖစ္ေနတဲ့ ဘာမင္ဂမ္ခ်ာတိတ္

မန္ခ်က္စတာယူႏုိက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြက ေခၚယူဖို႔ ႀကဳိးစားေနခဲ့ၾကတဲ့ ဘာမင္ဂမ္အသင္းရဲ႕ လူငယ္ကြင္းလယ္လူ ဂ်ဳဒ္ ဘယ္လင္ဂမ္အေနနဲ႔ အဂၤလန္က ကမ္းလွမ္းမွဳေတြအားလုံးကို ပယ္ခ်ၿပီး ဂ်ာမန္ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းကို ေျပာင္းေရႊ႕ဖို႔ အဆင္သင့္ ျဖစ္ေနၿပီလို႔ ဆိုပါတယ္။

ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မွဳေတြေၾကာင့္ အေျပာင္းအေရႊ႕ကိစၥအတြက္ ပုဂၢဳိလ္ေရး အနီးကပ္ေဆြးေႏြးညႇိႏွဳိင္းမွဳေတြနဲ႔ ေဆးစစ္မွဳေတြကို မျပဳလုပ္ႏုိင္ေသးတာေၾကာင့္သာ အခုလို တရားဝင္သတင္းမထြက္ေသးတာျဖစ္ၿပီး ဒါေတြကို အၿပီးသတ္ဖို႔နဲ႔ လက္မွတ္ေရးထိုးဖို႔သာ က်န္ေတာ့တယ္လို႔ နီးစပ္တဲ့ အသုိင္းအဝိုင္းက ဆုိပါတယ္။

မန္ခ်က္စတာယူႏုိက္တက္နဲ႔ နီးစပ္ေနတဲ့ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ ဆန္ခ်ဳိရဲ႕ လမ္းျပမွဳနဲ႔ ဂ်ာမန္ေျမဟာ အဂၤလိပ္လူငယ္ေတြ အားလုံးအတြက္ ေအာင္ေျမလို႔ ရွဳျမင္ေနၾကၿပီျဖစ္ၿပီး ပရီးမီးယားလိဂ္ေလာက္ မခက္ခဲဘဲ တုိက္စစ္ကစားသမားေတြ ေအာင္ျမင္ႏုိင္တဲ့ ေနရာအတြက္ ဘယ္လင္ဂမ္ကလည္း ေရြးခ်ယ္ဖို႔ နီးစပ္ေနပါတယ္။

COVID-19 ကူးစက္ေရာဂါကပ္ေဘးေၾကာင့္ ဘဏၰာေရးေတာင့္တင္းမွဳေတြကေတာ့ ေနရာတုိင္းမွာ ေလ်ာ့က်ေနခ်ိန္မွာ ဘာမင္ဂမ္အသင္းအေနနဲ႔ လက္ရွိမွာေတာ့ ေဒါ့မြန္အသင္းနဲ႔ သူတုိ႔လိုခ်င္တဲ့ ေပါင္ ၃၅ သန္းကို ရရွိဖို႔ အႀကိတ္အနယ္ ေဆြးေႏြးေနရၿပီး ေဈးႏွဳန္းကိုေတာ့ အနည္းငယ္ ေလွ်ာ့ခ်ေပးရႏုိင္သလို အရစ္က် ခြဲယူရဖို႔လည္း ရွိႏုိင္ပါတယ္။

ကာရင္တန္ေလ့က်င့္ေရးကြင္းဆီကို အလည္အပတ္ ေခၚယူခံခဲ့ရၿပီး နည္းျပ ဆာအဲလက္စ္ဖာဂူဆန္ကပါ စည္း႐ုံးခဲ့ေပမယ့္ ခ်က္ခ်င္းပြဲထြက္ၿပီး ေအာင္ျမင္မွဳရႏုိင္တဲ့ ေဒါ့မြန္ဟာ ဘယ္လင္ဂမ္အတြက္ေတာ့ မန္ခ်က္စတာယူႏုိက္တက္ထက္ပိုၿပီး သေဘာက်စရာေကာင္းတဲ့ ေနရာလည္းျဖစ္ခဲ့ၿပီး ဆန္ခ်ဳိကေတာ့ ေပါင္သန္း ၁၁၀ နဲ႔ အုိးလ္ထရက္ဖို႔ဒ္ကို ေရာက္ဖို႔ နီးစပ္ေနေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေက ခေါ်ယူဖို့ ကြိုးစားနေခဲ့ကြတဲ့ ဘာမင်ဂမ်အသင်းရဲ့ လူငယ်ကွင်းလယ်လူ ဂျုဒ် ဘယ်လင်ဂမ်အနေနဲ့ အင်္ဂလန်က ကမ်းလှမ်းမှုတွေအားလုံးကို ပယ်ချပြီး ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကို ပြောင်းရွှေ့ဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် အပြောင်းအရွှေ့ကိစ္စအတွက် ပုဂ္ဂိုလ်ရေး အနီးကပ်ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ဆေးစစ်မှုတွေကို မပြုလုပ်နိုင်သေးတာကြောင့်သာ အခုလို တရားဝင်သတင်းမထွက်သေးတာဖြစ်ပြီး ဒါတွေကို အပြီးသတ်ဖို့နဲ့ လက်မှတ်ရေးထိုးဖို့သာ ကျန်တော့တယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ နီးစပ်နေတဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန် ဆန်ချိုရဲ့ လမ်းပြမှုနဲ့ ဂျာမန်မြေဟာ အင်္ဂလိပ်လူငယ်တွေ အားလုံးအတွက် အောင်မြေလို့ ရှုမြင်နေကြပြီဖြစ်ပြီး ပရီးမီးယားလိဂ်လောက် မခက်ခဲဘဲ တိုက်စစ်ကစားသမားတွေ အောင်မြင်နိုင်တဲ့ နေရာအတွက် ဘယ်လင်ဂမ်ကလည်း ရွေးချယ်ဖို့ နီးစပ်နေပါတယ်။

COVID-19 ကူးစက်ရောဂါကပ်ဘေးကြောင့် ဘဏ္ဏာရေးတောင့်တင်းမှုတွေကတော့ နေရာတိုင်းမှာ လျော့ကျနေချိန်မှာ ဘာမင်ဂမ်အသင်းအနေနဲ့ လက်ရှိမှာတော့ ဒေါ့မွန်အသင်းနဲ့ သူတို့လိုချင်တဲ့ ပေါင် ၃၅ သန်းကို ရရှိဖို့ အကြိတ်အနယ် ဆွေးနွေးနေရပြီး ဈေးနှုန်းကိုတော့ အနည်းငယ် လျှော့ချပေးရနိုင်သလို အရစ်ကျ ခွဲယူရဖို့လည်း ရှိနိုင်ပါတယ်။

ကာရင်တန်လေ့ကျင့်ရေးကွင်းဆီကို အလည်အပတ် ခေါ်ယူခံခဲ့ရပြီး နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကပါ စည်းရုံးခဲ့ပေမယ့် ချက်ချင်းပွဲထွက်ပြီး အောင်မြင်မှုရနိုင်တဲ့ ဒေါ့မွန်ဟာ ဘယ်လင်ဂမ်အတွက်တော့ မန်ချက်စတာယူနိုက်တက်ထက်ပိုပြီး သဘောကျစရာကောင်းတဲ့ နေရာလည်းဖြစ်ခဲ့ပြီး ဆန်ချိုကတော့ ပေါင်သန်း ၁၁၀ နဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ဖို့ နီးစပ်နေကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.