Analysis Premier League

အယ်လစ်ဆန် ဘက်ကာရဲ့ ကယ်တင်မှုနောက်မှာ လီဗာပူးလ်တို့ ဘာတွေေ မျှော်လင့်နိုင်ပြီလဲ

ပြီးခဲ့တဲ့ညက လီဗာပူးလ်ဂိုးသမားအယ်လစ်ဆန် ဘက်ကာရဲ့ နောက်ကျခေါင်းတိုက်ဂိုးက ပရီးမီးယားလိဂ်ရဲ့ ဘောလုံးရသစစ်စစ်ဖြစ်ခဲ့ပြီး စိတ်ခံစားချက်တွေကို အမြင့်ဆုံးအထိ ဆွဲတင်ပေးနိုင်ခဲ့သလို ပရိသတ်တွေကို ဆွဲဆောင်သွားခဲ့တာက ချယ်လ်ဆီး၊ လီဗာပူးလ်၊ လက်စတာတို့ထဲက ဘယ်အသင်းနှစ်သင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရမလဲဆိုတာပါပဲ။

အကြောင်းရင်းကတော့ စတမ်းဖို့ဒ်ဘရစ်ချ်က ချယ်လ်ဆီးရဲ့ အာဆင်နယ်အသင်းအပေါ်ရှုံးပွဲ ခြေချော်မှုဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို သွေးသားအဆီခမ်းစေပြီလို့ ယူဆခံခဲ့ရတဲ့ လီဗာပူးလ်ရဲ့ နုပျိုတဲ့မျှော်လင့်ချက်တွေက ပြနဠည်ရောက်ရှိလာခဲ့တယ်။

မနိုင်မဖြစ်နိုင်ရမယ့် ဝက်စ်ဘရွမ်းနဲ့ပွဲက အဓိကတိုက်စစ်မှူးတွေ ဂိုးပေါက်လွဲချော်လို့ ကောင်းနေတုန်း သရေနဲ့ပြီးခဲ့ရင်တော့ ယူရိုပါလိဂ်နဲ့ ကျေနပ်ရဖို့ များသွားမယ့် ကလော့ပ်အတွက် ဂိုးသမား ဘက်ကာက ကယ်တင်ရှင်ဖြစ်ခဲ့သလို ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းနိုင်တဲ့ ၆ ဦးမြောက် ဂိုးသမားဖြစ်လာတဲ့လာဘ်ကပဲ လီဗာပူးလ်ကို ဆွဲတင်နိုင်တော့မှာလားလို့ စဥ်းစားစရာရှိလာတယ်။

လက်ရှိမှာ အဆင့် ၄ က ချယ်လ်ဆီးနဲ့ ၁ မှတ်အကွာ၊ အဆင့် ၃ က လက်စတာနဲ့ ၃ မှတ်အကွာကို ရောက်ရှိလာတဲ့ လီဗာပူးလ်ရဲ့ လက်ထဲကို အသာစီးမှုတခုက ဆိုက်ဆိုက်မြိုက်မြိုက်ထိုးအပ်လာတာဟာ ချယ်လ်ဆီးနဲ့ လက်စတာတို့ လာမယ့်ရက်မှာ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။

တကယ်တမ်း လက်ကျန် ၂ ပွဲသာ ကစားရတော့မယ့်အချိန်မှာ နှစ်သင်းစလုံး​ပြိုင်တူ ၆ မှတ်ရဖို့က မဖြစ်နိုင်တော့တဲ့တဖက်မှာ လီဗာပူးလ်က ဘန်လေ၊ ပဲလေ့စ်တို့နဲ့ ကစားပြီး ၆ မှတ်အပြည့်ရဖို့ အခွင့်အရေးရှိနေတယ်။ ထူးခြားချက်အနေနဲ့ လီဗာပူးလ်က ၆၉ မှတ်အထိ ရသွားနိုင်​ခြေရှိနေတယ်။

လက်စတာကသာ ချယ်လ်ဆီးကို အနိုင်ကစားပြီး စပါးစ်ကို ထပ်အနိုင်ကစားခဲ့ရင် လီဗာပူးလ်က တမှတ်အကွာက ချယ်လ်ဆီးကို တောက်ချသွားနိုင်ခွင့် ရှိနေသလို ချယ်လ်ဆီးကသာ လက်စတာကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင်လည်း လီဗာပူးလ်ကပဲ လက်စတာနဲ့ အမှတ်တူအနေအထား၊ နှစ်ကျော့ပေါင်း ထိပ်တိုက်တွေ့ဆုံမှု အဝေးဂိုးတဂိုးအသာနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို မြိန်ရေယှက်ရေ စားသုံးသွားဦးမှာပါ။

ဒါကြောင့် ချယ်လ်ဆီးရဲ့ ခြေချော်မှုက အခုလိုအားပြိုင်မှုအတွက် အဓိကတရားခံအဖြစ် ယူဆရမယ့်အချိန်မှာ တူဟယ်လ်ညှိုးငယ်ချိန် ကလော့ပ်ပွင့်လန်းလာဖို့လည်း ဖြစ်လာခဲ့တယ်။ ကိုယ့်လက်ထဲက ၆ မှတ်ကိုသာ အပြည့်ယူနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာပေါက်စီရင်ချက်ချပြီးသားဖြစ်တဲ့ လီဗာပူးလ်က ဘွတ်ကီဒိုင်တွေရဲ့ အလေးအသာဆုံး ချန်ပီယံလိဂ်တနေရာစာ ပိုင်ရှင်လည်း ဖြစ်လာသလို ဘယ်လိုပဲဖြစ်ဖြစ် အရှုံးမရှိတော့တဲ့ ကလော့ပ်ရဲ့ ကံကြမ္မာအလှည့်အပြောင်းက ထိပ်တိုက်တွေ့ဆုံနေတဲ့ လက်စတာနဲ့ ချယ်လ်ဆီးနှစ်သင်းမှာ မှားတဲ့အသင်းကို ထိုင်စားခွင့်ရလာတော့မှာမို့ ရှင်ပြန်ထမြောက်လာတဲ့ လီဗာပူးပရိသတ်တွေအတွက် အထူးပျော်ရွှင်ဝမ်းသာစရာလည်း ဖြစ်လာကြောင်း တင်ဆက်ပေးပါရစေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့ညက လီဗာပူးလ္ဂိုးသမားအယ္လစ္ဆန္ ဘက္ကာရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးက ပရီးမီးယားလိဂ္ရဲ႕ ေဘာလုံးရသစစ္စစ္ျဖစ္ခဲ့ၿပီး စိတ္ခံစားခ်က္ေတြကို အျမင့္ဆုံးအထိ ဆြဲတင္ေပးႏိုင္ခဲ့သလို ပရိသတ္ေတြကို ဆြဲေဆာင္သြားခဲ့တာက ခ်ယ္လ္ဆီး၊ လီဗာပူးလ္၊ လက္စတာတို႔ထဲက ဘယ္အသင္းႏွစ္သင္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ရမလဲဆိုတာပါပဲ။

အေၾကာင္းရင္းကေတာ့ စတမ္းဖို႔ဒ္ဘရစ္ခ်္က ခ်ယ္လ္ဆီးရဲ႕ အာဆင္နယ္အသင္းအေပၚရႈံးပြဲ ေျခေခ်ာ္မႈျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ေသြးသားအဆီခမ္းေစၿပီလို႔ ယူဆခံခဲ့ရတဲ့ လီဗာပူးလ္ရဲ႕ ႏုပ်ိဳတဲ့ေမွ်ာ္လင့္ခ်က္ေတြက ျပနဠည္ေရာက္ရွိလာခဲ့တယ္။

မႏိုင္မျဖစ္ႏိုင္ရမယ့္ ဝက္စ္ဘ႐ြမ္းနဲ႔ပြဲက အဓိကတိုက္စစ္မႉးေတြ ဂိုးေပါက္လြဲေခ်ာ္လို႔ ေကာင္းေနတုန္း သေရနဲ႔ၿပီးခဲ့ရင္ေတာ့ ယူ႐ိုပါလိဂ္နဲ႔ ေက်နပ္ရဖို႔ မ်ားသြားမယ့္ ကေလာ့ပ္အတြက္ ဂိုးသမား ဘက္ကာက ကယ္တင္ရွင္ျဖစ္ခဲ့သလို ပရီးမီးယားလိဂ္သမိုင္းမွာ ဂိုးသြင္းႏိုင္တဲ့ ၆ ဦးေျမာက္ ဂိုးသမားျဖစ္လာတဲ့လာဘ္ကပဲ လီဗာပူးလ္ကို ဆြဲတင္ႏိုင္ေတာ့မွာလားလို႔ စဥ္းစားစရာရွိလာတယ္။

လက္ရွိမွာ အဆင့္ ၄ က ခ်ယ္လ္ဆီးနဲ႔ ၁ မွတ္အကြာ၊ အဆင့္ ၃ က လက္စတာနဲ႔ ၃ မွတ္အကြာကို ေရာက္ရွိလာတဲ့ လီဗာပူးလ္ရဲ႕ လက္ထဲကို အသာစီးမႈတခုက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ထိုးအပ္လာတာဟာ ခ်ယ္လ္ဆီးနဲ႔ လက္စတာတို႔ လာမယ့္ရက္မွာ ထိပ္တိုက္ရင္ဆိုင္ရမွာပါ။

တကယ္တမ္း လက္က်န္ ၂ ပြဲသာ ကစားရေတာ့မယ့္အခ်ိန္မွာ ႏွစ္သင္းစလုံး​ၿပိဳင္တူ ၆ မွတ္ရဖို႔က မျဖစ္ႏိုင္ေတာ့တဲ့တဖက္မွာ လီဗာပူးလ္က ဘန္ေလ၊ ပဲေလ့စ္တို႔နဲ႔ ကစားၿပီး ၆ မွတ္အျပည့္ရဖို႔ အခြင့္အေရးရွိေနတယ္။ ထူးျခားခ်က္အေနနဲ႔ လီဗာပူးလ္က ၆၉ မွတ္အထိ ရသြားႏိုင္​ေျခရွိေနတယ္။

လက္စတာကသာ ခ်ယ္လ္ဆီးကို အႏိုင္ကစားၿပီး စပါးစ္ကို ထပ္အႏိုင္ကစားခဲ့ရင္ လီဗာပူးလ္က တမွတ္အကြာက ခ်ယ္လ္ဆီးကို ေတာက္ခ်သြားႏိုင္ခြင့္ ရွိေနသလို ခ်ယ္လ္ဆီးကသာ လက္စတာကို အႏိုင္ကစားႏိုင္ခဲ့မယ္ဆိုရင္လည္း လီဗာပူးလ္ကပဲ လက္စတာနဲ႔ အမွတ္တူအေနအထား၊ ႏွစ္ေက်ာ့ေပါင္း ထိပ္တိုက္ေတြ႕ဆုံမႈ အေဝးဂိုးတဂိုးအသာနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ၿမိန္ေရယွက္ေရ စားသုံးသြားဦးမွာပါ။

ဒါေၾကာင့္ ခ်ယ္လ္ဆီးရဲ႕ ေျခေခ်ာ္မႈက အခုလိုအားၿပိဳင္မႈအတြက္ အဓိကတရားခံအျဖစ္ ယူဆရမယ့္အခ်ိန္မွာ တူဟယ္လ္ညႇိဳးငယ္ခ်ိန္ ကေလာ့ပ္ပြင့္လန္းလာဖို႔လည္း ျဖစ္လာခဲ့တယ္။ ကိုယ့္လက္ထဲက ၆ မွတ္ကိုသာ အျပည့္ယူႏိုင္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ ေသခ်ာေပါက္စီရင္ခ်က္ခ်ၿပီးသားျဖစ္တဲ့ လီဗာပူးလ္က ဘြတ္ကီဒိုင္ေတြရဲ႕ အေလးအသာဆုံး ခ်န္ပီယံလိဂ္တေနရာစာ ပိုင္ရွင္လည္း ျဖစ္လာသလို ဘယ္လိုပဲျဖစ္ျဖစ္ အရႈံးမရွိေတာ့တဲ့ ကေလာ့ပ္ရဲ႕ ကံၾကမၼာအလွည့္အေျပာင္းက ထိပ္တိုက္ေတြ႕ဆုံေနတဲ့ လက္စတာနဲ႔ ခ်ယ္လ္ဆီးႏွစ္သင္းမွာ မွားတဲ့အသင္းကို ထိုင္စားခြင့္ရလာေတာ့မွာမို႔ ရွင္ျပန္ထေျမာက္လာတဲ့ လီဗာပူးပရိသတ္ေတြအတြက္ အထူးေပ်ာ္႐ႊင္ဝမ္းသာစရာလည္း ျဖစ္လာေၾကာင္း တင္ဆက္ေပးပါရေစ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.