Article Premier League

ဖလားတစ်လုံးဆုံး၊ အဆင့် ၄ ကို စိုးရိမ်လာရတဲ့ ချဲလ်ဆီးနဲ့ တူဟယ်လ်တို့ အမှားတွေ ြပင်နိုင်မလား

ရာသီအသိမ်းကာလမှာမှ အာဆင်နယ်နဲ့ လက်စတာတို့ကို တပတ်အတွင်း ၂ ပွဲဆက်တိုက် အရေးနိမ့်ပြီး FA ဖလားကို လက်လွှတ်ခဲ့ရတဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်တနေရာစာကိုပါ ခြိမ်းခြောက်ခံလာရတဲ့ နည်းပြတူဟယ်လ်ဟာ လာမယ့် လက်ကျန် ၃ ပွဲအတွင်းမှာ ချယ်လ်ဆီးကို ဘယ်လိုကယ်တင်သွားမလဲဆိုတာ အတော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။

ပြောရရင် လမ်းပတ်လက်ထက် နောက်ဆုံး ၅ ပွဲမှာ ၄ ဂိုးသာသွင်းယူထားနိုင်တဲ့ ချယ်လ်ဆီးလက်ဟောင်းကို လက်ရှိတူဟယ်လ်ရဲ့ နောက်ဆုံး ၅ ပွဲ၊ ၅ ဂိုးသာသွင်းယူထားနိုင်တဲ့ မမြင်ချင်စရာ မှတ်တမ်းဆိုးမှာ ပြန်လည်မြင်တွေ့နေရတာဖြစ်ပြီး ဒါက ဂျာမန်သားကြီး အဓိကဖြေရှင်းရမယ့် တိုက်စစ်ပြဿနာဖြစ်လာတယ်။

အာဆင်နယ်ကို ဘာလို့ရှူံးလဲ? လက်စတာက ဘာလို့ရှုံးလဲ? အဖြေက ရိုးရှင်းပါတယ်။ ချယ်လ်ဆီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ လွန်ခဲ့တပတ်ကျော်ကပဲ မန်စီးတီးလိုအသင်းကို ၂၁ ရက်အတွင်း ၂ ပွဲဆက် အနိုင်ကစားခဲ့တဲ့ တူဟယ်ရဲ့အသင်းအတွက် ရလဒ်မတည်ငြိမ်ခြင်းအ​ကြောင်းက ဘက်ပေါင်းစုံကနေ သံသယဝင်စရာရှိလာတယ်။

ကျိန်းသေပေါက်မှားယွင်းနေတာကတော့ တိုက်စစ်ပိုင်းဖြစ်တယ်။ လက်စတာနဲ့ လီဗာပူးလ်တို့က ယူနိုက်တက်ကို အနိုင်ယူခဲ့ချိန်မှာ ချယ်လ်ဆီးက အမှတ်ဆုံးလို့ ကောင်းနေသလို လီဗာပူးလ်က ပြီးခဲ့တဲ့ညကပဲ ဝက်စ်ဘရွမ်းဆီက ၃ မှတ်ယူသိမ်းသွားခဲ့လို့ တမှတ်အကွာကနေ ဖိအားပေးချိန်မှာ တူဟယ်လ်ရဲ့အသင်းက အမှားမခံတော့တဲ့ အနေအထားဖြစ်လာတယ်။

လီဗာပူးလ်က ပဲလေ့စ်၊ ဘန်လေတို့နဲ့ ကစားရင်း ပရီးမီးယားလိဂ်ကို ပိတ်သိမ်းနေချိန်မှာ ချယ်လ်ဆီးက လက်ကျန် ၂ ပွဲမှာ လက်စတာ၊ ဗီလာတို့နဲ့ ကစားရမှာဖြစ်သလို လက်စတာက နောက်ဆုံးပွဲစဥ်ကို စပါးစ်ကို ရင်ဆိုင်ရမှာဖြစ်တယ်။ ချန်ပီယံလိဂ်ဝင်ခွင့်လုပွဲမှာ ၃ သင်းလုံး တချက်မှ အမှားမခံနိုင်တော့သလို မှားတဲ့အသင်းက အစားခံရတော့မယ်။

ချယ်လ်ဆီးမှာ တိုက်စစ်ပိုင်းက ခိုင်ဟာဗတ်ဇ်၊ ဗာနာတို့ရဲ့ ဂိုးပေါက်ကြောင်ပျောက်မှုက ရှင်းထုတ်ရမယ့် ကျောရိုးပြဿနာဖြစ်ပြီး ဂိုးသမားကယ်ပါက အခုလို မိုးထဲရေထဲအကျပ်အတည်းမှာ မန်ဒီကို ကျော်ပြီး ချယ်လ်ဆီးလူစာရင်းမှာ မပါသင့်တော့တဲ့သူမျိုးဖြစ်တယ်။ သူပါတဲ့ အာဆင်နယ်၊ လက်စတာနှစ်ပွဲဆက် ချယ်လ်ဆီးရှုံးခဲ့တာပါ။

ပြည်တည်နာလိုဖြစ်လာတဲ့ တိုက်စစ် ဂိုးမိုးခေါင်မှုကို အမြန်ဆုံးကုသနိုင်မှ တူဟယ်လ်အတွက် မေ ၂၉ မှာ ကစားမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအတွက်ပါ မျှော်လင့်ချက်ရှိလာမှာဖြစ်ပြီး လာမယ့် ပရီးမီးယားလိဂ် ၂ ပွဲဆက်မှာ ၆ မှတ်အပြည့် စုဆောင်းနိုင်မယ်ဆိုရင် တချက်ခုတ် နှစ်ချက်ပြတ်ဖို့ လိုအပ်တာက တူဟယ်ရဲ့အသင်း ဂိုးများများသွင်းဖို့ပါ။

တူဟယ်လက်ထဲမှာ ၂ ဂိုးအထက်သွင်းခဲ့တဲ့ပွဲဆိုလို့ ပဲလေ့စ်ကို ၄-၁ နဲ့ အနိုင်ရတဲ့တပွဲသာ ရှိနေပြီး ချယ်လ်ဆီးရဲ့ ဒီရာသီ အကြီးမားဆုံးအားသာချက်နဲ့ စုဖွဲ့မှုက သူရောက်လာပြီးနောက်ပိုင်း တဟုန်ထိုးပြောင်းလဲသွားခဲ့တဲ့ ခံစစ်ပိုင်းတည်ငြိမ်မာကျောမှုဖြစ်တဲ့နည်းတူ မကုသနိုင်သေးတဲ့ တိုက်စစ်ပိုင်းတုံးအသွားခဲ့မှုဖြစ်ခဲ့တာက မပြီးသေးတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ရုပ်လုံးကို အဆင့်ထပ်မြှင့်ပြီး အသက်သွင်းကယ်တင်ဖို့ တူဟယ်အတွက် အချိန်မီပြင်ဆင်ရမယ့် အဓိကသင်ခန်းစာလို့လည်း ဆိုရမှာဖြစ်​တယ်။

ဒါ့အပြင် မိုက်ကယ်အိုဝင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် နှစ်နေရာစာမှာ လီဗာပူးလ်နဲ့ ချယ်လ်ဆီးတို့ကို လက်စတာအသင်းထက် ပိုယုံကြည်နေတာကို တွေ့ရပြီး အထင်သေးခံထားရတဲ့ ရော့ဂျားစ်ရဲ့ တင်ဆက်မှုကို လာမယ့် ချယ်လ်ဆီးနဲ့ပွဲမှာ တူဟယ်ကျော်ဖြတ်နိုင်ဖို့ အဓိကလိုအပ်ကြောင်း ရေးသားတင်ဆက်ပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာသီအသိမ္းကာလမွာမွ အာဆင္နယ္နဲ႔ လက္စတာတို႔ကို တပတ္အတြင္း ၂ ပြဲဆက္တိုက္ အေရးနိမ့္ၿပီး FA ဖလားကို လက္လႊတ္ခဲ့ရတဲ့အျပင္ ခ်န္ပီယံလိဂ္ဝင္ခြင့္တေနရာစာကိုပါ ၿခိမ္းေျခာက္ခံလာရတဲ့ နည္းျပတူဟယ္လ္ဟာ လာမယ့္ လက္က်န္ ၃ ပြဲအတြင္းမွာ ခ်ယ္လ္ဆီးကို ဘယ္လိုကယ္တင္သြားမလဲဆိုတာ အေတာ္ေလးစိတ္ဝင္စားစရာေကာင္းပါတယ္။

ေျပာရရင္ လမ္းပတ္လက္ထက္ ေနာက္ဆုံး ၅ ပြဲမွာ ၄ ဂိုးသာသြင္းယူထားႏိုင္တဲ့ ခ်ယ္လ္ဆီးလက္ေဟာင္းကို လက္ရွိတူဟယ္လ္ရဲ႕ ေနာက္ဆုံး ၅ ပြဲ၊ ၅ ဂိုးသာသြင္းယူထားႏိုင္တဲ့ မျမင္ခ်င္စရာ မွတ္တမ္းဆိုးမွာ ျပန္လည္ျမင္ေတြ႕ေနရတာျဖစ္ၿပီး ဒါက ဂ်ာမန္သားႀကီး အဓိကေျဖရွင္းရမယ့္ တိုက္စစ္ျပႆနာျဖစ္လာတယ္။

အာဆင္နယ္ကို ဘာလို႔ရႉံးလဲ? လက္စတာက ဘာလို႔ရႈံးလဲ? အေျဖက ႐ိုးရွင္းပါတယ္။ ခ်ယ္လ္ဆီး ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။ လြန္ခဲ့တပတ္ေက်ာ္ကပဲ မန္စီးတီးလိုအသင္းကို ၂၁ ရက္အတြင္း ၂ ပြဲဆက္ အႏိုင္ကစားခဲ့တဲ့ တူဟယ္ရဲ႕အသင္းအတြက္ ရလဒ္မတည္ၿငိမ္ျခင္းအ​ေၾကာင္းက ဘက္ေပါင္းစုံကေန သံသယဝင္စရာရွိလာတယ္။

က်ိန္းေသေပါက္မွားယြင္းေနတာကေတာ့ တိုက္စစ္ပိုင္းျဖစ္တယ္။ လက္စတာနဲ႔ လီဗာပူးလ္တို႔က ယူႏိုက္တက္ကို အႏိုင္ယူခဲ့ခ်ိန္မွာ ခ်ယ္လ္ဆီးက အမွတ္ဆုံးလို႔ ေကာင္းေနသလို လီဗာပူးလ္က ၿပီးခဲ့တဲ့ညကပဲ ဝက္စ္ဘ႐ြမ္းဆီက ၃ မွတ္ယူသိမ္းသြားခဲ့လို႔ တမွတ္အကြာကေန ဖိအားေပးခ်ိန္မွာ တူဟယ္လ္ရဲ႕အသင္းက အမွားမခံေတာ့တဲ့ အေနအထားျဖစ္လာတယ္။

လီဗာပူးလ္က ပဲေလ့စ္၊ ဘန္ေလတို႔နဲ႔ ကစားရင္း ပရီးမီးယားလိဂ္ကို ပိတ္သိမ္းေနခ်ိန္မွာ ခ်ယ္လ္ဆီးက လက္က်န္ ၂ ပြဲမွာ လက္စတာ၊ ဗီလာတို႔နဲ႔ ကစားရမွာျဖစ္သလို လက္စတာက ေနာက္ဆုံးပြဲစဥ္ကို စပါးစ္ကို ရင္ဆိုင္ရမွာျဖစ္တယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္လုပြဲမွာ ၃ သင္းလုံး တခ်က္မွ အမွားမခံႏိုင္ေတာ့သလို မွားတဲ့အသင္းက အစားခံရေတာ့မယ္။

ခ်ယ္လ္ဆီးမွာ တိုက္စစ္ပိုင္းက ခိုင္ဟာဗတ္ဇ္၊ ဗာနာတို႔ရဲ႕ ဂိုးေပါက္ေၾကာင္ေပ်ာက္မႈက ရွင္းထုတ္ရမယ့္ ေက်ာ႐ိုးျပႆနာျဖစ္ၿပီး ဂိုးသမားကယ္ပါက အခုလို မိုးထဲေရထဲအက်ပ္အတည္းမွာ မန္ဒီကို ေက်ာ္ၿပီး ခ်ယ္လ္ဆီးလူစာရင္းမွာ မပါသင့္ေတာ့တဲ့သူမ်ိဳးျဖစ္တယ္။ သူပါတဲ့ အာဆင္နယ္၊ လက္စတာႏွစ္ပြဲဆက္ ခ်ယ္လ္ဆီးရႈံးခဲ့တာပါ။

ျပည္တည္နာလိုျဖစ္လာတဲ့ တိုက္စစ္ ဂိုးမိုးေခါင္မႈကို အျမန္ဆုံးကုသႏိုင္မွ တူဟယ္လ္အတြက္ ေမ ၂၉ မွာ ကစားမယ့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအတြက္ပါ ေမွ်ာ္လင့္ခ်က္ရွိလာမွာျဖစ္ၿပီး လာမယ့္ ပရီးမီးယားလိဂ္ ၂ ပြဲဆက္မွာ ၆ မွတ္အျပည့္ စုေဆာင္းႏိုင္မယ္ဆိုရင္ တခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ဖို႔ လိုအပ္တာက တူဟယ္ရဲ႕အသင္း ဂိုးမ်ားမ်ားသြင္းဖို႔ပါ။

တူဟယ္လက္ထဲမွာ ၂ ဂိုးအထက္သြင္းခဲ့တဲ့ပြဲဆိုလို႔ ပဲေလ့စ္ကို ၄-၁ နဲ႔ အႏိုင္ရတဲ့တပြဲသာ ရွိေနၿပီး ခ်ယ္လ္ဆီးရဲ႕ ဒီရာသီ အႀကီးမားဆုံးအားသာခ်က္နဲ႔ စုဖြဲ႕မႈက သူေရာက္လာၿပီးေနာက္ပိုင္း တဟုန္ထိုးေျပာင္းလဲသြားခဲ့တဲ့ ခံစစ္ပိုင္းတည္ၿငိမ္မာေက်ာမႈျဖစ္တဲ့နည္းတူ မကုသႏိုင္ေသးတဲ့ တိုက္စစ္ပိုင္းတုံးအသြားခဲ့မႈျဖစ္ခဲ့တာက မၿပီးေသးတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္႐ုပ္လုံးကို အဆင့္ထပ္ျမႇင့္ၿပီး အသက္သြင္းကယ္တင္ဖို႔ တူဟယ္အတြက္ အခ်ိန္မီျပင္ဆင္ရမယ့္ အဓိကသင္ခန္းစာလို႔လည္း ဆိုရမွာျဖစ္​တယ္။

ဒါ့အျပင္ မိုက္ကယ္အိုဝင္ကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ ႏွစ္ေနရာစာမွာ လီဗာပူးလ္နဲ႔ ခ်ယ္လ္ဆီးတို႔ကို လက္စတာအသင္းထက္ ပိုယုံၾကည္ေနတာကို ေတြ႕ရၿပီး အထင္ေသးခံထားရတဲ့ ေရာ့ဂ်ားစ္ရဲ႕ တင္ဆက္မႈကို လာမယ့္ ခ်ယ္လ္ဆီးနဲ႔ပြဲမွာ တူဟယ္ေက်ာ္ျဖတ္ႏိုင္ဖို႔ အဓိကလိုအပ္ေၾကာင္း ေရးသားတင္ဆက္ေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.