Premier League

ဆွတ်ပျံ့ကြည်နူး ရင်ခုန်ဖွယ်ရာများပြည့်နေခဲ့တဲ့ ဝက်စ်ဘရွန်း 1-2 လီဗာပူးလ် ပွဲအပြီး မှတ်မှတ်ရရ ထုတ်နုတ်ပြောစရာ ၈ ချက်

ပြောရပြန်ပြီ VAR
ဒီပွဲက ဝက်စ်ဘရွမ်းအတွက် မထူးခြားတော့ပါဘူး။ နိုင်နိုင်ရှုံးရှုံး ပရီးမီးယားလိဂ်ကနေ ဖျာလိပ်ဖို့ သေချာခဲ့ပြီဖြစ်သလို တန်းဆင်းဇုန်ထဲက ဆမ်အလာဒိုက်စ်ရဲ့အသင်းက လီဗာပူးလ်ကို ဦးဆောင်ဂိုးသွင်းယူပြီး အခက်တွေ့စေခဲ့ပြီးနောက်မှာတော့ ခိုင်ဘာ့တ်လေရဲ့ ဂိုးဟာလည်း VAR ရဲ့ မျက်ကွယ်ပြုခြင်းခံခဲ့ရလို့ အဆင့် ၄ တနေရာစာကြိုးစားနေတဲ့ ကလော့ပ်တို့ မျက်နှာလန်းခဲ့ရတယ်။

အယ်လစ်ဆွန်မကယ် သေဖွယ်ရာရှိ
အိုးထရက်ဖို့ဒ်ဆီမှာ ခြေစွမ်းတွေပြခဲ့သလောက် ဒီပွဲမှာ လီဗာပူးလ်ရဲ့ကစားပုံက ကောင်းတယ်လို့ ဆိုရခက်လောက်အောင် စိတ်ပျက်စရာကြီးပါ။ ဘောလုံးကို နိုင်နိုင်ကိုင်တယ်။ သီယာဂိုက တသင်းလုံးရဲ့ ဘောလုံးပိုင်ဆိုင်မှုကို အဓိကထိန်းချုပ်ပြီး ကစားပုံကျေနပ်စရာရှိခဲ့တယ်။

ဒါပေမယ့် အဆုံးသတ်ပိုင်းတွေမှာတော့ လီဗာပူးလ်ရဲ့အခြေအနေက အယ်လစ်ဆွန်မှမကယ် သေဖွယ်ရာရှိဆိုတဲ့ အနေအထားအထိ ရေရေရာရာမရှိဘဲ ဆိုးရွားခဲ့တယ်။

ဘရာဇီးလ်သားရဲ့ ဖခင်အမှတ်တရဂိုး
ဒီရာသီမှာ ဖခင်ဆုံးပါးသွားခဲ့တဲ့နောက်ပိုင်းမှာ လက်စွမ်းတွေပါ ထိုးကျသွားခဲ့ပြီး တည်ငြိမ်မှုပျောက်ဆုံးသွားခဲ့တဲ့ ဂိုးသမားအယ်လစ်ဆန် ဘက်ခါရဲ့ နောက်ကျခေါင်းတိုက်ဂိုးက သူ့ဘဝရဲ့ ပထမဆုံးသွင်းဂိုးဖြစ်ခဲ့သလို ဒီဂိုးကို ကောင်းကင်ဘုံက ဖခင်မြင်တွေ့နိုင်ပြီး ပျော်ရွှင်စေဖို့ ရည်စူးခဲ့တယ်လို့လည်း သူကရင်ဖွင့်ခဲ့တာပါ။

ပြန်တည့်သွားတဲ့ မာနေးနဲ့ မိုဆာလား
ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ထားပေမယ့် လီဗာပူးလ်အတွက် ဒီရာသီမှာ တာဝန်မကျေခဲ့တဲ့ ဆာဒီယို မာနေးက ဂိုးသွင်းအားလည်း ရုတ်ချည်းထိုးကျသွားခဲ့သလို အသင်းရဲ့တိုက်စစ်မှာ အကျိုးမပြုနိုင်ခဲ့တာက အတော်လေးကြာမြင့်ခဲ့ပေမယ့် မကြာသေးခင်ကမှ သူ့အတွက် ဒီရာသီပထမဆုံးဂိုးဖန်တီးမှုကို ပြုလုပ်ပေးခဲ့တဲ့ မိုဆာလားနဲ့ ဒီပွဲမှာ ပြန်တည့်သွားတာကို တွေ့ရသလို အိုးထရက်ဖို့ဒ်တုန်းက ကလော့ပ်ကို မထီလေးစားနိုင်ခဲ့တဲ့ အပြုအမူအတွက်လည်း ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။

ရွှေဖိနပ်ဆုနဲ့ ဘယ်သူအထိုက်တန်ဆုံးလဲ
မိခင်ကလပ်အသင်းအတွက် ဘယ်လောက်ပဲပေးဆပ်ကစားနေတယ်ဆိုပါစေ၊ တကိုယ်ရည်စာဆုတံဆိပ်တွေကိုတော့ ကစားသမားတွေက အပိုဆုအဖြစ် မက်မောလေ့ရှိတာဖြစ်ပြီး ဒီနေ့ပွဲမှာ လီဗာပူးလ်ရဲ့ ချေပဂိုးကို သွင်းယူသွားခဲ့တဲ့ မိုဆာလားက ၄ ရာသီအတွင်း ၃ ကြိမ်မြောက်အဖြစ် ရွှေဖိနပ်ဆုနဲ့ အတော်ဆုံးလူဖြစ်လာဖို့ ရည်မှန်းနေတဲ့ ဆန္ဒကိုလည်း တွေ့ရပါတယ်။

စပါးတိုက်စစ်မှူး ဟာရီကိန်းဂိုးသွင်းချိန်မှာ သူကလည်း အားကျမခံ ဂိုးရအောင်သွင်းခဲ့တဲ့နောက် ၂၂ ဂိုးနဲ့တူညီနေတဲ့ နှစ်ဦးသားဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ပူးတွဲသိမ်းပိုက်ကြတော့မယ်လို့လည်း ခန့်မှန်းခံထားရတာပါ။

အသင်းငယ်မှာ တောက်ပနေတဲ့ကြယ်ပွင့်
ဒီပွဲမှာ သေချာပေါက် မမေ့မလျော့ ချီးကျူးရမှာက ဝက်စ်ဘရွမ်းရဲ့ကစားကွက်ဖန်တီးရှင် မားသီးယပ်စ် ပါရဲရားဖြစ်ပြီး ဒီဘရာဇီးလ်သားက ဘစ်ဆမ်ကြီးရဲ့အသင်းမှာ ကောင်းကောင်းကြီး တောက်ပနေတာကို တွေ့ရသလို အသင်းကြီးတိုင်း မျက်စိကျရလောက်တဲ့ ခြေစွမ်းကလည်း အတော်လေးဆွဲဆောင်မှုရှိခဲ့လို့ ဒီရာသီ ဝက်စ်ဘရွမ်းက တန်းဆင်းချိန်မှာ သူ့ကိုတော့ ပရီးမီးယားလိဂ်မှာ ဆက်လက်မြင်တွေ့ရနိုင်ခြေ ရှိနေတာပါ။

၂၂ ဂိုး၊ ၁၆ မှတ်တန်တဲ့ ဖာရိုးဘုရင်
မိုဆာလားက ဒီရာသီ လီဗာပူးလ်အတွက် ၂၂ ဂိုးသွင်းယူခဲ့ရာမှာ အသင်းအတွက် ၁၆ မှတ်တိတိရအောင် စွမ်းဆောင်ပေးခဲ့တာကို အချက်အလက်အဖြစ် တွေ့ခဲ့ရပြီး ဒီရာသီမှာ ဟာရီကိန်းနဲ့အတူ ဂိုးသွင်းအများဆုံးလည်းဖြစ်နေသလို ထူးခြားတဲ့နောက်တချက်က မိခင်ကလပ်အသင်းအတွက် သွင်းဂိုးတွေနဲ့ အမှတ်အများဆုံးစုဆောင်းပေးနိုင်ခဲ့မှုအရာအတွက် ဒီရာသီမှာ ဘယ်သူမှ လိုက်မမီတဲ့ ကစားသမားဖြစ်လာစေခဲ့တယ်။

ဂျိုတာရဲ့ဒဏ်ရာကြောင့် ကျွဲမြီးတိုရပြန်တဲ့ကလော့ပ်
လီဗာပူးလ်မှာ သတင်းကောင်းတခုဖြစ်လာပြီဆိုရင် သတင်းဆိုးတခုက ဒွန်တွဲလိုက်ရမှ နေသာထိုင်သာရှိသလားလို့တောင် ကလော့ပ်ကို ကျွဲမြီးတိုစရာဖြစ်ခဲ့ရပြန်တာက ဝက်စ်ဘရွမ်းကို နောက်ကျအနိုင်ဂိုးနဲ့ ပွဲသိမ်းနိုင်လို့ ချန်ပီယံလိဂ်ဝင်ခွင့်လုပွဲကို အားခဲထားကာမှ တိုက်စစ်မှူးဂျိုတာက ဒဏ်ရာရခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ပွဲထွက်ခွင့်ဆုံးရှုံးနေလို့ မာနေးအတွက် ကလော့ပ်ကို ရာသီအသိမ်းမှာ သက်သေပြဖို့ အခွင့်ကောင်းတခုဖြစ်လာပြီလို့လည်း အကောင်းဘက်က မှတ်ယူနိုင်ပေမယ့် အရန်အင်အားလျော့ကျမှုကတော့ ခဲလေသမျှ သဲရေကျသွားနိုင်တာကိုလည်း ကြိုတွက်ထားရတော့မှာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေျပာရျပန္ၿပီ VAR
ဒီပြဲက ဝက္စ္ဘ႐ြမ္းအတြက္ မထူးျခားေတာ့ပါဘူး။ ႏိုင္ႏိုင္ရႈံးရႈံး ပရီးမီးယားလိဂ္ကေန ဖ်ာလိပ္ဖို႔ ေသခ်ာခဲ့ၿပီျဖစ္သလို တန္းဆင္းဇုန္ထဲက ဆမ္အလာဒိုက္စ္ရဲ႕အသင္းက လီဗာပူးလ္ကို ဦးေဆာင္ဂိုးသြင္းယူၿပီး အခက္ေတြ႕ေစခဲ့ၿပီးေနာက္မွာေတာ့ ခိုင္ဘာ့တ္ေလရဲ႕ ဂိုးဟာလည္း VAR ရဲ႕ မ်က္ကြယ္ျပဳျခင္းခံခဲ့ရလို႔ အဆင့္ ၄ တေနရာစာႀကိဳးစားေနတဲ့ ကေလာ့ပ္တို႔ မ်က္ႏွာလန္းခဲ့ရတယ္။

အယ္လစ္ဆြန္မကယ္ ေသဖြယ္ရာရွိ
အိုးထရက္ဖို႔ဒ္ဆီမွာ ေျခစြမ္းေတြျပခဲ့သေလာက္ ဒီပြဲမွာ လီဗာပူးလ္ရဲ႕ကစားပုံက ေကာင္းတယ္လို႔ ဆိုရခက္ေလာက္ေအာင္ စိတ္ပ်က္စရာႀကီးပါ။ ေဘာလုံးကို ႏိုင္ႏိုင္ကိုင္တယ္။ သီယာဂိုက တသင္းလုံးရဲ႕ ေဘာလုံးပိုင္ဆိုင္မႈကို အဓိကထိန္းခ်ဳပ္ၿပီး ကစားပုံေက်နပ္စရာရွိခဲ့တယ္။

ဒါေပမယ့္ အဆုံးသတ္ပိုင္းေတြမွာေတာ့ လီဗာပူးလ္ရဲ႕အေျခအေနက အယ္လစ္ဆြန္မွမကယ္ ေသဖြယ္ရာရွိဆိုတဲ့ အေနအထားအထိ ေရေရရာရာမရွိဘဲ ဆိုး႐ြားခဲ့တယ္။

ဘရာဇီးလ္သားရဲ႕ ဖခင္အမွတ္တရဂိုး
ဒီရာသီမွာ ဖခင္ဆုံးပါးသြားခဲ့တဲ့ေနာက္ပိုင္းမွာ လက္စြမ္းေတြပါ ထိုးက်သြားခဲ့ၿပီး တည္ၿငိမ္မႈေပ်ာက္ဆုံးသြားခဲ့တဲ့ ဂိုးသမားအယ္လစ္ဆန္ ဘက္ခါရဲ႕ ေနာက္က်ေခါင္းတိုက္ဂိုးက သူ႔ဘဝရဲ႕ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့သလို ဒီဂိုးကို ေကာင္းကင္ဘုံက ဖခင္ျမင္ေတြ႕ႏိုင္ၿပီး ေပ်ာ္႐ႊင္ေစဖို႔ ရည္စူးခဲ့တယ္လို႔လည္း သူကရင္ဖြင့္ခဲ့တာပါ။

ျပန္တည့္သြားတဲ့ မာေနးနဲ႔ မိုဆာလား
ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ထားေပမယ့္ လီဗာပူးလ္အတြက္ ဒီရာသီမွာ တာဝန္မေက်ခဲ့တဲ့ ဆာဒီယို မာေနးက ဂိုးသြင္းအားလည္း ႐ုတ္ခ်ည္းထိုးက်သြားခဲ့သလို အသင္းရဲ႕တိုက္စစ္မွာ အက်ိဳးမျပဳႏိုင္ခဲ့တာက အေတာ္ေလးၾကာျမင့္ခဲ့ေပမယ့္ မၾကာေသးခင္ကမွ သူ႔အတြက္ ဒီရာသီပထမဆုံးဂိုးဖန္တီးမႈကို ျပဳလုပ္ေပးခဲ့တဲ့ မိုဆာလားနဲ႔ ဒီပြဲမွာ ျပန္တည့္သြားတာကို ေတြ႕ရသလို အိုးထရက္ဖို႔ဒ္တုန္းက ကေလာ့ပ္ကို မထီေလးစားႏိုင္ခဲ့တဲ့ အျပဳအမူအတြက္လည္း ျပန္လည္ေတာင္းပန္ခဲ့တယ္လို႔ သိရပါတယ္။

ေ႐ႊဖိနပ္ဆုနဲ႔ ဘယ္သူအထိုက္တန္ဆုံးလဲ
မိခင္ကလပ္အသင္းအတြက္ ဘယ္ေလာက္ပဲေပးဆပ္ကစားေနတယ္ဆိုပါေစ၊ တကိုယ္ရည္စာဆုတံဆိပ္ေတြကိုေတာ့ ကစားသမားေတြက အပိုဆုအျဖစ္ မက္ေမာေလ့ရွိတာျဖစ္ၿပီး ဒီေန႔ပြဲမွာ လီဗာပူးလ္ရဲ႕ ေခ်ပဂိုးကို သြင္းယူသြားခဲ့တဲ့ မိုဆာလားက ၄ ရာသီအတြင္း ၃ ႀကိမ္ေျမာက္အျဖစ္ ေ႐ႊဖိနပ္ဆုနဲ႔ အေတာ္ဆုံးလူျဖစ္လာဖို႔ ရည္မွန္းေနတဲ့ ဆႏၵကိုလည္း ေတြ႕ရပါတယ္။

စပါးတိုက္စစ္မႉး ဟာရီကိန္းဂိုးသြင္းခ်ိန္မွာ သူကလည္း အားက်မခံ ဂိုးရေအာင္သြင္းခဲ့တဲ့ေနာက္ ၂၂ ဂိုးနဲ႔တူညီေနတဲ့ ႏွစ္ဦးသားဟာ ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္ဆုကို ပူးတြဲသိမ္းပိုက္ၾကေတာ့မယ္လို႔လည္း ခန႔္မွန္းခံထားရတာပါ။

အသင္းငယ္မွာ ေတာက္ပေနတဲ့ၾကယ္ပြင့္
ဒီပြဲမွာ ေသခ်ာေပါက္ မေမ့မေလ်ာ့ ခ်ီးက်ဴးရမွာက ဝက္စ္ဘ႐ြမ္းရဲ႕ကစားကြက္ဖန္တီးရွင္ မားသီးယပ္စ္ ပါရဲရားျဖစ္ၿပီး ဒီဘရာဇီးလ္သားက ဘစ္ဆမ္ႀကီးရဲ႕အသင္းမွာ ေကာင္းေကာင္းႀကီး ေတာက္ပေနတာကို ေတြ႕ရသလို အသင္းႀကီးတိုင္း မ်က္စိက်ရေလာက္တဲ့ ေျခစြမ္းကလည္း အေတာ္ေလးဆြဲေဆာင္မႈရွိခဲ့လို႔ ဒီရာသီ ဝက္စ္ဘ႐ြမ္းက တန္းဆင္းခ်ိန္မွာ သူ႔ကိုေတာ့ ပရီးမီးယားလိဂ္မွာ ဆက္လက္ျမင္ေတြ႕ရႏိုင္ေျခ ရွိေနတာပါ။

၂၂ ဂိုး၊ ၁၆ မွတ္တန္တဲ့ ဖာ႐ိုးဘုရင္
မိုဆာလားက ဒီရာသီ လီဗာပူးလ္အတြက္ ၂၂ ဂိုးသြင္းယူခဲ့ရာမွာ အသင္းအတြက္ ၁၆ မွတ္တိတိရေအာင္ စြမ္းေဆာင္ေပးခဲ့တာကို အခ်က္အလက္အျဖစ္ ေတြ႕ခဲ့ရၿပီး ဒီရာသီမွာ ဟာရီကိန္းနဲ႔အတူ ဂိုးသြင္းအမ်ားဆုံးလည္းျဖစ္ေနသလို ထူးျခားတဲ့ေနာက္တခ်က္က မိခင္ကလပ္အသင္းအတြက္ သြင္းဂိုးေတြနဲ႔ အမွတ္အမ်ားဆုံးစုေဆာင္းေပးႏိုင္ခဲ့မႈအရာအတြက္ ဒီရာသီမွာ ဘယ္သူမွ လိုက္မမီတဲ့ ကစားသမားျဖစ္လာေစခဲ့တယ္။

ဂ်ိဳတာရဲ႕ဒဏ္ရာေၾကာင့္ ကြၽဲၿမီးတိုရျပန္တဲ့ကေလာ့ပ္

လီဗာပူးလ္မွာ သတင္းေကာင္းတခုျဖစ္လာၿပီဆိုရင္ သတင္းဆိုးတခုက ဒြန္တြဲလိုက္ရမွ ေနသာထိုင္သာရွိသလားလို႔ေတာင္ ကေလာ့ပ္ကို ကြၽဲၿမီးတိုစရာျဖစ္ခဲ့ရျပန္တာက ဝက္စ္ဘ႐ြမ္းကို ေနာက္က်အႏိုင္ဂိုးနဲ႔ ပြဲသိမ္းႏိုင္လို႔ ခ်န္ပီယံလိဂ္ဝင္ခြင့္လုပြဲကို အားခဲထားကာမွ တိုက္စစ္မႉးဂ်ိဳတာက ဒဏ္ရာရခဲ့ပါတယ္။ ဒီတေခါက္မွာေတာ့ ပြဲထြက္ခြင့္ဆုံးရႈံးေနလို႔ မာေနးအတြက္ ကေလာ့ပ္ကို ရာသီအသိမ္းမွာ သက္ေသျပဖို႔ အခြင့္ေကာင္းတခုျဖစ္လာၿပီလို႔လည္း အေကာင္းဘက္က မွတ္ယူႏိုင္ေပမယ့္ အရန္အင္အားေလ်ာ့က်မႈကေတာ့ ခဲေလသမွ် သဲေရက်သြားႏိုင္တာကိုလည္း ႀကိဳတြက္ထားရေတာ့မွာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: