Match Report Premier League

Must Win ပွဲမှာ အယ်လီဆန်ရဲ့ နောက်ကျဂိုးနဲ့ ဝက်စ်ဘရွန်းကို ကျော်ဖြတ်ခဲ့တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့ပွဲမှာ ခံစစ်ပိုင်းကို ပွဲထုတ်နေကျ ၄ ဦးကိုပဲ အပြောင်းအလဲမရှိ ထုတ်သုံးလာခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညိုနဲ့ သီယာဂိုတို့ကို ကားတစ်ဂျုံးစ်နဲ့ တွဲပေးခဲ့သလို တိုက်စစ်မှာတော့ ဂျိုတာကို ချန်ထားပြီး MSF တိုက်စစ်ကိုပဲ သုံးစွဲခဲ့ပါတယ်။

ဟောသွန်းကွင်းမှာ တန်းဆင်းနေပြီဖြစ်တဲ့ ဝက်စ်ဘရွန်းတို့အနေနဲ့ အလွယ်တကူ အရှုံးမပေးဘဲ ဂုဏ်သိက္ခာအတွက် ကြိုးစားသွားခဲ့သလို အပြောင်းအလဲလုပ်ထားခဲ့တဲ့ တိုက်စစ်ကလည်း ပြီးခဲ့တဲ့ ပွဲတွေကထက် ကောင်းလာခဲ့တာကြောင့် လီဗာပူးလ်တို့နဲ့ အပြန်အလှန် ဂိုးပေါက်ခြိမ်းခြောက် နေခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာတော့ ဝက်စ်ဘရွန်းတို့ ဂိုးစရခဲ့ပြီး ကွင်းလယ်ကနေ အဂျာယီ ခေါင်းတိုက်ချပေးရာကနေ ဘောလုံးပြန်ရသွားတဲ့ ပါရဲရားက လူကျွံဘောဖမ်းဖို့ ကြိုးစားတဲ့ လီဗာပူးလ်နောက်တန်းကို ကျော်ပြီးချပေးတာကို ရော့ဘ်ဆန်-ကနူးက အဝေးတိုင်ထောင့်ကို ဘယ်ခြေနဲ့ အနိမ့်ဘော အပိုင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာတော့ လီဗာပူးလ်တို့ လှုပ်လှုပ်ရှားရှားဖြစ်သွားကြပြီး ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်နဲ့ အိမ်ရှင်တို့အပေါ် ဖိကစားလာခဲ့ပြီး ပွဲချိန် ၂၄ မိနစ်မှာ မာနေးက အပိုင်တစ်လုံးဖြုန်းခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ဆာလားတို့ရဲ့ ကန်ချက်တွေကလည်း ဂိုးမဖြစ်ခဲ့တာမို့ ဝက်စ်ဘရွန်းတို့ သက်သာခဲ့ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာတော့ မာနေး ဘောလုံးပျက်ခဲ့တာကို ဝက်စ်ဘရွန်းနောက်တန်းက အချင်းချင်းပြန်ပေးရာကနေ မသေသပ်တဲ့ ဘောလုံးကို ဆီနီဂေါသားက ပြန်လည်လုယူပြီး ချပေးခဲ့တာကို ဆာလားက အဝေးတိုင်ထောင့်ကို ညာဘက်ဂိုးဧရိယာအစပ်ကနေ လျှပ်တစ်ပြက် အမြန်ကန်သွင်းပြီး လီဗာပူးလ်တို့အတွက် ချေပဂိုး ရယူနိုင်ခဲ့ပါတယ်။

တစ်မိနစ်အကြာမှာ ဖာမီနို အပိုင်ကန်ခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်ခဲ့ပြီး နောက်ထပ်တစ်မိနစ်အကြာမှာတော့ လက်ရှိအချိန်အထိ ဘာအဆင့်မှ မရှိသေးတဲ့ နာသန် ဖိလစ် ရောင်းလိုက်တဲ့ ဘောလုံးကို အန္တရာယ်ကြီးကြီး ပေးဖို့ ရောဘ်ဆန်-ကနူးက ကြံခဲ့ပေမယ့် အလက်ဇန်းဒါး-အာနိုးလ်ဒ်က အချိန်မီ ပိတ်ဆို့သွားနိုင်ခဲ့ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတွေကို ထပ်မံအသုံးချနိုင်ခြင်းမရှိခဲ့တဲ့ လီဗာပူးလ်တို့ တစ်ဂိုးစီသရေသာ စွမ်းဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ဆာလားပေးတာကို မာနေး ပိတ်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့သလို တန်ပြန်တိုက်စစ်ကနေ ဆာလားရဲ့ ကန်သွင်းချက်ကိုလည်း ဂိုးသမား ဂျွန်စတုန်းက ထောင့်ပိတ်ပြီး ကာကွယ်ပြသွားခဲ့ပါတယ်။

ပွဲချိန် ၇၁ မိနစ်မှာ ဂယ်လက်ဂါရဲ့ ထောင့်ကန်ဘောကနေ အသင်းခေါင်းဆောင် ဘတ်တလီက ဝက်စ်ဘရွန်းအတွက် ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပေမယ့် ဒိုင်လူကြီးက အယ်လီဆန်နားမှာ မလှုပ်မယှက်ရှိနေတဲ့ ဖိလစ်ကို လူကျွံမှုနဲ့ စွဲချက်တင်ခဲ့ပြီး ပယ်ဖျက်သွားခဲ့လို့ လီဗာပူးလ်တို့ မျက်နှာ မပျက်ခဲ့ရသလို မိုက်ဒင်းန်ပေးတဲ့ လက်ဆောင်က တန်ဖိုးရှိလွန်းခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာကို ရယူနိုင်ဖို့ လုံးဝသရေကျလို့ မရတဲ့ ပွဲမှာ ဖာမီနိုကတော့ အသင်းနဲ့ လမ်းခွဲဖို့ အချိန်တန်ပြီဖြစ်ကြောင်းကို ဖြုန်းတီးမှုတွေနဲ့ပဲ ပြသနေပြီး သီယာဂိုရဲ့ ကန်ချက်ကိုတော့ ဂျွန်စတုန်းက ခက်ခက်ခဲခဲ ကာကွယ်သွားခဲ့သလို နာကျင်အချိန်ပိုရောက်တဲ့အထိ လီဗာပူးလ်တို့ မျှော်လင့်ချက်မဲ့ရတော့မလိုဖြစ်လာခဲ့ပါတယ်။

ဒါပေမယ့် ကံဆိုတာ အလုပ်ဖြစ်ကြောင်း ပြသတဲ့အနေနဲ့ တစ်ဂိုးစီ သရေကျနေတဲ့ပွဲမှာ ဂိုးသမား အယ်လစ်ဆန်က ရှေ့တက်စွန့်စားခဲ့ပြီး သူ့ကို ကပ်ဖို့ ပျက်ကွက်နေကြတဲ့ ဝက်စ်ဘရွန်းနောက်တန်းရဲ့ ပေါ့လျော့မှုကို အခွင့်ကောင်းယူနိုင်ခဲ့သလို အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ထောင့်ကန်ဘောကနေ အပိုင်ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ လီဗာပူးလ်တို့ နောက်ဆုံးမိနစ်အနိုင်ဂိုးနဲ့ ဟောသွန်းကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပါတယ်။

ဂိုးသမားတွေဟာ သရေဂိုးအတွက်သာ ရှေ့တက်စွန့်စားလေ့ရှိချိန်မှာ အသင်းရဲ့ အနေအထား၊ ရပ်တည်မှုနဲ့ နိုင်ပွဲအတွက် သိရှိနားလည်ပြီး ရှေ့တက်စွန့်စားခဲ့တဲ့ အယ်လစ်ဆန်ကတော့ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးနဲ့အတူ အသင်းကို ဂုဏ်တက်စေခဲ့ပြီး ဒီနိုင်ပွဲအပြီးမှာတော့ ၆၃ မှတ် ရရှိသွားခဲ့တဲ့ လီဗာပူးလ်အသင်းအနေနဲ့ လက်စတာနဲ့ ချဲလ်ဆီးအသင်းတွေကို အကောင်းဆုံး ဖိအားပေး ခြိမ်းခြောက်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔ပြဲမွာ ခံစစ္ပိုင္းကို ပြဲထုတ္ေနက် ၄ ဦးကိုပဲ အေျပာင္းအလဲမရွိ ထုတ္သုံးလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳနဲ႔ သီယာဂိုတို႔ကို ကားတစ္ဂ်ဳံးစ္နဲ႔ တြဲေပးခဲ့သလို တိုက္စစ္မွာေတာ့ ဂ်ိဳတာကို ခ်န္ထားၿပီး MSF တိုက္စစ္ကိုပဲ သုံးစြဲခဲ့ပါတယ္။

ေဟာသြန္းကြင္းမွာ တန္းဆင္းေနၿပီျဖစ္တဲ့ ဝက္စ္ဘ႐ြန္းတို႔အေနနဲ႔ အလြယ္တကူ အရႈံးမေပးဘဲ ဂုဏ္သိကၡာအတြက္ ႀကိဳးစားသြားခဲ့သလို အေျပာင္းအလဲလုပ္ထားခဲ့တဲ့ တိုက္စစ္ကလည္း ၿပီးခဲ့တဲ့ ပြဲေတြကထက္ ေကာင္းလာခဲ့တာေၾကာင့္ လီဗာပူးလ္တို႔နဲ႔ အျပန္အလွန္ ဂိုးေပါက္ၿခိမ္းေျခာက္ ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ ဝက္စ္ဘ႐ြန္းတို႔ ဂိုးစရခဲ့ၿပီး ကြင္းလယ္ကေန အဂ်ာယီ ေခါင္းတိုက္ခ်ေပးရာကေန ေဘာလုံးျပန္ရသြားတဲ့ ပါရဲရားက လူကြၽံေဘာဖမ္းဖို႔ ႀကိဳးစားတဲ့ လီဗာပူးလ္ေနာက္တန္းကို ေက်ာ္ၿပီးခ်ေပးတာကို ေရာ့ဘ္ဆန္-ကႏူးက အေဝးတိုင္ေထာင့္ကို ဘယ္ေျခနဲ႔ အနိမ့္ေဘာ အပိုင္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာေတာ့ လီဗာပူးလ္တို႔ လႈပ္လႈပ္ရွားရွားျဖစ္သြားၾကၿပီး ေဘာလုံးပိုင္ဆိုင္မႈ အျပတ္အသတ္နဲ႔ အိမ္ရွင္တို႔အေပၚ ဖိကစားလာခဲ့ၿပီး ပြဲခ်ိန္ ၂၄ မိနစ္မွာ မာေနးက အပိုင္တစ္လုံးျဖဳန္းခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ဆာလားတို႔ရဲ႕ ကန္ခ်က္ေတြကလည္း ဂိုးမျဖစ္ခဲ့တာမို႔ ဝက္စ္ဘ႐ြန္းတို႔ သက္သာခဲ့ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ မာေနး ေဘာလုံးပ်က္ခဲ့တာကို ဝက္စ္ဘ႐ြန္းေနာက္တန္းက အခ်င္းခ်င္းျပန္ေပးရာကေန မေသသပ္တဲ့ ေဘာလုံးကို ဆီနီေဂါသားက ျပန္လည္လုယူၿပီး ခ်ေပးခဲ့တာကို ဆာလားက အေဝးတိုင္ေထာင့္ကို ညာဘက္ဂိုးဧရိယာအစပ္ကေန လွ်ပ္တစ္ျပက္ အျမန္ကန္သြင္းၿပီး လီဗာပူးလ္တို႔အတြက္ ေခ်ပဂိုး ရယူႏိုင္ခဲ့ပါတယ္။

တစ္မိနစ္အၾကာမွာ ဖာမီႏို အပိုင္ကန္ခြင့္ရခဲ့ေပမယ့္ တိုင္ထိထြက္ခဲ့ၿပီး ေနာက္ထပ္တစ္မိနစ္အၾကာမွာေတာ့ လက္ရွိအခ်ိန္အထိ ဘာအဆင့္မွ မရွိေသးတဲ့ နာသန္ ဖိလစ္ ေရာင္းလိုက္တဲ့ ေဘာလုံးကို အႏၲရာယ္ႀကီးႀကီး ေပးဖို႔ ေရာဘ္ဆန္-ကႏူးက ႀကံခဲ့ေပမယ့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က အခ်ိန္မီ ပိတ္ဆို႔သြားႏိုင္ခဲ့ပါတယ္။

ပထမပိုင္းမွာ အခြင့္အေရးေတြကို ထပ္မံအသုံးခ်ႏိုင္ျခင္းမရွိခဲ့တဲ့ လီဗာပူးလ္တို႔ တစ္ဂိုးစီသေရသာ စြမ္းေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ဆာလားေပးတာကို မာေနး ပိတ္သြင္းခဲ့ေပမယ့္ လူကြၽံေနခဲ့သလို တန္ျပန္တိုက္စစ္ကေန ဆာလားရဲ႕ ကန္သြင္းခ်က္ကိုလည္း ဂိုးသမား ဂြၽန္စတုန္းက ေထာင့္ပိတ္ၿပီး ကာကြယ္ျပသြားခဲ့ပါတယ္။

ပြဲခ်ိန္ ၇၁ မိနစ္မွာ ဂယ္လက္ဂါရဲ႕ ေထာင့္ကန္ေဘာကေန အသင္းေခါင္းေဆာင္ ဘတ္တလီက ဝက္စ္ဘ႐ြန္းအတြက္ ဦးေဆာင္ဂိုး ျပန္သြင္းခဲ့ေပမယ့္ ဒိုင္လူႀကီးက အယ္လီဆန္နားမွာ မလႈပ္မယွက္ရွိေနတဲ့ ဖိလစ္ကို လူကြၽံမႈနဲ႔ စြဲခ်က္တင္ခဲ့ၿပီး ပယ္ဖ်က္သြားခဲ့လို႔ လီဗာပူးလ္တို႔ မ်က္ႏွာ မပ်က္ခဲ့ရသလို မိုက္ဒင္းန္ေပးတဲ့ လက္ေဆာင္က တန္ဖိုးရွိလြန္းခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာကို ရယူႏိုင္ဖို႔ လုံးဝသေရက်လို႔ မရတဲ့ ပြဲမွာ ဖာမီႏိုကေတာ့ အသင္းနဲ႔ လမ္းခြဲဖို႔ အခ်ိန္တန္ၿပီျဖစ္ေၾကာင္းကို ျဖဳန္းတီးမႈေတြနဲ႔ပဲ ျပသေနၿပီး သီယာဂိုရဲ႕ ကန္ခ်က္ကိုေတာ့ ဂြၽန္စတုန္းက ခက္ခက္ခဲခဲ ကာကြယ္သြားခဲ့သလို နာက်င္အခ်ိန္ပိုေရာက္တဲ့အထိ လီဗာပူးလ္တို႔ ေမွ်ာ္လင့္ခ်က္မဲ့ရေတာ့မလိုျဖစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ကံဆိုတာ အလုပ္ျဖစ္ေၾကာင္း ျပသတဲ့အေနနဲ႔ တစ္ဂိုးစီ သေရက်ေနတဲ့ပြဲမွာ ဂိုးသမား အယ္လစ္ဆန္က ေရွ႕တက္စြန႔္စားခဲ့ၿပီး သူ႔ကို ကပ္ဖို႔ ပ်က္ကြက္ေနၾကတဲ့ ဝက္စ္ဘ႐ြန္းေနာက္တန္းရဲ႕ ေပါ့ေလ်ာ့မႈကို အခြင့္ေကာင္းယူႏိုင္ခဲ့သလို အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ေထာင့္ကန္ေဘာကေန အပိုင္ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ လီဗာပူးလ္တို႔ ေနာက္ဆုံးမိနစ္အႏိုင္ဂိုးနဲ႔ ေဟာသြန္းကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကပါတယ္။

ဂိုးသမားေတြဟာ သေရဂိုးအတြက္သာ ေရွ႕တက္စြန႔္စားေလ့ရွိခ်ိန္မွာ အသင္းရဲ႕ အေနအထား၊ ရပ္တည္မႈနဲ႔ ႏိုင္ပြဲအတြက္ သိရွိနားလည္ၿပီး ေရွ႕တက္စြန႔္စားခဲ့တဲ့ အယ္လစ္ဆန္ကေတာ့ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးနဲ႔အတူ အသင္းကို ဂုဏ္တက္ေစခဲ့ၿပီး ဒီႏိုင္ပြဲအၿပီးမွာေတာ့ ၆၃ မွတ္ ရရွိသြားခဲ့တဲ့ လီဗာပူးလ္အသင္းအေနနဲ႔ လက္စတာနဲ႔ ခ်ဲလ္ဆီးအသင္းေတြကို အေကာင္းဆုံး ဖိအားေပး ၿခိမ္းေျခာက္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.