Premier League Transfer News

16 May နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု

– မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ၈ နှစ်ကြာ တွဲလာခဲ့တဲ့ ကျောင်းတုန်းကတည်းက ရည်းစား လူစီယာ လွိုင်းတို့ တသီးတခြားစီ နေထိုင်နေကြပြီး ပြတ်တောက်တော့မယ့် အနေအထားကြောင့် ကစားသမားရဲ့ ခြေစွမ်းကို အနည်းနဲ့ အများ ထိခိုက်နိုင်တယ်လို့ သတင်းထွက်နေကြသလို ပရိသတ်တွေကတော့ မကွဲပါစေနဲ့လို့ ဆုတောင်းပေးနေကြ။

– လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ အက်စ်တန်ဗီလာဂိုးသမား တွမ်ဟီတန်အနေနဲ့ လူငယ်ဘဝအသင်းဟောင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လည်ရောက်ရှိနိုင်ခြေက ပိုများနေပြီး ကလပ်က လေ့ကျင့်ပျိုးထောင်ခဲ့တဲ့ ငယ်မွေးခြံပေါက်အဖြစ် ချန်ပီယံလိဂ်မှာ မှတ်ပုံတင်ဖို့ တန်ဖိုးရှိလာနိုင်။

– စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အနေနဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် ယူရိုသန်း ၇၀ လို့ လေသံပစ်တာဟာ ရမလားလို့ လုပ်ကြည့်တာသာဖြစ်ပြီး တစ်နှစ်ကျန်စာချုပ်အရ နွေရာသီမှာ ယူနိုက်တက်က အသုံးပြုမယ့် ယူရိုသန်း ၅၀ နဲ့သာ နောက်ဆုံး သဘောတူညီသွားနိုင်တယ်လို့ဆို။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ တန်းဆင်းအသင်းတွေရဲ့ ကစားသမားကောင်းတွေဖြစ်ကြတဲ့ ဂိုးသမား ဆမ်ဂျွန်စတုန်း၊ နောက်ခံလူ ဂျိုအာခင်မ် အန်ဒါဆန်နဲ့ ကွင်းလယ်လူ ဆန်ဒါ ဘာဂါတို့ကို ခေါ်ယူသွားဖို့ စောင့်ကြည့်နေတယ်လို့ သတင်းတွေ ဖော်ပြ။

– ယူနိုက်တက်အသင်းတာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းထဲက ထွက်ပေါ်လာတဲ့ ကောလဟာလအရ သူတို့တွေအနေနဲ့ ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို တစ်ပတ်ကို ပေါင်လေးသိန်းပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးစားနေတယ်လို့ ဆိုပြီး ကစားသမားဘက်ကတော့ အခြေအနေကို မသိရသေး။

– ရီးရဲလ်မက်ဒရစ်အသင်းဘက်က ခေါင်းမာခဲ့ရင် အဆင်မပြေနိုင်တဲ့ နောက်ခံလူ ရာဖေးလ် ဗာရွန်းအတွက် အရန်အစီအစဉ်အဖြစ် လိုင်လီ နောက်ခံလူ ဆဗင် ဘော့တ်မန်ရဲ့ အေးဂျင့်ကို မန်ချက်စတာယူနိုက်တက်ဘက်က ချိတ်ဆက်ထားပြီး ၂၁ နှစ်သားက အသင်းအတွက် ပိုမိုအကျိုးရှိမယ်လို့ တချို့က ဆိုနေကြ။

– နည်းပြ အိုလီဂန်နာ ဆိုးလ်ရှားအနေနဲ့ ကွင်းလယ်လူ ဒွန်နီ ဗန်ဒဘိခ်ဟာ ကွင်းလယ်အထိုင်မှာ ဖရက်ဒ်၊ မက်တော်မီနေးတို့လို မာမာချာချာနဲ့ အဖျက်ကစားနိုင်သူလို့ မတွေးသလို တိုက်စစ်မှာလည်း ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့လို မြင့်မားတဲ့ ခြေစွမ်းကို ပြသနိုင်သူလို့ မယုံကြည်တာကြောင့် နွေရာသီမှာ ရောင်းထုတ်သွားဖွယ်ရှိနေ။

– လာမယ့်ရာသီမှာ တိုက်စစ်မှူး အန်တိုနီယို မာစီယယ်လ်ရဲ့ အနာဂတ်က ပိုမိုဝေဝါးလာဖွယ်ရှိနေပြီး ဘယ်တောင်ပံနေရာမှာ ပေါ့ဘာက တစ်နေရာ ဝင်ရောက်ယူနေတဲ့အပြင် တိုက်စစ်မှာလည်း ကာဗာနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဂရင်းဝုဒ်တို့လောက် ခြေစွမ်းမပြနိုင်တော့တာကြောင့် အရန်တိုက်စစ်မှူးအဖြစ်နဲ့သာ ကျေနပ်ရဖို့များနေ။

– မန်ချက်စတာယူနိုက်တက်ရဲ့ ကြယ်ပွင့်ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က သူ့အနေနဲ့ အသင်းဖော် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ရဲ့ အမြန်နှုန်းကိုသာ ပိုင်ဆိုင်နိုင်ခဲ့ရင် ရွှေဘောလုံးဆု Ballon d’Or ဆုကို ရနိုင်ပြီလို့ ထုတ်ဖော်ပြောကြားသွားခဲ့။

– ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ် မက်ဆီရဲ့ အေးဂျင့်အသိုင်းအဝိုင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတွေဘက်က ဘာတွေ ကမ်းလှမ်းနိုင်သလဲဆိုတာကို ဆက်သွယ်စုံစမ်းထားခဲ့တယ်လို့ သတင်းထွက်ပေါ်နေပြီး ဆာဂျီယို အဂွေရိုနဲ့ စာချုပ်ချုပ်နိုင်ဖို့ နီးစပ်နေတဲ့ ကာတာလန်ကလပ်ရဲ့ ရွှေ့ကွက်အရ ဖြစ်နိုင်ဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– မန္ခ်က္စတာယူႏိုက္တက္တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္နဲ႔ ၈ ႏွစ္ၾကာ တြဲလာခဲ့တဲ့ ေက်ာင္းတုန္းကတည္းက ရည္းစား လူစီယာ လြိဳင္းတို႔ တသီးတျခားစီ ေနထိုင္ေနၾကၿပီး ျပတ္ေတာက္ေတာ့မယ့္ အေနအထားေၾကာင့္ ကစားသမားရဲ႕ ေျခစြမ္းကို အနည္းနဲ႔ အမ်ား ထိခိုက္ႏိုင္တယ္လို႔ သတင္းထြက္ေနၾကသလို ပရိသတ္ေတြကေတာ့ မကြဲပါေစနဲ႔လို႔ ဆုေတာင္းေပးေနၾက။

– လီဗာပူးလ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနတဲ့ အက္စ္တန္ဗီလာဂိုးသမား တြမ္ဟီတန္အေနနဲ႔ လူငယ္ဘဝအသင္းေဟာင္း မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လည္ေရာက္ရွိႏိုင္ေျခက ပိုမ်ားေနၿပီး ကလပ္က ေလ့က်င့္ပ်ိဳးေထာင္ခဲ့တဲ့ ငယ္ေမြးၿခံေပါက္အျဖစ္ ခ်န္ပီယံလိဂ္မွာ မွတ္ပုံတင္ဖို႔ တန္ဖိုးရွိလာႏိုင္။

– စပိန္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အေနနဲ႔ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ ယူ႐ိုသန္း ၇၀ လို႔ ေလသံပစ္တာဟာ ရမလားလို႔ လုပ္ၾကည့္တာသာျဖစ္ၿပီး တစ္ႏွစ္က်န္စာခ်ဳပ္အရ ေႏြရာသီမွာ ယူႏိုက္တက္က အသုံးျပဳမယ့္ ယူ႐ိုသန္း ၅၀ နဲ႔သာ ေနာက္ဆုံး သေဘာတူညီသြားႏိုင္တယ္လို႔ဆို။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ တန္းဆင္းအသင္းေတြရဲ႕ ကစားသမားေကာင္းေတြျဖစ္ၾကတဲ့ ဂိုးသမား ဆမ္ဂြၽန္စတုန္း၊ ေနာက္ခံလူ ဂ်ိဳအာခင္မ္ အန္ဒါဆန္နဲ႔ ကြင္းလယ္လူ ဆန္ဒါ ဘာဂါတို႔ကို ေခၚယူသြားဖို႔ ေစာင့္ၾကည့္ေနတယ္လို႔ သတင္းေတြ ေဖာ္ျပ။

– ယူႏိုက္တက္အသင္းတာဝန္ရွိသူေတြနဲ႔ နီးစပ္တဲ့ အသိုင္းအဝိုင္းထဲက ထြက္ေပၚလာတဲ့ ေကာလဟာလအရ သူတို႔ေတြအေနနဲ႔ ကြင္းလယ္လူ ေပါလ္ ေပါ့ဘာကို တစ္ပတ္ကို ေပါင္ေလးသိန္းေပးၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုၿပီး ကစားသမားဘက္ကေတာ့ အေျခအေနကို မသိရေသး။

– ရီးရဲလ္မက္ဒရစ္အသင္းဘက္က ေခါင္းမာခဲ့ရင္ အဆင္မေျပႏိုင္တဲ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းအတြက္ အရန္အစီအစဥ္အျဖစ္ လိုင္လီ ေနာက္ခံလူ ဆဗင္ ေဘာ့တ္မန္ရဲ႕ ေအးဂ်င့္ကို မန္ခ်က္စတာယူႏိုက္တက္ဘက္က ခ်ိတ္ဆက္ထားၿပီး ၂၁ ႏွစ္သားက အသင္းအတြက္ ပိုမိုအက်ိဳးရွိမယ္လို႔ တခ်ိဳ႕က ဆိုေနၾက။

– နည္းျပ အိုလီဂန္နာ ဆိုးလ္ရွားအေနနဲ႔ ကြင္းလယ္လူ ဒြန္နီ ဗန္ဒဘိခ္ဟာ ကြင္းလယ္အထိုင္မွာ ဖရက္ဒ္၊ မက္ေတာ္မီေနးတို႔လို မာမာခ်ာခ်ာနဲ႔ အဖ်က္ကစားႏိုင္သူလို႔ မေတြးသလို တိုက္စစ္မွာလည္း ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔လို ျမင့္မားတဲ့ ေျခစြမ္းကို ျပသႏိုင္သူလို႔ မယုံၾကည္တာေၾကာင့္ ေႏြရာသီမွာ ေရာင္းထုတ္သြားဖြယ္ရွိေန။

– လာမယ့္ရာသီမွာ တိုက္စစ္မႉး အန္တိုနီယို မာစီယယ္လ္ရဲ႕ အနာဂတ္က ပိုမိုေဝဝါးလာဖြယ္ရွိေနၿပီး ဘယ္ေတာင္ပံေနရာမွာ ေပါ့ဘာက တစ္ေနရာ ဝင္ေရာက္ယူေနတဲ့အျပင္ တိုက္စစ္မွာလည္း ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဂရင္းဝုဒ္တို႔ေလာက္ ေျခစြမ္းမျပႏိုင္ေတာ့တာေၾကာင့္ အရန္တိုက္စစ္မႉးအျဖစ္နဲ႔သာ ေက်နပ္ရဖို႔မ်ားေန။

– မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္က သူ႔အေနနဲ႔ အသင္းေဖာ္ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ရဲ႕ အျမန္ႏႈန္းကိုသာ ပိုင္ဆိုင္ႏိုင္ခဲ့ရင္ ေ႐ႊေဘာလုံးဆု Ballon d’Or ဆုကို ရႏိုင္ၿပီလို႔ ထုတ္ေဖာ္ေျပာၾကားသြားခဲ့။

– ဘာစီလိုနာတိုက္စစ္မႉး လီယြန္နယ္ မက္ဆီရဲ႕ ေအးဂ်င့္အသိုင္းအဝိုင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းေတြဘက္က ဘာေတြ ကမ္းလွမ္းႏိုင္သလဲဆိုတာကို ဆက္သြယ္စုံစမ္းထားခဲ့တယ္လို႔ သတင္းထြက္ေပၚေနၿပီး ဆာဂ်ီယို အေဂြ႐ိုနဲ႔ စာခ်ဳပ္ခ်ဳပ္ႏိုင္ဖို႔ နီးစပ္ေနတဲ့ ကာတာလန္ကလပ္ရဲ႕ ေ႐ႊ႕ကြက္အရ ျဖစ္ႏိုင္ဖြယ္ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.