Premier League

လူကြားထဲ ဂိုးသွင်းသွားတဲ့ အယ်လီကြောင့် မိုက်လိုက်တာ သမီးရယ်လို့ ဆိုရတော့မယ့် ပက်ပ်

ပြီးခဲ့တဲ့တနင်္ဂနွေက စပါးအသင်းရဲ့ ကွင်းလယ်လူ ဒယ်လီ အယ်လီဟာ လန်ဒန်မြို့က Cloud 9 ဘားမှာ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာရဲ့ သမီးဖြစ်သူနဲ့ အကြင်နာပေးနေတာကို သတင်းတွေက အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး သူတို့နှစ်ဦးဟာ သောက်စားမြူးထူးနေခဲ့ကြတယ်လို့ THE SUN သတင်းက ဖော်ပြခဲ့ပါတယ်။

အင်္ဂလန်သားဟာ ၅ နှစ်ကြာတွဲခုတ်လာခဲ့တဲ့ ရူဘီမေဆိုတဲ့ မော်ဒယ်မလေးနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကပဲ ခွာပြဲသွားခဲ့တာဖြစ်ပြီး အချစ်သစ်ကို ရှာဖွေနေချိန်မှာ အသက် ၂၀ အရွယ်သာရှိသေးတဲ့ ပက်ပ်ရဲ့ သမီးဖြစ်သူ မာရီယာနဲ့ တွေ့ဆုံခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ဂွာဒီယိုလာရဲ့ အကြီးဆုံးသမီးဖြစ်သူ မာရီယာဟာ ကျောင်းသူတဦးဖြစ်ပြီး မော်ဒယ်တဦးအနေနဲ့လည်း ရပ်တည်နေချိန်မှာ သူနဲ့ အယ်လီရဲ့ ဇာတ်လမ်းဟာ မိတ်ဆွေအဆင့်ထက် မပိုဘူးလို့ နီးစပ်တဲ့အသိုင်းအဝိုင်းကို အသိပေးထားခဲ့ပေမယ့် ကနဦးသတင်းနဲ့ မြင်ခြ့ရတာကတော့ မတူခဲ့တာပါ။

အသက် ၂၅ နှစ်သားဟာ အချစ်ဟောင်းကြောင့် စိတ်ပျက်ပြီး အသည်းကွဲနေချိန်မှာ မာရီယာနဲ့အတူ ဘားမှာ သောက်စားပျော်မြူးခဲ့ပုံက တလောကလုံးမှာ သူတို့နှစ်ဦးတည်းသာ ရှိနေသလိုမျိုး ကဲခဲ့ကြခြင်းဖြစ်ကြောင်း သိရပြီး ဘယ်သူဘာထင်ထင် ဂရုမစိုက်သလို ပျော်ရွှင်နေခဲ့ကြကြောင်း သိရပါတယ်။

သူတို့နှစ်ဦးသား ဇာတ်လမ်းစခဲ့တာဟာ ၁ လလောက်ကြာခဲ့ပြီလို့ The Sun ရဲ့ ဖော်ပြချက်မှာဆိုထားသလို မျက်မြင်ကိုယ်တွေ့တဦးကတည်း “သူတို့နှစ်ယောက်စလုံးက တလောကလုံးကို အမှုမထားတဲ့ပုံဗျ။ မိုးမမြင်လေမမြင်နဲ့ အလွတ်ကြီးကို ပျော်နေကြတာပေါ့”လို့ ဆိုသွားခဲ့တာပါ။

“ပြီးတော့ ဒီဂျေ Floor မှာ ခပ်ကြမ်းကြမ်းပဲ နမ်းရှုံ့နေခဲ့ကြတယ်။ သောက်စားထားကြတဲ့သူတွေကြားထဲ သူတို့ကို မြင်ရတာ ညားခါစ ဇနီးမောင်နှံတွေလိုပါပဲ။ လူတွေဘယ်လိုမြင်မြင် သူတို့က မျက်တောင်တချက်တောင် မခတ်ခဲ့ဘူး”လို့ တွေ့မြင်သူတဦးက ဆိုခဲ့ပါတယ်။

ငယ်ရွယ်ပြီး လွတ်လပ်တဲ့ တကိုယ်တည်းလူငယ်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းဟာ ဘယ်အတိုင်းအတာအထိ ရောက်လာမလဲလို့ ဘယ်သူမှ မသိနိုင်သလို အယ်လီတယောက် ဂွာဒီယိုလာရဲ့ သမက်ဖြစ်လာမလာဆိုတဲ့ မေးခွန်းတွေကလည်း ထွက်လာခဲ့ပြီး ဇနီးမောင်နှံတွေအဖြစ်တောင် အထင်ရှိစေခဲ့တဲ့ သူတို့ရဲ့ ပျော်မြူးမှုဟာ ဘောလုံးအလုပ်တွေထဲ ခေါင်းစိုက်ထားရတဲ့ ပက်ပ်အတွက်လည်း မျက်နှာမပျက်၊ အာရုံမနောက်စေရဖို့ မျှော်လင့်ရကြောင်းလည်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ၿပီးခဲ့တဲ့တနဂၤေႏြက စပါးအသင္းရဲ႕ ကြင္းလယ္လူ ဒယ္လီ အယ္လီဟာ လန္ဒန္ၿမိဳ႕က Cloud 9 ဘားမွာ မန္စီးတီးနည္းျပ ပက္ပ္ ဂြာဒီယိုလာရဲ႕ သမီးျဖစ္သူနဲ႔ အၾကင္နာေပးေနတာကို သတင္းေတြက အမိအရ မွတ္တမ္းတင္ႏိုင္ခဲ့ၿပီး သူတို႔ႏွစ္ဦးဟာ ေသာက္စားျမဴးထူးေနခဲ့ၾကတယ္လို႔ THE SUN သတင္းက ေဖာ္ျပခဲ့ပါတယ္။

အဂၤလန္သားဟာ ၅ ႏွစ္ၾကာတြဲခုတ္လာခဲ့တဲ့ ႐ူဘီေမဆိုတဲ့ ေမာ္ဒယ္မေလးနဲ႔ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီကပဲ ခြာၿပဲသြားခဲ့တာျဖစ္ၿပီး အခ်စ္သစ္ကို ရွာေဖြေနခ်ိန္မွာ အသက္ ၂၀ အ႐ြယ္သာရွိေသးတဲ့ ပက္ပ္ရဲ႕ သမီးျဖစ္သူ မာရီယာနဲ႔ ေတြ႕ဆုံခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ဂြာဒီယိုလာရဲ႕ အႀကီးဆုံးသမီးျဖစ္သူ မာရီယာဟာ ေက်ာင္းသူတဦးျဖစ္ၿပီး ေမာ္ဒယ္တဦးအေနနဲ႔လည္း ရပ္တည္ေနခ်ိန္မွာ သူနဲ႔ အယ္လီရဲ႕ ဇာတ္လမ္းဟာ မိတ္ေဆြအဆင့္ထက္ မပိုဘူးလို႔ နီးစပ္တဲ့အသိုင္းအဝိုင္းကို အသိေပးထားခဲ့ေပမယ့္ ကနဦးသတင္းနဲ႔ ျမင္ျခ့ရတာကေတာ့ မတူခဲ့တာပါ။

အသက္ ၂၅ ႏွစ္သားဟာ အခ်စ္ေဟာင္းေၾကာင့္ စိတ္ပ်က္ၿပီး အသည္းကြဲေနခ်ိန္မွာ မာရီယာနဲ႔အတူ ဘားမွာ ေသာက္စားေပ်ာ္ျမဴးခဲ့ပုံက တေလာကလုံးမွာ သူတို႔ႏွစ္ဦးတည္းသာ ရွိေနသလိုမ်ိဳး ကဲခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရၿပီး ဘယ္သူဘာထင္ထင္ ဂ႐ုမစိုက္သလို ေပ်ာ္႐ႊင္ေနခဲ့ၾကေၾကာင္း သိရပါတယ္။

သူတို႔ႏွစ္ဦးသား ဇာတ္လမ္းစခဲ့တာဟာ ၁ လေလာက္ၾကာခဲ့ၿပီလို႔ The Sun ရဲ႕ ေဖာ္ျပခ်က္မွာဆိုထားသလို မ်က္ျမင္ကိုယ္ေတြ႕တဦးကတည္း “သူတို႔ႏွစ္ေယာက္စလုံးက တေလာကလုံးကို အမႈမထားတဲ့ပုံဗ်။ မိုးမျမင္ေလမျမင္နဲ႔ အလြတ္ႀကီးကို ေပ်ာ္ေနၾကတာေပါ့”လို႔ ဆိုသြားခဲ့တာပါ။

“ၿပီးေတာ့ ဒီေဂ် Floor မွာ ခပ္ၾကမ္းၾကမ္းပဲ နမ္းရႈံ႕ေနခဲ့ၾကတယ္။ ေသာက္စားထားၾကတဲ့သူေတြၾကားထဲ သူတို႔ကို ျမင္ရတာ ညားခါစ ဇနီးေမာင္ႏွံေတြလိုပါပဲ။ လူေတြဘယ္လိုျမင္ျမင္ သူတို႔က မ်က္ေတာင္တခ်က္ေတာင္ မခတ္ခဲ့ဘူး”လို႔ ေတြ႕ျမင္သူတဦးက ဆိုခဲ့ပါတယ္။

ငယ္႐ြယ္ၿပီး လြတ္လပ္တဲ့ တကိုယ္တည္းလူငယ္ႏွစ္ဦးရဲ႕ အခ်စ္ဇာတ္လမ္းဟာ ဘယ္အတိုင္းအတာအထိ ေရာက္လာမလဲလို႔ ဘယ္သူမွ မသိႏိုင္သလို အယ္လီတေယာက္ ဂြာဒီယိုလာရဲ႕ သမက္ျဖစ္လာမလာဆိုတဲ့ ေမးခြန္းေတြကလည္း ထြက္လာခဲ့ၿပီး ဇနီးေမာင္ႏွံေတြအျဖစ္ေတာင္ အထင္ရွိေစခဲ့တဲ့ သူတို႔ရဲ႕ ေပ်ာ္ျမဴးမႈဟာ ေဘာလုံးအလုပ္ေတြထဲ ေခါင္းစိုက္ထားရတဲ့ ပက္ပ္အတြက္လည္း မ်က္ႏွာမပ်က္၊ အာ႐ုံမေနာက္ေစရဖို႔ ေမွ်ာ္လင့္ရေၾကာင္းလည္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.