La Liga Ligue1 Serie A

အားကစားလောကမှာ ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ ဝင်ငွေအရ ဘယ်နားမှာ ရပ်တည်နိုင်ကြသလဲ

၇။ လူးဝစ္စ ဟာမီလ်တန်
ဖော်မြူဝမ်းသမိုင်းမှာ နံပါတ် ၁ ပြိုင်ကားမောင်းသူအဖြစ် သတ်မှတ်ခံထားရသူ ဟာမီလ်တန်ရဲ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာသန်း ၈၀ ပိုင်ဆိုင်ရရှိနေတယ်လို့ သိရပြီး လူမျိုးရေးခွဲခြားမှုတွေကိုလည်း ကောင်းကောင်းတိုက်ဖျက်ခဲ့သလို နောင်လာမယ့်အနာဂတ်အတွက် တက်သစ်လူငယ်တွေရဲ့ စံပြပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။

၆။ ရော်ဂျာ ဖက်ဒါးရား
တင်းနစ်လောကရဲ့ အနုပညာတရပ်အဖြစ် တင်စားခံရပြီး ထာဝရအကောင်းဆုံးတင်းနစ်ကစားသမားအဖြစ် သတ်မှတ်ခံထားရတဲ့ ဖက်ဒါးရားဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး တင်းနစ်ကြယ်ပွင့်လည်းဖြစ်သလို နာဒါးလ်၊ ဂျိုကိုဗစ်တို့ကို ကျော်ဖြတ်ပြီး တစ်နှစ်ကို ဒေါ်လာ သန်း ၉၀ ဝင်ငွေရှိနေတာပါ။

၅။ နေမာ
၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ​ယူရို ၂၂၂ သန်းနဲ့ PSG အသင်းကို ပြောင်းရွေ့ခဲ့တဲ့ ဘရာဇီးလ်မှော်ခြေထောက်ပိုင်ရှင်ရဲ့ လက်ရှိဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၉၅ သန်းရှိနေတယ်လို့ သိရပြီး လတ်တလောမှာ ပြင်သစ်ကလပ်နဲ့ စာချုပ်သက်တမ်းတိုးလိုက်ပြီလည်း ဖြစ်လို့ သူ့ရဲ့အောင်မြင်နင်းမယ့် ခြေလှမ်းတွေကို ဆက်လက်စောင့်ကြည့်ချင်စရာပါ။

၄။ လီဘရွန် ဂျိမ်းစ်
မိုက်ကယ်ဂျော်ဒန်နဲ့ နှိုင်းယှဥ်ခံရပြီး NBA လောကရဲ့ ဥသျှောင်တဦးအဖြစ် ဂျော်ဒန်နဲ့တတန်းတည်းထားပြီး ညွှန်းဆိုခြင်းခံထားရတဲ့ လီဘရွန်ဂျိမ်းစ်ရဲ့ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ၉၆.၅ သန်းရှိနေပြီး လက်ရှိအသက် ၃၆ နှစ်အရွယ်ထိ ကျမသွားသေးတဲ့ ကစားသမားကောင်းတဦးလို့လည်း ဆိုရမှာပါ။

၃။ ခရစ္စတီယာနို ရော်နယ်လ်ဒို
ပေါ်တူဂီအသင်းအတွက်ရော သူကစားခဲ့တဲ့ ယူနိုက်တက်၊ ရီးရဲလ်နဲ့ ဂျူဗင်တပ်စ်အသင်းတွေမှာပါ ရာပြည့်ဂိုးမှတ်တိုင်တွေကို အေးအေးဆေးဆေး စိုက်ထူထားခဲ့တဲ့ ရော်နယ်လ်ဒိုက ရီးရဲလ်အသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားလည်းဖြစ်ခဲ့သလို ဘလွန်ဒေါ ၅ ဆုရှင်ရဲ့ လက်ရှိဝင်ငွေက တစ်နှစ်ကို ဒေါ်လာ သန်း ၁၂၀ အထိရှိတယ်လို့ သိရပါတယ်။

၂။ လီယွန်နယ် မက်ဆီ
ဘာစီလိုနာအတွက် ၇၇၇ ပွဲကစားပေးထါးတဲ့ ၃၃ နှစ်သားဟာ အသင်းသမိုင်းမှာရော ဘောလုံးသမိုင်းမှာပါ ထာဝရအကောင်းဆုံးဘောလုံးသမားအဖြစ် မော်ကွန်းတင်ထားတဲ့ ကျော်ကြားမှုအတိုင်း ဝင်ငွေအရလည်း တစ်နှစ်ကို ဒေါ်လာ သန်း ၁၃၀ အထိ ရှိနေတယ်လို့ သိရှိထားရပြီး ဒီနှစ်နွေရာသီအကုန်မှာတော့ သူ့အနာဂတ်ကို နူးကမ့်မှာပဲ ဆက်မြင်တွေ့ရဦးမယ်လို့ ယူဆထားကြပါတယ်။

၁။ ကွန်နာ မက်ဂရက်ဂါ
MMA ဖိုက်တာကြီး မက်ဂရက်ဂါက ၂၀၂၀ ရဲ့မှတ်တမ်းအရ ဝင်ငွေ တစ်နှစ်ကို ဒေါ်လာ သန်း ၁၈၀ အထိ ရရှိခဲ့တယ်လို့ သိရပြီး သူ့ဝင်ငွေအများစုက စီးပွားရေးလုပ်ကိုင်မှုတွေကနေ စီးဆင်းလာခဲ့တာပါ။ အိုင်ယာလန်သားဟာ လက်ရှိ ၃၂ နှစ်အရွယ်မှာ MMA ကြိုးဝိုင်းထဲ နာမည်ဆိုးနဲ့ ကျော်ကြားသလို တိုက်ခိုက်ရေးအရာမှာတော့ နာမည်ကောင်းတွေ ရှိနေတာကြောင့် သူ့ပုံရိပ်က အင်မတန် ရောင်းစွံတာလည်းဖြစ်တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၇။ လူးဝစၥ ဟာမီလ္တန္
ေဖာ္ျမဴဝမ္းသမိုင္းမွာ နံပါတ္ ၁ ၿပိဳင္ကားေမာင္းသူအျဖစ္ သတ္မွတ္ခံထားရသူ ဟာမီလ္တန္ရဲ႕ဝင္ေငြက တစ္ႏွစ္ကို ေဒၚလာသန္း ၈၀ ပိုင္ဆိုင္ရရွိေနတယ္လို႔ သိရၿပီး လူမ်ိဳးေရးခြဲျခားမႈေတြကိုလည္း ေကာင္းေကာင္းတိုက္ဖ်က္ခဲ့သလို ေနာင္လာမယ့္အနာဂတ္အတြက္ တက္သစ္လူငယ္ေတြရဲ႕ စံျပပုဂၢိဳလ္တဦးလည္း ျဖစ္ပါတယ္။

၆။ ေရာ္ဂ်ာ ဖက္ဒါးရား
တင္းနစ္ေလာကရဲ႕ အႏုပညာတရပ္အျဖစ္ တင္စားခံရၿပီး ထာဝရအေကာင္းဆုံးတင္းနစ္ကစားသမားအျဖစ္ သတ္မွတ္ခံထားရတဲ့ ဖက္ဒါးရားဟာ ကမာၻ႔ဝင္ေငြအေကာင္းဆုံး တင္းနစ္ၾကယ္ပြင့္လည္းျဖစ္သလို နာဒါးလ္၊ ဂ်ိဳကိုဗစ္တို႔ကို ေက်ာ္ျဖတ္ၿပီး တစ္ႏွစ္ကို ေဒၚလာ သန္း ၉၀ ဝင္ေငြရွိေနတာပါ။

၅။ ေနမာ
၂၀၁၇ ခုႏွစ္မွာ ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ​ယူ႐ို ၂၂၂ သန္းနဲ႔ PSG အသင္းကို ေျပာင္းေ႐ြ႕ခဲ့တဲ့ ဘရာဇီးလ္ေမွာ္ေျခေထာက္ပိုင္ရွင္ရဲ႕ လက္ရွိဝင္ေငြက တစ္ႏွစ္ကို ေဒၚလာ ၉၅ သန္းရွိေနတယ္လို႔ သိရၿပီး လတ္တေလာမွာ ျပင္သစ္ကလပ္နဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုက္ၿပီလည္း ျဖစ္လို႔ သူ႔ရဲ႕ေအာင္ျမင္နင္းမယ့္ ေျခလွမ္းေတြကို ဆက္လက္ေစာင့္ၾကည့္ခ်င္စရာပါ။

၄။ လီဘ႐ြန္ ဂ်ိမ္းစ္
မိုက္ကယ္ေဂ်ာ္ဒန္နဲ႔ ႏႈိင္းယွဥ္ခံရၿပီး NBA ေလာကရဲ႕ ဥေသွ်ာင္တဦးအျဖစ္ ေဂ်ာ္ဒန္နဲ႔တတန္းတည္းထားၿပီး ၫႊန္းဆိုျခင္းခံထားရတဲ့ လီဘ႐ြန္ဂ်ိမ္းစ္ရဲ႕ဝင္ေငြက တစ္ႏွစ္ကို ေဒၚလာ ၉၆.၅ သန္းရွိေနၿပီး လက္ရွိအသက္ ၃၆ ႏွစ္အ႐ြယ္ထိ က်မသြားေသးတဲ့ ကစားသမားေကာင္းတဦးလို႔လည္း ဆိုရမွာပါ။

၃။ ခရစၥတီယာႏို ေရာ္နယ္လ္ဒို
ေပၚတူဂီအသင္းအတြက္ေရာ သူကစားခဲ့တဲ့ ယူႏိုက္တက္၊ ရီးရဲလ္နဲ႔ ဂ်ဴဗင္တပ္စ္အသင္းေတြမွာပါ ရာျပည့္ဂိုးမွတ္တိုင္ေတြကို ေအးေအးေဆးေဆး စိုက္ထူထားခဲ့တဲ့ ေရာ္နယ္လ္ဒိုက ရီးရဲလ္အသင္းရဲ႕ ထာဝရဂိုးသြင္းအမ်ားဆုံးကစားသမားလည္းျဖစ္ခဲ့သလို ဘလြန္ေဒါ ၅ ဆုရွင္ရဲ႕ လက္ရွိဝင္ေငြက တစ္ႏွစ္ကို ေဒၚလာ သန္း ၁၂၀ အထိရွိတယ္လို႔ သိရပါတယ္။

၂။ လီယြန္နယ္ မက္ဆီ
ဘာစီလိုနာအတြက္ ၇၇၇ ပြဲကစားေပးထါးတဲ့ ၃၃ ႏွစ္သားဟာ အသင္းသမိုင္းမွာေရာ ေဘာလုံးသမိုင္းမွာပါ ထာဝရအေကာင္းဆုံးေဘာလုံးသမားအျဖစ္ ေမာ္ကြန္းတင္ထားတဲ့ ေက်ာ္ၾကားမႈအတိုင္း ဝင္ေငြအရလည္း တစ္ႏွစ္ကို ေဒၚလာ သန္း ၁၃၀ အထိ ရွိေနတယ္လို႔ သိရွိထားရၿပီး ဒီႏွစ္ေႏြရာသီအကုန္မွာေတာ့ သူ႔အနာဂတ္ကို ႏူးကမ့္မွာပဲ ဆက္ျမင္ေတြ႕ရဦးမယ္လို႔ ယူဆထားၾကပါတယ္။

၁။ ကြန္နာ မက္ဂရက္ဂါ
MMA ဖိုက္တာႀကီး မက္ဂရက္ဂါက ၂၀၂၀ ရဲ႕မွတ္တမ္းအရ ဝင္ေငြ တစ္ႏွစ္ကို ေဒၚလာ သန္း ၁၈၀ အထိ ရရွိခဲ့တယ္လို႔ သိရၿပီး သူ႔ဝင္ေငြအမ်ားစုက စီးပြားေရးလုပ္ကိုင္မႈေတြကေန စီးဆင္းလာခဲ့တာပါ။ အိုင္ယာလန္သားဟာ လက္ရွိ ၃၂ ႏွစ္အ႐ြယ္မွာ MMA ႀကိဳးဝိုင္းထဲ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားသလို တိုက္ခိုက္ေရးအရာမွာေတာ့ နာမည္ေကာင္းေတြ ရွိေနတာေၾကာင့္ သူ႔ပုံရိပ္က အင္မတန္ ေရာင္းစြံတာလည္းျဖစ္တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.