Analysis Premier League

ကြီး၆ကြီးကို တောက်ချလိုက်တဲ့ FA ဘုရင်- လက်စတာ ၁-၀ ချယ်လ်ဆီးပွဲအပြီး ပြောစရာ 7 ချက်

ကြီး ၆ ကြီးကို တောက်ချပြီး FA ကို တက်သိမ်းတဲ့ မြေခွေးကြီး
ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ ကြီး ၆ ကြီးအသင်းတွေကို ကောင်းကောင်းကြီး ဒုက္ခပေးပြီး အင်္ဂလန်ဘောလုံးလောကမှာ အဆင့်အတန်းတခုကို တည်ဆောက်လာခဲ့တဲ့ လက်စတာအသင်းရဲ့ ပြတိုက်ထဲမှာတော့ ရာနီရေးရီရဲ့ ပရီးမီးယားလိဂ်ဖလားအပြင် ရော့ဂျားစ်ရဲ့ FA ဖလားအောင်မြင်မှုပါကို ထပ်ပေါင်းထည့်လိုက်နိုင်ပြီဖြစ်သလို ကြီး ၆ ကြီးကို တောက်ချပြီး EPL နဲ့ FA နှစ်လုံးကို တက်သိမ်းခဲ့တဲ့ မြေခွေးကြီးတွေရဲ့ ဒီမြင်ကွင်းက လက်စတာပရိသတ်တိုင်းရဲ့ ပျော်ရွှင်မှုလည်းဖြစ်ခဲ့တယ်။

သမိုင်းလှသွားတဲ့ တီးလီးမန်းစ်
မိုနာကိုသင်းကနေ လက်စတာကို ပြောင်းရွှေ့ကစားခဲ့တဲ့ ဘယ်လ်ဂျီယံသားရဲ့ တလုံးတည်းသော အနိုင်ဂိုးက ၂၅ ကိုက်အကွာကနေ ပွဲကြမ်းပြီး ကန်သွင်းယူခဲ့သလို ဒီကန်ချက်ကို ချယ်လ်ဆီးဂိုးသမား ကီပါ ဘယ်လိုမှမစွမ်းနိုင်ဘဲ ဂိုးခွင့်ပြုခဲ့ရတဲ့နောက် လက်စတာအသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး FA ဖလားကို ဝင်ဘလေမှာ သမိုင်းအသစ်မော်ကွန်းတင်နိုင်ခဲ့ပြီး ဟာဇက်၊ ဒီဘရိုင်းနားတို့ရဲ့နောက် ဗိုလ်လုပွဲမှာ ဂိုးသွင်းပြီး FA ဖလားချန်ပီယံရှင်ဖြစ်ခဲ့တဲ့ တတိယမြောက် ဘယ်လ်ဂျီယံသားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

အကြံဥာဏ် လက်စတုံးခံလိုက်ရတဲ့ တူဟယ်လ်
ချယ်လ်ဆီးရဲ့ ဒီရာသီ အကြီးမားဆုံးအားသာချက်နဲ့ စုဖွဲ့မှုက တူဟယ်လ်ရောက်လာပြီးနောက်ပိုင်း တဟုန်ထိုးပြောင်းလဲသွားခဲ့တဲ့ ခံစစ်ပိုင်းတည်ငြိမ်မာကျောမှုဖြစ်သလို ဒီနေ့ပွဲရှုံးခဲ့ရတဲ့ အဓိကအကြောင်းရင်းကလည်း နေရာလွတ်တချက်မှ မပေးခဲ့တဲ့ လက်စတာရဲ့ လက်တွဲညီခုခံမှုအောက်မှာ တိုက်စစ်ပိုင်းတုံးအသွားခဲ့မှုဖြစ်ခဲ့တာက မပြီးသေးတဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ရုပ်လုံးကို အဆင့်ထပ်မြှင့်ဖို့ တူဟယ်အတွက် အဓိကသင်ခန်းစာလို့လည်း ဆိုရမယ်။

ကြွက်သေတခုအရင်းပြုပြီး အိုဇာတာကောင်းလွန်းတဲ့ ဗာဒီ
အသက် ၃၄ နှစ်အရွယ်မှာ ပထမဆုံးအကြိမ် FA ဖလားကို ဦးဦးဖျားဖျား ဆွတ်ခူးသွားခဲ့တဲ့ တိုက်စစ်မှူး ဗာဒီရဲ့ဖြစ်ရပ်တွေက အံ့သြစရာလည်းကောင်းသလို လွန်ခဲ့တဲ့ ၆ နှစ်အတွင်း ဘောလုံးလောကမှာ သူ့နာမည်တလုံးဖြစ်တည်လာခဲ့ပုံက ကြွက်သေတခုအရင်းပြုခြင်းလို့ တင်စားနိုင်သလို FA ဖလားသမိုင်းမှာလည်း ပွဲစဥ်အဆင့်တိုင်းကို ကစားဖူးပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

ဗာနာကြောင့် တူဟယ်လ် နောင်တရခဲ့ပြီလား
ဒီပွဲစဥ်တလျှောက်လုံးမှာ ချယ်ဆီးနည်းပြ တူဟယ်လ်ရဲ့ ကိုယ်ဟန်အနေအထားနဲ့ အမူအရာတွေက အတော့်ကို ပေါက်ကွဲပြီး ဒေါသထွက်နေခဲ့သလို တီးလီးမန်းစ်ကို ရုပ်ပိုင်းဆိုင်ရာခွန်အားအရ မယှဥ်နိုင်ဘဲ ဘောလုံးလွယ်လွယ်အဆုံးရှုံးခံနေတဲ့ တီမို ဗာနာကို သုံးခဲ့မိလေခြင်းလို့ နောင်တရနေဟန်တူပါတယ်။

အကယ်၍ ခိုင်ဟာဗတ်ဇ်သာဆိုရင် ရလဒ်အလှည့်အပြောင်းကို စွမ်းဆောင်ပေးနိုင်မယ်ဆိုတဲ့ ချယ်လ်ဆီးပရိသတ်တွေရဲ့ မျှော်လင့်မှုတွေနဲ့ လွဲချော်ခဲ့တာကိုလည်း တွေ့ရတယ်။

ရှောင်လွှဲမရပြန်တဲ့ VAR
ပွဲသိမ်းခရာမှုတ်ဖို့ တမိနစ်အလိုမှာ ချယ်လ်ဆီးအသင်းက ချေပဂိုးရခဲ့ပြီး ဝက်စ်မော်ဂန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းခဲ့ခြင်းက VAR နဲ့ ဆုံးဖြတ်ချိန်မှာတော့ ဘန်ချေးလ်ဝဲလ်က လူကျွံနေခဲ့လို့ အပြာရောင်လန်ဒန်တို့ ခဲလေသမျှ သဲရေကျသလို ခံစစားခဲ့ရပြီး အယိုဇီ ပီရက်ဇ်ရဲ့ လက်ထိဘောကို မျက်ကွယ်ပြုခဲ့တဲ့ VAR ပေးတဲ့ဒဏ်ကို တူဟယ်လ်ရဲ့ မခံမရပ်နိုင်အောင် ပေါက်ကွဲမှုနောက်မှာ ပရိသတ်ပေါင်း ၂၁၀၀၀ က လက်စတာအတွက် ထိုက်တန်တဲ့ အောင်ပွဲအဖြစ် လက်သင့်ခံခဲ့ကြတာကိုလည်း တွေ့ခဲ့ရတယ်။

ဖာဂူဆန်ရဲ့ခြေရာကို တထပ်တည်းနင်းတဲ့ ရော့ဂျားစ်
ချယ်လ်ဆီးအသင်းဟာ နယူးကာဆယ်အသင်းပြီးရင်တော့ FA ဖိုင်နယ်မှာ ၂ နှစ်ဆက်ရှုံးတဲ့ ဒုတိယမြောက်အသင်းဖြစ်လာခဲ့သလို ရော့ဂျားစ်ဟာ အင်္ဂလန်နဲ့ စကော့တလန်မှာ FA ဖလားတွေကို သိမ်းနိုင်ခဲ့တဲ့ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ ခြေရာကိုလည်း တထပ်ထည်းနင်းနိုင်ခဲ့တာ တွေ့ရပါတယ်။

နောက်ထပ်ထူးခြားမှုတခူအနေနဲ့ ဝက်စ်မော်ဂန်ဟာလည်း ၂၀၀၆ ခုနှစ် ဝက်စ်ဟမ်းကစားသမား တက်ဒီ ရှရင်ဂမ်ပြီးရင် FA ဖလားဖိုင်နယ်မှာ ပွဲထွက်ခဲ့တဲ့ အသက်အကြီးဆုံးသူဖြစ်လာခဲ့တယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ႀကီး ၆ ႀကီးကို ေတာက္ခ်ၿပီး FA ကို တက္သိမ္းတဲ့ ေျမေခြးႀကီး
ၿပီးခဲ့တဲ့ႏွစ္ပိုင္းေတြမွာ ႀကီး ၆ ႀကီးအသင္းေတြကို ေကာင္းေကာင္းႀကီး ဒုကၡေပးၿပီး အဂၤလန္ေဘာလုံးေလာကမွာ အဆင့္အတန္းတခုကို တည္ေဆာက္လာခဲ့တဲ့ လက္စတာအသင္းရဲ႕ ျပတိုက္ထဲမွာေတာ့ ရာနီေရးရီရဲ႕ ပရီးမီးယားလိဂ္ဖလားအျပင္ ေရာ့ဂ်ားစ္ရဲ႕ FA ဖလားေအာင္ျမင္မႈပါကို ထပ္ေပါင္းထည့္လိုက္ႏိုင္ၿပီျဖစ္သလို ႀကီး ၆ ႀကီးကို ေတာက္ခ်ၿပီး EPL နဲ႔ FA ႏွစ္လုံးကို တက္သိမ္းခဲ့တဲ့ ေျမေခြးႀကီးေတြရဲ႕ ဒီျမင္ကြင္းက လက္စတာပရိသတ္တိုင္းရဲ႕ ေပ်ာ္႐ႊင္မႈလည္းျဖစ္ခဲ့တယ္။

သမိုင္းလွသြားတဲ့ တီးလီးမန္းစ္
မိုနာကိုအသင္းကေန လက္စတာကို ေျပာင္းေ႐ႊ႕ကစားခဲ့တဲ့ ဘယ္လ္ဂ်ီယံသားရဲ႕ တလုံးတည္းေသာ အႏိုင္ဂိုးက ၂၅ ကိုက္အကြာကေန ပြဲၾကမ္းၿပီး ကန္သြင္းယူခဲ့သလို ဒီကန္ခ်က္ကို ခ်ယ္လ္ဆီးဂိုးသမား ကီပါ ဘယ္လိုမွမစြမ္းႏိုင္ဘဲ ဂိုးခြင့္ျပဳခဲ့ရတဲ့ေနာက္ လက္စတာအသင္းရဲ႕ သမိုင္းတေလွ်ာက္ ပထမဦးဆုံး FA ဖလားကို ဝင္ဘေလမွာ သမိုင္းအသစ္ေမာ္ကြန္းတင္ႏိုင္ခဲ့ၿပီး ဟာဇက္၊ ဒီဘ႐ိုင္းနားတို႔ရဲ႕ေနာက္ ဗိုလ္လုပြဲမွာ ဂိုးသြင္းၿပီး FA ဖလားခ်န္ပီယံရွင္ျဖစ္ခဲ့တဲ့ တတိယေျမာက္ ဘယ္လ္ဂ်ီယံသားအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။

အႀကံဥာဏ္ လက္စတုံးခံလိုက္ရတဲ့ တူဟယ္လ္
ခ်ယ္လ္ဆီးရဲ႕ ဒီရာသီ အႀကီးမားဆုံးအားသာခ်က္နဲ႔ စုဖြဲ႕မႈက တူဟယ္လ္ေရာက္လာၿပီးေနာက္ပိုင္း တဟုန္ထိုးေျပာင္းလဲသြားခဲ့တဲ့ ခံစစ္ပိုင္းတည္ၿငိမ္မာေက်ာမႈျဖစ္သလို ဒီေန႔ပြဲရႈံးခဲ့ရတဲ့ အဓိကအေၾကာင္းရင္းကလည္း ေနရာလြတ္တခ်က္မွ မေပးခဲ့တဲ့ လက္စတာရဲ႕ လက္တြဲညီခုခံမႈေအာက္မွာ တိုက္စစ္ပိုင္းတုံးအသြားခဲ့မႈျဖစ္ခဲ့တာက မၿပီးေသးတဲ့ စတမ္းဖို႔ဒ္ဘရစ္ခ်္႐ုပ္လုံးကို အဆင့္ထပ္ျမႇင့္ဖို႔ တူဟယ္အတြက္ အဓိကသင္ခန္းစာလို႔လည္း ဆိုရမယ္။

ႂကြက္ေသတခုအရင္းျပဳၿပီး အိုဇာတာေကာင္းလြန္းတဲ့ ဗာဒီ
အသက္ ၃၄ ႏွစ္အ႐ြယ္မွာ ပထမဆုံးအႀကိမ္ FA ဖလားကို ဦးဦးဖ်ားဖ်ား ဆြတ္ခူးသြားခဲ့တဲ့ တိုက္စစ္မႉး ဗာဒီရဲ႕ျဖစ္ရပ္ေတြက အံ့ၾသစရာလည္းေကာင္းသလို လြန္ခဲ့တဲ့ ၆ ႏွစ္အတြင္း ေဘာလုံးေလာကမွာ သူ႔နာမည္တလုံးျဖစ္တည္လာခဲ့ပုံက ႂကြက္ေသတခုအရင္းျပဳျခင္းလို႔ တင္စားႏိုင္သလို FA ဖလားသမိုင္းမွာလည္း ပြဲစဥ္အဆင့္တိုင္းကို ကစားဖူးၿပီး ခ်န္ပီယံျဖစ္ခဲ့တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့ပါတယ္။

ဗာနာေၾကာင့္ တူဟယ္လ္ ေနာင္တရခဲ့ၿပီလား
ဒီပြဲစဥ္တေလွ်ာက္လုံးမွာ ခ်ယ္ဆီးနည္းျပ တူဟယ္လ္ရဲ႕ ကိုယ္ဟန္အေနအထားနဲ႔ အမူအရာေတြက အေတာ့္ကို ေပါက္ကြဲၿပီး ေဒါသထြက္ေနခဲ့သလို တီးလီးမန္းစ္ကို ႐ုပ္ပိုင္းဆိုင္ရာခြန္အားအရ မယွဥ္ႏိုင္ဘဲ ေဘာလုံးလြယ္လြယ္အဆုံးရႈံးခံေနတဲ့ တီမို ဗာနာကို သုံးခဲ့မိေလျခင္းလို႔ ေနာင္တရေနဟန္တူပါတယ္။

အကယ္၍ ခိုင္ဟာဗတ္ဇ္သာဆိုရင္ ရလဒ္အလွည့္အေျပာင္းကို စြမ္းေဆာင္ေပးႏိုင္မယ္ဆိုတဲ့ ခ်ယ္လ္ဆီးပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္မႈေတြနဲ႔ လြဲေခ်ာ္ခဲ့တာကိုလည္း ေတြ႕ရတယ္။

ေရွာင္လႊဲမရျပန္တဲ့ VAR
ပြဲသိမ္းခရာမႈတ္ဖို႔ တမိနစ္အလိုမွာ ခ်ယ္လ္ဆီးအသင္းက ေခ်ပဂိုးရခဲ့ၿပီး ဝက္စ္ေမာ္ဂန္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းခဲ့ျခင္းက VAR နဲ႔ ဆုံးျဖတ္ခ်ိန္မွာေတာ့ ဘန္ေခ်းလ္ဝဲလ္က လူကြၽံေနခဲ့လို႔ အျပာေရာင္လန္ဒန္တို႔ ခဲေလသမွ် သဲေရက်သလို ခံစစားခဲ့ရၿပီး အယိုဇီ ပီရက္ဇ္ရဲ႕ လက္ထိေဘာကို မ်က္ကြယ္ျပဳခဲ့တဲ့ VAR ေပးတဲ့ဒဏ္ကို တူဟယ္လ္ရဲ႕ မခံမရပ္ႏိုင္ေအာင္ ေပါက္ကြဲမႈေနာက္မွာ ပရိသတ္ေပါင္း ၂၁၀၀၀ က လက္စတာအတြက္ ထိုက္တန္တဲ့ ေအာင္ပြဲအျဖစ္ လက္သင့္ခံခဲ့ၾကတာကိုလည္း ေတြ႕ခဲ့ရတယ္။

ဖာဂူဆန္ရဲ႕ေျခရာကို တထပ္တည္းနင္းတဲ့ ေရာ့ဂ်ားစ္
ခ်ယ္လ္ဆီးအသင္းဟာ နယူးကာဆယ္အသင္းၿပီးရင္ေတာ့ FA ဖိုင္နယ္မွာ ၂ ႏွစ္ဆက္ရႈံးတဲ့ ဒုတိယေျမာက္အသင္းျဖစ္လာခဲ့သလို ေရာ့ဂ်ားစ္ဟာ အဂၤလန္နဲ႔ စေကာ့တလန္မွာ FA ဖလားေတြကို သိမ္းႏိုင္ခဲ့တဲ့ ဆာအဲလက္စ္ ဖာဂူဆန္ရဲ႕ ေျခရာကိုလည္း တထပ္ထည္းနင္းႏိုင္ခဲ့တာ ေတြ႕ရပါတယ္။

ေနာက္ထပ္ထူးျခားမႈတခူအေနနဲ႔ ဝက္စ္ေမာ္ဂန္ဟာလည္း ၂၀၀၆ ခုႏွစ္ ဝက္စ္ဟမ္းကစားသမား တက္ဒီ ရွရင္ဂမ္ၿပီးရင္ FA ဖလားဖိုင္နယ္မွာ ပြဲထြက္ခဲ့တဲ့ အသက္အႀကီးဆုံးသူျဖစ္လာခဲ့တယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.