Premier League Transfer News

16 May နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကနေ နိစ်အသင်းက အငှားခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ဝီလီယမ် ဆာလီဘာဟာ ရာဖေးလ် ဗာရွန်းရဲ့ ခွန်အားနဲ့ လျင်မြန်မှုကို ဗာဂျီးလ် ဗန်ဒိုက်ရဲ့ ဖျက်ထုတ်မှုနဲ့ နေရာယူမှုတွေနဲ့ ပေါင်းစပ်ထားသူဖြစ်တာကြောင့် လက်ရှိပြင်သစ်လူငယ်တွေထဲမှာ တစ်ဆင့် မြင့်မားသူဖြစ်တယ်လို့ လူငယ်နည်းပြဟောင်း ယွန်-လုခ် ဗန်နုချီ ချီးကျူးသွားခဲ့။

– အာဆင်နယ်အသင်းရဲ့ နွေရာသီပစ်မှတ်ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် နည်းပြ အာတီတာရဲ့ စိတ်ကြိုက်နောက်ခံလူ ရိုင်ယန် ဘာထရန်ကို ခေါ်ယူရာမှာ အခက်အခဲတွေ့ဖွယ်ရှိနေပြီး ဒုတိယဦးစားပေးအဖြစ် ခေါ်ယူတာချင်း ယှဉ်ရင် မန်ချက်စတာစီးတီးရဲ့ ကမ်းလှမ်းမှုက ကစားသမားကို ပိုမိုဆွဲဆောင်နိုင်ဖို့ရှိနေ။

– ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ကြိုးစားကြမယ်ဆိုပြီး မက်လုံးပေး ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်လူ ဝီလီယန်အနေနဲ့ လာမယ့်ရာသီမှာ ဥရောပ ပြိုင်ပွဲကြီးတွေနဲ့ လွဲချော်နိုင်ပြီး ယူရိုပါလိဂ်တူးလို့ ခေါ်နေကြတဲ့ ကွန်ဖရင့်လိဂ်ကိုတောင် မျှော်လင့်ချက်နည်းနည်းပဲရှိတော့တဲ့ အာဆင်နယ်အသင်းကနေ ထွက်ခွာလိုကြောင်း နည်းစနစ်ဒါရိုက်တာ အီဒူးကို အသိပေးထား။

– အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လက်ရှိ ဦးတည်ချက်နဲ့ ပြိုင်ပွဲကြီးတွေ မကစားရတဲ့ အနေအထားအရ ကွင်းလယ်လူ မာတင် အော်ဒီဂွါဒ်ကို ဆက်လက်ငှားရမ်းနိုင်ဖို့ ခက်ခဲမှာဖြစ်သလို အက်စတန်ဗီလာအသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်ကိုလည်း ခေါ်ယူဖို့ မဖြစ်နိုင်လောက်ကြောင်း ဖာဘရီဇီယို ရိုမာနို ပြောကြား။

– ချန်ပီယံအဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်လာမယ့် နော့ဝစ်ချ်အသင်းရဲ့ ညာနောက်ခံလူ မက်စ် အာရွန်စ်နဲ့ ကွင်းလယ်လူ အီမီလီယာနို ဘွင်ဒီယာတို့ကို အာဆင်နယ်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အပြိုင်လုရဖွယ်ရှိနေပြီး စပိန်သားတွေဖြစ်ကြတဲ့ ဘယ်လာရင်နဲ့ စီဘာယော့စ်တို့ နေရာတွေမှာ အစားထိုးနိုင်ဖို့ ပြင်ဆင်နေ။

– အာဆင်နယ်အသင်းတာဝန်ရှိသူတွေဘက်က အသင်းကို လွှဲပြောင်းဝယ်ယူဖို့ ဘာကမ်းလှမ်းမှုမှ မရှိဘူးလို့ ငြင်းဆန်ထားချိန်မှာ Spotify သူဌေး ဒန်နီယယ်လ် အီယက်ခ်ကတော့ သူ့အနေနဲ့ တရားဝင်ကမ်းလှမ်းခဲ့ပြီး ပယ်ချခံထားရတယ်လို့ ထုတ်ဖော်လိုက်တာကြောင့် ရိုးသားမှု မရှိတဲ့ ခရိုယန်ကီအုပ်စုကို ပရိသတ်တွေက ဒေါသထွက်နေကြ။

– လက်စတာစီးတီးအသင်းအတွက် စိတ်ပါလက်ပါ ရင်းနှီးမြှုပ်နှံမှုတွေနဲ့အတူ ပံ့ပိုးပေးထားပြီး အက်ဖ်အေဖလားမှာ အသင်းနဲ့အတူ အောင်ပွဲခံခဲ့တဲ့ ပိုင်ရှင် အီရာဝပ် ဆရီဘဒ္ဒန္နာပရာဗာနဲ့ အသင်းရဲ့ တိုးတက်မှုတွေကို အားကျမိကြောင်း ပြောကြားလိုက်ပြီး အာဆင်နယ် မှာလည်း ဒီလိုပိုင်ရှင်မျိုး ရှိစေချင်တယ်လို့ ခရိုယန်ကီအုပ်စုကို အီယန်ရိုက် ထိုးနှက်သွားခဲ့။

– နယူးကာဆယ်လ်အသင်းကနေ အပြီးသတ် ခေါ်ယူဖို့ စိတ်အားထက်သန်နေတဲ့ ကွင်းလယ်လူ ဂျိုးဝီလော့ခ်အတွက် အာဆင်နယ်အသင်းအနေနဲ့ ဈေးနှုန်းသတ်မှတ်လိုက်ပြီလို့ သတင်းထွက်လာခဲ့ပြီး လက်ရှိတန်ကြေးထက် ၁၀ သန်းပိုများတဲ့ ပေါင်သန်း ၃၀ လို့ ဆိုနေကြ။

– အာဆင်နယ်ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီရဲ့ ပါလက်စတိုင်းအားပေးစကား တွစ်တာပို့စ်ကြောင့် အသင်းရဲ့ အစ္စရေးလ်ဘက်နဲ့ ဆက်နွယ်တဲ့ စပွန်ဆာ လာဗက်ဇာအုပ်စုရဲ့ ထောက်ပံ့မှုနဲ့ စာချုပ်ကို ဆုံးရှုံးရဖွယ်ရှိနေပြီး ကစားသမားဘက်က ကာကွယ်ပေးခဲ့တဲ့ အသင်းကို စပွန်ဆာရှင်တွေအနေနဲ့ သည်းခံဖွယ်မရှိကြောင်း သိရ။

– အသင်းကနေ နွေရာသီမှာ ထွက်ခွာတော့မယ့် ဂျာမန်ဂိုးသမား ဘန်းဒ် လီနိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် အာဆင်နယ် တာဝန်ရှိသူတွေအနေနဲ့ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာနဲ့ အိုင်းယက်စ်ဂိုးသမား အန်ဒရေ အိုနာနာတို့နှစ်ဦးအနက်က တစ်ဦးကို လက်ရခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကေန နိစ္အသင္းက အငွားေခၚယူထားခဲ့တဲ့ ေနာက္ခံလူ ဝီလီယမ္ ဆာလီဘာဟာ ရာေဖးလ္ ဗာ႐ြန္းရဲ႕ ခြန္အားနဲ႔ လ်င္ျမန္မႈကို ဗာဂ်ီးလ္ ဗန္ဒိုက္ရဲ႕ ဖ်က္ထုတ္မႈနဲ႔ ေနရာယူမႈေတြနဲ႔ ေပါင္းစပ္ထားသူျဖစ္တာေၾကာင့္ လက္ရွိျပင္သစ္လူငယ္ေတြထဲမွာ တစ္ဆင့္ ျမင့္မားသူျဖစ္တယ္လို႔ လူငယ္နည္းျပေဟာင္း ယြန္-လုခ္ ဗန္ႏုခ်ီ ခ်ီးက်ဴးသြားခဲ့။

– အာဆင္နယ္အသင္းရဲ႕ ေႏြရာသီပစ္မွတ္ျဖစ္ၿပီး အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ နည္းျပ အာတီတာရဲ႕ စိတ္ႀကိဳက္ေနာက္ခံလူ ႐ိုင္ယန္ ဘာထရန္ကို ေခၚယူရာမွာ အခက္အခဲေတြ႕ဖြယ္ရွိေနၿပီး ဒုတိယဦးစားေပးအျဖစ္ ေခၚယူတာခ်င္း ယွဥ္ရင္ မန္ခ်က္စတာစီးတီးရဲ႕ ကမ္းလွမ္းမႈက ကစားသမားကို ပိုမိုဆြဲေဆာင္ႏိုင္ဖို႔ရွိေန။

– ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ႀကိဳးစားၾကမယ္ဆိုၿပီး မက္လုံးေပး ေခၚယူထားခဲ့တဲ့ ကြင္းလယ္လူ ဝီလီယန္အေနနဲ႔ လာမယ့္ရာသီမွာ ဥေရာပ ၿပိဳင္ပြဲႀကီးေတြနဲ႔ လြဲေခ်ာ္ႏိုင္ၿပီး ယူ႐ိုပါလိဂ္တူးလို႔ ေခၚေနၾကတဲ့ ကြန္ဖရင့္လိဂ္ကိုေတာင္ ေမွ်ာ္လင့္ခ်က္နည္းနည္းပဲရွိေတာ့တဲ့ အာဆင္နယ္အသင္းကေန ထြက္ခြာလိုေၾကာင္း နည္းစနစ္ဒါ႐ိုက္တာ အီဒူးကို အသိေပးထား။

– အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ လက္ရွိ ဦးတည္ခ်က္နဲ႔ ၿပိဳင္ပြဲႀကီးေတြ မကစားရတဲ့ အေနအထားအရ ကြင္းလယ္လူ မာတင္ ေအာ္ဒီဂြါဒ္ကို ဆက္လက္ငွားရမ္းႏိုင္ဖို႔ ခက္ခဲမွာျဖစ္သလို အက္စတန္ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္ကိုလည္း ေခၚယူဖို႔ မျဖစ္ႏိုင္ေလာက္ေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ေျပာၾကား။

– ခ်န္ပီယံအျဖစ္ ပရီးမီးယားလိဂ္ကို တန္းတက္လာမယ့္ ေနာ့ဝစ္ခ်္အသင္းရဲ႕ ညာေနာက္ခံလူ မက္စ္ အာ႐ြန္စ္နဲ႔ ကြင္းလယ္လူ အီမီလီယာႏို ဘြင္ဒီယာတို႔ကို အာဆင္နယ္အသင္းအေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အၿပိဳင္လုရဖြယ္ရွိေနၿပီး စပိန္သားေတြျဖစ္ၾကတဲ့ ဘယ္လာရင္နဲ႔ စီဘာေယာ့စ္တို႔ ေနရာေတြမွာ အစားထိုးႏိုင္ဖို႔ ျပင္ဆင္ေန။

– အာဆင္နယ္အသင္းတာဝန္ရွိသူေတြဘက္က အသင္းကို လႊဲေျပာင္းဝယ္ယူဖို႔ ဘာကမ္းလွမ္းမႈမွ မရွိဘူးလို႔ ျငင္းဆန္ထားခ်ိန္မွာ Spotify သူေဌး ဒန္နီယယ္လ္ အီယက္ခ္ကေတာ့ သူ႔အေနနဲ႔ တရားဝင္ကမ္းလွမ္းခဲ့ၿပီး ပယ္ခ်ခံထားရတယ္လို႔ ထုတ္ေဖာ္လိုက္တာေၾကာင့္ ႐ိုးသားမႈ မရွိတဲ့ ခ႐ိုယန္ကီအုပ္စုကို ပရိသတ္ေတြက ေဒါသထြက္ေနၾက။

– လက္စတာစီးတီးအသင္းအတြက္ စိတ္ပါလက္ပါ ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔အတူ ပံ့ပိုးေပးထားၿပီး အက္ဖ္ေအဖလားမွာ အသင္းနဲ႔အတူ ေအာင္ပြဲခံခဲ့တဲ့ ပိုင္ရွင္ အီရာဝပ္ ဆရီဘဒၵႏၷာပရာဗာနဲ႔ အသင္းရဲ႕ တိုးတက္မႈေတြကို အားက်မိေၾကာင္း ေျပာၾကားလိုက္ၿပီး အာဆင္နယ္ မွာလည္း ဒီလိုပိုင္ရွင္မ်ိဳး ရွိေစခ်င္တယ္လို႔ ခ႐ိုယန္ကီအုပ္စုကို အီယန္႐ိုက္ ထိုးႏွက္သြားခဲ့။

– နယူးကာဆယ္လ္အသင္းကေန အၿပီးသတ္ ေခၚယူဖို႔ စိတ္အားထက္သန္ေနတဲ့ ကြင္းလယ္လူ ဂ်ိဳးဝီေလာ့ခ္အတြက္ အာဆင္နယ္အသင္းအေနနဲ႔ ေဈးႏႈန္းသတ္မွတ္လိုက္ၿပီလို႔ သတင္းထြက္လာခဲ့ၿပီး လက္ရွိတန္ေၾကးထက္ ၁၀ သန္းပိုမ်ားတဲ့ ေပါင္သန္း ၃၀ လို႔ ဆိုေနၾက။

– အာဆင္နယ္ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီရဲ႕ ပါလက္စတိုင္းအားေပးစကား တြစ္တာပို႔စ္ေၾကာင့္ အသင္းရဲ႕ အစၥေရးလ္ဘက္နဲ႔ ဆက္ႏြယ္တဲ့ စပြန္ဆာ လာဗက္ဇာအုပ္စုရဲ႕ ေထာက္ပံ့မႈနဲ႔ စာခ်ဳပ္ကို ဆုံးရႈံးရဖြယ္ရွိေနၿပီး ကစားသမားဘက္က ကာကြယ္ေပးခဲ့တဲ့ အသင္းကို စပြန္ဆာရွင္ေတြအေနနဲ႔ သည္းခံဖြယ္မရွိေၾကာင္း သိရ။

– အသင္းကေန ေႏြရာသီမွာ ထြက္ခြာေတာ့မယ့္ ဂ်ာမန္ဂိုးသမား ဘန္းဒ္ လီႏိုရဲ႕ ေနရာမွာ အစားထိုးဖို႔အတြက္ အာဆင္နယ္ တာဝန္ရွိသူေတြအေနနဲ႔ ဘရန႔္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ ရာယာနဲ႔ အိုင္းယက္စ္ဂိုးသမား အန္ဒေရ အိုနာနာတို႔ႏွစ္ဦးအနက္က တစ္ဦးကို လက္ရေခၚယူႏိုင္ဖို႔ ပစ္မွတ္ထားေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.