Premier League Transfer News

14 May နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေခဲ့တဲ့ သူတို့ရဲ့ ကြယ်ပွင့်ကွင်းလယ်လူ အိဗ်စ် ဘီဆူးမားကို အသင်းမှာ ဆက်နေပြီး မပြောင်းရွှေ့ဖို့ ဘရိုက်တန်ပရိသတ်တွေက ကစားသမားရဲ့ တွစ်တာပို့စ်အောက်မှာ ဝိုင်းဝန်းရေးသား တောင်းဆိုခဲ့ကြ။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ရာသီမှာ ယူ-၂၃ အသင်းနဲ့ ခြေစွမ်းပြနိုင်ခဲ့တဲ့ လူငယ်ကွင်းလယ်လူ မီဂယ်လ် အဇိဇ်ကို ရှေ့က စမစ်ရိုး၊ ဆာကာတို့လိုပဲ အသင်းကြီးကို ခေါ်ယူပြီး ပိုမိုနေရာပေးသွားဖို့ ရည်ရွယ်ထားပြီး နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့လည်း သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေ။

– နည်းပြ မီခယ်လ် အာတီတာရဲ့ အသင်းအပေါ် ကိုင်တွယ်ဆက်ဆံပုံဟာ ပျော့ပျောင်းလွန်းနေပြီး စိတ်ပျက်စရာ ရှုံးပွဲတွေမှာလည်း ပွဲသိမ်း ခရာမှုတ်ချိန်မှာ ဒိုင်လူကြီးတွေနဲ့တကွ အားလုံးကို လက်ဆွဲနှုတ်ဆက်နေတာဟာ မှားယွင်းကြောင်းနဲ့ ပေးထားတဲ့ ငွေကြေးအတွက် ထိုက်တန်တဲ့ ခြေစွမ်းနဲ့ မပေးဆပ်တဲ့သူတွေအားလုံးကို အဝတ်လဲခန်းထဲက စောင့်ပြီး ဆူပူကြိမ်းမောင်းရမှာဖြစ်ကြောင်း နည်းပြဟောင်းကြီး ဟာရီ ရက်ဒ်နက်ပ်က ထောက်ပြသွား။

– အာဆင်နယ်အသင်းအနေနဲ့ တိုနီ အက်ဒမ်စ်ကို ဆက်ခံမယ့်သူလို့ နာမည်ထွက်ခဲ့ဖူးတဲ့ ဂရိနောက်ခံလူ ဒီနို့စ် မာဗရိုပါနို့စ်ကို ဒီရာသီ မှာလည်း ဆက်လက်အငှားချသွားနိုင်သလို အပြီးသတ်လည်း ရောင်းချနိုင်ပြီး စတုဂတ်ဘက်ကတော့ ကြိုဆိုနေကြသလို အပြီးသတ် ခေါ်ယူသွားနိုင်ဖို့လည်း စဉ်းစားနေ။

– အာဆင်နယ်အသင်းရဲ့ ချဲလ်ဆီးဟောင်း ဘရာဇီးလ်ကစားသမားနှစ်ဦးဖြစ်တဲ့ နောက်ခံလူ ဒေးဗစ် လူးဝစ်ဇ်နဲ့ ကွင်းလယ်လူ ဝီလီယန်တို့အနေနဲ့ အမ်းမရိတ်ကွင်းမှာ ပျော်ရွှင်နေကြပြီး နွေရာသီမှာလည်း အသင်းက မထွက်ခွာဘဲ ဆက်နေကြဖွယ်ရှိတယ်လို့ မေရာဖော်ပြ။

– အာဆင်နယ်အသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းကြီး အီယန်ရိုက်က လာမယ့်ရာသီမှာလည်း ဂျိုးဝီလော့ခ်ဟာ နည်းပြ အာတီတာရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင်ဖို့ မဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်ပြီး ခေါ်ယူလိုနေတဲ့ နယူးကာဆယ်လ်အသင်းအတွက်တော့ အားတက်စရာဖြစ်လာခဲ့။

– အာဆင်နယ်အသင်းရဲ့ နံပါတ် ၁၀ အင်္ကျီကို လူငယ်ကစားသမားနှစ်ဦးဖြစ်ကြတဲ့ အီမီးလ် စမစ်ရိုးနဲ့ ဘူကာယို ဆာကာတို့က လာမယ့် ရာသီမှာ စတင်ဝတ်ဆင်ဖို့ တောင်းဆိုထားကြပြီး နည်းပြ အာတီတာအနေနဲ့တော့ မာတင် အော်ဒီဂွါဒ်ကို ရီးရဲလ်မက်ဒရစ်ကနေ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်ရင်တော့ တစ်ဦးဦးကို ပေးအပ်သွားဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြ။

– ပြင်သစ်လီဂူးဝမ်ကလပ် မာဆေးလ်အသင်းအနေနဲ့ ကွင်းလယ်လူ မက်တီယို ဂန်ဒူဇီကို လာမယ့်နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပြီး သူတို့အသင်းရဲ့ ယူရိုပါလိဂ်ဝင်ခွင့် ရမရအပေါ် မူတည်ပြီး အာဆင်နယ်အသင်းဘက် တောင်းဆိုမယ့် ပြောင်းရွှေ့ကြေး ပေါင် ၂၉ သန်းနဲ့ ညှိနှိုင်းဖွယ်ရှိနေ။

– အာဆင်နယ်အသင်းအနေနဲ့ ဥရောပပြိုင်ပွဲတွေကနေ လွဲချော်ဖို့ အလွန်များနေပြီဖြစ်တဲ့ အခြေအနေကြောင့် လာမယ့်ရာသီမှာ ဈေးကောင်းရနိုင်တဲ့ ကစားသမားတချို့ကို ရောင်းချဖို့ရှိနေရာမှာ နယူးကာဆယ်လ်က စိတ်ဝင်စားနေတဲ့ ဂျိုးဝီလော့ခ်အပြင် စွယ်စုံသုံး အိန်းစလီ မိတ်လန်းနိုင်းလ်စ်လည်း ပါဝင်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ေနခဲ့တဲ့ သူတို႔ရဲ႕ ၾကယ္ပြင့္ကြင္းလယ္လူ အိဗ္စ္ ဘီဆူးမားကို အသင္းမွာ ဆက္ေနၿပီး မေျပာင္းေ႐ႊ႕ဖို႔ ဘ႐ိုက္တန္ပရိသတ္ေတြက ကစားသမားရဲ႕ တြစ္တာပို႔စ္ေအာက္မွာ ဝိုင္းဝန္းေရးသား ေတာင္းဆိုခဲ့ၾက။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ရာသီမွာ ယူ-၂၃ အသင္းနဲ႔ ေျခစြမ္းျပႏိုင္ခဲ့တဲ့ လူငယ္ကြင္းလယ္လူ မီဂယ္လ္ အဇိဇ္ကို ေရွ႕က စမစ္႐ိုး၊ ဆာကာတို႔လိုပဲ အသင္းႀကီးကို ေခၚယူၿပီး ပိုမိုေနရာေပးသြားဖို႔ ရည္႐ြယ္ထားၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔လည္း သူ႔ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ႀကိဳးပမ္းေန။

– နည္းျပ မီခယ္လ္ အာတီတာရဲ႕ အသင္းအေပၚ ကိုင္တြယ္ဆက္ဆံပုံဟာ ေပ်ာ့ေပ်ာင္းလြန္းေနၿပီး စိတ္ပ်က္စရာ ရႈံးပြဲေတြမွာလည္း ပြဲသိမ္း ခရာမႈတ္ခ်ိန္မွာ ဒိုင္လူႀကီးေတြနဲ႔တကြ အားလုံးကို လက္ဆြဲႏႈတ္ဆက္ေနတာဟာ မွားယြင္းေၾကာင္းနဲ႔ ေပးထားတဲ့ ေငြေၾကးအတြက္ ထိုက္တန္တဲ့ ေျခစြမ္းနဲ႔ မေပးဆပ္တဲ့သူေတြအားလုံးကို အဝတ္လဲခန္းထဲက ေစာင့္ၿပီး ဆူပူႀကိမ္းေမာင္းရမွာျဖစ္ေၾကာင္း နည္းျပေဟာင္းႀကီး ဟာရီ ရက္ဒ္နက္ပ္က ေထာက္ျပသြား။

– အာဆင္နယ္အသင္းအေနနဲ႔ တိုနီ အက္ဒမ္စ္ကို ဆက္ခံမယ့္သူလို႔ နာမည္ထြက္ခဲ့ဖူးတဲ့ ဂရိေနာက္ခံလူ ဒီႏို႔စ္ မာဗ႐ိုပါႏို႔စ္ကို ဒီရာသီ မွာလည္း ဆက္လက္အငွားခ်သြားႏိုင္သလို အၿပီးသတ္လည္း ေရာင္းခ်ႏိုင္ၿပီး စတုဂတ္ဘက္ကေတာ့ ႀကိဳဆိုေနၾကသလို အၿပီးသတ္ ေခၚယူသြားႏိုင္ဖို႔လည္း စဥ္းစားေန။

– အာဆင္နယ္အသင္းရဲ႕ ခ်ဲလ္ဆီးေဟာင္း ဘရာဇီးလ္ကစားသမားႏွစ္ဦးျဖစ္တဲ့ ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဇ္နဲ႔ ကြင္းလယ္လူ ဝီလီယန္တို႔အေနနဲ႔ အမ္းမရိတ္ကြင္းမွာ ေပ်ာ္႐ႊင္ေနၾကၿပီး ေႏြရာသီမွာလည္း အသင္းက မထြက္ခြာဘဲ ဆက္ေနၾကဖြယ္ရွိတယ္လို႔ ေမရာေဖာ္ျပ။

– အာဆင္နယ္အသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးေဟာင္းႀကီး အီယန္႐ိုက္က လာမယ့္ရာသီမွာလည္း ဂ်ိဳးဝီေလာ့ခ္ဟာ နည္းျပ အာတီတာရဲ႕ ပြဲထြက္ ၁၁ ေယာက္စာရင္းမွာ ပါဝင္ဖို႔ မျဖစ္ႏိုင္ေၾကာင္း ခန႔္မွန္းလိုက္ၿပီး ေခၚယူလိုေနတဲ့ နယူးကာဆယ္လ္အသင္းအတြက္ေတာ့ အားတက္စရာျဖစ္လာခဲ့။

– အာဆင္နယ္အသင္းရဲ႕ နံပါတ္ ၁၀ အက်ႌကို လူငယ္ကစားသမားႏွစ္ဦးျဖစ္ၾကတဲ့ အီမီးလ္ စမစ္႐ိုးနဲ႔ ဘူကာယို ဆာကာတို႔က လာမယ့္ ရာသီမွာ စတင္ဝတ္ဆင္ဖို႔ ေတာင္းဆိုထားၾကၿပီး နည္းျပ အာတီတာအေနနဲ႔ေတာ့ မာတင္ ေအာ္ဒီဂြါဒ္ကို ရီးရဲလ္မက္ဒရစ္ကေန ေခၚယူႏိုင္ဖို႔ မျဖစ္ႏိုင္ရင္ေတာ့ တစ္ဦးဦးကို ေပးအပ္သြားဖြယ္ရွိတယ္လို႔ ခန႔္မွန္းေနၾက။

– ျပင္သစ္လီဂူးဝမ္ကလပ္ မာေဆးလ္အသင္းအေနနဲ႔ ကြင္းလယ္လူ မက္တီယို ဂန္ဒူဇီကို လာမယ့္ေႏြရာသီမွာ ေခၚယူဖို႔ ႀကိဳးစားဖြယ္ ရွိေနၿပီး သူတို႔အသင္းရဲ႕ ယူ႐ိုပါလိဂ္ဝင္ခြင့္ ရမရအေပၚ မူတည္ၿပီး အာဆင္နယ္အသင္းဘက္ ေတာင္းဆိုမယ့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၉ သန္းနဲ႔ ညႇိႏႈိင္းဖြယ္ရွိေန။

– အာဆင္နယ္အသင္းအေနနဲ႔ ဥေရာပၿပိဳင္ပြဲေတြကေန လြဲေခ်ာ္ဖို႔ အလြန္မ်ားေနၿပီျဖစ္တဲ့ အေျခအေနေၾကာင့္ လာမယ့္ရာသီမွာ ေဈးေကာင္းရႏိုင္တဲ့ ကစားသမားတခ်ိဳ႕ကို ေရာင္းခ်ဖို႔ရွိေနရာမွာ နယူးကာဆယ္လ္က စိတ္ဝင္စားေနတဲ့ ဂ်ိဳးဝီေလာ့ခ္အျပင္ စြယ္စုံသုံး အိန္းစလီ မိတ္လန္းႏိုင္းလ္စ္လည္း ပါဝင္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.