Other Leagues

ေႏြရာသီမွာ အာတီတာခ်ိန္ရြယ္ေနတဲ့ အာဆင္နယ္အတြက္ ျဖစ္ႏုိင္ဖြယ္ အေျပာင္းအေရႊ႕ပစ္မွတ္မ်ား

ေႏြရာသီမွာ ေပါင္ ၁၇ သန္းအထိ ေဈးႏွဳန္းေလ်ာ့က်သြားမယ့္ RB လိုက္ပ္ဇစ္ေနာက္ခံလူ ဒါယို အူပါမီကာႏိုနဲ႔ ကြင္းလယ္အဖ်က္ကစားသမားတစ္ဦးဟာ အာဆင္နယ္နည္းျပ မုိက္ကယ္ အာတီတာရဲ႕ ဦးစားေပးပစ္မွတ္ေတြျဖစ္ေနႏိုင္ၿပီး တျခားအလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိမယ့္ ကစားသမားသုံးဦးေလာက္ကိုလည္း ပစ္မွတ္ထားေနေသးတယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕ေဈးကြက္ေတြမွာ အသက္ ၂၁ ႏွစ္အရြယ္ ေနာက္ခံလူအတြက္ ေပါင္ ၇၂ သန္း သတ္မွတ္ထားတာကို လုံးဝေလွ်ာ့ခ်မေပးခဲ့တဲ့ RB လုိက္ပ္ဇစ္တို႔အေနနဲ႔ ဒီတစ္ႀကိမ္မွာေတာ့ စာခ်ဳပ္ပါ အခ်က္အလက္ေတြအရ ေပါင္ ၁၇ သန္း ထပ္မံေလွ်ာ့ခ်ေပးရေတာ့မွာပါ။

ဘြန္ဒက္စ္လီဂါမွာ အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးျဖစ္တဲ့ အူပါမီကာႏိုကို ေပါင္ ၅၅ သန္းနဲ႔ ေခၚယူႏိုင္မယ္ဆုိတာဟာ လက္ရွိေဈးကြက္မွာ မ်ားလွတဲ့ တန္ေၾကးလုိ႔ မဆုိႏုိင္ဘဲ အာဆင္နယ္တုိ႔ ႀကဳိးစားသြားဖို႔ ရွိေနသလို တျခားအင္အားႀကီးအသင္းေတြနဲ႔ေတာ့ ယွဥ္ၿပဳိင္ၿပီး ေခၚယူရဖြယ္လည္း ရွိေနပါတယ္။

အာဆင္နယ္နည္းျပ စပိန္သားကေတာ့ သူ႕ရဲ႕ ဒီေႏြရာသီမွာ ဦးစားေပးပစ္မွတ္ဟာ ကြင္းလယ္အဖ်က္ကစားသမားက နံပါတ္တစ္ျဖစ္ေၾကာင္း ေျပာၾကားထားခဲ့ၿပီး ခံစစ္ဗဟိုကစားသမားတစ္ဦးကိုေတာ့ အေျခအေနအားလုံး အဆင္ေျပခဲ့ရင္ ဆက္လက္ေခၚယူသြားႏုိင္သလို အူပါမီကာႏိုနဲ႔ ဖရန္႔ဖတ္ရဲ႕ အီဗန္ အန္ဒစ္ကာတို႔ကို ေစာင့္ၾကည့္ေနပါတယ္။

အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏိုင္မယ့္ ကစားသမားေတြထဲကေတာ့ ဘုန္းေမာက္ရဲ႕ ကြင္းလယ္နဲ႔ ေတာင္ပံကစားသမား ႐ိုင္ယန္ ဖေရဆာ၊ ခ်ဲလ္ဆီးေတာင္ပံသမား ဝီလီယန္နဲ႔ ပီအက္စ္ဂ်ီေနာက္ခံလူ ေလဗင္ ကာဇာဝါတုိ႔ကိုလည္း ညႇိႏွဳိင္းေခၚယူသြားဖို႔ ရွိေနတယ္လုိ႔လည္း သတင္းေတြအရ ထပ္မံသိရွိရပါတယ္။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: နွေရာသီမှာ ပေါင် ၁၇ သန်းအထိ ဈေးနှုန်းလျော့ကျသွားမယ့် RB လိုက်ပ်ဇစ်နောက်ခံလူ ဒါယို အူပါမီကာနိုနဲ့ ကွင်းလယ်အဖျက်ကစားသမားတစ်ဦးဟာ အာဆင်နယ်နည်းပြ မိုက်ကယ် အာတီတာရဲ့ ဦးစားပေးပစ်မှတ်တွေဖြစ်နေနိုင်ပြီး တခြားအလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမယ့် ကစားသမားသုံးဦးလောက်ကိုလည်း ပစ်မှတ်ထားနေသေးတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ဈေးကွက်တွေမှာ အသက် ၂၁ နှစ်အရွယ် နောက်ခံလူအတွက် ပေါင် ၇၂ သန်း သတ်မှတ်ထားတာကို လုံးဝလျှော့ချမပေးခဲ့တဲ့ RB လိုက်ပ်ဇစ်တို့အနေနဲ့ ဒီတစ်ကြိမ်မှာတော့ စာချုပ်ပါ အချက်အလက်တွေအရ ပေါင် ၁၇ သန်း ထပ်မံလျှော့ချပေးရတော့မှာပါ။

ဘွန်ဒက်စ်လီဂါမှာ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ အူပါမီကာနိုကို ပေါင် ၅၅ သန်းနဲ့ ခေါ်ယူနိုင်မယ်ဆိုတာဟာ လက်ရှိဈေးကွက်မှာ များလှတဲ့ တန်ကြေးလို့ မဆိုနိုင်ဘဲ အာဆင်နယ်တို့ ကြိုးစားသွားဖို့ ရှိနေသလို တခြားအင်အားကြီးအသင်းတွေနဲ့တော့ ယှဉ်ပြိုင်ပြီး ခေါ်ယူရဖွယ်လည်း ရှိနေပါတယ်။

အာဆင်နယ်နည်းပြ စပိန်သားကတော့ သူ့ရဲ့ ဒီနွေရာသီမှာ ဦးစားပေးပစ်မှတ်ဟာ ကွင်းလယ်အဖျက်ကစားသမားက နံပါတ်တစ်ဖြစ်ကြောင်း ပြောကြားထားခဲ့ပြီး ခံစစ်ဗဟိုကစားသမားတစ်ဦးကိုတော့ အခြေအနေအားလုံး အဆင်ပြေခဲ့ရင် ဆက်လက်ခေါ်ယူသွားနိုင်သလို အူပါမီကာနိုနဲ့ ဖရန့်ဖတ်ရဲ့ အီဗန် အန်ဒစ်ကာတို့ကို စောင့်ကြည့်နေပါတယ်။

အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမားတွေထဲကတော့ ဘုန်းမောက်ရဲ့ ကွင်းလယ်နဲ့ တောင်ပံကစားသမား ရိုင်ယန် ဖရေဆာ၊ ချဲလ်ဆီးတောင်ပံသမား ဝီလီယန်နဲ့ ပီအက်စ်ဂျီနောက်ခံလူ လေဗင် ကာဇာဝါတို့ကိုလည်း ညှိနှိုင်းခေါ်ယူသွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေအရ ထပ်မံသိရှိရပါတယ်။

REF: DAILY STAR
PHOTOS CREDIT TO OWNERS
SPORTS A2Z.