Premier League

“အဆင့်၄တိုက်ပွဲကို အဆုံးထိ ရေကုန်ရေခမ်းတိုက်မယ်၊မာနေးနဲ့ ဘာပြဿနာမှ မရှိပါ အေးဆေး” ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင် ကလော့ပ်က မိမိတို့အသင်းဟာ ယူနိုက်တက်ကို ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့ခြင်းဖြစ်ကြောင်း ကြွေးကြော်သွားခဲ့ပြီး ချန်ပီယံလိဂ်တနေရာစာအတွက် အဆင့် ၄ တိုက်ပွဲကို အဆုံးထိ ရေကုန်ရေခမ်း အားထုတ်သွားမှာဖြစ်ကြောင်း ပရိသတ်တွေကို ကတိပေးသွားခဲ့ပါတယ်။

ကလော့ပ်ဟာ သူ့အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်မချစရာအနေအထားကို ကျော်ဖြတ်ဖို့ဆိုရင် လက်ကျန်ပရီးမီးယားလိဂ် ၃ ပွဲစလုံးကို အနိုင်ကန်ပြီး ရမှတ်အပြည့်ယူရမယ်လို့ ရာဇသံပေးသွားခဲ့သလို ယူနိုက်တက်နဲ့ပွဲအပြီးမှာ မာနေးနဲ့ စည်းလုံးမှုပြိုကွဲခဲ့တာလားဆိုတဲ့ မေးခွန်းကိုလည်း တည်တည်​ငြိမ်ငြိမ်ပဲ ပြန်လည်တုံ့ပြန်သွားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ကလော့ပ်လက်ထက် ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်အောင်ပွဲအပြီးမှာ အဆင့် ၅ ကို တက်ရောက်သွားခဲ့တာဖြစ်ပြီး ဂျိုတာ၊ ဖာမီနိုနဲ့ မိုဆာလားတို့ရဲ့ သွင်းဂိုးတွေက အသင်းအတွက် အဓိကအသုံးတော်ခံခဲ့တာဖြစ်ပြီး မာနေးကို ချောင်ထိုးခဲ့ခြင်းကနေ အကွဲအပြဲဇာတ်လမ်းကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လက်ရှိမှာတော့ မာဆေးဆိုက်အသင်းဟာ ချယ်လ်ဆီးကို တပွဲလျော့ကစားထားပြီး ၄ မှတ်ကွာ အနေအထားက ရင်ခုန်စရာတိုက်ပွဲတခုကို မြင်တွေ့စေတော့မှာဖြစ်လို့ တူဟယ်လ်ကို ကျော်ဖြတ်ဖို့ ကလော့ပ်အနေနဲ့ လုံလောက်နေပြီလားဆိုတဲ့ မေးခွန်းတွေကိုလည်း လက်ရှိချန်ပီယံအသင်းအနေနဲ့ မကြာခင်သက်သေပြသွားရတော့မှာပါ။

” ယူနိုက်တက်နဲ့ပွဲက တော်တော်လေးပြင်းထန်ပါတယ်။ ဒါဘီပွဲအစဥ်အလာကို ထိန်းသိမ်းသွားခဲ့တယ်။ အိုးထရက်ဖို့ဒ်ဆီမှာ ကျွန်တော့်ရဲ့ ပထမဆုံးနိုင်ပွဲပေါ့လေ။ အချိန်အခါကောင်းမှာ နိုင်ခဲ့တာပါ။ ကျွန်တော်တို့ အဆင့် ၄ ပြိုင်ပွဲထဲမှာ ရှိနေဆဲပါ။ မြန်မြန်ဆန်ဆန် ပြန်လန်းဆန်းလာအောင်လုပ်ပြီး နောက်ထပ်ပွဲတွေအတွက် ပြင်ဆင်ရပါမယ်။ ”

“လက်ကျန် ၃ ပွဲစလုံးက တော်​တော်လေးကျပ်ပါတယ်။ ဝက်စ်ဘရွမ်းက ဖိအားတွေကင်းစင်သွားပြီဖြစ်လို့ ထူးဆန်းတဲ့အရာတွေကို လုပ်ပြလိမ့်မှာမို့ သတိထားပြီး ကစားရမယ်။ ပရိသတ်တွေရဲ့အားနဲ့ ကစားမယ့် ဘန်လေပွဲကလည်း ခက်ခဲမှာပါ။ ပဲလေ့စ်ကိုတော့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ကြည့်ရပါမယ် ”

” မာနေးနဲ့ ဘာပြဿနာမှ မရှိပါဘူး။ တကယ့်သေးသေးမွှားမွှားပါ။ မနေ့က ထရိန်နင်မှာ ဂျိုတာကို ပွဲထွက်မယ်ဆိုတဲ့အကြောင်း သူ့ကို ပြောဖို့ မေ့သွားတာပါ။ နောက်ကျပြီးမှ သူ့ကို အသိပေးလိုက်မိတယ် ဘယ်လိုပဲဖြစ်ဖြစ် အရာရာအေးဆေးပါ။ “လို့ ကလော့ပ်က အဆင့် ၄ နေရာအတွက် သူ့ရဲ့စဥ်းစားပုံကို ပြောပြပြီး မာနေးနဲ့ ပြဿနာကိုလည်း ပရိသတ်တွေ စိတ်မပူအောင် ဖြေရှင်းသွားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
လီဗာပူးလ္နည္းျပ ယာဂင္ ကေလာ့ပ္က မိမိတို႔အသင္းဟာ ယူႏိုက္တက္ကို ထိုက္ထိုက္တန္တန္ အႏိုင္ယူခဲ့ျခင္းျဖစ္ေၾကာင္း ေႂကြးေၾကာ္သြားခဲ့ၿပီး ခ်န္ပီယံလိဂ္တေနရာစာအတြက္ အဆင့္ ၄ တိုက္ပြဲကို အဆုံးထိ ေရကုန္ေရခမ္း အားထုတ္သြားမွာျဖစ္ေၾကာင္း ပရိသတ္ေတြကို ကတိေပးသြားခဲ့ပါတယ္။

ကေလာ့ပ္ဟာ သူ႔အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ စိတ္မခ်စရာအေနအထားကို ေက်ာ္ျဖတ္ဖို႔ဆိုရင္ လက္က်န္ပရီးမီးယားလိဂ္ ၃ ပြဲစလုံးကို အႏိုင္ကန္ၿပီး ရမွတ္အျပည့္ယူရမယ္လို႔ ရာဇသံေပးသြားခဲ့သလို ယူႏိုက္တက္နဲ႔ပြဲအၿပီးမွာ မာေနးနဲ႔ စည္းလုံးမႈၿပိဳကြဲခဲ့တာလားဆိုတဲ့ ေမးခြန္းကိုလည္း တည္တည္​ၿငိမ္ၿငိမ္ပဲ ျပန္လည္တုံ႔ျပန္သြားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ကေလာ့ပ္လက္ထက္ ပထမဆုံးအႀကိမ္ အိုးထရက္ဖို႔ဒ္ေအာင္ပြဲအၿပီးမွာ အဆင့္ ၅ ကို တက္ေရာက္သြားခဲ့တာျဖစ္ၿပီး ဂ်ိဳတာ၊ ဖာမီႏိုနဲ႔ မိုဆာလားတို႔ရဲ႕ သြင္းဂိုးေတြက အသင္းအတြက္ အဓိကအသုံးေတာ္ခံခဲ့တာျဖစ္ၿပီး မာေနးကို ေခ်ာင္ထိုးခဲ့ျခင္းကေန အကြဲအၿပဲဇာတ္လမ္းကို ဘယ္လိုေျဖရွင္းသြားမလဲဆိုတာလည္း စိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

လက္ရွိမွာေတာ့ မာေဆးဆိုက္အသင္းဟာ ခ်ယ္လ္ဆီးကို တပြဲေလ်ာ့ကစားထားၿပီး ၄ မွတ္ကြာ အေနအထားက ရင္ခုန္စရာတိုက္ပြဲတခုကို ျမင္ေတြ႕ေစေတာ့မွာျဖစ္လို႔ တူဟယ္လ္ကို ေက်ာ္ျဖတ္ဖို႔ ကေလာ့ပ္အေနနဲ႔ လုံေလာက္ေနၿပီလားဆိုတဲ့ ေမးခြန္းေတြကိုလည္း လက္ရွိခ်န္ပီယံအသင္းအေနနဲ႔ မၾကာခင္သက္ေသျပသြားရေတာ့မွာပါ။

” ယူႏိုက္တက္နဲ႔ပြဲက ေတာ္ေတာ္ေလးျပင္းထန္ပါတယ္။ ဒါဘီပြဲအစဥ္အလာကို ထိန္းသိမ္းသြားခဲ့တယ္။ အိုးထရက္ဖို႔ဒ္ဆီမွာ ကြၽန္ေတာ့္ရဲ႕ ပထမဆုံးႏိုင္ပြဲေပါ့ေလ။ အခ်ိန္အခါေကာင္းမွာ ႏိုင္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ အဆင့္ ၄ ၿပိဳင္ပြဲထဲမွာ ရွိေနဆဲပါ။ ျမန္ျမန္ဆန္ဆန္ ျပန္လန္းဆန္းလာေအာင္လုပ္ၿပီး ေနာက္ထပ္ပြဲေတြအတြက္ ျပင္ဆင္ရပါမယ္။ ”

“လက္က်န္ ၃ ပြဲစလုံးက ေတာ္​ေတာ္ေလးက်ပ္ပါတယ္။ ဝက္စ္ဘ႐ြမ္းက ဖိအားေတြကင္းစင္သြားၿပီျဖစ္လို႔ ထူးဆန္းတဲ့အရာေတြကို လုပ္ျပလိမ့္မွာမို႔ သတိထားၿပီး ကစားရမယ္။ ပရိသတ္ေတြရဲ႕အားနဲ႔ ကစားမယ့္ ဘန္ေလပြဲကလည္း ခက္ခဲမွာပါ။ ပဲေလ့စ္ကိုေတာ့ ကြၽန္ေတာ္တို႔ ဘာလုပ္ႏိုင္မလဲ ၾကည့္ရပါမယ္ ”

” မာေနးနဲ႔ ဘာျပႆနာမွ မရွိပါဘူး။ တကယ့္ေသးေသးမႊားမႊားပါ။ မေန႔က ထရိန္နင္မွာ ဂ်ိဳတာကို ပြဲထြက္မယ္ဆိုတဲ့အေၾကာင္း သူ႔ကို ေျပာဖို႔ ေမ့သြားတာပါ။ ေနာက္က်ၿပီးမွ သူ႔ကို အသိေပးလိုက္မိတယ္ ဘယ္လိုပဲျဖစ္ျဖစ္ အရာရာေအးေဆးပါ။ “လို႔ ကေလာ့ပ္က အဆင့္ ၄ ေနရာအတြက္ သူ႔ရဲ႕စဥ္းစားပုံကို ေျပာျပၿပီး မာေနးနဲ႔ ျပႆနာကိုလည္း ပရိသတ္ေတြ စိတ္မပူေအာင္ ေျဖရွင္းသြားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z