Premier League

ဘိန်းလို စွဲစေတတ်တဲ့အရာတခုကြောင့် မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ရတယ်လို့ ဆိုလေတဲ့ မစ်စတာပပ်

မန်စီးတီးနည်းပြပပ် ဂွာဒီယိုလာက အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုခဲ့ရတဲ့ တခုတည်းသော အကြောင်းပြချက်က ဘိန်းလို စွဲစေတတ်တဲ့ အောင်မြင်မှုတွေကို မိမိတို့တသင်းလုံး ဆာလောင်မှုပြင်းပြနေတာကြောင့်လို့ ဆိုသွားခဲ့ပြီး ချန်ပီယံလိဂ်ဖလားကို ဒီရာသီမှာ မဖြစ်မနေအရယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် ရာသီမကုန်ခင် အဖြေပေါ်သွားခဲ့တဲ့ ပပ်နဲ့မန်စီးတီးရဲ့ ပေါင်းစပ်မှုဟာ မန်ချက်စတာမှာ ၄ နှစ်််အတွင်း ချန်ပီယံ ၃ ကြိမ်အဖြစ် အပြာရောင်လွှမ်းသွားစေခဲ့ပြီး ခါရာဘောင်းဖလားကိုလည်း ၄ ရာသီဆက် သိမ်းပိုက်သွားခဲ့တာပါ။

ဖလား ၃ လုံးအိပ်မက်ကို အကောင်အထည်ဖော်မယ့် မန်စီးတီးအင်အားစုဟာ လာမယ့် ၂ ပတ်အတွင်းမှာတော့ ချယ်လ်ဆီးအသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်မှာ အလဲထိုးဖို့ ပြင်ဆင်ထားကြောင်းသိရပြီး ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့ရဲ့ နည်းပြသက်​တမ်းထက်ပိုပြီး မန်စီးတီးမှာ ၅ နှစ်ကြာကိုင်တွယ်ခဲ့တဲ့အပြင် စာချုပ်သစ်ကိုပါ ချုပ်ဆိုခဲ့တဲ့ ပပ်ရဲ့တခုတည်းသော အားကုန်သုံးမယ့် ပစ်မှတ်ကလည်း ချန်ပီယံလိဂ်ဖလားဖြစ်နေတာပါ။

” အောင်မြင်မှုဆိုတာ ဘိန်းလို စွဲစေတတ်တာပဲဗျာ။ ဆုဖလားတွေကို ကိုင်မြှောက်ရတာဟာ အရမ်းစိတ်ချမ်းသာဖို့ ကောင်းတယ်ဗျို့။ အချိန်နဲ့အမျှ ပိုကောင်းအောင် လုပ်ဆောင်နိုင်လာတယ်။ ပိုပြီးရယ်မောလာနိုင်တယ်။ အသင်းမှာ ဆက်ဆံရေးတွေကလည်း အင်မတန်ကောင်းမွန်လာတယ် ”

” ပရီးမီးယားလိဂ်ဖလားယူရတာ ပျင်းလာရင် ကျွန်​တော် ဒီအသင်းက ထွက်သွားတာ ကြာရောပေါ့ဗျာ။ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖိုင်နယ်အတွက် အကောင်းဆုံးပြင်ဆင်နေပါတယ်။ ပိုသာလွန်တဲ့ အောင်ပွဲတွေကိုပဲ စိန်ခေါ်ချင်တာ ကျွန်တော့်််ဆန္ဒပါ။

” ရှိတ်ခ်မန်ဆော်က ကျွန်တော့်ကို ယုံကြည်မှုအပြည့်ပေးခဲ့လို့ ဒီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်တယ်။ သူက ကျွန်​တော့်ကို ယုံကြည်သလို ကျွန်တော်ကလည်း သူ့ကိုယုံကြည်ပါတယ်။ သူက ဒီအပြာရောင်အသင်းကို နောက်တဆင့်မြှင့်ပေးချင်နေတဲ့သူပါ ”

” ဒါကို သူ့မျက်လုံးထဲမှာ ကျွန်တော်မြင်ခဲ့ရပါတယ်။ ဒါကြောင့် ဒီအသင်းမှာ ကျွန်တော်ဆက်နေဖြစ်ခဲ့တာပါ။ ကျွန်တော်တို့တသင်းလုံးက ဘော်ဒါတွေလိုပဲ။ ဒီလိုဖြစ်ရတာဟာ ဘိန်းလို စွဲမက်စေတဲ့ နိုင်ပွဲနဲ့ ဆုဖလားတွေကြောင့်ပါ။ ကျွန်တော်တသင်းလုံးက အောင်ပွဲအသစ်တွေကို ဆာလောင်နေပါတယ် ” လို့ ပပ်က ချန်ပီယံလိဂ်ဖလားအပေါ် သူ့ရဲ့ တပ်မက်မှုဆန္ဒကို ပြောသွားတာဖြစ်ပြီး တူဟယ်ရဲ့ချယ်လ်ဆီးကိုလည်း ကျွဲကူးရေပါ ခြိမ်းခြောက်သွားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI:
မန္စီးတီးနည္းျပပပ္ ဂြာဒီယိုလာက အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့ရတဲ့ တခုတည္းေသာ အေၾကာင္းျပခ်က္က ဘိန္းလို စြဲေစတတ္တဲ့ ေအာင္ျမင္မႈေတြကို မိမိတို႔တသင္းလုံး ဆာေလာင္မႈျပင္းျပေနတာေၾကာင့္လို႔ ဆိုသြားခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားကို ဒီရာသီမွာ မျဖစ္မေနအရယူဖို႔ စိတ္ပိုင္းျဖတ္ထားေၾကာင္း ဖြင့္ဟသြားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ ရာသီမကုန္ခင္ အေျဖေပၚသြားခဲ့တဲ့ ပပ္နဲ႔မန္စီးတီးရဲ႕ ေပါင္းစပ္မႈဟာ မန္ခ်က္စတာမွာ ၄ ႏွစ္္္အတြင္း ခ်န္ပီယံ ၃ ႀကိမ္အျဖစ္ အျပာေရာင္လႊမ္းသြားေစခဲ့ၿပီး ခါရာေဘာင္းဖလားကိုလည္း ၄ ရာသီဆက္ သိမ္းပိုက္သြားခဲ့တာပါ။

ဖလား ၃ လုံးအိပ္မက္ကို အေကာင္အထည္ေဖာ္မယ့္ မန္စီးတီးအင္အားစုဟာ လာမယ့္ ၂ ပတ္အတြင္းမွာေတာ့ ခ်ယ္လ္ဆီးအသင္းကို ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ အလဲထိုးဖို႔ ျပင္ဆင္ထားေၾကာင္းသိရၿပီး ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ နည္းျပသက္​တမ္းထက္ပိုၿပီး မန္စီးတီးမွာ ၅ ႏွစ္ၾကာကိုင္တြယ္ခဲ့တဲ့အျပင္ စာခ်ဳပ္သစ္ကိုပါ ခ်ဳပ္ဆိုခဲ့တဲ့ ပပ္ရဲ႕တခုတည္းေသာ အားကုန္သုံးမယ့္ ပစ္မွတ္ကလည္း ခ်န္ပီယံလိဂ္ဖလားျဖစ္ေနတာပါ။

” ေအာင္ျမင္မႈဆိုတာ ဘိန္းလို စြဲေစတတ္တာပဲဗ်ာ။ ဆုဖလားေတြကို ကိုင္ေျမႇာက္ရတာဟာ အရမ္းစိတ္ခ်မ္းသာဖို႔ ေကာင္းတယ္ဗ်ိဳ႕။ အခ်ိန္နဲ႔အမွ် ပိုေကာင္းေအာင္ လုပ္ေဆာင္ႏိုင္လာတယ္။ ပိုၿပီးရယ္ေမာလာႏိုင္တယ္။ အသင္းမွာ ဆက္ဆံေရးေတြကလည္း အင္မတန္ေကာင္းမြန္လာတယ္ ”

” ပရီးမီးယားလိဂ္ဖလားယူရတာ ပ်င္းလာရင္ ကြၽန္​ေတာ္ ဒီအသင္းက ထြက္သြားတာ ၾကာေရာေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဖိုင္နယ္အတြက္ အေကာင္းဆုံးျပင္ဆင္ေနပါတယ္။ ပိုသာလြန္တဲ့ ေအာင္ပြဲေတြကိုပဲ စိန္ေခၚခ်င္တာ ကြၽန္ေတာ့္္္ဆႏၵပါ။

” ရွိတ္ခ္မန္ေဆာ္က ကြၽန္ေတာ့္ကို ယုံၾကည္မႈအျပည့္ေပးခဲ့လို႔ ဒီအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တာျဖစ္တယ္။ သူက ကြၽန္​ေတာ့္ကို ယုံၾကည္သလို ကြၽန္ေတာ္ကလည္း သူ႔ကိုယုံၾကည္ပါတယ္။ သူက ဒီအျပာေရာင္အသင္းကို ေနာက္တဆင့္ျမႇင့္ေပးခ်င္ေနတဲ့သူပါ ”

” ဒါကို သူ႔မ်က္လုံးထဲမွာ ကြၽန္ေတာ္ျမင္ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီအသင္းမွာ ကြၽန္ေတာ္ဆက္ေနျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔တသင္းလုံးက ေဘာ္ဒါေတြလိုပဲ။ ဒီလိုျဖစ္ရတာဟာ ဘိန္းလို စြဲမက္ေစတဲ့ ႏိုင္ပြဲနဲ႔ ဆုဖလားေတြေၾကာင့္ပါ။ ကြၽန္ေတာ္တသင္းလုံးက ေအာင္ပြဲအသစ္ေတြကို ဆာေလာင္ေနပါတယ္ ” လို႔ ပပ္က ခ်န္ပီယံလိဂ္ဖလားအေပၚ သူ႔ရဲ႕ တပ္မက္မႈဆႏၵကို ေျပာသြားတာျဖစ္ၿပီး တူဟယ္ရဲ႕ခ်ယ္လ္ဆီးကိုလည္း ကြၽဲကူးေရပါ ၿခိမ္းေျခာက္သြားခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z