Premier League

ဇူးမား​​ကြောင့် ရှုံးတာလို့ အီယန်ရိုက်ဝေဖန်၊ ချယ်လ်ဆီးရဲ့မပါမဖြစ်ကို ထောက်ပြခံရတဲ့ တူဟယ်လ်

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရက်သတ္တပတ်မှာ အာဆင်နယ်ကို ရှူံးနိမ့်ခဲ့တဲ့ ချယ်လ်ဆီးရဲ့ အဓိကတရားခံက နောက်ခံလူကတ်ဇူးမားဖြစ်တယ်လို့ ဂန်းနားကစားသမားဟောင်းကြီး အီယန်ရိုက်က ဝေဖန်သွားခဲ့ပြီး ချယ်လ်ဆီးနည်းပြတူဟယ်လ်ကလည်း အသင်းရဲ့ မပါမဖြစ်ကစားသမားကို ထုတ်ဖော်ပြီး ကာကွယ်ပေးသွားခဲ့ပါတယ်။

ရူဒီဂါ၊ ခရစ္စတီယန်ဆန်တို့မပါဝင်ခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲမှာ တူဟယ်အနေနဲ့ နောက်ခံလူ ၃ ဦး ကစားကွက်အရ ဘယ်ခြမ်းခံစစ်လူနေရာမှာ ကတ်ဇူးမားကို ပွဲထုတ်ခဲ့ပြီး သီယာဂို ဆေးလ်ဗားနဲ့ အက်ဇ်ပီလီကွေတာနဲ့အတူ တွဲဖက်စေခြင်းကပဲ ဂျာမန်သားနည်းပြရဲ့ အကြီးမားဆုံးအမှားဖြစ်တယ်လို့ ရိုက်ကထောက်ပြသွားခဲ့တာပါ။

လူပေးမှားခဲ့တဲ့ ဂျော်ဂျင်ဟိုရဲ့အပြစ်ထက်ကို ဖိအားဒဏ်မခံနိုင်ဘဲ ဆုံးဖြတ်ချက်မပြတ်သားခဲ့တဲ့ ဇူးမား​ကြောင့်သာ အာဆင်နယ်ရဲ့ ဦးဆောင်ဂိုးကို ချယ်လ်ဆီးက ခွင့်ပြုခဲ့ရတာလို့ သူကယုံကြည်နေတာဖြစ်ပြီး စမစ်သ်ရိုးရဲ့ဂိုးဟာ အာဆင်နယ်ရဲ့ ဇူးမားကိုအမြတ်ထုတ်ခဲ့တဲ့အချက်ဖြစ်တယ်လို့ သူဆိုခဲ့တာပါ။

” အာဆင်နယ်ဘက်က ကြည့်ရင်တော့ ဇူးမားက ကောင်းကောင်းအသုံးချပြီး ဖိအားပေးလို့ရတဲ့ ကစားသမားဖြစ်နေတာကို ခင်ဗျားတို့ တွေ့ရလိမ့်မယ်။ သူက ဘယ်ခြမ်းခံစစ်ကို တာဝန်ယူခဲ့ပေမယ့် ပြာယာခတ်နေခဲ့တယ်။ ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေခဲ့တယ်။ ဒါကြောင့် အာဆင်နယ်က သူ့ဘက်ကနေ ပိုဖိခဲ့တာပါ ”

” ဒါကြောင့် အာဆင်နယ်ရသွားတဲ့ဂိုးကိုကြည့်ရင် သူက ဘောလုံးမကိုင်နိုင်လို့ ခပ်လန့်လန့်နဲ့ ဂျော်ဂျင်ဟိုဆီ ပြန်ပေးခဲ့တာဖြစ်ပြီး ဂျော်ဂျင်ဟိုကလည်း ကြောက်လန့်တကြားနဲ့ အမှားကျုးလွန်သွားခဲ့တာပါ။ ဒီကနေ စမစ်ရိုးက ဂိုးသွင်းသွားခဲ့တာဖြစ်တယ်။ ကျွန်တော်ကတော့ ဇူးမားကို ချယ်လ်ဆီးရဲ့အားနည်းချက်၊ ပျော့ကွက်လို့သာ မြင်တယ်ဗျာ ” လို့ ရိုက်က ပြောသွားခဲ့တာပါ။

ဒါ့အပြင် တူဟယ်လ်အနေနဲ့ အာဆင်နယ်နဲ့ လန်ဒန်ဒါဘီပွဲမှာ လူအပြောင်းအလဲ ၇ နေရာအထိ ပြုလုပ်ခဲ့သလို သူအားကိုးရတဲ့ အန်ဂိုလို ကွန်တေလို ကွင်းလယ်အဖျက်ကစားသမားအပြင် တိုက်စစ်မှာ တီမို ဗာနာကိုအာ ချန်လှပ်ထားတာက အကျိုးကျေးဇူးအားဖြင့် ၃ မှတ်သာ နစ်နာသွားစေခဲ့ပြီး ချန်ပီယံလိဂ်တနေရာစာအတွက် ဖိအားဝင်ခဲ့လို့ အလုပ်မဖြစ်ခဲ့ဘူးလို့ ဆိုရမှာပါ။

ဒီပွဲမှာ တူဟယ်လ်ရဲ့ အဓိကအမှားကတော့ ချယ်လ်ဆီးတိုက်စစ်မှာ မပါမဖြစ်ကစားသမားဖြစ်တဲ့ ဗာနာကို ချန်လှပ်ခဲ့ခြင်းက အသင်းကို ချေပဂိုးတောင် မသွင်းယူနိုင်စေခဲ့တဲ့ အဓိကအားနည်းချက်အဖြစ် သုံးသပ်မှုတွေလည်း ရှိလာခဲ့တယ်။

ဂိုးပေါက်နဲ့ ရန်ဖြစ်ထားပေမယ့် ဒီနည်းပြရဲ့လက်အောက်မှာ ၆ ပွဲသာ လွဲချော်ခဲ့ရတဲ့ ဗာနာရဲ့တန်ဖိုးကို သူမရှိမှသာ တူဟယ်လ် တယောက်နားလည်ခဲ့ပြီလို့ ဝေဖန်မှုတွေလည်း မြင့်တက်လာခဲ့ပေမယ့် တူဟယ်ကတော့ သူ့ကို လက်စတာနဲ့ FA ဖလားဗိုလ်လုပွဲကိုမှာ သေချာပေါက်ထုတ်သုံးသွားမယ်လို့ ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z

ZAWGYI: ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ရက္သတၱပတ္မွာ အာဆင္နယ္ကို ရႉံးနိမ့္ခဲ့တဲ့ ခ်ယ္လ္ဆီးရဲ႕ အဓိကတရားခံက ေနာက္ခံလူ ကတ္ဇူးမားျဖစ္တယ္လို႔ ဂန္းနားကစားသမားေဟာင္းႀကီး အီယန္႐ိုက္က ေဝဖန္သြားခဲ့ၿပီး ခ်ယ္လ္ဆီးနည္းျပတူဟယ္လ္ကလည္း အသင္းရဲ႕ မပါမျဖစ္ကစားသမားကို ထုတ္ေဖာ္ၿပီး ကာကြယ္ေပးသြားခဲ့ပါတယ္။

႐ူဒီဂါ၊ ခရစၥတီယန္ဆန္တို႔မပါဝင္ခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲမွာ တူဟယ္အေနနဲ႔ ေနာက္ခံလူ ၃ ဦး ကစားကြက္အရ ဘယ္ျခမ္းခံစစ္လူေနရာမွာ ကတ္ဇူးမားကို ပြဲထုတ္ခဲ့ၿပီး သီယာဂို ေဆးလ္ဗားနဲ႔ အက္ဇ္ပီလီေကြတာနဲ႔အတူ တြဲဖက္ေစျခင္းကပဲ ဂ်ာမန္သားနည္းျပရဲ႕ အႀကီးမားဆုံးအမွားျဖစ္တယ္လို႔ ႐ိုက္ကေထာက္ျပသြားခဲ့တာပါ။

လူေပးမွားခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕အျပစ္ထက္ကို ဖိအားဒဏ္မခံႏိုင္ဘဲ ဆုံးျဖတ္ခ်က္မျပတ္သားခဲ့တဲ့ ဇူးမား​ေၾကာင့္သာ အာဆင္နယ္ရဲ႕ ဦးေဆာင္ဂိုးကို ခ်ယ္လ္ဆီးက ခြင့္ျပဳခဲ့ရတာလို႔ သူကယုံၾကည္ေနတာျဖစ္ၿပီး စမစ္႐ိုးရဲ႕ဂိုးဟာ အာဆင္နယ္ရဲ႕ ဇူးမားကိုအျမတ္ထုတ္ခဲ့တဲ့အခ်က္ျဖစ္တယ္လို႔ သူဆိုခဲ့တာပါ။

“အာဆင္နယ္ဘက္က ၾကည့္ရင္ေတာ့ ဇူးမားက ေကာင္းေကာင္းအသုံးခ်ၿပီး ဖိအားေပးလို႔ရတဲ့ ကစားသမားျဖစ္ေနတာကို ခင္ဗ်ားတို႔ ေတြ႕ရလိမ့္မယ္။ သူက ဘယ္ျခမ္းခံစစ္ကို တာဝန္ယူခဲ့ေပမယ့္ ျပာယာခတ္ေနခဲ့တယ္။ ေျခမကိုင္မိ လက္မကိုင္မိျဖစ္ေနခဲ့တယ္။ ဒါေၾကာင့္ အာဆင္နယ္က သူ႔ဘက္ကေန ပိုဖိခဲ့တာပါ”

“ဒါေၾကာင့္ အာဆင္နယ္ရသြားတဲ့ဂိုးကိုၾကည့္ရင္ သူက ေဘာလုံးမကိုင္ႏိုင္လို႔ ခပ္လန္႔လန္႔နဲ႔ ေဂ်ာ္ဂ်င္ညဳိဆီ ျပန္ေပးခဲ့တာျဖစ္ၿပီး ေဂ်ာ္ဂ်င္ညဳိကလည္း ေၾကာက္လန္႔တၾကားနဲ႔ အမွားက်ဳးလြန္သြားခဲ့တာပါ။ ဒီကေန စမစ္႐ိုးက ဂိုးသြင္းသြားခဲ့တာျဖစ္တယ္။ ကြၽန္ေတာ္ကေတာ့ ဇူးမားကို ခ်ယ္လ္ဆီးရဲ႕အားနည္းခ်က္၊ ေပ်ာ့ကြက္လို႔သာ ျမင္တယ္ဗ်ာ”လို႔ ႐ိုက္က ေျပာသြားခဲ့တာပါ။

ဒါ့အျပင္ တူဟယ္လ္အေနနဲ႔ အာဆင္နယ္နဲ႔ လန္ဒန္ဒါဘီပြဲမွာ လူအေျပာင္းအလဲ ၇ ေနရာအထိ ျပဳလုပ္ခဲ့သလို သူအားကိုးရတဲ့ အန္ဂိုလို ကြန္ေတလို ကြင္းလယ္အဖ်က္ကစားသမားအျပင္ တိုက္စစ္မွာ တီမို ဗာနာကိုအာ ခ်န္လွပ္ထားတာက အက်ိဳးေက်းဇူးအားျဖင့္ ၃ မွတ္သာ နစ္နာသြားေစခဲ့ၿပီး ခ်န္ပီယံလိဂ္တေနရာစာအတြက္ ဖိအားဝင္ခဲ့လို႔ အလုပ္မျဖစ္ခဲ့ဘူးလို႔ ဆိုရမွာပါ။

ဒီပြဲမွာ တူဟယ္လ္ရဲ႕ အဓိကအမွားကေတာ့ ခ်ယ္လ္ဆီးတိုက္စစ္မွာ မပါမျဖစ္ကစားသမားျဖစ္တဲ့ ဗာနာကို ခ်န္လွပ္ခဲ့ျခင္းက အသင္းကို ေခ်ပဂိုးေတာင္ မသြင္းယူႏိုင္ေစခဲ့တဲ့ အဓိကအားနည္းခ်က္အျဖစ္ သုံးသပ္မႈေတြလည္း ရွိလာခဲ့တယ္။

ဂိုးေပါက္နဲ႔ ရန္ျဖစ္ထားေပမယ့္ ဒီနည္းျပရဲ႕လက္ေအာက္မွာ ၆ ပြဲသာ လြဲေခ်ာ္ခဲ့ရတဲ့ ဗာနာရဲ႕တန္ဖိုးကို သူမရွိမွသာ တူဟယ္လ္တေယာက္ နားလည္ခဲ့ၿပီလို႔ ေဝဖန္မႈေတြလည္း ျမင့္တက္လာခဲ့ေပမယ့္ တူဟယ္ကေတာ့ သူ႔ကို လက္စတာနဲ႔ FA ဖလားဗိုလ္လုပြဲကိုမွာ ေသခ်ာေပါက္ ထုတ္သုံးသြားမယ္လို႔ ခန္႔မွန္းမႈေတြလည္း ရွိေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z